News @ M-Media

Tag: Chelsea

  • ပရိတ်သတ်များကြောင့် ဘာကာမှ ထွက်ခွာခဲ့ခြင်းဟု ဖာဘရီဂက်စ် ပြော

    ပရိတ်သတ်များကြောင့် ဘာကာမှ ထွက်ခွာခဲ့ခြင်းဟု ဖာဘရီဂက်စ် ပြော

    နိုဝင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    far

    – ဘောလုံးသမားဘ၀ စတင်ရာ ဘာစီလိုနာအသင်းမှ ထွက်ခွာရခြင်း၏ အဓိကအကြောင်းအရင်းမှာ ပရိတ်သတ်များကြောင့် ဖြစ်သည်ဟု ချယ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်စ်က ပြောကြားလိုက်သည်။

    လူငယ်ဘ၀နှင့် အာဆင်နယ်သို့ ပြောင်းရွှေ့ကာ နာမည်ကျော်ကြားလာပြီးနောက် ဖာဘရီဂက်စ်မှာ ဘာစီလိုနာသို့ ၂၀၁၁ ခုနှစ်က ပြန်လည်ရောက်ရှိခဲ့ကာ ၃ ရာသီကြာ ကစားခဲ့သည်။ သို့သော်လည်း ၂၀၁၄ ခုနှစ်တွင် ချယ်ဆီးသို့ ပေါင် သန်း ၃၀ ဖြင့် အံအားသင့်ဖွယ် ပြောင်းရွှေ့လာခဲ့သည်။

    ဘာစီလိုနာတွင် ပွဲပေါင်း ၁၅၁ ပွဲ ကစားပေးခဲ့ပြီး ၄၉ ဂိုး သွင်းယူပေးနိုင်ခဲ့သည့် ဖာဘရီဂက်စ်က မိမိ၏ စွမ်းဆောင်ရည် ဘာကာပရိတ်သတ်များအပေါ် လွှမ်းမိုးမှုမရခြင်းမှာ အသင်းမှ ထွက်ခွာရမှု၏ အဓိက အကြောင်းအရင်း ဖြစ်သည်ဟု ဆိုသည်။

    “ဘာစီလိုနာပြည်သူတွေကို ကျွန်တော် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပါတယ်။ ဒါပေမယ့် အဆုံးမှာ ကျွန်တော်သိလိုက်ရတာက ဘာစီလိုနာပရိတ်သတ်အများစုက ကျွန်တော့်ကို မကြိုက်ဘူး ဆိုတာပါပဲ။ ဒါ့ကြောင့်လည်း ကျွန်တော်ဟာ ထွက်ခွာဖို့ လုပ်ခဲ့တာပေါ့” ဟု ဖာဘရီဂတ်စ်က Marca သတင်းစာသို့ ပြောကြားခဲ့သည်။

    Ref: Goal

  • မော်ရင်ဟိုမှာ ချယ်ဆီးအား ပြန်လည် ဆွဲတင်ပေးနိုင်မည်ဟု ဖီဂိုပြော

    မော်ရင်ဟိုမှာ ချယ်ဆီးအား ပြန်လည် ဆွဲတင်ပေးနိုင်မည်ဟု ဖီဂိုပြော

    နိုဝင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    morinho

    – ချယ်ဆီးအသင်း၏ ဆိုးရွားသော ရလဒ်များကြောင့် ဖိအားဒဏ်ကို ခံစားနေရသော်လည်း မော်ရင်ဟိုမှာ အသင်း၏ ကံကြမ္မာကို ပြန်ကောင်းလာအောင် စွမ်းဆောင်နိုင်မည်မှာ သံသယရှိစရာ မလိုကြောင်း ပေါ်တူဂီ ကွင်းလယ်ဗိုလ်ချုပ်ဟောင်း ဖီဂိုက ပြောကြားလိုက်သည်။

    ပရီးမီးယားလိဂ် ၁၂ ပွဲကစားပြီးချိန်တွင် လက်ရှိချန်ပီယံ ချယ်ဆီးမှာ ၁၁ မှတ်သာ ရရှိကာ အဆင့် ၁၆ နေရာသို့ ရောက်ရှိနေပြီး ထိပ်ဆုံးမှ မန်စီးတီး၊ အာဆင်နယ်တို့နှင့် ၁၅ မှတ် ကွာဟနေပြီဖြစ်သည်။

    “နည်းပြဘ၀ဆိုတာ ဒီလိုပါပဲ။ ရလဒ်တွေကို အာမခံလို့မရဘူး။ ဒါပေမယ့် ကျေနပ်စရာမကောင်းတဲ့ ရလဒ်တွေကြောင့် သူတို့ရဲ့စွမ်းရည်ကို မေးခွန်းထုတ်လို့လည်း မရပါဘူး။ ဂျိုဆေး (မော်ရင်ဟို) ဟာ ချယ်ဆီးကို ဒီအခြေအနေကနေ ဆွဲထုတ်နိုင်မယ်ဆိုတာ ကျွန်တော် သံသယမရှိပါဘူး။ အရင်ကလည်း သူ ဒီလိုမျိုး အကြိမ်တော်တော်များများ လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုအခြေအနေကတော့ အဆိုးဆုံး ဖြစ်နိုင်ပါတယ်။ အဓိကအရာတစ်ခုကတော့ သူနဲ့ သူ့အလုပ်အပေါ်မှာ ယုံကြည်မှု ရှိဖို့ပါ။ အဲဒီနောက်မှာတော့ နိုင်ပွဲတွေပြန်ရဖို့
    ပိုလွယ်လာပါလိမ့်မယ်” ဟု ဖီဂိုက ပြောကြားခဲ့သည်။

    ဖီဂိုမှာ ဘာစီလိုနာနှင့် အင်တာတို့တွင် မော်ရင်ဟိုနှင့် အလုပ်အတူ တွဲလုပ်ဖူးသူ ဖြစ်သည်။

    Ref: Goal

  • ရလဒ်ဆိုးသော်လည်း အသင်းမှာ စုစည်းနေသည်ဟု ချယ်ဆီးကွင်းလယ်လူပြော

    ရလဒ်ဆိုးသော်လည်း အသင်းမှာ စုစည်းနေသည်ဟု ချယ်ဆီးကွင်းလယ်လူပြော

    နိုဝင်ဘာ ၉၊ ၂၀၁၅
    M-Media

    martic

    – မိမိတို့အသင်းမှာ ကစားပုံကောင်းသော်လည်း ကံမကောင်းခြင်းကြောင့်သာ ယခုကဲ့သို့ ရလဒ်ဆိုးများနှင့် ကြုံတွေ့နေရခြင်းဖြစ်ပြီး အသင်းသားများအားလုံးမှာ စုစုစည်းစည်း ရှိနေသည်ဟု ချယ်ဆီးကွင်းလယ်လူ နမန်ဂျာ မာတစ်က ပြောကြားလိုက်သည်။

    စနေနေ့က စတုတ်စီးတီးနှင့် ကစားခဲ့သည့်ပွဲတွင် ချယ်ဆီးမှာ ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ယခုရာသီ ပရီးမီးယားလိဂ်တွင် ၇ ပွဲမြောက် အရှုံးလည်း ဖြစ်ခဲ့သည်။ ထို့ပြင် လက်ရှိပရီးမီးယားလိဂ် ချန်ပီယံ ချယ်ဆီးမှာ အဆင့် ၁၆ နေရာတွင် ရောက်ရှိနေပြီး တန်းဆင်းဇုန်နှင့် ၃ မှတ်အကွာတွင် ရှိနေသည်။

    “ပြီးခဲ့တဲ့ ၂ ပွဲမှာ ကျွန်တော်တို့ ကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကံမကောင်းတာပါ။ ဒီရာသီရဲ့ ပွဲတိုင်းမှာ ကျွန်တော်တို့ ကောင်းခဲ့တယ်လို့ မဆိုလိုပါဘူး။ ရှုံးသင့်ရှုံးထိုက်တဲ့ပွဲတွေလည်း ကျွန်တော်တို့မှာ ရှိခဲ့ပါတယ်။ ဒါပေမယ့် (စတုတ်နဲ့ပွဲကတော့) ထပ်ပြီး မရှုံးသင့်တော့တဲ့ပွဲပါ။ တစ်ခုကောင်းနေတာက အသင်းဟာ စုစုစည်းစည်း ရှိနေတာပါပဲ။ အသင်းသားတိုင်းက အသင်းရဲ့ အခြေအနေကိုလည်း နားလည်ပါတယ်။ ပိုပြီး ညီညွတ်အောင် ကြိုးစားသွားမှာဖြစ်ပြီး အခြေအနေ ပိုကောင်းအောင်လည်း ဆောင်ရွက်သွားပါမယ်” ဟု မာတစ်က ပြောကြားခဲ့သည်။

    Ref: Goal

  • မော်ရင်ဟို၏ ပွဲအားတုန့်ပြန်မှု လုံးဝ ခြားနားတော့မည်

    မော်ရင်ဟို၏ ပွဲအားတုန့်ပြန်မှု လုံးဝ ခြားနားတော့မည်

    နိုဝင်ဘာ ၇၊ ၂၀၁၅
    M-Media

    morinho

    – ပြီးခဲ့သည့် တစ်ပတ်ကျော် ၀က်စ်ဟမ်းအသင်းနှင့်ပွဲ အပြုအမူကြောင့် ကွင်းအတွင်းသို့ ၀င်ရောက်ခွင့် တစ်ပွဲ ပိတ်ပင်ခံထားရပြီးနောက် မိမိအနေဖြင့် ပွဲအားချဉ်းကပ်မှုကို လုံးဝပြောင်းလဲသွားမည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ထိုပွဲတွင် ဒိုင်လူကြီးကို ဆဲရေးတိုင်းထွာခဲ့သောကြောင့် မော်ရင်ဟိုမှာ ပွဲကစားချိန်အတွင်း ကွင်းအတွင်းမှ ထုတ်ပယ်ခံခဲ့ရပြီး ကွင်းလယ်ဒိုင်လူကြီး ဂျွန် မို့စ်၏ အစီရင်ခံစာတွင်လည်း ထိုကိစ္စကို ထည့်သွင်းဖော်ပြခဲ့သောကြောင့် FA က မော်ရင်ဟိုအား ကွင်းအတွင်းသို့ ၀င်ရောက်ခွင့် တစ်ပွဲ ပိတ်ပင်ခဲ့သည်။

    “ပွဲမှာ ကွင်းအတွင်းက ထုတ်ခံခဲ့ရပြီး နောက်ပိုင်းမှာလည်း ကွင်းအတွင်းဝင်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ ဒါဟာ ကျွန်တော့်အလုပ်ကို ရပ်တန့်လိုက်တာပါပဲ။ ဒီအဖြစ်အပျက်က ကျွန်တော့်ကို ပြောင်းလဲစေခဲ့ပါတယ်။ အားလုံးကို ပြောင်းလဲပစ်လိုက်တာပါ။ အဲဒီအတွက် ကျွန်တော့်ရဲ့အဖြေကတော့ ကျွန်တောဟာ အရင်ကနဲ့ မတူတော့ဘူး ဆိုတာပါပဲ။ ပွဲနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ပါဝင်မှုက လုံးဝ ခြားနားသွားတော့မှာပါ” ဟု မော်ရင်ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal

  • ချန်ပီယံလိဂ်နိုင်ပွဲက လူငယ်ပရိတ်သတ်များအတွက်ဖြစ်သည်ဟု မော်ရင်ဟို

    ချန်ပီယံလိဂ်နိုင်ပွဲက လူငယ်ပရိတ်သတ်များအတွက်ဖြစ်သည်ဟု မော်ရင်ဟို

    နိုဝင်ဘာ ၅၊ ၂၀၁၅
    M-Media

    chelsea

    – ချန်ပီယံလိဂ်တွင် ယူကရိန်းကလပ် ဒိုင်နမိုကိဗ်အား အနိုင်ရခဲ့သည့်ပွဲက အားမလိုအားမရ ဖြစ်နေကြသည့် အသင်း၏ လူငယ် ပရိတ်သတ်များအတွက် ဖြစ်သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် ထိုပွဲတွင် ချယ်ဆီးမှာ ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲပေါင်းစုံ ၉ ပွဲတွင် ဒုတိယမြောက်အနိုင်ရသည့်ပွဲ ဖြစ်သည်။ မော်ရင်ဟိုကမူ ကစားသမားများကို ချီးကျူးပြောဆိုခဲ့သည်။

    “အသင်းနိုင်နေတဲ့အချိန်မှာတော့ ကျောင်းကို ချယ်ဆီးအင်္ကျီဝတ်သွားတာဟာ အသက် ၁၀ နှစ် ၁၂ နှစ်အရွယ် လူငယ်လေးတွေအတွက် ဘာပြဿနာမှ မရှိပေမယ့် အသင်းရှုံးတဲ့အခါကျရင်တော့ အသင်းအင်္ကျီဝတ် ကျောင်းသွားဖို့ သူတို့အတွက် ခက်ခဲပါတယ်။ နိုင်ပွဲတွေရနေတဲ့ အခြားအသင်းတွေရဲ့ ပရိတ်သတ်တွေက သူတို့ကို မခံချင်အောင် စတာနောက်တာတွေ လုပ်ကောင်းလုပ်နိုင်ပါတယ်။ အသင်း ကောင်းမွန်နေတဲ့အချိန်မှာရာ၊ ရှုံးနိမ့်နေတဲ့ အချိန်မှာပါ ပရိသတ်တွေက တစ်စိုက်မတ်မတ် အားပေးနေတယ်ဆိုတာကို မြင်ရတာ သိပ်ကို အံ့သြစရာကောင်းပါတယ်” ဟု မော်ရင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal