News @ M-Media

Tag: Egypt

  • နှစ် ၃၅၀၀ ကျော်က အုတ်ဂူတစ်ခု အီဂျစ်တွင် တွေ့ရှိ

    နှစ် ၃၅၀၀ ကျော်က အုတ်ဂူတစ်ခု အီဂျစ်တွင် တွေ့ရှိ

    စက်တင်ဘာ ၉၊ ၂၀၁၇
    M-Media

    တွေရှိသည့် အုတ်ဂူသစ်မှ မံမီရုပ်လောင်းများကို သုတေသနပညာရှင်များက စစ်ဆေးနေစဉ်

    – နိုင်ငံတောင်ပိုင်းရှိ မြို့တစ်မြို့တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၃၅၀၀ အရင် ၁၈ ဆက်မြောက် ဖာရိုဘုရင်ခေတ်တွင် ရှင်သန်နေထိုင်ခဲ့သည့် နန်းတွင်း ပန်းထိမ်ဆရာတစ်ဦး၏ အုတ်ဂူတစ်ခုကို တွေ့ရှိခဲ့သည်ဟု အီဂျစ်နိုင်ငံက ကြေငြာခဲ့သည်။

    လူဇိုဇ်မြို့ရှိ နိုင်းမြစ်အနောက်ဖက် ဂုဏ်သရေရှိပုဂ္ဂိုလ်များနှင့် အစိုးရတာဝန်ရှိသူများကို မြှုပ်နှံထားရာ သင်္ချီုင်းတစ်ခုတွင် အဆိုပါအုတ်ဂူကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

    ရှေးဟောင်းသုတေသနဆိုင်ရာ ၀န်ကြီး ခါလစ် အလ်-အေနာနီက အုတ်ဂူမှာ ပျက်ဆီးနေသော်လည်း ရွှေပန်းထိမ်ဆရာတစ်ဦးနှင့် ၎င်း၏ ဇနီးဖြစ်သူတို့၏ ရုပ်ထုတစ်ခု၊ အလောင်းကိုအုပ်သည့် မျက်နှာဖုံးတစ်ခုတို့ကို တွေ့ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

    အုတ်ဂူ၏ အခန်းတစ်ခုတွင် ၂၁ ဆက်နှင့် ၂၂ ဆက်မြောက် ဖာရိုဘုရင်များလက်ထက်က အသက်ရှင်သန် နေထိုင်ခဲ့သူ အီဂျစ်ပြည်သူများ၏ မံမီရုပ်အလောင်းများ တွေ့ခဲ့ရသည်။

    မံမီရုပ်အလောင်းများနှင့် ရှေးဟောင်းဂူသချိုင်းများမှာ အီဂျစ်နိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် အလွန်ရေးပါပြီး ယခုတွေ့ရှိမှုများ ခရီးသွားလုပ်ငန်းကို ပိုမိုအားကောင်းစေမည်ဖြစ်သည်။

    ဧပြီလကလည်း လူဇိုရ်မြို့အနီးတွင် မံမီရုပ်အလောင်းများ၊ ရှေးဟောင်း ရောင်စုံအခေါင်း ၁၀ ခု၊ ဈာပနအခမ်းအနားသုံးပစ္စည်း တစ်ထောင်ကျော်တွေ့ရှိခဲ့သည်။

    Ref: Aljazeera

  • အီဂျစ်၏ ဒေါ်လာ သန်း ၇၀၀ ကျော်တန် ရထားလမ်းအတွက် တရုတ်က ငွေကြေးမတည်မည်

    အီဂျစ်၏ ဒေါ်လာ သန်း ၇၀၀ ကျော်တန် ရထားလမ်းအတွက် တရုတ်က ငွေကြေးမတည်မည်

    စက်တင်ဘာ ၇၊ ၂၀၁၇
    M-Media

    အီဂျစ်က တည်ဆောက်နေသည့် မြို့သစ်ပုံစံငယ်

    – အသစ်တည်နေသည့် မြို့နှင့် ဆက်သွယ်မည့် ကန်ဒေါ်လာ ၇၃၉ သန်းတန် ရထားလမ်းအတွက် ငွေကြေး ထောက်ပံ့ရေး နားလည်မှုစာချွန်လွှာတစ်ခုကို အီဂျစ်က တရုတ်နှင့် လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

    အီဂျစ်မှာ မြို့တော်ကိုင်ရို၏ မြောက်ဖက်တွင် စက်မှုဇုန်ပါဝင်မည့် မြို့အသစ်တစ်ခု တည်ဆောက်နေပြီး ကန်ဒေါ်လာ ဘီလီယံ ၃၀၀ ကုန်ကျမည့် အဆိုပါမြို့ ဆောက်လုပ်ရေး အစီအစဉ်ကို အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီက ၂၀၁၅ ခုနှစ်တွင် ကြေငြာခဲ့သည်။

    တရုတ်က ငွေကြေးထောက်ပံ့ပေးမည့် ရထားလမ်းမှာ အဆိုပါမြို့နှင့် ဆက်သွယ်မည့် ရထားလမ်းဖြစ်သည်။

    ထို့ပြင် ဂြိုဟ်တုစီမံကိန်းအတွက် ပြန်ဆပ်ရန် မလိုသည့် ကန်ဒေါ်လာ ၄၅ သန်း ရရှိရန်လည်း တရုတ်နှင့် သဘောတူညီမှု ရရှိခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဆာဟာရ် နဆာရ်က ပြောကြားခဲ့သည်။

    အီဂျစ်သမ္မတ အလ်-စီစီမှာ ပြီးခဲ့သည့်တစ်ပတ်က တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ကျင်းပခဲ့သော BRISC အစည်းအဝေးကို တက်ရောက်ခဲ့သည်။

    တရုတ်နိုင်ငံမှာ BRISC အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယနှင့် တောင်အာဖရိကနိုင်ငံများနှင့် တွေ့ဆုံပြီး အဖွဲ့အတွင်း လွတ်လပ်စွာ ကုန်စည်ကူးသန်းရေးနှင့် ကမ္ဘာကြီးတွင် ပွင့်လင်းသည့် စီးပွားရေးကို ဖော်ဆောင်ရေး ဆွေးနွေးလေ့ရှိသည်။

    Ref: Alarabiya

  • ၂၀၁၇ Man of the World ဆုကို အီဂျစ်မော်ဒယ်တစ်ဦး ဆွတ်ခူး

    ၂၀၁၇ Man of the World ဆုကို အီဂျစ်မော်ဒယ်တစ်ဦး ဆွတ်ခူး

    သြဂုတ် ၁၊ ၂၀၁၇
    M-Media

    – ယခုတစ်ပတ်တွင် ဖိလစ်ပိုင်၌ကျင်းပခဲ့သည့် Man of the World ပြိုင်ပွဲတွင် အီဂျစ်နိုင်ငံသား အသက် ၂၆ နှစ်အရွယ် မော်ဒယ် မွတ်စ်တာဖာ ဂါလာလ် အလီဇာလီက သရဖူဆွတ်ခူးရရှိခဲ့သည်။

    ယောက်ျားပီသမှု၊ တည်ကြည်ခန့်နားမှုနှင့် တာဝန်ယူလိုစိတ်တို့ကို အဓိကထား ယှဉ်ပြိုင်ရသည့် အဆိုပါပြိုင်ပွဲကို ကမ္ဘာတစ်ဝှမ်းမှ အမျိုးသား ၂၇ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

    “သမိုင်းတွင်သွားပါပြီ။ ကျေးဇူးပါ ဖိလစ်ပိုင်ပြည်သူတွေရေ – ခင်ဗျားတို့က ကျွန်တော့်အိပ်မက်တွေ အမှန်တကယ်ဖြစ်လာအောင် လုပ်ပေးခဲ့တာပါ” ဟု အလီဇာလီက အနိုင်ရရှိပြီးနောက် ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

    ဒုတိယဆုကို ဗီယက်နမ်မှ ငုယင်ဟူလောင်းက ရရှိခဲ့ပြီး ပါလက်စတိုင်းမှ အဘူ ဆဟ်ယွန် ၀က်စ်လင်းက တတိယဆု ရရှိခဲ့သည်။

    အလီဇာလီမှာ အလက်ဇန်းဒရီးယားတက္ကသိုလ်မှ စာရင်းကိုင်ဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ပြီး လက်ရှိတွင် ဒူဘိုင်းရှိ Porsche ကားကုမ္ပဏီတွင် လုပ်ကိုင်နေသည်။ ထို့ပြင် ၎င်းမှာ SM Philippines က တရားဝင်ခန့်အပ်ထားသော မော်ဒယ်ဖြစ်ပြီး နာမည်ကြီး အလှကုန် Avon Phillipines တံဆိပ်အတွက်လည်း တရားဝင်မော်ဒယ်အဖြစ် ရပ်တည်နေသည်။

    Ref: Alarabiya

  • ဆိုင်းနိုင်းကျွန်းဆွယ်တွင် အီဂျစ်စစ်တပ် အကြမ်းဖက်တိုက်ခိုက်ခံရ

    ဆိုင်းနိုင်းကျွန်းဆွယ်တွင် အီဂျစ်စစ်တပ် အကြမ်းဖက်တိုက်ခိုက်ခံရ

    ဇူလိုင် ၇၊ ၂၀၁၇
    M-Media

    – အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်တစ်ခုတွင် ယနေ့ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ဗိုလ်မှူးကြီးတစ်ဦးအပါအ၀င် အနည်းဆုံး စစ်သား ၁၀ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ရာဖာတောင်ပိုင်း အလ်-ဘာ့သ်ရွာရှိ စစ်တပ်ဝန်းမှ စစ်ဆေးရေးဂိတ်သို့ အသေခံဗုံးခွဲသမားမှာ ကားဖြင့် ၀င်ရောက်ဗုံးခွဲခဲ့ပြီး နောက်ပိုင်းတွင် မျက်နှာဖုံးစွပ် လက်နက်ကိုင်များနှင့် စစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ လက်နက်ကိုင် ၄၀ သေဆုံးခဲ့သည်ဟု အီဂျစ်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူတ်ဦးက ပြောကြားခဲ့သည်။

    သေဆုံးသွားသည့် ဗိုလ်မှူးကြီးမှာ အဟ်မဒ် အလ်-မန်ဆီဖြစ်ပြီး အနည်းဆုံး အခြား ၂၀ ဦးမှာ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့သည်။

    တိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်မယူသေးသော်လည်း ကျွမ်းကျင်သူများက IS ကို သစ္စာခံသည့် ၀ီလာယတ် ဆိုင်းနိုင်းအဖွဲ့၏ လက်ချက်ဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။ ထို့အဖွဲ့မှာ စစ်တပ်နှင့် ရဲတပ်တပ်ဖွဲ့ဝင်များကို ထိုနည်းလမ်းမျိုးဖြင့် မကြာခဏ တိုက်ခိုက်လေ့ရှိသည်။

    ပြီးခဲ့သည့်ရက်များအတွက် IS အကြမ်းဖက်အဖွဲ့မှာ အီဂျစ်နိုင်ငံအတွင်းရှိ လူနည်းစုခရစ်ယာန်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး တိုက်ခိုက်မှု ၄ ခုအတွင်း ဒါဇင်နှင့်ချီ သေဆုံးခဲ့သည်။

    Ref: Aljazeera

  • အီဂျစ်တွင် အိမ်ယာမဲ့အမျိုးသမီးတစ်ဦးက လူချမ်းသာမိသားစုမှ ဖြစ်နေ

    အီဂျစ်တွင် အိမ်ယာမဲ့အမျိုးသမီးတစ်ဦးက လူချမ်းသာမိသားစုမှ ဖြစ်နေ

    ဇူလိုင် ၂၊ ၂၀၁၇
    M-Media

    အိမ်ယာမဲ့မဖြစ်ခင် (၀ဲ) နှင့် အိမ်ယာမဲ့ဖြစ်ပြီးနောက် တွေ့ရသည့် ဆလ်ဝါ (ယာ)

    – အိမ်ယာမဲ့အမျိုးသမီးကို စောင့်ရှောက်နိုင်ဖို့အတွက် လမ်းသွားလမ်းလာတစ်ဦးက ဆိုရှယ်မီဒီယာမှာ ဓာတ်ပုံလွှင့်တင်ခဲ့ပြီးနောက်ပိုင်း အဲဒီ အိမ်ယာမဲ့အမျိုးသမီးဟာ လူချမ်းသာမိသားစုက ဖြစ်နေတဲ့ အဖြစ်အပျက်တစ်ခု အီဂျစ်မှာ ဖြစ်ပွားခဲ့ပါတယ်။

    ကိုင်ရိုက အီဂျစ်ပြည်သူတစ်ဦးဟာ အဘ္ဘာစီယာ တံတားအောက် အ၀တ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီတစ်ဦး အိပ်နေတာကို တွေ့ပြီး သနားသွားတာကြောင့် ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာမှာ လွှင့်တင်ကာ လူမှုစောင့်ရှောက်ရေးအဖွဲ့ကို အကူအညီတောင်းခဲ့တာပါ။

    ဒါပေမယ့် ဒီအမျိုးသမီးဟာ အလ် မာဟာလာ လူချမ်းသာ မိသားစုက ဆလ်ဝါဆိုတဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ သူ့ကို သိသူတွေက ဓာတ်ပုံအောက်မှာ မှတ်ချက်တွေ ပေးခဲ့ပါတယ်။

    ရဲတပ်ဖွဲ့က ဆလ်ဝါကို စခန်းခေါ်ဆောင်သွားပြီး မိသားစုနဲ့ ပြန်လည်ဆုံစည်းစေခဲ့ပါတယ်။ နောက်ပိုင်းမှာ လူမှုဖူလှုံရေးအဖွဲ့တစ်ခုက ဆရာဝန်၊ ဆေးမှူးနဲ့ သူနာပြုတွေဟာ စခန်းကို သွားရောက်ကာ ဆလ်ဝါကို ကျန်းမာရေး စစ်ဆေးခဲ့ပြီး သူမဟာ စိတ်ရောဂါကို ခံစားနေရတယ်လို့ ဆိုပါတယ်။

    မိသားစုတွေကို အိမ်ပြန်ခေါ်ပေမယ့် ဆလ်ဝါက သူ့အနေအနဲ့ လူမှုစောင့်ရှောက်ရေးစင်တာမှာသာနေချင်ကြောင်း
    ပြောကြားခဲ့ပါတယ်။

    Ref : Alarabiya