News @ M-Media

Tag: DailySportNews

  • ထိပ်ဆုံးသုံးသင်း အမှတ်ကွာဟမှု ကျဉ်းမြောင်းခဲ့တဲ့ လာလီဂါပွဲစဉ် ၂၀

    ဇန်နဝါရီ ၂၁၊ ၂၀၁၄
    M-Media

    ဘာကာ၊ အက်သလက်တီကို တို့ သရေကျခဲ့ပြီး ရီးယဲလ် အနိုင်ယူနိုင်ခဲ့ကာ ထိပ်ဆုံးသုံးသင်း အမှတ်ကွာဟမှုကျဉ်းမြောင်းခဲ့တဲ့ လာလီဂါပွဲစဉ် ၂၀

    360477hp2

    – ယခုတစ်ပါတ် လာလီဂါ ပွဲစဉ် ၂၀ မှာတော့ ထိပ်ဆုံးလေးသင်းထဲက ဘာစီလိုနာနဲ့ အက်သလက်တီကိုမက်ဒရစ်တို့ သရေကျခဲ့ပြီး ဘီဘာအိုနဲ့ ရီးယဲတို့ကတော့ အနိုင်ရခဲ့ပါတယ်။

    ပထမအကျော့ အိမ်ကွင်းမှာ လီဗန်တေးကို ၇ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ဘာကာတို့ အခုပွဲမှာတော့ ဦးဆောင်ဂိုးအရင်ပေးခဲ့ရပြီး ပီးကေးရဲ့ ချေပဂိုးနဲ့ သရေတစ်မှတ်ရခဲ့တာပါ။ လူစုံပါဝင်ခဲ့ပြီး အပြတ်အသတ်ဖိကစားနိုင်ခဲ့တဲ့ ဘာကာတို့ လိုအပ်တဲ့အနိုင်ဂိုးကိုတော့ သွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။

    အက်သလက်တီကိုကလည်း ဆီးဗီးလားကို ၁ ဂိုးစီ သရေသာကစားနိုင်ခဲ့ပြီး ရီးယဲလ်ကတော့ အဝေးကွင်းမှာ ဘက်တစ်ကို မထင်မှတ်ဘဲ ဂိုးပြတ်ခဲ့ပါတယ်။ ဇယားအလယ်အလတ်က ဗလင်စီယာ၊ ဆိုစီဒက်တို့ကလည်း အသီးသီးသရေကျခဲ့ပါတယ်။

    ဇယားအောက်ခြေက အသင်းတွေကတော့ ဒီတစ်ပတ်မှာနိုင်ပွဲမရှိခဲ့ဘဲ၊ ထိပ်ဆုံးက ဘာစီလိုနာနဲ့ အက်သလက်တီကိုတို့ရဲ့ သရေကျမှုကို ရီးယဲလ်က အကောင်းဆုံး အသုံးချနိုင်ခဲ့တဲ့အတွက် သူတို့သုံသင်းရဲ့ အမှတ်ကွာဟမှုဟာ ၁ မှတ်သာရှိပါတော့တယ်။

    လာလီဂါ ပွဲစဉ် ၂၀ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ဘီဘာအို ၄-၂ ဗယ်လာဒိုလစ်
    အက်သလက်တီကို ၁-၁ ဆီးဗီးလား
    လီဗန်တေး ၁-၁ ဘာစီလိုနာ
    ဗီလာရီးယဲလ် ၂-၀ အလ်မာရီယာ
    ဂီတာဖေး ၂-၂ ရီးယဲလ်ဆိုစီဒက်
    အက်စပန်ညို ၁-၀ ဆယ်တာဗီဂို
    ဂရန်နာဒါ ၀-၀ အိုဆာဆူနာ
    အဲလ်ချီ ၂-၀ ဗဲလ်လက်ကာနို
    ဘက်တစ် ၀-၅ ရီးယဲလ်မက်ဒရစ်
    မာလာဂါ ၀-၀ ဗလင်စီယာ

  • အေစီမီလန်အသင်းအား အောင်မြင်မှုများ ဆောင်ကျဉ်းပေးမည်ဟု နည်းပြသစ် ဆီးဒေါ့ဖ်ဆို

    ဇန်နဝါရီ ၁၆၊ ၂၀၁၄
    M-Media
    359632_heroa
    – အေစီမီလန်အသင်း ခံစားနေရသည့် ဆိုးရွားမှုများအား အဆုံးသတ်ရန်နှင့် စီးရီးအေ အမှတ်ပေး ဇယားအောက်ခြေသို့ ရောက်ရှိနေမှုမှ ကယ်တင်ရန်မှာ မိမိ၏ တာဝန်ဖြစ်သည်ဟု အေစီမီလန်အသင်း၏ နည်းပြသစ် ဆီးဒေါ့ဖ်က ပြောကြားလိုက်သည်။

    အေစီမီလန်အသင်းတွင် အောင်မြင်သော ကစားသမားအဖြစ် ဆယ်စုနှစ် တစ်ခုအကြာ ကစားခဲ့သည့် ဆီးဒေါ့ဖ်မှာ အသင်း၏ နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး လာမည့် တနင်္ဂနွေနေ့တွင် တရားဝင် သတင်းထုတ်ပြန်ဖွယ်ရှိနေသည်။

    “အခုအချိန်မှာတော့ ကျွန်တော့်ရဲ့တာဝန်နဲ့ ပက်သက်ပြီး စိတ်လှုပ်ရှားမိပါတယ်။ အသင်းကို ပြန်လည်တည်ဆောက်ဖို့၊ အသင်းမှာရှိသင့်တဲ့ စိတ်အားထက်သန်မှုတွေ၊ လုံခြုံစိတ်ချရမှုတွေကို ပြန်လည်ထိန်းသိမ်းဖို့ စတာတွေက ကျွန်တော့်တာဝန်တွေပါ။ ကျွန်တော့်ရဲ့ စိတ်ကူးကတော့ မီလန်အသင်း အောင်မြင်မှုအ၀န်းအ၀ိုင်းထဲ ပြန်ရောက်ဖို့ပါ။ လုပ်နိုင်မယ်လို့လည်း ကျွန်တော်မျှော်လင့်ပါတယ်” ဟု ဆီးဒေါ့ဖ်က ပြောကြားခဲ့သည်။

    မီလန်အသင်းအား ယာယီကိုင်တွယ်နေသည့် နည်းပြ တက်ဆော့တီကမူ ဆီးဒေါ့ဖ်၏ နည်းပြအဖြစ် အတွေ့အကြုံနည်းပါးမှုကို ဝေဖန်ပြောဆိုခဲ့သည်။ ဆီးဒေါ့ဖ်မှာ ယခုသီတင်းပတ်တွင် ကစားမည့် ဗီရိုနာအသင်းနှင့်ပွဲတွင် စတင်ကိုင်တွယ်ရဖွယ် ရှိနေသည်။

  • ဟန်ဆောင်လှဲချသည်ဟု စွပ်စွဲခြင်းအား နေးမာငြင်းဆို၊ ဘင်ဖီကာ ကွင်းလယ်လူ မာတစ်အား ချယ်ဆီးခေါ်ယူ

    ဇန်နဝါရီ ၁၆၊ ၂၀၁၄
    M-Media

    ဟန်ဆောင်လှဲချသည်ဟု စွပ်စွဲခြင်းအား နေးမာငြင်းဆို

    – ပွဲကစားနေစဉ်အတွင်း ဟန်ဆောင် လှဲချသည်ဟု စွပ်စွဲမှုများအား ဘာစီလိုနာ အသင်း၏ ဘရာဇီးတိုက်စစ်မှူး နေးမာက ငြင်းဆိုလိုက်ပြီး ၎င်းအနေဖြင့် ဒဏ်ရာရရှိမည့် အခြေအနေအား ရှောင်ရှားခြင်းသာဖြစ်သည်ဟု ပြောကြားလိုက်သည်။

    အသက် ၂၁ နှစ်အရွယ်ရှိ နေးမာမှာ ပြိုင်ဘက်အသင်း နောက်ခံလူများ၏ ဖျက်ထုတ်မှုကို အများဆုံးခံရပြီး၊ ထိုကဲ့သို့ ဖျက်ထုတ်မှုများအတွင်း ဟန်ဆောင် လှဲချလေ့ရှိသည်ဟု ဆဲလ်တစ် နည်းပြ အပါအ၀င် လူအများ၏ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

    “ဟန်ဆောင် လှဲချတာမျိုး ကျွန်တော်မလုပ်ပါဘူး။ ပြိုင်ဘက် အသင်းသားတွေက ကျွန်တော့်ကို ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်တဲ့အခါ ကျွန်တော့်ကို ကျွန်တော် ကာကွယ်ရုံပါ။ ပြီးတော့ ဆိုးဆိုးရွားရွား မထိခိုက်အောင် ဒါမှမဟုတ် သူတို့ မခိုက်မိအောင်ပဲ ကျွန်တော် လုပ်တာပါ” ဟု Sport အားကစား စာစောင်သို့ နေးမာက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားများနှင့် ကစားရခြင်း အတွက် ဖိအားများ မရှိကြောင်း၊ ဘာစီလိုနာသို့ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ ဘာစီလိုနာသို့ ရာက်ရှိလာခြင်းမှာ အိပ်မက်များ အမှန်တကယ်ဖြစ်လာခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    350913_heroa

    ————————————————————–

    ဘင်ဖီကာ ကွင်းလယ်လူ မာတစ်အား ချယ်ဆီးခေါ်ယူ

    – ဘင်ဖီကာအသင်း၏ ကွင်းလယ်ကစားသမား နီမန်ဂျာ မာတစ်အား အသင်းမှ ခေါ်ယူလိုက်ကြောင်း ချယ်ဆီးအသင်းက အတည်ပြုပြောကြားခဲ့သည်။

    ပြီးခဲ့သည့် တနင်္လာနေ့က လစ္စဘွန်းမြို့တွင် ဘင်ဖီကာအသင်းနှင့် နောက်ဆုံးအဆင့် ဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက် ယူရို ၂၅ သန်းဖြင့် ခေါ်ယူရန် သဘော တူညီခဲ့ခြင်းဖြစ်သည်။ မာတစ်မှာ အင်္ဂါနေ့က လန်ဒန်သို့ရောက်ရှိလာခဲ့ပြီး ဆေး စစ်ဆေးမှု ခံယူခဲ့ပြီးနောက် ၅ နှစ်ခွဲ သက်တမ်းရှိ စာချုပ်အား ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

    မာတစ်မှာ ၂၀၀၉ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ ချယ်ဆီးအသင်းတွင် ကစားခဲ့ဖူးပြီး ယခုကဲ့သို့ ပြန်လည်ရောက်ရှိလာခြင်းနှင့် ပက်သက်၍ “ဒီအသင်းကို ပြန်လည်ရောက် ရှိလာရတာကို ကျွန်တော်ပျော်ပါတယ်။ အသင်းကို ကူညီဖို့အတွက် ကျွန်တော့်ရဲ့အကောင်းဆုံးကို ပေးဆပ်သွားပါမယ်။ ပြီးတော့ ချယ်ဆီး ပရိတ်သတ်တွေကို ပျော်ရွှင်အောင် လုပ်ချင်ပါတယ်” ဟု အသင်း၏ ၀ဘ်ဆိုဒ်သို့ ပြောကြားခဲ့သည်။

  • လီဗာပူးလ်အသင်း လက်ရှိခြေစွမ်း ချန်ပီယံလိဂ် ၀င်ခွင့်နှင့် ထိုက်တန်ဟု တိုက်စစ်မှူး ဆွာရက်ဇ်ဆို

    လီဗာပူးလ်အသင်း လက်ရှိခြေစွမ်း ချန်ပီယံလိဂ် ၀င်ခွင့်နှင့် ထိုက်တန်ဟု တိုက်စစ်မှူး ဆွာရက်ဇ်ဆို

    ဇန်န၀ါရီ ၁၅၊ ၂၀၁၄
    M-Media

    – မိမိတို့အသင်းအနေဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်နေရာနှင့် ထိုတ်တန်သော ခြေစွမ်းများကို ပြသနေသည်မှာ သံသယရှိစရာမလိုဟု လီဗာပူလ်းအသင်း၏ တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ပြောကြားလိုက်သည်။

    လီဗာပူလ်းအသင်းမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က စတုတ်စီးတီးအသင်းအား ၅ ဂိုး ၃ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးနောက် အဆင့်လေးနေရာတွင် ဆက်လက် ရပ်တည်နေခဲ့ပြီး၊ ၂၀၀၉ ခုနှစ်ကတည်းက ပါဝင်ကစားခွင့်မရခဲ့သည့် ချန်ပီယံလိဂ်ပြိုင်ပွဲအား လာမည့်နှစ်တွင် ပါဝင်ကစားရန်အတွက် ပုံစံကောင်းများ ရှိနေသည်ဟု ထိုပွဲတွင်အသင်းအတွက် ၂ ဂိုးသွင်းယူနိုင်ခဲ့သည့် ဆွာရက်ဇ်က ခံစားနေရသည်။

    “ပြီးခဲ့တဲ့ ၂ နှစ်တာအတွင်းမှာ အသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ ၀င်ရောက် ကစားနိုင်တဲ့အသင်းဖြစ်ကြောင်း မပြသနိုင်ခဲ့တာကို ကျွန်တော်တို့ သိပါ တယ်။ အခုတော့ ကျွန်တော်တို့ ကစားပုံ အတော့ကိုကောင်းနေပြီး ချန်ပီယံလိဂ်မှာ ကစားနိုင်တဲ့ အဆင့်ကိုလည်း ရောက်နေပါပြီ။ ကျွန်တော်တို့မှာ ကစားသမားကောင်းတွေရှိပြီး ဒီပုံစုံအတိုင်းသွားရင် ကျွန်တော်တို့ ချန်ပီယံလိဂ် ၀င်ခွင့် ရနိုင်မှာပါ” ဟု အသင်း ၀ဘ်ဆိုဒ်သို့ ဆွာရက်ဇ်က ပြောကြား ခဲ့သည်။

    ပြီးခဲ့သည့်နွေရာသီက အသင်းပြောင်းရွှေ့ရန် ကြိုးပမ်းခဲ့သည့် ဆွာရက်ဇ်မှာ ပွဲပယ်ပြစ်ဒဏ်မှ ပြန်လာပြီးနောက် ခြေစွမ်းပြလျက်ရှိကာ ပရီးမီးယားလိဂ် ၁၆ ပွဲကစားပြီး ၂၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့သည်။

    Ref : Daily

  • ဖီဖာ၏ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု ရော်နယ်ဒို ဒုတိယ အကြိမ်မြောက် ဆွတ်ခူး

    ဇန်နဝါရီ ၁၄၊ ၂၀၁၄
    M-Media

    ရီဘာရီနှင့် မက်ဆီကို ကျော်ဖြတ်ပြီး ဖီဖာ၏ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု ရော်နယ်ဒို ဒုတိယ အကြိမ်မြောက် ဆွတ်ခူး

    358820_heroa
    – ၂၀၁၃ ခုနှစ်အတွက် ဖီဖာမှ ချီးမြှင့်သည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Orအား ရီးယဲလ်မက်ဒရစ်အသင်း၏ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ဆွတ်ခူးရရှိသွားခဲ့သည်ဟု သိရသည်။

    အဆိုပါဆုပေးပွဲအား ယမန်နေ့က ဇူးရစ်ခ်ျမြို့တွင် ကျင်းပခဲ့ပြီး၊ အသက် ၂၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုမှာ နိုင်ငံအသင်းခေါင်းဆောင်များ၊ နည်းပြများနှင့် မီဒီယာသမားများက ပေးသောမဲအရေအတွက် ၂၇.၉၉ ရာခိုင်နှုန်းကို ရရှိခဲ့ကာ ပထမ၊မက်ဆီက ၂၄.၇၇ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ ရီဘာရီက ၂၃.၃၆ ရာခိုင်နှုန်းဖြင့် တတိယ အသီးသီးရရှိသွားခဲ့သည်။

    ၂၀၀၈ ခုနှစ် မန်ချက်စတာယူနိုက်တက်အသင်းတွင် ကစားစဉ်က အဆိုပါဆုအား တစ်ကြိမ် ရရှိဖူးခဲ့သည့် ရော်နယ်ဒိုမှာ ၂၀၁၃ ခုနှစ်တွင် ကလပ်အသင်းနှင့် နိုင်ငံအသင်းတို့တွင် ထင်ရှားသော အောင်မြင်မှုများ မရခဲ့သော်လည်း တစ်နှစ်အတွင်း ကစားခဲ့သည့် စုစုပေါင်း ၅၉ ပွဲတွင် ၆၉ ဂိုး သွင်းယူနိုင်ခဲ့သည်အထိ ခြေစွမ်းပြခဲ့သောကြောင့် အဆိုပါဆုအား ရရှိခဲ့ခြင်းဖြစ်သည်။