News @ M-Media

Tag: Chelsea

  • အသင်းသစ်ကို ကိုင်တွယ်ရန် အဆင်သင့်ရှိနေသည်ဟု မော်ရင်ဟိုပြော

    အသင်းသစ်ကို ကိုင်တွယ်ရန် အဆင်သင့်ရှိနေသည်ဟု မော်ရင်ဟိုပြော

    ဒီဇင်ဘာ ၁၉၊ ၂၀၁၅
    M-Media

    morin

    – ချယ်ဆီးမှ ထုတ်ပယ်ခံလိုက်ရသည့် နည်းပြမော်ရင်ဟိုက ၎င်းမှာ အနားယူမည်မဟုတ်ဘဲ လန်ဒန်တွင် ဆက်နေကာ
    နည်းပြအလုပ်အား ချက်ခြင်းဆက်လုပ်သွားရန် အဆင်သင့်ရှိနေသည်ဟု ယနေ့မနက်တွင် ထုတ်ပြန်သော ကြေငြာချက်၌ ပြောကြားခဲ့သည်။

    လက်ရှိချန်ပီယံဖြစ်သော်လည်း ဆိုးရွားသောရလဒ်များကြောင့် ချယ်ဆီးမှာ မော်ရင်ဟိုအား ပြီးခဲ့သည့် ကြာသာပတေးနေ့က အသင်းမှ ထုတ်ပယ်ခဲ့သည်။ လစ်လပ်နေသော နည်းပြနေရာအတွက် ဂူစ်ဟစ်ဒင့်မှာ ယာယီတာဝန်ယူမည်ဟု ရေပန်းစားနေသည်။

    လော့စ်အိန်ဂျလီစ်အခြေစိုက် CAA အေးဂျင့်မှတစ်ဆင့် ထုတ်ပြန်ခဲ့သော အဆိုပါကြေငြာချက်တွင် မော်ရင်ဟိုက ၎င်းမှာ မောပန်းနွမ်းနယ်ခြင်းမရှိဘဲ နည်းပြဘ၀မှ အနားယူမည်မဟုတ်ဟု ဖော်ပြခဲ့သည်။

    “သူက လစာယူပြီး ထိုင်နေမှာမဟုတ်ပါဘူး။ သူဟာ နွမ်းနယ်ခြင်းမရှိပါဘူး။ သူဟာ အင်မတန် အပြုသဘောဆောင်နေပါတယ်။ ပြီးတော့ ရှေ့ဆက်လျှောက်ဖို့လည်း အဆင်သင့်ရှိနေပါတယ်” ဟု အဆိုပါ ကြောငြာချက်တွင် ရေးသားထားသည်။

    မော်ရင်ဟို၏ အနာဂတ်နှင့် ပတ်သက်၍မူ ၎င်းမှာ လန်ဒန်တွင်သာ ဆက်ရှိသွားမည်ဖြစ်ကြောင်း၊ ကောလဟာလများ မဖြစ်စေရန် အသင်းကြီးများ၏ ပြိုင်ပွဲမှလွဲ၍ အခြားသော ပရီးမီးယားလိဂ်ပွဲစဉ်များကို ကြည့်ရှုသွားမည်ဖြစ်ကြောင်း ကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    Ref: Goal

  • မော်ရင်ဟိုနှင့် ချယ်ဆီးကစားသမားများအကြား မပြေလည်မှုများ သိသိသာသာရှိခဲ့

    မော်ရင်ဟိုနှင့် ချယ်ဆီးကစားသမားများအကြား မပြေလည်မှုများ သိသိသာသာရှိခဲ့

    ဒီဇင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    morin

    – နည်းပြမော်ရင်ဟိုအား အသင်းမှထုတ်ပယ်ခြင်းမှာ အသင်း၏ အကျိုးစီးပွားအတွက်ဖြစ်သည်ဟု ချယ်ဆီးအသင်း၏ နည်းစနစ်ဒါရိုက်တာဖြစ်သူ မီခေးလ် အီမီနာလိုက ပြောကြားခဲ့ပြီး မော်ရင်ဟိုနှင့် ကစားသများ၏ ဆက်ဆံရေးမှာလည်း
    ကောင်းမွန်ခြင်းမရှိတော့ဟု အတည်ပြုပြောကြားခဲ့သည်။

    မော်ရင်ဟိုမှာ ယမန်နေ့က အသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျ၊ အသင်းဒါရိုက်တာများနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံစဉ် ထုတ်ပယ်ခံလိုက်ရခြင်းဖြစ်သည်။ အီမီနာလိုကမူ မော်ရင်ဟိုနှင့် ကစားသမားများ၏အကြား မကျေလည်မှုမှာ သိသာထင်ရှားလာခဲ့သည်ဟု ၀န်ခံခဲ့ပြီး၊ လွန်ခဲ့သည့် ၇ လက ပရီးမီးယားလိဂ်ဖလားကို ရယူပေးခဲ့သည့် နည်းပြအား
    ထုတ်ပယ်ရန်မှာ မလွယ်ကူဟု ထည့်သွင်းပြောကြားခဲ့သည်။

    “အသင်းအတွက် အများကြီးစွမ်းဆောင်ပေးခဲ့သူတစ်ယောက်အပေါ် အားနာတာမျိုး ရှိနေပေမယ့်လည်း အချက်အလက်တွေက ချယ်ဆီးဟာ ပြဿနာရှိနေတယ်ဆိုတာကို ပြသနေပါတယ်။ ရလဒ်တွေမကောင်းဘူး၊ ကစားသမားနဲ့ နည်းပြကြားမှာလည်း အဆင်မပြေတာတွေ သိသာလာတယ်။ ဒါဟာ တစ်ခုခုလုပ်ရမယ့်အချိန်ပါပဲ။ အသင်းပိုင်ရှင်ကလည်း အသင်းကောင်းတစ်သင်းအတွက် အင်မတန်ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချဖို့ မဖြစ်မနေ လိုအပ်လာတယ်။ မှားတော့ မမှားခဲ့ပါဘူး။ ကမ္ဘာ့အသင်းကြီးတွေထဲက တစ်သင်းဖြစ်တဲ့ ချယ်ဆီးဟာ ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန်အထက် ၁ မှတ်ကွာမှာ ရှိနေပါတယ်။ ဒါဟာ သိပ်တော့ မကောင်းပါဘူး”

    Ref: Goal

  • မော်ရင်ဟိုနေရာအတွက် နည်းပြ ၂ ဦးကို ချယ်ဆီးက လျာထား

    မော်ရင်ဟိုနေရာအတွက် နည်းပြ ၂ ဦးကို ချယ်ဆီးက လျာထား

    ဒီဇင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    chelsea

    – အသင်း၏ ဆိုးရွားသော ရလဒ်နှင့် အခြေအနေများကြောင့် ချယ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျမှာ မော်ရင်ဟို၏နေရာကို အစားထိုးရန် နည်းပြနှစ်ဦးအား လျာထားနေသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

    ထိုနည်းပြနှစ်ဦးမှာ ဂူစ် ဟစ်ဒင့်နှင့် ဒီယေဂို ဆီမြွန်နီတို့ ဖြစ်ကြပြီး မော်ရင်ဟိုအား ဖယ်ရှားပြီးပါက ဟစ်ဒင့်ကို ရာသီကုန်အထိခန့်အပ်ရန် ဆန္ဒရှိနေခြင်းဖြစ်သည်ဟု Daily Telegraph က ဖော်ပြခဲ့သည်။ ရေရှည်အတွက် လျာထားသည့် ဆီမြွန်နီကိုမူ အေဗရာမိုဗစ်ခ်ျက လာမည့်နွေရာသီတွင် ခေါ်ယူရန် ရည်ရွယ်သည်ဟု ဆိုသည်။

    ဂျူအန်ဒီ ရာမို့စ်၊ ယူနိုင်းအမ်ရီနှင့် ရော်နယ်ကိုးမန်းတို့မှာလည်း အေဗရာမိုဗစ်ခ်ျနှင့် နည်းစနစ်ဒါရိုက်တာ မိုက် အီမီနာလိုတို့၏ လျာထားစာရင်းတွင် ပါဝင်နေပြီး ဟစ်ဒင့်က တစ်ပြေးနေခြင်းဖြစ်သည်။

    လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ ချယ်ဆီးမှာ ယခုရာသီ ပရီးမီးယားလိဂ် ၁၆ ပွဲကစားပြီးချိန်တွင် ၉ ပွဲအထိ ရှုံးထားပြီး တန်းဆင်းဇုန်နားသို့ ရောက်ရှိနေသည်။ မော်ရင်ဟိုအား ထုတ်ပယ်ပါက ချယ်ဆီးမှာ လျော်ကြေး အမြောက်အများ ပေးရဖွယ်ရှိနေသည်။

    Ref: Goal

  • မော်ရင်ဟို အထုတ်မခံရခြင်းမှာ အတိတ်မှ အောင်မြင်မှုကြောင့်ဟု ဆို

    မော်ရင်ဟို အထုတ်မခံရခြင်းမှာ အတိတ်မှ အောင်မြင်မှုကြောင့်ဟု ဆို

    ဒီဇင်ဘာ ၈၊ ၂၀၁၅
    M-Media

    morinho

    – ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည့် ချယ်ဆီးနည်းပြ မော်ရင်ဟိုမှာ ၎င်း၏ အတိတ်က အောင်မြင်မှုများကြောင့် ရာထူးမှ အထုတ်မခံရခြင်းဖြစ်သည်ဟု ချယ်ဆီး ဂန္တ၀င်ကစားသမားတစ်ဦးဖြစ်သူ ရေးဝီလ်ကင်က ပြောကြားလိုက်သည်။

    မော်ရင်ဟို၏ ကိုင်တွယ်မှုနှစ်ကြိမ်အတွင်း ချယ်ဆီးမှာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်နှင့် လိဂ်ဖလားများကို ဆွတ်ခူးနိုင်ခဲ့သည်။ သို့သော်လည်း ယခုရာသီတွင် အိပ်မက်ဆိုးများနှင့် ရင်ဆိုင်နေရပြီး စနေနေ့က ဘုန်းမောက်အသင်းအား ရှုံးနိမ့်ခဲ့ကာ ချယ်ဆီးမှာ ၎င်းတို့၏ ပရီးမီးယားလိဂ် ၈ ပွဲမြောက်ရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရသည်။ အသင်းမှာလည်း လက်ရှိအချိန်တွင် ထိပ်ဆုံးမှ လက်စတာစီးတီးအသင်းနှင့် ၁၇ မှတ် ကွာဟသွားပြီဖြစ်သည်။

    “တစ်ခြားနည်းပြတွေဆိုရင်တော့ လစ်ရပြီပေါ့။ ဒီလမ်းကလွဲလို့ တစ်ခြားလမ်း မရှိပါဘူး။ မော်ရင်ဟို အခုအချိန်အထိရှိနေတာက အတိတ်မှာ သူစွမ်းဆောင်ပေးခဲ့တာတွေကြောင့်ပါ။ မော်ရင်ဟိုအတွက် အရေးကြီးဆုံးက ဥရောပပါ။ သူဟာ ဥရောပပြိုင်ပွဲတွေကို နှစ်သက်ပြီး (ပိုင်ရှင်) အေဗရာမိုဗစ်ခ်ျကလည်း ဒါကို နှစ်သက်ပါတယ်။ တကယ်လို့ ပေါ်တိုနဲ့ပွဲ ရှုံးပြီဆိုရင်တော့ မော်ရင်ဟိုက သူ့လမ်းသူ လျှောက်ရတော့မှာပါ” ဟု ၀ီလ်ကင်က BelN Sports သို့ ပြောကြားခဲ့သည်။

    Ref: Goal

  • ဒရော့ဘာ၏ ချယ်ဆီးအား ဝေဖန်မှုကို မော်ရင်ဟို ပြန်လည်တုန့်ပြန်

    ဒရော့ဘာ၏ ချယ်ဆီးအား ဝေဖန်မှုကို မော်ရင်ဟို ပြန်လည်တုန့်ပြန်

    နိုဝင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    drogba
    – ချယ်ဆီးအသင်းတွင် ခေါင်းဆောင်မှုနှင့် စိတ်ဓာတ်ကောင်းများ ပျောက်နေသည်ဟု ဒီဒီယာ ဒရော့ဘာ၏ ဝေဖန်မှုများ နည်းပြမော်ရင်ဟိုက ပယ်ချလိုက်ပြီး ဒရော့ဘာမှာ ၎င်း၏ ကိုယ်တိုင်ရေးအထုပ္ပတ္တိကို ရောင်းကောင်းအောင် ဆောင်ရွက်နေခြင်ဟု တုန့်ပြန် ပြောဆိုလိုက်သည်။

    အဆိုပါ အထုပ္ပတ္တိစာအုပ်အား အရောင်းမြှင့်တင်ရေးအခမ်းအနား၌ မီဒီယာ၏ အင်တာဗျူးမှုတွင် ဒရော့ဘာက မိမိကစားသည့်ကာလတွင် ချယ်ဆီးအသင်း၏ အ၀တ်လဲခန်း၌ နာမည်ကြီးကစားသမားများနှင့် စိတ်ထားကောင်းများ ရှိခဲ့ပြီး ယခုအချိန်တွင် ထိုအုပ်စုထဲမှ ဂျွန်တယ်ရီတစ်ဦးတည်းသာ ကျန်ရှိတော့သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ချယ်ဆီးကစားသမားများအနေဖြင့် ထိုကဲ့သို့ စိတ်ထားမျိုး ပြန်လည်ထားရှိရန်လည်း တိုက်တွန်းခဲ့သည်။

    “စာအုပ်ရောင်းကောင်းအောင် ဒီလိုပြောတာပါ။ ကျွန်တော်ကတော့ ဒီစာအုပ်ကို မဖတ်ပါဘူး။ ကောင်းမွန်တဲ့ အင်တာဗျူးတွေကို ကျွန်တော်ကြိုက်ပါတယ်။ ဒီဒီယာလို နာမည်ကြီးကစားသမားတွေက ဂျာနယ်လစ်ကောင်းတွေ၊ သတင်းစာတွေ ဒါမှမဟုတ် ရုပ်သံတွေနဲ့ အင်တာဗျူးတာကို ကျွန်တော်ကြိုက်ပါတယ်။ ဒါပေမယ့် ဒီအင်တာဗျူးမျိုးတော့ မဟုတ်ပါဘူး။ အဲဒါက စာအုပ်ရောင်းရဖို့ပါပဲ။ (အဲဒီမှတ်ချက်က) ကျွန်တော့်ကို စိတ်မပျက်စေပါဘူး။ အဲဒါဟာ စာအုပ်ရောင်းဖို့ပါပဲ” ဟု မော်ရင်ဟိုက ယမန်နေ့တွင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal