News @ M-Media
Tag: DailySportsNews
  • ဘာကာသရေကျ ရီးယဲလ်အနိုင်ရခဲ့သည့် လာလီဂါ ပွဲစဉ် ၁၉
    ဇန်နဝါရီ ၁၃၊ ၂၀၁၃
    M-Media
    352292_heroa
    ပွဲစဉ် ၁၉ ကိုရောက်ရှိလာတဲ့ ဒီတစ်ပါတ်ရဲ့ လာလီဂါပွဲစဉ်မှာတော့ ထိပ်ဆုံးနှစ်သင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ အက်သလက်တီကိုရဲ့ တွေ့ဆုံမှုမှာ အရှုံးအနိုင် အဖြေမပေါ်ခဲ့ပဲ သရေနဲ့သာ အဆုံးသတ်ခဲ့ပါတယ်။ အိမ်ရှင်အသင်းက လူစုံထုတ်ခဲ့ပေမယ့် ဘာစီလိုနာအသင်းမှာ အားထားရတဲ့ မက်ဆီနဲ့ နေးမာတို့ ဒုတိယပိုင်းမှ ၀င်လာခဲ့တာပါ။ အဝေးကွင်းဖြစ်ပေမယ့် ဘာကာကတော့ ထုံးစံအတိုင်း ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားသွားခဲ့ပြီး၊ အက်သလက်တီကိုကလည်း ထိန်းကစားသွားခဲ့ကာ နှစ်သင်းစလုံး ဂိုးသွင်းခွင့်အနည်းငယ်သာရရှိခဲ့ပါတယ်။
    အန်ဆယ်လော့တီရဲ့ ရီးယဲလ်ကတော့ ပီပီရဲ့ဂိုးနဲ့ အနိုင်ရခဲ့ပြီး ထိပ်ဆုံးနှစ်သင်း သရေကျခဲ့မှုကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပါတယ်။ အဆင့်လေးက ဘီလ်ဘာအိုကတော့ အလ်မာရီယာအသင်းကို ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူခဲ့ပြီး၊ ဆီးဗီးလား အသင်းက သရေကျခဲ့ကာ၊ ဗလင်စီယာက အဆင့် ၁၈ မှ ဆဲလ်တာဗီဂိုကို ရှုံးနိမ့်ခဲ့ပါတယ်။ ပွဲစဉ် ၁၉ ရဲ့ စုစုပေါင်း ၉ ပွဲကစားပြီးချိန်မှာတော့ ဇယားထိပ်ပိုင်းမှာ ဘာစီလိုနာ၊ အက်သလက်တီကို၊ ရီးယဲလ်၊ ဘီဘာအိုတို့အစဉ်လိုက်ရှိနေပြီး၊ တန်းဆင်းဇုန်မှာလည်း သိပ်အပြောင်းအလဲမရှိခဲ့ဘဲ ဗလင်စီယာကိုအနိုင်ကစားခဲ့တဲ့ ဆဲလ်တာဗီဂိုကတော့ ယခင်တပါတ် အဆင့် ၁၈ ကနေ့ အဆင့် ၁၅ ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ပွဲစဉ် ၁၉ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
    လီဗန်တေး ၁-၁ မာလာဂါ
    အက်စပန်ညို ၀-၁ ရီးယဲလ်
    ဘက်တစ် ၁-၂ အိုဆာဆူနာ
    ဂီတာဖေး ၀-၁ ဗဲလ်လီကာနို
    အဲလ်ချီ ၁-၁ ဆီဗီလာ
    အက်သလက်တီကို ၀-၀ ဘာစီလိုနာ
    ဆဲလ်တာဗီဂို ၂-၁ ဗလင်စီယာ
    ဘီဘာအို ၆-၁ အလ်မာရီယာ
    ဂရန်နာဒါ ၄-၀ ဗဲလာဒိုလစ်
    ဗီလာရီးယဲလ် ၀-၀ ရီးယဲလ်ဆိုစီဒက်
  • ပယ်လီဂရီနီအား ဆဲဆိုခဲ့ခြင်းအတွက် ပါဂျူပြန်လည်တောင်းပန်
    ပယ်လီဂရီနီအား ဆဲဆိုခဲ့ခြင်းအတွက် ပါဂျူပြန်လည်တောင်းပန်
    ဇန်န၀ါရီ ၁၃၊ ၂၀၁၄
    M-Media
    – ယမန်နေ့က ကစားခဲ့သည့်ပွဲတွင် မန်စီးတီးနည်းပြ ပယ်လီဂရီနီအား ရိုင်းစိုင်းစွာ ဆဲဆိုခဲ့မှုအတွက် နယူးကာဆယ်နည်းပြ အလန်ပါဂျူးက လူသိ ရှင်ကြား ပြန်လည်တောင်းပန်လိုက်သည်။
    ၁ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခြင်းခံနေရသည့် နယူးကာဆယ်အသင်းမှာ ပထမပိုင်းပြီးကာနီးတွင် အလယ်တန်းကစားသမား တီယိုတီက ဂိုးသွင်းယူခဲ့ သော်လည်း ဒိုင်လူကြီးက ခွင့်ပြုခဲ့ခြင်းမရှိပေ။ ထိုအချိန်တွင် ပယ်လီဂရီနီနှင့် အလန်ပါဂျူးတို့ စကားများခဲ့ကြပြီး ပါဂျူးက “ခင်ဗျားအသံပိတ်ထား၊ *** အဖိုးကြီး” ဟု ဆဲဆိုခဲ့ပြီး ထိုဆဲဆိုမှုအား တိုက်ရိုက်ထုတ်လွှင်နေသည့် ကင်မရာမှာ ရိုက်ကူးထုတ်လွှင့်မိခဲ့သည်။
    ထိုကိစ္စနှင့် ပက်သက်၍ ပါဂျူးက “ကျွန်တော်ပြောခဲ့တာကို ကျွန်တော်သိပါတယ်။ အဲဒီစကားလုံးအတွက် ကျွန်တော်တောင်းပန်ပါတယ်။ ထူပူနေတဲ့ အချိန်မို့လို့ ဒါမျိုးထွက်သွားတာပါ။ အခြေအနေတစ်ခုကိုရောက်လာရင် နည်းပြအားလုံး ဒီစကားလုံးကို သုံးကြပါတယ်။ ကျွန်တော် သူ့(ပယ်လီဂရီနီ)ကို တောင်းပန်ခဲ့ပြီး ကံကောင်းစွာပဲ သူကလည်း ကျွန်တော့်ရဲ့ တောင်းပန်မှုကို လက်ခံခဲ့ပါတယ်” ဟု ပွဲအပြီးတွင် ပါဂျူးက ပြောကြားခဲ့သည်။
    Ref : Mirror
  • အားကစားသတင်း စုစည်းမှု
    အားကစားသတင်း စုစည်းမှု
    ဇန်န၀ါရီ ၈၊ ၂၀၁၄
    M-Media
    Farmers Insurance Open ဂေါက်သီးရိုက်ပြိုင်ပွဲတွင် တိုက်ဂါးဝုဒ် ပါဝင်ယှဉ်ပြိုင်မည်
    အမေရိကန် ပြည်ထောက်စု ကယ်လီဖိုးနီးယားပြည်နယ် San Diego venue ရှိ Torrey Pines ဂေါက်ကွင်း၌ လာမည့် ၂၃-ရက်နေ့တွင် စတင်ကျင်းပ ပြုလုပ်မည့် Farmers Insurance Open ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမေရိကန် ဂေါက်သီးအကျော်အမော် တိုက်းဂါးဝုဒ် ပါဝင်ယှဉ်ပြိုင်မည်ဟု ပြိုင်ပွဲ ကျင်းပသူများက ပြောဆိုခဲ့သည်။
    တိုက်ဂါးဝုဒ်မှာ San Diego venue တွင် PGA Tour ဆုဖလား ၈ ခုကို ဆွတ်ခူးရရှိခဲ့သည့် ပထမဆုံး ဂေါက်သီးသမားဖြစ်ပြီး Farmers Insurance Open ၇-ကြိမ်နှင့် ၂၀၀၈ ခုနှစ် US Open တို့ဖြစ်ကြသည်။ ထို့ပြင် Farmers Insurance Open ဂေါက်သီးရိုက်ပြိုင်ပွဲ နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ၆-ကြိမ်တွင် ၅-ကြိမ်တိုင်တိုင် ဗိုလ်စွဲနိုင်ခဲ့သူလည်းဖြစ်သည်။
    ……………………….
    Hyundai Tournament of Champions ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဇက်ခ်ျ ဂျွန်ဆန် ဗိုလ်စွဲ
    အမေရိကန် ပြည်ထောင်စု ဟာဝိုင်ယီတွင် တနင်္ဂနွေနေ့က ကျင်းပပြီးစီးခဲ့သည့် Hyundai Tournament of Champions ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမေရိကန် ဂေါက်သီးသမား ဇက်ခ်ျ ဂျွန်ဆန်က အနိုင်ရ ဗိုလ်စွဲသွားခဲ့သည်ဟု သိရသည်။ ဂျွန်ဆန်မှာ သတ်မှတ်ရိုက်ချက်ထက် ၁၉ ချက်လျော့ရိုက် နိုင်ခဲ့ပြီး ဒုတိယနေရာမှ ဂျော်ဒန် စပီသ်ထက် ၁ ချက်အသာဖြင့်ဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုရရှိသည့် ဆုဖလားမှာ ဂျွန်ဆန်၏ ၁၁ ခုမြောက် USPGA ဆုဖလားလည်းဖြစ်သည်။
    ………………………………
    တိုက်စစ်မှူးရှာပုံတော်ဖွင့်နေသည့် အာဆင်နယ် ပေါ်တို လူငယ်တိုက်စစ်မှူးအား ခေါ်ယူရန် ပစ်မှတ်ထား
    ရီးယဲလ်မက်ဒရစ်အသင်း၏ တိုက်စစ်မှူး အဲလ်ဗာရို မာရော့တာအား အငှားဖြင့် ခေါ်ယူနိုင်ခြင်းမရှိပါက အာဆင်နယ်အသင်းမှာ ပေါ်တိုအသင်း၏ တိုက်စစ်မှူး ဂျက်ဆန် မာတီနက်ဇ်အား ခေါ်ယူရန် ပြင်ဆင်နေသည်ဟု သိရသည်။ တိုက်စစ်မှူး ဝေါလ်ကော့ ဒဏ်ရာကြောင့် ကာလရှည် အနားယူ ရမည်ဖြစ်သောကြောင့် အာဆင်ဝင်းဂါးအနေဖြင့် ဇန်န၀ါရီအပြောင်းအရွှေ့တွင် တိုက်စစ်မှူး တစ်ဦးခေါ်ယူရန် လိုအပ်နေပြီး အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဒီယေဂို ကော်စတာအား ခေါ်ယူရန် မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် မာရော့တာနှင့် မာတီနက်ဇ်တို့အနက် တစ်ဦးအား ခေါ်ယူရန် ကြိုးစားနေခြင်းဖြစ်သည်။ အာဆင်နယ်အနေဖြင့် ကိုလံဘီယာ တိုက်စစ်မှူး မာတီနက်ဇ်အား ခေါ်ယူလိုပါက ပေါင် သန်း ၃၀-ကျော် သုံးစွဲရမည်ဖြစ် သည်။
    …………………………………
    ဆန်းဒါးလန်းအသင်းအား ၂-ဂိုး ၁-ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် လိဂ်ဖလား ဆီးမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် အချက်ပြမီးများ ပစ်ဖောက်ခဲ့သည့် ပရိတ်သတ်များ၏ အပြုအမူကြောင့် မန်ချက်စတာယူနိုက်တက်အသင်းမှာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ၏ အရေးယူမှုကို ခံရဖွယ်ရှိနေသည်ဟု သိရသည်။ မန်ယူအသင်း ပရိတ်သတ်များ၏ အချက်ပြမီးပစ်ဖောက်မှုတစ်ချို့မှာ ဆန်းဒါးလန်းအသင်း ပရိတ်သတ်များရှိရာ ပွဲကြည့်စင်အထိ ရောက်ရှိ ခဲ့ပြီး တာဝန်ရှိသူများက ထိန်းသိမ်းရသည်အထိ ဖြစ်ခဲ့သည်။
    ယခုပွဲအရှုံးမှာ မန်ယူအသင်း၏ နောက်ဆုံးသုံးပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် သုံးပွဲဆက် ရှုံးနိမ့်ခဲ့ခြင်းလည်း ဖြစ်သည်။ နည်းပြမိုယက်စ်ကမူ ထိုပွဲအရှုံးအတွက် ဒိုင်လူကြီးများအား ပြစ်တင်ပြောဆိုခဲ့သည်။
  • ဇန်န၀ါရီ ၆၊ အားကစားသတင်း စုစည်းမှု
    ဇန်န၀ါရီ ၆၊ အားကစားသတင်း စုစည်းမှု
    ဇန်န၀ါရီ ၆၊ ၂၀၁၄
    M-Media
    အာဆင်နယ်တိုက်စစ်မှူး ဝေါလ်ကော့ ၄ ပတ်ခန့်နားရမည်
    –  စပါးအသင်းနှင့် ကစားခဲ့သည့် FA ဖလားပွဲစဉ်တွင် ရရှိခဲ့သောဒဏ်ရာကြောင့် အာဆင်နယ်အသင်း၏ တိုက်စစ်မှူး ဝေါလ်ကော့မှာ အနည်းဆုံး လေးပတ်ခန့် အနားယူရမည်ဟု သိရသည်။ ဝေါလ်ကော့မှာ ထိုပွဲတွင် ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး အခြားတိုက်စစ်မှူးတစ်ဦးဖြစ်သည့် နစ်ကလပ်စ် ဘန်တနာမှာလည်း လေးပတ်ခန့်အနားယူရမည်ဖြစ်သောကြောင့် အာဆင်ဝါးဂါးအနေအဖြင့် ယခုအပြောင်းအရွှေ့ကာလအတွင်း တိုက်စစ်မှူးသစ် တစ်ဦးခေါ်ယူရန် စီစဉ်လျက်ရှိသည်။
    ……………………………
    မန်ယူအကယ်ဒမီထက် လူငယ်ကစားသမားနှစ်ဦးအား ဆိုလ်ရှားခေါ်ယူ
    – ကာဒစ်ဖ်အသင်း၏ နည်းပြဖြစ်လာသူ မန်ယူတိုက်စစ်မှူးဟောင်း ဆိုးလ်ရှားမှာ မန်ယူဘောလုံးအကယ်ဒီမီထွက် လူငယ် ကစားသမားများဖြစ်ကြသည့် အသက် ၂၃-နှစ်အရွယ် ၀ုလ်ဖ် အစ်ကရမ်နှင့် အသက် ၁၈-နှစ်ရွယ်ရှိ မတ်စ် မိုလာ ဒဲဟ်လီတို့အား ခေါ်ယူလိုက်သည်ဟု သိရသည်။ ထို့ပြင် မန်ယူ အလယ်တန်းကစားသမား ၀ီလ်ဖရိုင်းဒ် ဇာဟာကိုလည်း အငှားဖြင့် ခေါ်ယူရန် စီစဉ်နေသည်။
    ………………………………………
    လီဝန်ဒေါ့စကီးအား ခေါ်ယူနိုင်ခဲ့ခြင်းမှာ အသင်းအတွက် ပိုမိုအားကောင်းစေသည်ဟု ရော်ဘင်ဆို
    – ဒေါ့မွန်တိုက်စစ်မှူး လီဝန်ဒေါ့စကီးအား ခေါ်ယူနိုင်ခဲ့ခြင်းကြောင့် အသင်းမှာ ပိုမိုကောင်းမွန်လာမည်ဟု ဘိုင်ယန်အလယ်တန်းကစာသမား ရော်ဘင်က ပြောဆိုလိုက်ပြီး လီဝန်ဒေါ့စကီးမှာလည်း ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးများထဲမှ တစ်ဦးဖြစ်သည်ဟု ချီးကျူးပြောဆိုခဲ့သည်။ ယခုနှစ် ရာသီကုန်တွင် ဒေါ့မွန်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် လီဝန်ဒေါ့ကစကီးက ၎င်းမှာ ဘိုင်ယန်အသင်းနှင့် ငါးနှစ် စာချုပ် ချုပ်ဆိုခဲ့သည် ဟု စနေနေ့က ဖွင့်ဟခဲ့သည်။
    ……………………………………
    ချယ်ဆီးနှင့် လီဗာပူးလ်တို့ နောက်တစ်ဆင့် တက်ရောက်ခဲ့ပြီး မန်ယူအသင်း ရှုံးနိမ့်ခဲ့ရသည့် FA ဖလား တတိယအဆင့် ပွဲစဉ်များ
    – FA ဖလားပြိုင်ပွဲ၏ တတိယအဆင့် လက်ကျန်ပွဲစဉ်များကို ယမန်နေ့က ကစားခဲ့ရာ မန်ချက်စတာယူနိုက်တက်အသင်းမှာ အိမ်ကွင်းအိုးထရက်ဖို့ဒ်တွင် ဆွမ်ဆီးအသင်းအား ၂-ဂိုး ၁-ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ ဒုတိယပိုင်း ပွဲပြီးကာနီးအထိ ၁-ဂိုးစီ သရေကျနေခဲ့သော်လည်း နောက်ဆုံး မိနစ်တွင်မှ ဆွမ်ဆီး ကစားသမား ၀ီလ်ဖရိုင်း ဘိုနီက အနိုင်ဂိုး သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ အခြားပရီးမီးယားလိဂ် အသင်းကြီးများဖြစ်သည့် ချယ်ဆီးနှင့် လီဗာပူးလ်တို့မှာ ဒါဘီကောင်တီနှင့် အိုလ်ဒမ် အက်သလက်တစ်အသင်းတို့အား အသီးသီးအနိုင်ရရှိခဲ့ကြပြီး နောက်တစ်ဆင့်သို့ တက်ရောက် နိုင်ခဲ့သည်။ သို့သော်လည်း ၀က်စ်ဟမ်းအသင်းမှာ အင်္ဂလန် ဒုတိယတန်းမှ နော်တင်ဟမ်ဖောရက်စ်အား ၅-ဂိုး ဂိုးမရှိဖြင့် ရှက်ဖွယ်ရှုံးနိမ့်ခဲ့ကာ ဆန်းဒါးလန်အသင်းမှာ တတိယတန်းတွင် ကာလီဆဲလ်ယူနိုက်တက်အား အနိုင်ရရှိခဲ့သည်။ FA ဖလား ရလဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
    နော်တင်ဟမ်ဖောရက်စ် ၅-၀ ၀က်စ်ဟမ်း
    မန်ယူ ၁-၂ ဆွမ်ဆီး
    ဒါဘီ ၀-၂ ချယ်ဆီး
    ဆန်းဒါးလန်း ၃-၀ ကာလီဆဲလ်ယူနိုက်တက်
    လီဗာပူးလ် ၂-၀ အိုလ်ဟမ်ယူနိုက်တက်
    ပေါ့ဗာလီ ၂-၂ ပလိုင်းမောက် အာဂိုင်လီ
    ……………………………
    Brisbane International တင်းနစ်ပြိုင်ပွဲတွင် လေတန်ဟေးဝစ် ဗိုလ်စွဲ
    – သြစတေးလျနိုင်ငံ Queensland တွင်ကျင်းပပြုလုပ်ခဲ့သည့် Brisbane International တင်းနစ်ပြိုင်ပွဲတွင် အိမ်ရှင်တင်းနစ်သမား လေဟန်ဟေးဝစ်က ဗိုလ်စွဲသွားခဲ့သည်ဟုသိရသည်။
    ဗိုလ်လုပွဲအား ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့ရာ ဟေးဝစ်က နိုင်ခြေအဆင့် ၁ ရ ဂရင်းစလင်း ဆုဖလား ၁၇ ကြိမ်ရရှိထားသည့် ဆွစ်ဇလန် တင်းနစ်သမား ရော်ဂျာဖက်ဒါရာအား ၆-၁၊ ၄-၆၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    ယခုပွဲတွင် ဗိုလ်စွဲနိုင်ခဲ့ခြင်းမှာ ဟေးဝစ်၏ ၂၉ ခုမြောက် ATP ဆုလားဖြစ်ခဲ့ပြီး ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ATP တင်းနစ်ပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
    ……………………………
    ATP Chennai Open တင်းနစ်ပြိုင်ပွဲတွင် ၀ါဝရင်ကာ ဗိုလ်စွဲ
    – ကမ္ဘာ့အဆင့် ၈ ရှိ ဆွစ်ဇလန် တင်းနစ်သမား စတာနစ္စလက်စ် ၀ါဝရင်ကာမှာ အိန္ဒိယနိုင်ငံ တမီလ်နန်ဒူတွင် ကျင်းပပြုလုပ်ခဲ့သည့် ATP Chennai Open တင်းနစ် ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည်ဟု သိရသည်။
    ယမန်နေ့က ကစားသည့် ဗိုလ်လုပွဲတွင် နိုင်ခြေအဆင့် ၁ သတ်မှတ်ခံရသည့် ၀ါဝရင်ကာမှာ ပြင်သစ်တင်းနစ်သမား အဒူယာဒ့် ရော်ဂျာ ဗက်ဆဲလ်လင်းအား ၇-၅၊ ၆-၂ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထိုဆုဖလားမှာ ၀ါဝရင်ကာ၏ ကစားသမား သက်တမ်းတစ်လျှောက် ငါးကြိမ်မြောက် ဆုဖလားလည်းဖြစ်ပြီး၊ ထိုပြိုင်ပွဲတွင် နှစ်ကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
  • ဇန်န၀ါရီ ၂၊ အားကစားသတင်း စုစည်းမှု
    ဇန်န၀ါရီ ၂၊ အားကစားသတင်း စုစည်းမှု
    ဇန်န၀ါရီ ၂၊ ၂၀၁၄
    M-Media
    ဒဏ်ရာအကင်းမသေသေးသောကြောင့် ရူနီ ထပ်မံ၍ နားရမည်
    –  ပေါင်ခြံဒဏ်ရာရရှိနေသည့် တိုက်စစ်မှူး ရူနီအနေဖြင့် မန်ယူအသင်း၏ ပွဲစဉ်များကို ထပ်မံ၍ လွဲချော်နိုင်ဖွယ်ရှိသည်ဟု မန်ယူအသင်းနည်းပြ ဒေးဗစ်မိုယက်စ်က ပြောကြားခဲ့သည်။ ဒဏ်ရာရှိနေသော်လည်း ယနေ့နံနက်က စပါးအသင်းအား ရှုံးနိမ့်ခဲ့သောပွဲစဉ်တွင် ရူနီမှာ ပါဝင်ကစားခဲ့ပြီး၊ ထိုကိစ္စနှင့် ပက်သက်၍ မိုယက်စ်က အသင်း၏ ပွဲကြပ်ကာလများကြောင့် ဒဏ်ရာအကင်း မသေသေးသည့် ရူနီအား ထည့်ကစားခဲ့ခြင်းဖြစ်ပြီး ယခုအခါ ရူနီ ကြံ့ခိုင်မှုပြည့်ဝရန်အတွက် အနားယူရန် လိုအပ်နေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ……………………….
    တစ်ကျော့်ပြန်တိုက်စစ်မှူး အဒီဘာယောအား ရှားဝုဒ် ချီးကျူး
    – မန်ယူအသင်းအား အိုးထရက်ဖို့ဒ်တွင် အနိုင်ရခဲ့သည့် ပွဲတွင် ဂိုးသွင်းယူခဲ့သည့် တိုက်စစ်မှူး အဒီဘာယောအား စပါးအသင်းနည်းပြ တင်မ်ရှားဝုဒ်က ချီးကျူးပြောဆိုလိုက်သည်။ အဒီဘာယောမှာ ယခင်နည်းပြဟောင်း ဘိုအာ့စ်လက်ထက်တွင် အသင်းတွင် ပါဝင်ကစားခွင့်မရခဲ့ဘဲ၊ တင်မ်ရှားဝုဒ် လက်ထက်တွင် ပြန်လည်ပါဝင်လာခဲ့ပြီး လေးပွဲတွင် ၃ ဂိုးသွင်းယူထားနိုင်သည်အထိ ခြေစွမ်းပြနေသည်။
    ……………………….
    ကံကြမ္မာကြောင့်သာ ကာဒစ်ဖ်အား အနိုင်ရခဲ့ကြောင်း ၀င်းဂါးဝန်ခံ
    – ကာဒစ်ဖ်အသင်းအား အနိုင်ရရှိခဲ့ခြင်းမှာ ကံကြမ္မာကြောင့်ဖြစ်သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ၀န်ခံ ပြောကြားခဲ့သည်။ ယမန်နေ့က ကစားခဲ့သည့်ပွဲတွင် အာဆင်နယ်အသင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ကာဒစ်အသင်းအား ဖိကစားနိုင်ခဲ့သော်လည်း အနိုင်ဂိုးကို ၈၉ မိနစ်နှင့် ဒုတိယပိုင်း နာကျင်အချိန်ပိုတို့တွင်မှ ရရှိခဲ့ခြင်းဖြစ်သည်။
    ……………………….
    ဟားလ်စီးတီအသင်းအား အနိုင်ရခဲ့ခြင်းမှာ အသင်း၏ အကောင်းဆုံး နိုင်ပွဲဟု ရော်ဂျာဆို
    – ယမန်နေ့က ဟားလ်စီးတီးအသင်းအား အနိုင်ရခဲ့သည့်ပွဲမှာ ယခုနှစ်ရာသီ အသင်း၏ အကောင်းဆုံး နိုင်ပွဲဖြစ်သည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန် ရော်ဂျာက ပြောဆိုလိုက်သည်။ ထိုပွဲတွင် လီဗာပူးလ်အသင်းမှာ ၂-ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး၊ အနိုင်ဂိုးသွင်းခဲ့သည့် ဆွာရက်ဇ်ကိုလည်း ရော်ဂျာက ချီးကျူးခဲ့သည်။ လီဗာပူးလ်အသင်းမှာ နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီးနောက် ယခုပွဲတွင်မှ ပြန်လည်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    ……………………….
    မာတာအသင်းမှ ထွက်ခွာလိုပါက တံခါးဖွင့်ပေးထားသည်ဟု မော်ရင်ဟိုဆို
    – အသင်းရှိ အလယ်တန်းကစား ဂျူအန်မာတာအနေဖြင့် အသင်းမှ ထွက်ခွာလိုပါက မိမိအနေဖြင့် တံခါးဖွင့်ပေးထားကြောင်း ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။ မာတာမှာ ယမန်နှစ်က ခြေစွမ်းကောင်းများ ပြသခဲ့ပြီး ပရိတ်သတ်များရွေးချယ်သည့် ချယ်ဆီးအသင်း၏ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုအား ရရှိခဲ့သော်လည်း မော်ရင်ဟိုလက်ထက်တွင် အသင်း၌ ပုံမှန်နေရာမရရှိပဲ ဖြစ်နေသူဖြစ်သည်။
    ……………………….
    စပါးကို အိမ်ကွင်းမှာ ရှုံးတဲ့မန်ယူမှ လွဲ၍ အသင်းကြီးများ အားလုံး အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၂၀
    ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ ၏ ပွဲစဉ်များကို ယမန်နေ့က ၁၀ ပွဲစလုံးကစားခဲ့ရာ ဇယားထိပ်ပိုင်းမှ အသင်းကြီးများ အားလုံးအနိုင်ရခဲ့ကြသည်။ ထိပ်ဆုံးမှ အာဆင်နယ်အသင်းမှာ ကာဒစ်ဖ်အသင်းအား ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ကစားနိုင်ခဲ့သော်လည်း အနိုင်ဂိုး ၂ ဂိုးအား ဒုတိယပိုင်း ပြီးကာနီး ၅ မိနစ်အလိုမှသာရရှိခဲ့သည်။ ပယ်လီဂရီနီ၏ မန်စီးတီအသင်းမှာ အဝေးကွင်းတွင် အနိုင်ကစားခဲ့ပြီး ၉ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကိုရရှိခဲ့သည်။ ပြီးခဲ့သည့် တစ်ပါတ်က လီဗာပူးလ်အား အနိုင်ကစားနိုင်ခဲ့သည့် ချယ်ဆီမှာ ဆောက်သက်တမ်ကို အဝေးကွင်းတွင် ၃ ဂိုးပြတ်ဖြင်နိုင်ခဲ့ပြီး ဝေဖန်ခံနေရသည့် တိုက်စစ်မှူး တောရက်စ်က တစ်ဂိုးသွင်းယူပေးခဲ့သည်။
    လီဗာပူးလ်မှာလည်း အိမ်ကွင်းတွင် ဟားလ်စီးတီးအား အနိုင်ကစားကာ သုံးမှတ်အရယူနိုင်ခဲ့ပြီး၊ ၀က်စ်ဘရွန်းအသင်းက နယူးကာဆယ်အသင်းကို လည်းကောင်း၊ အက်စတွန်ဗီလာအသင်းက ဆန်းဒါးလန်းအား အဝေးကွင်းတွင် လည်းကောင်း၊ ဖူလ်ဟမ်အသင်းက ၀က်စ်ဟမ်းအသင်းအား လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။ အဲဗာတန်အသင်းမှာ ဒဏ်ရာမှ ပြန်လည် သက်သာလာသည့် နောက်ခံလူ လေတန်ဘိန်း၏ ဒုတိယပိုင်း နာကျင်အချိန်ပို ပင်နယ်တီဖြင့် စတုတ်စီးတီးအသင်းအား ၁ ဂိုး စီသရေကျခဲ့ပြီး၊ ခရစ္စတယ်ပဲလေ့စ်နှင့် နော်ဝစ်ခ်ျအသင်းတို့မှာလည်း ၁ ဂိုးစီ သရေဖြင့် ပွဲပြီးခဲ့သည်။ ယခုတစ်ပါတ် Match of the Week ပွဲစဉ်ဖြစ်သည့် မန်ယူနှင့် စပါးအသင်းတို့ ပွဲစဉ်တွင် နည်းပြသစ်နှင့် စပါးအသင်းက အဒီဘာယော၊ ခရစ္စရှန် အဲရစ်က်ဆန်တို့၏ ဂိုးများဖြင့် အိုးထရက်ဖို့ဒ်တွင် မန်ယူအသင်းအား အနိုင်ကစားနိုင်ခဲ့သည်။ ပွဲစဉ် ၂၀ ပြီးဆုံးချိန်တွင် ဇယားထိပ်ဆုံး၌ အာဆင်နယ်၊ မန်စီးတီး၊ ချယ်ဆီး၊ လီဗာပူးလ်တို့က အစဉ်လိုက်ရှိနေကြပြီး၊ မန်ယူအသင်းမှာ ယခင်တစ်ပါတ် အဆင့် ၆ မှ အဆင့် ၇ သို့ ကျဆင်းခဲ့ကာ တန်းဆင်းဇုန်တွင် ခရစ္စတယ်ပဲလေ့စ်၊ ၀က်စ်ဟမ်းနှင့်၊ ဆန်းဒါးလန်းတို့ ရှိနေကြသည်။
    ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ ရလဒ်များ
    ဆွးမ်ဆီး ၂-၃ မန်စီးတီး
    အာဆင်နယ် ၂-၀ ကာဒစ်ဖ်
    ခရစ္စတယ်ပဲလေ့စ် ၁-၁ နော်ဝစ်ခ်ျ
    ဖူလ်ဟမ် ၂-၁ ၀က်စ်ဟမ်း
    လီဗာပူးလ် ၂-၀ ဟားလ်စီးတီး
    ဆောက်သက်တမ် ၀-၃ ချယ်ဆီး
    စတုတ်စီးတီး ၁-၁ အဲဗာတန်
    ဆန်းဒါးလန်း ၀-၁ အက်စတွန်ဗီလာ
    မန်ယူ ၁-၂ စပါး