News @ M-Media

Tag: DailySportNews

  • မာတာပါတဲ့ မန်ယူတို့ ခြေစွမ်းပြ သုံးမှတ်ရယူနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ ယနေ့မနက်ပွဲစဉ်များ

    ဇန်နဝါရီ ၂၉၊ ၂၀၁၄
    M-Media

    အာဆင်နယ်သရေကျ၊ လီဗာပူးအနိုင်ရခဲ့ပြီး၊ မာတာပါတဲ့ မန်ယူတို့ ခြေစွမ်းပြ သုံးမှတ်ရယူနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ ယနေ့မနက်ပွဲစဉ်များ
    mun-car-1314-280114-ps9
    – ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ ရဲ့ ပွဲ ၆ ကိုတော့ မန်နေ့က ၆ ပွဲကစားခဲ့ပြီး ထိပ်ဆုံးက အာဆင်နယ် သရေကျခဲ့ပါတယ်။ လီဗာပူးလ်ကတော့ ဂိုးပြတ်နဲ့ အနိုင် သုံးမှတ်ရယူနိုင်ခဲ့ပြီး၊ မန်ယူကလည်း အိမ်ကွင်းမှာ အနိုင်ကစားနိုင် ခဲ့ပါတယ်။

    ဆောက်သက်တမ်အသင်းရဲ့ အိမ်ကွင်းမှာ သွားကစားခဲ့တဲ့ အာဆင်နယ်ကတော့ ဒီပွဲမှာ အနိုင်မယူနိုင်ခဲ့ဘဲ ပွဲပြီးကာနီးမှာ ကွင်းလယ်လူ ဖလာမီနီအထုတ်ခံခဲ့ရပါတယ်။ ပွဲအစ ကစားပုံကောင်းခဲ့တဲ့ အိမ်ရှင်တို့က ဦးဆောင်ဂိုးရခဲ့ပြီး အာဆင်နယ်က ဒုတိယပိုင်းအစမှာ ၂ ဂိုးဆက်သွင်းနိုင်ခဲ့ပေမယ့် ဆောက်သက်တမ်ရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရတာကြောင့် ဝေးကွင်းမှာ သရေတစ်မှတ်သာရရှိခဲ့ပါတယ်။

    မာဆေးဆိုဒ်ဒါဘီဖြစ်တဲ့ လီဗာပူးလ်နဲ့ အဲဗာတန်တို့ပွဲမှာတော့ အိမ်ရှင်တို့က အသားစီးရခဲ့ပြီး ပထမပိုင်းမှာတင် ၃ ဂိုးပြတ်ခဲ့ပြီး၊ ဒုတိယပိုင်းမှာ တစ်ဂိုးထပ်ရကာ ၄ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ပါတယ်။ ထူခြားတာကတော့ ဒဏ်ရာက ပြန်လည်သက်သာလာတဲ့ စတားရစ်ခ်ျ ဂိုးတွေဆက်တိုက်သွင်းနိုင်လာတာပဲဖြစ်ပြီး ယခုပွဲမှာလည်း ၂ ဂိုးသွင်းပေးခဲ့ပါတယ်။

    ဗန်ပါစီဒဏ်ရာက ပြန်လာခဲ့ပြီး မာတာပထမဆုံးပွဲထွက်ခဲ့တဲ့ မန်ယူကတော့ အိမ်ကွင်းမှာ ဇယားအောက်ခြေက ကာဒစ်ဖ်ကို ၂ ဂိုးပြတ်ခဲ့ပါတယ်။ ယခုပွဲမှာ မန်ယူရဲ့ ကစားပုံဟာ စွဲမက်ဖွယ်ဖြစ်ခဲ့ပြီး မာတာကလည်း အသင်းရဲ့ကစားကွက်နဲ့ မြန်မြန်ဆန်ဆန် အံဝင်ခဲ့ပါတယ်။ မန်ယူအသင်းရဲ့ ဂိုးတွေကို ဗန်ပါစီက ၆ မိနစ်နဲ့ အက်ရှ်လေးယန်းက ၅၉ မိနစ်တွေမှာသွင်းယူပေးခဲ့တာပါ။

    နယူးကာဆယ်ကတော့ အဝေးကွင်းမှာနော်ဝစ်ခ်ျကို သရေသာကစားနိုင်ခဲ့ပြီး၊ ဆွမ်ဆီးက ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကတော့ အိမ်ကွင်းမှာ ဟားလ်စီးတီးကို ဂျာဆန် ပန်ချီယွန်ရဲ့ ၁၆ မိနစ်သွင်းဂိုးနဲ့ ၃ မှတ်ရယူနိုင်ခဲ့ပါတယ်။

    ပွဲစဉ် ၂၃ ကစားပြီးခဲ့သမျှ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    မန်ယူ ၂-၀ ကာဒစ်ဖ်
    နော်ဝစ်ခ်ျ ၀-၀ နယူးကာဆယ်
    ဆောက်သက်တမ် ၂-၂ အာဆင်နယ်
    ဆွမ်ဆီး ၂-၀ ဖူလ်ဟမ်
    ခရစ္စတယ်ပဲလေ့စ် ၁-၀ ဟားလ်စီးတီး
    လီဗာပူးလ် ၄-၀ အဲဗာတန်

  • ဆေးစစ်ရန်အစီအစဉ်အား ပျက်ကွက်ခဲ့သည့် တောင်ကိုရီးယား ကြက်တောင်ကစားသမား ၂ ဦး ၁ နှစ်ပွဲပယ်ပြစ်ဒဏ်ကျ

    ဆေးစစ်ရန်အစီအစဉ်အား ပျက်ကွက်ခဲ့သည့် တောင်ကိုရီးယား ကြက်တောင်ကစားသမား ၂ ဦး ၁ နှစ်ပွဲပယ်ပြစ်ဒဏ်ကျ

    ဇန်န၀ါရီ ၂၈၊ ၂၀၁၄
    M-Media

    ဆေးစစ်ရန်အစီအစဉ်အား ပျက်ကွက်ခဲ့သည့် တောင်ကိုရီးယား ကြက်တောင်ကစားသမား ၂ ဦး ၁ နှစ်ပွဲပယ်ပြစ်ဒဏ်ကျ

    – တားမြစ်ဆေးသုံးစွဲကြောင်းရှိမရှိ ဆေးစစ်ရန် ပျက်ကွက်ခဲ့မှုကြောင့် တောင်ကိုရီးယား နာမည်ကြီး ကြက်တောင်ရိုက် အားကစားသမား နှစ်ဦးအား ၁ နှစ် ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်သည်ဟု ကမ္ဘာ့ကြက်တောင်ရိုက်အဖွဲ့ချုပ်က ယနေ့တွင် ကြေညာခဲ့သည်။

    ၂၀၀၈ ခုနှစ် ဘေဂျင်း အိုလံပစ် နှစ်ယောက်တွဲ ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့သည့် ကင်မ်ကီဂျွန်နှင့် လီယုံဒေးတို့ဖြစ်ကြပြီး ပွဲပယ်ပြစ်ဒဏ်မှာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၂၃ ရက်နေ့တွင်ပြည့်မည်ဖြစ်ကာ ကိုရီးယားကြက်တောင်ရိုက် အဖွဲ့ချုပ်ကမူ ထိုပြစ်ဒဏ်မှာ ပြင်းထန်ပြီး မမျှတသော ပြစ်ဒဏ်ဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။

    ကစားသမားများ၏ လှုပ်ရှားမှုများကို ကမ္ဘာ့ကြက်တောင်ရိုက်အဖွဲ့ချုပ်သို့ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် ကိုရီးယားကြက်တောင်ရိုက် အဖွဲ့ချုပ် အား အပြစ်ပေးသည့်အနေဖြင့် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကစားသမားနှစ်ဦးစလုံးမှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့မတိုင်မီအထိ အယူခံ ၀င်ခွင့်ရှိနေသည်ဟု ကွာလာလမ်ပူအခြေစိုက် ကမ္ဘာ့ကြက်တောင်ရိုက် အဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့သည်။

    Ref : Channel News Asia

  • ဘာစီနဲ့ အက်သလက်တီကို အနိုင်ရပြီး ရီးယဲလ်မက်ဒရစ်မှ ထိပ်ဆုံးအသင်းများကို ဆက်လက် ဖိအားပေးနိုင်ခဲ့တဲ့ လာလီဂါ ပွဲစဉ် ၂၁

    ဇန်နဝါရီ ၂၇၊ ၂၀၁၄
    M-Media

    362632hp2

    – ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ လာလီဂါရဲ့ ဒီတစ်ပါတ်ပွဲစဉ် ၂၁ မှာတော့ ထိပ်ဆုံးက သုံးသင်းစလုံး ပြိုင်ဘက်တွေကို အသီးသီးအနိုင်ယူနိုင်ခဲ့ပါတယ်။ ပြီခဲ့တဲ့တစ်ပါတ်က သရေကျခဲ့ပြီး အမှတ်ဆုံးရှုံးခဲ့တဲ့ ဘာစီလိုနာတို့ အခုပွဲမှာ မာလာဂါကို ဖိဖိစီးစီးကစားခဲ့ကာ ဒုတိယပိုင်း ၆၅ မိနစ်မတိုင်ခင်မှာပဲ အနိုင်ဂိုး ၃ ဂိုးစလုံးရခဲ့ပါတယ်။

    ပြီးခဲ့တဲ့ပွဲမှာ ဘာစီလိုနာသရေကျမှုကို အခွင့်အရေး မယူနိုင်ခဲ့တဲ့ အက်သလက်တီကိုတို့ ဒီတစ်ပါတ် အဝေးကွင်းမှာ ဗယ်လက်ကာနိုင်ကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာမှာ ဆက်လက်ရှိနေပါတယ်။

    ရီးယဲလ်ကလည်း ဂရန်နာဒါကို ရော်နယ်ဒို၊ ဘန်ဇီမာတို့ရဲ့ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပြီး ထိပ်ဆုံးက ဘာစီလိုနာနဲ့ အက်သလက်တီတို့ကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။

    ပြီးခဲ့တစ်ပါတ်က အိမ်ကွင်းမှာ ဗယ်လာဒိုလစ်ကို မိနစ် ၆၀ ကျော်တဲ့အထိ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်နေပြီးမှ ၄ ဂိုးပြန်သွင်းကာ အနိုင်ယူနိုင်ခဲ့တဲ့ အဆင့် ၄ က ဘီဘာအိုကလည်း ဒီတစ်ပါတ်မှာ တန်းဆင်းဇုန်နဲ့ အမှတ်သိပ်မကွာတဲ့ အိုဆာဆူနာကို အဝေးကွင်းမှာ ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ကစားခဲ့ပါတယ်။

    ပွဲစဉ် ၂၀ မှာ ဘာစီလိုနာကို သရေကစားနိုင်ခဲ့တဲ့ လီဗန်တေးကတော့ ဆီးဗီလားကို နှစ်ကြိမ်တိုင်တိုင်နောက်မှ လိုက်ကစားခဲ့ကာ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ခဲ့ပါတယ်။ တန်းဆင်းဇုန်ထဲက အသင်းတွေထဲမှာ ဗယ်လာဒိုလစ်တစ်သင်းသာ ဗီလာရီးယဲလ်ကို အနိုင်ယူနိုင်ခဲ့တာပါ။ ဒီတစ်ပါတ်မှာလည်း လာလီဂါရဲ့ ထိပ်ဆုံး သုံးသင်းစလုံးအပြောင်း အလဲမရှိခဲ့ဘဲ အမှတ်ကွာခြားချက် ၁ မှတ်သာရှိနေကာ၊ အဆင့် ၁၃ ကနေ ၁၈ အထိ အမှတ်ကွာဟမှုကတော့  အများဆုံး ၃ မှတ်သာရှိနေပါတယ်။

    လာလီဂါ ပွဲစဉ် ၂၁ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ဘာစီလိုနာ ၃-၀ မာလာဂါ
    ဗယ်လက်ကာနို ၂-၄ အက်သလက်တီကို
    အိုဆာဆူနာ ၁-၅ ဘီဘာအို
    အလ်မာရီယာ ၁-၀ ဂီတာဖေး
    ဆီးဗီးလား ၂-၃ လီဗန်တေး
    ဗလင်စီယာ ၂-၂ အက်စပန်ညို
    ဗယ်လာဒိုလစ် ၁-၀ ဗီလာရီးယဲလ်
    ရီးယဲလ် ၂-၀ ဂရန်နာဒါ
    ဆဲလ်တာ ၄-၂ ဘက်တစ်
    ရီးယဲလ်ဆိုဆီဒက် ၀-၀ အယ်လ်ချီ

  • ပရီးမီးယားလိဂ် အသင်းများ နောက်တစ်ဆင့်တက်တဲ့ FA ဖလား စတုတ္ထအဆင့် ပွဲစဉ်များ

    ဇန်နဝါရီ ၂၆၊ ၂၀၁၄
    M-Media
    362666hp2
    – FA ဖလား စတုတ္ထအဆင့်ပွဲစဉ်တွေကို သေကြာနေ့ ညနဲ့ ယမန်နေ့တွေမှာ ကစားခဲ့ပြီး ပရီးမီးယားလိဂ် ကလပ်အသင်း တော်တော်များများ အနိုင်ရခဲ့ကြပါတယ်။

    သောကြာနေ့က ကစားခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းဟာ ဒုတိယတန်းက ကိုဗင်ထရီကို ပိုဒေါစကီးရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ၄ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

    လီဗာပူးကလည်း ပထမတန်းက ဘုန်းမောက်ကို အဝေးကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပြီး၊ တတိယအဆင့်မှာ မန်ယူကို အိုးထရက်ဖို့ဒ်မှာ အနိုင်ကစားခဲ့တဲ့ ဆွမ်းဆီးအသင်းကလည်း ဘာမင်ဂမ်ကို နောက်ကလိုက်ကစားကာ ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။

    တိုက်စစ်ပိုင်း ဂိုးမြူးနေတဲ့ မန်စီးတီးကတော့ ၀က်ဖို့ဒ်ကို ၄ ဂိုး ၂ ဂိုးနဲ့ အလွယ်တကူအနိုင်ရခဲ့ကာ၊ ကာဒစ်ဖ်၊ ဆောက်သက်တန်၊ ဆန်းဒါးလန်းနဲ့၊ ဟားလ်စီးတီတို့ကလည်း ပြိုင်ဘက်တွေကို အသီးသီးအနိုင်ယူနိုင်ခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

    ပရီးမီးယားလိဂ် တန်းဆင်းဇုန်နားရောက်နေတဲ့ ခရစ္စတယ်ပဲလေ့စ်ကတော့ ချန်ပီယံရှစ်က ၀ီဂန်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

    ဒီနေ့ မနက်က ကစားတဲ့ ပွဲမှာတော့ ပရီးမီးယားလိဂ်မှာ အဝေးကွင်းခြေစွမ်းကောင်းတဲ့ အဲဗာတန်တို့ တတိယတန်းက စတီဗန်နေ့ခ်ျအသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။

    ဒီနေ့မှာတော့ ပရီးမီးယားလိဂ်က အသင်းတွေဖြစ်ကြတဲ့ ဖူလ်ဟမ်က ရှက်ဖီးယူနိုက်တက်နဲ့၊ ချယ်ဆီးက စတုတ်စီးတီး သီးသီးကစားဖို့ရှိနေပါတယ်။

    FA ဖလားစတုတ္ထအဆင့်ရဲ့ ကစားပြီးသမျှ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    *အာဆင်နယ် ၄-၀ ကိုဗင်ထရီ
    နော်တင်ဟမ်ဖောရက်စ် ၀-၀ ပရက်စတန်
    ဘုန်းမောက် ၀-၂ လီဗာပူးလ်*
    ဘော်လ်တန် ၀-၁ ကာဒစ်ဖ်*
    *ဆောက်သက်တမ် ၂-၀ ယိုဗီးလ်
    အောက်အန်း ၀-၂ ဟားလ်စီးတီး*
    *ဆန်းဒါးလန်း ၁-၀ ကစ်ဒါမင်စတာ
    ဟက်ဒါဖီးလ် ၀-၁ ချာလ်တန်*
    ပို့တ်ဗေးလ် ၁-၃ ဘရိုက်တန်*
    ရို့ခ်ျဒေးလ် ၁-၂ ရှက်ဖီးဝင်းစ်ဒေး*
    *၀ီဂန် ၂-၁ ခရစ္စတယ်ပဲလေ့စ်
    *မန်ချက်စတာစီးတီး ၄-၂ ၀က်ဖို့ဒ်
    ဘာမင်ဂမ် ၁-၂ ဆွမ်ဆီး*
    စတီဗန်နေ့ခ်ျ ၀-၄ အဲဗာတန်*

    (* ပြထားသောအသင်းများမှာ ပဉ္စမအဆင့်သို့ တက်ရောက်သွားသော အသင်းများဖြစ်သည်)

  • ရလဒ်များ ဆိုးရွားနေသော်လည်း မိုယက်စ်အား မန်ယူဘုတ်အဖွဲ့ အပြည့်အ၀ ထောက်ခံ

    ဇန်နဝါရီ ၂၄၊ ၂၀၁၄
    M-Media
    CS54271180Football-Manche-3012629.png
    – ၁၉၈၉ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးသော ရလဒ်များနှင့် ကြုံတွေ့နေရသော်လည်း နည်းပြမိုယက်စ်မှာ အသင်းအတွက် သင့်တော်သော နည်းပြဖြစ်သည်ဟု မန်ယူဘုတ်အဖွဲ့က ပြောကြားခဲ့သည်။

    ပရီးမီးယားလိဂ် အဆင့် ၇ နေရာတွင်ရှိနေသည့် မန်ယူအသင်းမှာ FA ဖလားမှ စောစီးစွာထွက်ခဲ့ရပြီး၊ ကြာသာပတေးနေ့ကလည်း ဆန်းဒါလန်းအသင်းအား ပင်နယ်တီဖြင့်ရှုံးကာ လိဂ်ဖလား ဆီမီးဖိုင်နယ်မှ ထွက်ခဲ့ရကာ နောက်ဆုံးမျှော်လင့်ချက်အဖြစ် ချန်ပီယံလိဂ် ဖလားနှင့် ပရီးမီးယားလိဂ်တွင် အဆင့်လေးအတွင်း ၀င်ရေးသာ ကြိုးစားရတော့မည်ဖြစ်သည်။

    ထို့ပြင် ကွင်းအတွင်းခြေစွမ်းကျဆင်းမှုကြောင့် မန်ယူအင်း၏ ရှယ်ယာဈေးနှုန်းမှာလည်း ယခုနှစ်တွင် ထိုးကျနေပြီး ကမ္ဘာ့ ၀င်ငွေအကောင်းဆုံး စာရင်းတွင်လည်း ၁၃ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် အဆင့် ၃ ပြင်ပသို့ ရောက်ရှိလာခဲ့သည်။ သို့သော်လည်း အသက် ၅၀ အရွယ်ရှိ မိုယက်စ်မှာ မန်ယူ ဘုတ်အဖွဲ့၏ အပြည့်အ၀ ထောက်ခံမှုကိုရရှိနေပြီး၊ အသင်း၏ ဒုဥက္ကဌ အက်ဒ် ၀ုဒ်ဝါ့ဒ်ကလည်း မိုယက်စ်အပေါ် ယုံကြည်မှုများရှိနေသည်ဟု ဆိုသည်။

    Ref:mirror