News @ M-Media

ကမ္ဘာ့ဖလားတွင် အင်္ဂလန်အသင်း ဗိုလ်စွဲနိုင်ခွင့်မှာ ပြီးဆုံးခဲ့ပြီဟု အိုဝင်ဆို

မေ ၂၃ ၊ ၂၀၁၄
M-Media
294590_heroa

– အင်္ဂလန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်စွဲနိုင်သည့် အခွင့်အရေးမှာ ပြီးဆုံးခဲ့ပြီး လက်ရှိ အင်္ဂလန်အသင်းမှာလည်း တောင့်တင်းခြင်း မရှိဟု လက်ရွေးစင်ဟောင်း မိုက်ကယ်အိုဝင်က ပြောကြားလိုက်သည်။

အိုဝင်မှာ အင်္ဂလန်အသင်း၏ ရွှေရောင် မျိုးဆက်တွင် ပါဝင်ခဲ့သူဖြစ်ပြီး ၁၉၉၈၊ ၂၀၀၂နှင့် ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားပွဲများတွင် ပါဝင်ကစားခဲ့ဖူးသူဖြစ်သည်။ Perform သတင်းဝဘ်ဆိုဒ်သို့ အိုဝင်က ပြောကြားရာတွင် ၁၉၉၈ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ အတောင့်တင်းဆုံးဖြစ်ခဲ့ပြီး တစ်ခါတစ်ရံတွင် အကောင်းဆုံးသင်းမှာ ဗိုလ်စွဲခြင်း မရှိဟု ဆိုသည်။ လက်ရှိအင်္ဂလန်အသင်းနှင့် ပတ်သက်၍ အိုဝင်က

“လက်ရှိအင်္ဂလန်အသင်းက အရမ်းတောင့်တင်းမှုမရှိပါဘူး။ ထိပ်တန်းကစားသမားတွေ ထွက်လာဖို့နဲ့ ဒီပြိုင်ပွဲတွေမှာ အခွင့်အရေးတစ်ခုရလာဖို့ ကျွန်တော်တို့ ဆုတောင်းနေကြပါတယ်” ဟု ပြောကြားခဲ့သည်။

အင်္ဂလန်အသင်းမှာ ကမ္ဘာဖလားပြိုင်ပွဲအား အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၁၉၆၆ ခုနှစ် တစ်ကြိမ်သာ ဗိုလ်စွဲထားနိုင်ခဲ့ပြီး နောက်ပိုင်းနှစ်များတွင် အမြင့်ဆုံးအဖြစ် ဆီးမီးဖိုင်နယ်အထိသာ တက်ရောက်နိုင်ခဲ့သည်။

Comments

Leave a Reply