News @ M-Media

Tag: Egypt

  • သမ္မတဆက်လုပ်ရေး အခြေခံဥပဒေကို မပြင်ဟု အီဂျစ် အာဏာသိမ်းခေါင်းဆောင်ပြော

    သမ္မတဆက်လုပ်ရေး အခြေခံဥပဒေကို မပြင်ဟု အီဂျစ် အာဏာသိမ်းခေါင်းဆောင်ပြော

    နိုဝင်ဘာ ၇၊ ၂၀၁၇
    M-Media

    အီဂျစ်သမ္မတ အလ်-စီစီ

    – မိမိအနေဖြင့် အခြေခံဥပဒေကို လေးစားလိုက်နာသောကြောင့် သမ္မတအဖြစ် တတိယအကြိမ် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန် လုပ်ဆောင်သွားမည်မဟုတ်ဟု အီဂျစ်သမ္မတ အာဏာသိမ်းဗိုလ်ချုပ်ဟောင်း အဘ်ဒဲလ် ဖာတာဟ် အလ်-စီစီက ပြောကြားလိုက်သည်။

    “အီဂျစ်ပြည်သူတွေရဲ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး သမ္မတအဖြစ် တရက်ပိုနေဖို့ဆိုတာ ကျွန်တော့်အတွက် မသင့်တော်ပါဘူး။ ဒါဟာ ရုပ်သံအတွက် ပြောတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်လက်ခံထားတဲ့၊ ကျွန်တော်လိုက်နာမယ့် စည်းကမ်းပါပဲ။ အခြေခံဥပဒေကို ကျွန်တော်တို့ ၀င်ရောက်စွက်ဖက်မှာမဟုတ်ပါဘူး” ဟု ယမန်နေ့က CNBC သတင်းဌာနနှင့် အင်တာဗျူးတွင် အလ်-စီစီက ပြောကြားခဲ့သည်။

    ရွေးကောက်ပွဲများကို လာမည့်နှစ် မတ်လ သို့မဟုတ် ဧပြီလတို့တွင် ကျင်းပသွားမည်ဟု အလ်-စီစီက ဆိုပြီး ဒုတိယမြောက် သမ္မတသက်တမ်းအတွက် ထိုရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်လားဆိုသည်ကို ၎င်းက ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ခြင်းမရှိပေ။

    နိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲဖြင့် အနိုင်ရလာသူ မွတ်စလင်ညီနောင်များပါတီမှ သမ္မတ မိုဟာမက်မော်စီကို ၂၀၁၄ ခုနှစ်တွင် အလ်-စီစီခေါင်းဆောင်သည့် စစ်တပ်က ဖြုတ်ချခဲ့ပြီး၊ ထိုနောက်ပိုင်းတွင် ပြုလုပ်သည့် ရွေးကောက်ပွဲတွင် အလ်-စီစီက အပြတ်အသတ် နိုင်ရခဲ့သည်။

    သမ္မတဖြစ်လာပြီးနောက်ပိုင်း စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများ ကိုင်တွယ်မှု၊ ဆိုင်းနိုင်ဒေသတွင် IS ကျောထောက်နောက်ခံပြု သူပုန်အဖွဲ့အား တိုက်ခိုက်မှုများတွင် အလ်-စီစီမှာ ဝေဖန်မှုများကို ခံခဲ့ရသည်။

    သို့သော်လည်း ၎င်းအား ထောက်ခံသူများက ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် တောင်းဆိုနေကြသည်။

    Ref: CNBC

  • အီဂျစ်ပိရမစ်တွင် အခန်းဝှက်တွေ့ရှိခဲ့ပြီး ဖာရိုဘုရင်များအကြာင်း စိတ်ဝင်စားမှု မြင့်တက်ဖွယ်ရှိ

    အီဂျစ်ပိရမစ်တွင် အခန်းဝှက်တွေ့ရှိခဲ့ပြီး ဖာရိုဘုရင်များအကြာင်း စိတ်ဝင်စားမှု မြင့်တက်ဖွယ်ရှိ

    နိုဝင်ဘာ ၄၊ ၂၀၁၇
    M-Media

    – အီဂျစ်နိုင်ငံ ဂီဇာရှိ မဟာပိရမစ်ကြီးတွင် အခန်းဝှက်တစ်ခုကို သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ပြီး ၁၉ ရာစု နောက်ပိုင်းမှစ၍ ပထမဆုံး တွေ့ရှိမှုလည်းဖြစ်ကာ ဖာရိုဘုရင်များ၏ လျှို့ဝှက်ချက်များအကြောင်း စိတ်ဝင်စားမှု မြင့်တက်လာဖွယ် ရှိနေသည်။

    ကြာသာပတေးနေ့က Nature ဂျာနယ်တွင် ပါဝင်သော ဆောင်းပါတစ်ပုဒ်၌ မီတာ ၃၀ နက်သော အဆိုပါ အခန်းဝှက်မှာ ပိရမစ်၏ ဟောခန်းအပေါ်တွင် တည်ရှိနေပြီး၊ မည်သည့်ရည်ရွယ်ချက်ကြောင့် ထိုအခန်းထားရှိခြင်းဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးဟု ဖော်ပြခဲ့သည်။

    သိပ္ပံပညာရှင်များက cosmic-ray ရောင်ခြည်ဖြင့် အုတ်နံရံများကို ဖောက်ထွင်းကာ ပုံဖော်ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

    ကိုင်ရိုမြို့ ဆင်ခြေဖုံးတွင် တည်ရှိသည့် အဆိုပါ ဂီဇာမဟာရိပရစ်ကို ဘီစီ ၂၅၀၉ မှ ၂၄၈၃ ခုနှစ်အထိ အုပ်ချုပ်မင်းလုပ်ခဲ့သော ၄ ဆက်မြောက် ဖာရိုဘုရင် ခူဖူက တည်ဆောက်ထားခြင်းဖြစ်ပြီး ခူဖူပိရမစ်ဟုလည်းခေါ်သည်။

    ပိရမစ်အလယ်ရှိ ဟောခန်းကို လမ်းလျှောက်ဝင်ရောက်နိုင်သော လှိုင်ခေါင်းဖြင့် ဆက်သွယ်ထားပြီး ယခုတွေ့ရှိခဲ့သည့် အခန်းဝှက်မှာ အတွင်းလမ်းကြောင်းများနှင့် ဆက်စပ်မှုမရှိပေ။

    စူးစမ်းမှုတွေ ပါဝင်ခဲ့သည့် သိပ္ပံပညာရှင်များက ယခုတွေ့ရှိမှုမှာ ရှေးဟောင်းသမိုင်းဆိုင်ရာ ဖော်ထုတ်မှုနယ်ပယ်တွင် ခေတ်သစ် သိပ္ပံပညာ၏ အသုံးဝင်မှုကို မီးမောင်းထိုးပြခဲ့သည့် ဖောက်ထွက်မှုတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဂီဇာရှိ ပိရမစ်များမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ အရင်က တည်ဆောက်ထားခဲ့ပြီး ကမ္ဘာပေါ်တွင် နောက်ဆုံးကျန်ရစ်ခဲ့သည့် ပိရမစ်ကြီးများဖြစ်ကာ ကမ္ဘာလှည့်ခရီးသွားများ၏ စိတ်ဝင်စားမှုကိုလည်း ခံရသည့်နေရာဖြစ်သည်။

    အဆိုပါပိရမစ်များအား မည်ကဲ့သို့ တည်ဆောက်ခဲ့သလဲဆိုသည်နှင့်ပတ်သက်၍ သိပ္ပံပညာရှင်များအကြား ထင်မြင်ချက် ကွဲလွဲမှုများ ယန့အချိနအထိ ရှိနေသည်။

    Ref; Khaleejtimes

  • ကမ္ဘာ့ဖလားစွမ်းဆောင်ရည်အတွက် ဇိမ်ခံအိမ်ချီးမြှင့်မှုကို အီဂျစ်တိုက်စစ်မှူး လက်မခံ

    ကမ္ဘာ့ဖလားစွမ်းဆောင်ရည်အတွက် ဇိမ်ခံအိမ်ချီးမြှင့်မှုကို အီဂျစ်တိုက်စစ်မှူး လက်မခံ

    အောက်တိုဘာ ၂၁၊ ၂၀၁၇
    M-Media

    – အီဂျစ်အသင်း ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်ရောက်အောင် စွမ်းဆောင်ပေးခဲ့တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဇိမ်ခံအိမ်တစ်လုံး ဆုချမှုကို တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်က ငြင်းပယ်ခဲ့ပြီး လိုအပ်နေတဲ့သူတွေကို ကူညီဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

    အခုလ အစောပိုင်းက ခြေစစ်ပွဲမှာ အီဂျစ်အသင်းဟာ ကွန်ဂိုကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဆာလာဟ်က ၉၄ မိနစ်မှာ ပင်နယ်တီနဲ့ အနိုင်ဂိုး သွင်းယူပေးခဲ့တာပါ။ ဒီအနိုင်ကြောင့် အီဂျစ်အသင်းဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

    အီဂျစ်အသင်းရဲ့ ဒီလိုအောင်မြင်မှုမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူး ဆာလာဟ်ကို အီဂျစ် စီးပွားရေးသမား မမ်ဒူ အဘတ်စ်က အားလပ်ရက် အပန်းဖြေနိုင်ဖို့အတွက် ဇိမ်ခံအိမ်တစ်လုံး လက်ဆောင်ပေးဖို့ ကမ်းလှမ်းခဲ့တာပါ။

    ဆာလာဟ်က ဒီကမ်းလှမ်းမှုကို ယဉ်ယဉ်ကျေးကျေး ငြင်းဆိုခဲ့ပြီး သူ့ရဲ့ဇာတိ ဂါဘီယာပြည်နယ် နာဂရစ်ရွာလေးမှာ လိုအပ်တာတွေ လုပ်ပေးမယ်ဆိုရင် ပိုမိုပျော်ရွှင်မိမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဂါဘီယာပြည်နယ် အုပ်ချုပ်ရေးမှူးက ဆာလာဟ်တက်ခဲ့တဲ့ ကျောင်းကို ‘မိုဟာမက် ဆာလာဟ် စက်မှု အထက်တန်းကျောင်း’ အဖြစ် အမည်ပြောင်းပေးခဲ့ပြီး၊ နာဂရစ် လူငယ်စင်တာကိုလည်း ဆာလာဟ်ရဲ့အမည် ပြောင်းဖို့ ရှိနေပါတယ်။

    ရိုးမားကနေ လီဗာပူးလ်ကို ပေါင် ၃၆.၉ သန်းနဲ့ ပြီးခဲ့တဲ့နွေရာသီက ပြောင်းရွှေ့လာတဲ့ ဆာလာဟ်ဟာ အသသင်းအတွက် ၁၃ ပွဲကစားပြီး ၈ ဂိုး သွင်းယူပေးထားပါတယ်။

    Ref : Alarabiya

  • ၆ နှစ်အရွယ် အီဂျစ်ဉာဏ်ကြီးရှင်လေးနှင့် အင်တာဗျူး

    ၆ နှစ်အရွယ် အီဂျစ်ဉာဏ်ကြီးရှင်လေးနှင့် အင်တာဗျူး

    အောက်တိုဘာ ၂၀၊ ၂၀၁၇
    M-Media

    – အီဂျစ်နိုင်ငံက အသက် ၆ နှစ်အရွယ် အာဒမ်လေးဟာ ပျံသန်းနေတဲ့လေယာဉ်က လေယာဉ်မောင်းခန်းမှာ ပိုက်လော့နဲ့ ပျံသန်းမှုအကြောင်း ဆွေးနွေးနေတဲ့ ဗီဒီယိုတစ်ခု အွန်လိုင်းမှာ ပြန့်နှံ့ခဲ့ပြီး လူတိုင်းက အံ့အားသင့်ခဲ့ရပါတယ်။

    အာဒမ်လေး ဒီလို အသိဉာဏ်ပိုင်းဆိုင်ရာ တိုးတက်မှု ရရှိအောင် မိခင်ဖြစ်သူက အသက် ၉ လအရွယ်မှာပဲ စနစ်တကျ လေ့ကျင့်ကာ ပြုစုပျိုးထောင်ပေးခဲ့တာပါ။

    အသက် ၃ နှစ်အရွယ်မှာ အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ခဲ့ပြီး ဖခင်ဖြစ်သူ မိုဟာမက် အမီရ်က သူ့သားဟာ ဘယ်လိုလေယာဉ်ပျံမျိုးမဆို မောင်းနိုင်တယ်လို့ ယုံကြည်နေကာ သိပ္ပံပညာရှင်တစ်ယောက် ဖြစ်စေချင်နေပါတယ်။

    Alarabiya သတင်းဌာနက အဲဒီ သားအဖနှစ်ယောက်ကို တွေ့ဆုံမေးမြန်းထားတာကို M-Media ပရိတ်သတ်ကြီးအတွက် ဖော်ပြလိုက်ပါတယ်။

    အာဒမ်လေးနှင့် အင်တာဗျူး


    မေး။ ။ ဘာ့ကြောင့် သားက လေယာဉ်မှူးဖြစ်ဖို့ ရွေးချယ်ခဲ့တာလဲ။

    ဖြေ။ ။ သားငယ်ငယ်လေးကတည်းက ပျံသန်းတဲ့အရာတွေကို ကြိုက်နှစ်သစ်ခဲ့ပါတယ်။ လေယာဉ်ပျံနဲ့ပတ်သက်တဲ့ ဗီဒီယိုတွေ၊ အစီအစဉ်တွေကို စောင့်ကြည့်ခဲ့ပြီး အဲဒါတွေကို သိပ်ပြီး ကြိုက်ပါတယ်။

    မေး။ ။ သားကြည့်ဖူးတဲ့ ကားတွန်းဇာတ်လမ်းတွဲတွေထဲမှာ ဘယ်ဟာက အကောင်းဆုံးလဲ။

     

    ဖြေ။ ။ သားငယ်ငယ်ကလေးတည်းက အမေ (နီဂ်ျ အလ်-ဟာသူတ်) က တီဗီမကြည့်ခိုင်းပါဘူး။ ပညာရေးနဲ့ဆိုင်တဲ့ ကာတွန်းဇာတ်လမ်းတွဲတွေပဲ ပြသခဲ့ပါတယ်။ သားကြီးလာတဲ့ အခုအချိန်အထိ အမေက သားနဲ့အတူထိုင်ကာ ကာတွန်းတွေကြည့်ပြီး ဘယ်ဟာကို အတုယူရမယ်၊ ဘယ်ဟာကို အတုမယူရဘူးလို့ သွန်သင်ပါတယ်။ သိပ္ပံကာတွန်းဇာတ်လမ်းတွဲတွေကိုလည်း သား ကြိုက်ပါတယ်။

    မေး။ ။ လေယာဉ်မောင်းစက်နဲ့ လေယာဉ်တစ်စီးကိုမောင်းရတဲ့အချိန်မှာ သား ဘယ်လိုခံစားရလဲ။

    ဖြေ။ ။ ဒါဟာ သားဘ၀ရဲ့ အပျော်ဆုံးရက်တွေထဲကတစ်ခုပါ။ ဒီအတွေ့အကြုံအတွက် သား အရမ်းကို ပျော်ရွှင်မိပြီး ဖေဖေကတော့ သား ကောင်းကောင်းလုပ်နိုင်တယ်လို့ ယူဆနေပါတယ်။

    မေး။ ။ သား အရွယ်ကလေးတွေကို ဘာပြောချင်လဲ။

    ဖြေ။ ။ အသင့်စားအစားအသောက်တွေနဲ့ ဆိုဒါတွေကို ရှောင်ပါလို့ ပြောချင်ပါတယ်။ ကလေးတွေအတွက် ဒါတွေက မကောင်းဘူးလေ။

    မေး။ ။ သားအကြိုက်ဆုံး အစားအစာက ဘာလဲ။

    ဖြေ။ ။ ဆလပ်ရွက်ပါ။ ဒီအရွက်ဟာ ခန္ဓာကိုယ်အတွက် ဗိုက်တာမင်နဲ့ အဟာရဓာတ်တွေ ကြွယ်ဝပါတယ်။ အခွင့်အရေးရတိုင်း ဆလပ်ရွက်ကိုသာ သား စားပါတယ်။

    မေး။ ။ လေယာဉ်ပျံဂိမ်း ကစားတာကလွဲပြီး သား ဘာလုပ်သေးလဲ။

    ဖြေ။ ။ ဖေဖေနဲ့အတူ အားကစားလုပ်ပါတယ်။

    ဖခင်ဖြစ်သူ မိုဟာမက် အမီရ်နှင့် တင်တာဗျူး

    မေး။ ။ အာဒမ်လေးက အိမ်မှာ တက်တက်ကြွကြွရှိလား။

    ဖြေ။ ။ အရမ်းတက်ကြွတယ်ဗျ။ ယဉ်လည်းယဉ်ကျေးတယ်။ ဒါဟာ သူ့အမေကြောင့်ပါ။ သူ့နဲ့အတူတူ အမြဲနေပြီး ဂရုစိုက်ပါတယ်။ သူ့ရဲ့အခွင့်အရေးတွေ ဆုံးရှုံးသွားအောင်လည်း ကျွန်တော်တို့ မလုပ်ဘူးဗျ။ ဒါပေမယ့် ကြပ်ကြပ်မတ်မတ်တော့ လုပ်တာပေါ့။ သူ့ကို လူရည်လူမွန်လေး ဖြစ်စေချင်တာပါ။

    မေး။ ။ သူ့အတွက် ဘယ်လိုမျိုးတွေ ခင်ဗျားပေးကစားလဲ။

    ဖြေ။ ။ သူ့အမေပဲ အရုပ်တွေရွေးပေးတာဗျ။ အသက် ၉ လအရွယ်ကတည်းက သူ့အမေက ပညာရေးနဲ့ဆိုင်တဲ့ အစီအစဉ်တွေဆွဲပြီး အဲဒါနဲ့သက်ဆိုင်တဲ့ ကစားစရာတွေ၊ သိပ္ပံဆိုင်ရာ စွမ်းဆောင်ရည်တက်နိုင်မယ့် ကစားနည်းမျိုးတွေ ပေးကစားတယ်။

    မေး။ ။ သူကြည့်တဲ့ဗီဒီယိုတွေကရော။

    ဖြေ။ ။ သူ့အတွက် အကျိုးရှိမယ့် ဂိမ်းတွေ၊ ဗီဒီယိုတွေဆိုရင် ကျွန်တော်တို့ သူတို့ ပေးကြည့်တယ်။ ပေးဆော့တယ်။ သီချင်းတောင်မှ သူ့အတွက် အကျိုးရှိမယ့် အချက်အလက်တွေ၊ စကားလုံးတွေ ပါဝင်မှ သူ့ကို ပေးနားထောင်ပါတယ်။ သူ့ကို စမတ်ဖုန်းတွေမှာ ဂိမ်းပေးဆော့တာတောင် သိပ်မကြာသေးပါဘူး။ အသိပညာအသ
    စ်တွေ ပါဝင်မယ့် ဟာတွေကိုသာ ကျွန်တော်တို့ သူ့အတွက် ၀ယ်ပေးပါတယ်။

    မေး။ ။ ဘယ်တုန်းကစပြီး သူ စာဖတ်တတ်တာလဲ။

    ဖြေ။ ။ ၉ လအရွယ်ကတည်းက သူ့အမေက သူ့ကို စသင်တယ်။ သိပ္ပံပညာရပ်မှာ အဓိကဖြစ်နေတဲ့ အင်္ဂလိပ်စာသင်ပေးတယ်။ အာရဘီစာပေလည်း သင်ပေးပါတယ်။

    မေး။ ။ သူ့အမေကရော ဘာလုပ်လဲ။

    ဖြေ။ ။ သူလည်း ဘွဲ့ရပညာတတ်တစ်ယောက်ပါ။ ဒါပေမယ့် အိမ်မှာပဲနေပြီး အာဒမ်လေးကို ပြုစုပါတယ်။

    မေး။ ။ အာဒမ်မှာ မိုဘိုင်းဖုန်းရှိလား။ ဒါကို လိုချင်တယ်လို့ သူပြောလာလရင် ခင်ဗျားတို့ ဘယ်လိုလုပ်မလဲ။

    ဖြေ။ ။ သူ့ကိုယ်ပိုင်ဖုန်း မရှိပါဘူး။ ဒါပေမယ့် ပညာရေးအတွက် အသုံးဝင်တဲ့ iPad ကိုတော့ သူ့ကို ပေးထားပါတယ်။ သူ့အမေက စောင့်ကြည့်နေတာပေါ့။

    မေး။ ။ ဘယ်အရွယ်ကနေစပြီး သူ အင်္ဂလိပ်စာကို လေ့လာလဲ။

    ဖြေ။ ။ အသက် ၃ နှစ်အရွယ်ကတည်းကပါ။ အာဒမ်ဟာ အင်္ဂလိပ်စာကို သွက်သွက်လက်လက် တတ်နေပါပြီ။

    မေး။ ။ အဖေတွေက အလုပ်ကြောင့် ကလေးတွေကို အချိန်မပေးနိုင်တာ ဖြစ်နေကြပါ။ ခင်ဗျားကရော အလုပ်နဲ့ ကလေးအတွက် အချိန်ပေးမှုကို ဘယ်လိုညှိလဲ။

    ဖြေ။ ။ မှန်တာပေါ့ဗျာ။ ကျွန်တော်တစ်နေ့လုံး အလုပ်လုပ်ရတယ်။ ဒါပေမယ့် သူ့အမေက သူ့သားကို လစ်လျူရှုမထားပါဘူး။ သူလုပ်သမျှကိုလည်း ကျွန်တော် လိုက်ပြီးကြည့်ပါတယ်။ လက်ရှိ နည်းပညာတွေညာတွေကြောင့် စိန်ခေါ်မှုတွေရှိနေတာ မှန်ပါတယ်။ ဒါပေမယ့် သူလိုအပ်တဲ့အရာ မှန်သမျှကို ရဖို့ ကျွန်တော်တို့ ဆော
    င်ရွက်ပေးပါတယ်။ ကျွန်တော်တို့ ပေးဆပ်ရပေမယ့် ဒီလမ်းကြောင်းကို ကျွန်တော်တို့ရွေးခဲ့တာပါ။

    မေး။ ။ သူ့ရဲ့ (လေယာဉ်မောင်းခန်းက) ဗီဒီယို အွန်လိုင်းမှာ ပြန့်နှံ့သွားပြီးတဲ့နောက်ပိုင်း သူ့အတွက် မစိုးရိမ်ဘူးလား။

    ဖြေ။ ။ ဒါ ဘုရားသခင်ရဲ့ အလိုတော်ပဲပေါ့။ ကျွန်တော်တို့က ဒီလိုမျိုး ပြန့်စေချင်တာမဟုတ်ပါဘူး။ ဒါပေမယ့် ဒါကလည်း ကောင်းပါတယ်လေ။ အပြုသဘောဆောင်တဲ့မှတ်ချက်တွေ အများကြီး ကျွန်တော်တို့ရပါတယ်။

    မေး။ ။ ခင်ဗျားမသိတာမျိုးတွေ သူမေးသေးလား။

    ဖြေ။ ။ တစ်ချိန်လုံးမေးနေတာဗျ။ ကျွန်တော်တို့ မဖြေတတ်ဘူးဆိုရင် သူနဲ့အတူတူ အဖြေကို လိုက်ရှာပါတယ်။

    မေး။ ။ ပျံသန်းမှုနဲ့ပတ်သက်ပြီး အာဒမ်ရဲ့ သိရှိမှုကနေ ခင်ဗျားရော အကျိုးခံစားရလား။

    ဖြေ။ ။ သေချာတာပေါ့။ ကျွန်တော်တို့ အရင်က မသိတာတွေ အများကြီး သိလာပါတယ်။

    မေး။ ။ ပါရမီရှိတဲ့ ခင်ဗျားသားအတွက် ခင်ဗျားရဲ့ ရည်မှန်းချက်က ဘာလဲ။

    ဖြေ။ ။ ကလေးငယ်ကို သူ့အတွက်ချည်းပဲမဟုတ်ဘဲ အများအတွက် ပျိုးထောင်ဖို့ အရေးကြီးပါတယ်။ သူဟာ ပါရမီရှိတယ်၊ အလားအလာရှိတယ်၊ ကြင်နာတယ်၊ အတွေးအခေါ်ရှိတယ်။ နယ်ပယ်တော်တော်များများမှာ အရွယ်နဲ့မလိုက်တဲ့ မေးခွန်းမျိုးတွေ မေးတယ်။ ဒီလို ပါရမီတွေကို ယေဘုယျအားဖြင့် အာရပ်နိုင်ငံတွေအတွက် အသုံးချဖို့၊ ရင်းနှီးမြှုပ်နှံဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ပညာရေးဆိုင်ရာ အဖွဲ့တွေကလည်း သားနဲ့ တစ်ခြား အာရပ်ကလေးငယ်လေးတွေကို မြေတောင်မြှောက်ပေးစေချင်ပါတယ်။

    Ref: Alarabiya