News @ M-Media

Tag: Ebola

  • ကွန်ဂိုတွင် အီဘိုလာရောဂါပိုး ပြန်လည် ကူးစက်ပြန့်နှံ့

    ကွန်ဂိုတွင် အီဘိုလာရောဂါပိုး ပြန်လည် ကူးစက်ပြန့်နှံ့

    မေ ၁၆၊ ၂၀၁၇
    M-Media

    – ကွန်ဂိုနိုင်ငံမြောက်ပိုင်း ဝေလံခေါင်ဖျားသည့် ဘက်စ်-အဲယာလီ ပြည်နယ်တွင် အီဘိုဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီး၊ ကူးစက်သည်ဟု သံသယရှိသူ အရေအတွက်မှာလည်း မြင့်တက်လာခဲ့သည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး (WHO) က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်တစ်ပတ်က ကွန်ဂိုတွင် အီဘိုလာကြောင့် သေဆုံးသူ ၁ ဦး ရှိသည်ဟု WHO က သတင်းထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ယခုသီတင်းပတ်တွင် ၃ ဦးအထိ ရှိလာခဲ့ခြင်းဖြစ်သည်။

    WHO မှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ ဒေါက်တာ အားန်နက်စ် ဒါဘီရီက ကွန်ဂို ကျန်းမာရေး ၀န်ထမ်းများမှာ နောက်ထပ် သံသယဖြစ်ပွယ် ကူးစက်မှု ၁၇ ခုကို စုံစမ်းစစ်ဆေးနေသည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် နောက်ထပ် လူ ၁၂၅ ဦးမှာလည်း အီဘိုလာ ရောဂါ ကူးစက်နေသည့် အနေအထားရှိနေပြီး ပြည်သူများအနေဖြင့် သတိထားရန်၊ အဖျားနှင့် အခြား ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက ဆရာဝန်ထံသို့ သွားရောက် ပြသရန် သတိပေးထားသည်ဟု ဒါဘီရီက ဆိုသည်။

    ကွန်ဂိုတွင် အီဘိုလာရောဂါ ကူးစက်မှု ပမာဏကို အတိအကျ မသိရှိရသေးဘဲ WHO ကလည်း ကွန်ဂိုနှင့် ကုန်သွယ်ရေး၊ ခရီးသွားလာရေး ကန့်သတ်မှုများ ပြုလုပ်ရန် အကြံမပြုသေးပေ။

    ၂၀၀၇ ခုနှစ်က ကွန်ဂိုနိုင်ငံအတွင်း အီဘိုလာ ကူးစက်ပြန့်နှံ့မှုတွင် လူပါင်း ၂၀၀ သေဆုံးခဲ့ပြီး ကူးစက်သူများ၏ ၇၀ ရာခိုင်နှုန်း သေဆုံးခဲ့ခြင်းဖြစ်သည်။

    Ref: CNN

  • အီဘိုလာကာကွယ်ဆေး စမ်းသပ်မှုအောင်မြင်

    အီဘိုလာကာကွယ်ဆေး စမ်းသပ်မှုအောင်မြင်

    ဒီဇင်ဘာ ၂၃၊ ၂၀၁၆
    M-Media

    ebola

    – အီဘိုလာကာကွယ်ဆေးတစ်မျိုးဖြစ်သော rVSV-EBOV ကို စမ်းသပ်မှုများ ပြုလုပ်နေသည့် ဂီနီနိုင်ငံရှိ နောက်ဆုံးရလဒ်များအရ အဆိုပါဆေးဝါးမှာ ရောဂါကာကွယ်ရာတွင် အလွန်ထိရောက်မှုရှိသည်ကို တွေ့ရသည်။

    ၂၀၁၅ ခုနှစ်အတွင်း ဂီနီနိုင်ငံ၌ အဆိုပါကာကွယ်ဆေးထိုးသူ ၅၈၃၇ ဦးရှိရာ ကာကွယ်ဆေးထိုးပြီး ၁၀ ရက်ကျော်အကြာတွင် အီဘိုလာရောဂါ လုံးဝ ကူးစက်ခြင်းမရှိသည်ကို တွေ့ရှိခဲ့ရပြီး ကာကွယ်ဆေး ၁၀၀ ရာခိုင်နှုန်း အောင်မြင်ခြင်းလည်း ဖြစ်သည်။

    ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း အနောက်အာဖရိကတွင် ပြန့်နှံ့ဖြစ်ပွားခဲ့သော အီဘိုလာကြောင့် လူပေါင်း ၁၁၃၀၀ ကျော် သေဆုံးခဲ့သည်။

    “နောက်တစ်ခါ အီဘိုလာရောဂါဖြစ်ရင် ကျွန်တော်တို့ အကာအကွယ်မဲ့ ဖြစ်မှာမဟုတ်တော့ပါဘူး” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ လက်ထောက် ဒါရိုက်တာ မာရီ ပေါ်လီ ကီနီက ပြောကြားခဲ့သည်။ ၎င်းမှာ ကာကွယ်ဆေးစမ်းသပ်မှုကို ဦးဆောင်ခဲ့သည့် သုတေသနပညာရှင်များထဲမှ တစ်ဦးလည်းဖြစ်သည်။

    အမေရိကန်အခြေစိုက် ဆေးဝါးကုမ္ပဏီ Merck မှ ထုတ်လုပ်သော အဆိုပါကာကွယ်ဆေးကို ဆီရာလီယိုနီ နိုင်ငံတွင်လည်း အသုံးပြုပြီး ဖြစ်သည်။

    Ref: CNA

  • အီဘိုလာအတွက် အရေးပေါ်အခြေအနေ ကြေငြာထားမှုကို WHO ရုပ်သိမ်း

    အီဘိုလာအတွက် အရေးပေါ်အခြေအနေ ကြေငြာထားမှုကို WHO ရုပ်သိမ်း

    မတ် ၃၁၊ ၂၀၁၆
    M-Media

    ebola 1

    – အနောက်အာဖရိကမှာ လူထောင်ပေါင်းများစွာကို သေဆုံးစေခဲ့တဲ့ အီဘိုလာကူးစက်မှုကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ထားရာကနေ ပြန်လည် ရုပ်သိမ်းလိုက်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောကြားလိုက်ပါတယ်။

    အီဘိုလာဟာ ၂၀၁၃ ဒီဇင်ဘာမှာ စတင်ထွက်ပေါ်ခဲ့ပြီး အဓိကအားဖြင့် လိုက်ဘေးရီးယား၊ ဂီနီ၊ ဆီရာလီယွန်နီတို့မှာ လူပေါင်း ၁၁၃၀၀ ကျော်ကို သေဆုံးစေခဲ့ကာ ၂၈၀၀၀ ကျော်ကို ကူးစက်ခဲ့ပါတယ်။ WHO ကတော့ ၂၀၁၄ ခုနှစ် သြဂုတ်လကစလို့ ဒီကပ်ရောဂါအတွက် အရေးပေါ်အခြေအနေ ကြေငြာခဲ့တာပါ။

    “အနောက်အာဖရိကမှာ အီဘိုလာကူးစက်မှုဟာ သာမန်ထက်ထူးကဲတဲ့ ဖြစ်ရပ်မျိုး မရှိတော့ပါဘူး။ နိုင်ငံတကာကို ကူးစက်ပျံ့ပွားမှုလည်း အခုဆို လျော့ကျနေပါပြီ။ လက်ရှိ နိုင်ငံအသီးသီးမှာလည်း အရေးပေါ်ကူးစက်မှုအသစ် တွေ့ရင် အလျင်အမြန်တုံ့ပြန်နိုင်စွမ်း ရှိနေပါပြီ” လို့ WHO ရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ မာဂရတ်ချန်က ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် ဒီရောဂါအတွက် သတိကြီးကြီးထားဖို့နဲ့ ကိုင်တွယ်နိုင်စွမ်းရှိဖို့အတွက် ဆက်လက်ဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။ မာဂရတ်ချန်က အီဘိုလာကူးစက်ခံရတဲ့ နိုင်ငံသုံးနိုင်ငံအပေါ် ကူးသန်းသွားလာရေး၊ ကုန်သွယ်ရေးတို့ ပိတ်ပင်ထားတာတွေကို ရုပ်သိမ်းပေးဖို့ကိုလည်း ထည့်သွင်းတိုက်တွန်းခဲ့ပါတယ်။

    WHO က ၎င်းရဲ့ ၀န်ထမ်းတွေ ရာပေါင်းများစွာကို အနောက်အာဖရိကနိုင်ငံတွေမှာ အခြေအနေကို လေ့လာစောင့်ကြည့်ဖို့ စေလွှတ်ထားပါတယ်။

    Ref: Presstv

  • အီဘိုလာကင်းစင်ကြောင်း ကြေငြာထားသည့် ဆီရာလီယိုနီတွင် ရောဂါပိုး ထပ်မံတွေ့ရှိ

    အီဘိုလာကင်းစင်ကြောင်း ကြေငြာထားသည့် ဆီရာလီယိုနီတွင် ရောဂါပိုး ထပ်မံတွေ့ရှိ

    ဇန်န၀ါရီ ၁၅၊ ၂၀၁၆
    M-Media

    west

    – ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အနောက်အာဖရိကအား အီဘိုလာကင်းစင်းနယ်မြေအဖြစ် ကြေငြာပြီး နာရီအနည်းအကြာတွင် ဆီရာလီယိုနီနိုင်ငံ၌ အီဘိုလာ ထပ်မံတွေ့ရှိသည် ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    အဖျားရောဂါဖြင့် သေဆုံးခဲ့သည့် အသက် ၂၂ နှစ်အရွယ် ကျောင်းသူ အမျိုးသမီး၏ ခန္ဓာကိုယ်တွင် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ယနေ့တွင် အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ သူမမှာ ဇန်န၀ါရီ ၇ ရက်နေ့မှစတင်ကာ ဖျားနာခဲ့ပြီး ၁၂ ရက်နေ့တွင် သေဆုံးခဲ့သည်။

    ထိုအမျိုးသမီးနှင့် ထိတွေ့ဆက်ဆံခဲ့သူများကို ရှာဖွေကာ သီခြားခွဲ၍ စောင့်ကြည့်ရန်အတွက် ကျန်မာရေးအဖွဲ့တစ်ဖွဲ့ကို ဆီရာလီယိုနီအစိုးရက စေလွှတ်ထားပြီးဖြစ်သည်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်းက စတင်ပြန့်နှံ့ခဲ့သည့် အီဘိုလာရောဂါဒဏ်ကို ဆိုးဝါးစွာ ခံစားခဲ့ရသည့် ဆီရာလီယိုနီနိုင်ငံမှာ နိုဝင်ဘာ ၇ ရက်နေ့တွင် ရောဂါပိုးကင်းစင်ကြောင်း ကြေငြာခဲ့သည်။ အီဘိုလာကြောင့် ဆီရာလီယိုနီတွင် လူပေါင်း ၄၀၀၀ ခန့် သေဆုံးခဲ့သည်။

    Ref: Aljazeera

  • ဂီနီတွင် အီဘိုလာကင်းစင်ကြောင်း ကြေငြာ

    ဂီနီတွင် အီဘိုလာကင်းစင်ကြောင်း ကြေငြာ

    ဒီဇင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    guinei

    – အီဘိုလာရောဂါ ကူးစက်ပြန့်ပွားခဲ့ရာ အာဖရိကအနောက်ပိုင်း နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သော ဂီနီနိုင်ငံမှာ အီဘိုလာကင်းစင်ကြောင်း ယနေ့တွင် အာဏာပိုင်များက ကြေငြာခဲ့သည်ဟု သိရသည်။

    မြို့တော် ကိုနာကရီတွင်ပြုလုပ်သည့် အဆိုပါကြေငြာမှုတွင် ကုလမှ တာဝန်ရှိသူများလည်း ပါဝင်ခဲ့ပြီး ပြည်သူများက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြသည်။ မနက်ဖြန်တွင်မူ အီဘိုလာတွင် အကူအညီများ ပေးအပ်ခဲ့သည့် အလှူရှင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်တူ အီဘိုလာကင်းစင်သည့် အထိမ်းအမှတ်အခမ်းအနားကို ကျင်းပပြုလုပ်မည်ဖြစ်သည်။

    အီဘိုလာကြောင့် ဂီနီနိုင်ငံတွင် လူပေါင်း ၂၅၀၀ကျော် သေဆုံးခဲ့ပြီး ထိုအထဲတွင် ကျန်းမာရေ၀န်ထမ်း ၁၁၅ ဦးပါဝင်သည်။ အထိမ်းအမှတ်အခမ်းအနားတွင် အဆိုပါ ကျန်းမာရေးဝန်ထမ်းများအတွက် ဂုဏ်ပြုမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

    အီဘိုလာမှာ ဂီနီ၊ ဆီရာလီယိုနှင့် လိုက်ဘေးရီးယားတို့တွင် အများဆုံးဖြစ်ပွားခဲ့ပြီး ဆီရာလီယိုနီနိုင်ငံမှာ နိုဝင်ဘာလအတွင်းက အီဘိုလာကင်းစင်ကြောင်း ကြေငြာနိုင်ခဲ့သည်။ ထို့ကြောင့် လိုက်ဘေးရီးယားတစ်နိုင်ငံတွင်သာ အီဘိုလာဗိုင်းရပ်စ် ကျန်ရှိတော့သည်။

    Ref: Aljazeera