News @ M-Media

Muslim Brotherhood’sးအဖွဲ့ ဦးသျှောင် အပါအ၀င် လူ တစ်ရာကျော်အား အီဂျစ်စစ်တပ် သေဒဏ်ချမှတ်ပြန်

ဇွန်လ ၂၁ ရက်၊ ၂၀၁၄
M-Media
20146717564520734_20
– စစ်တပ်ကအာဏာသိမ်းပြီးနောက် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခြင်းခံခဲ့ရသည့် မွတ်စလင်ညီအကိုတော်များ အဖွဲ့၏ ဦးသျှောင် မိုဟာမက် ဘာဒီအပါအ၀င် အဖွဲ့ဝင် ၁၈၀ ဦးအား အီဂျစ်တရားရုံးက ယမန်နေ့က သေဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။

ရှေ့နေများက ထိုပြစ်ဒဏ်ချမှတ်ခဲ့သည်မှာ မှန်ကန်ကြောင်း ယနေ့တွင် အတည်ပြုခဲ့ပြီး အယူခံဝင်နိုင်သည်ဟု ပြောကြားခဲ့သည်။ အီဂျစ်နိုင်ငံ သမိုင်းတွင် ဒီမိုကရေးစီနည်းကျ ပထမဆုံး ရွေးကောက် တင်မြှောက်နိုင်ခဲ့သည့် မွတ်စလင်ညီအကိုတော်များအဖွဲ့မှ သမ္မတ မိုဟာမက်မော်စီအား အီဂျစ်စစ်တပ်က ပြီးခဲ့နှစ် ဇူလိုင်လတွင် ဖြုတ်ချပြီးနောက် ဖမ်ဆီးခဲ့သော အဖွဲ့ဝင်ထောင်ပေါင်းများစွာတွင် ဘာဒီလည်းပါဝင်ခဲ့သည်။

ဘာဒီအား ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၄ ရက်နေ့က နိုင်ငံတောင်ပိုင်း မင်ယာမြို့ရှိ ရဲစခန်းတစ်ခုအား တိုက်ခိုက်မှုဖြင့် တရားစွဲဆိုကာ ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ကိုင်ရိုရှိ မွတ်စလင်ညီအကိုတော်များအဖွဲ့ဝင် ရာပေါင်းများစွာကို ရဲတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်မှုအား တုံ့ပြန်ခြင်းအားဖြင့် အဆိုပါရဲစခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦးသေဆုံးခဲ့သည်။

ထိုအချိန်မှစ၍ မွတ်စလင် ညီအကိုတော်များအဖွဲ့အား အာဏာသိမ်း အီဂျစ်စစ်အစိုးရက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပြီး အဖွဲ့ဝင်ထောင်ပေါင်းမျာစွာကို ဖမ်းဆီးခဲ့ကာ၊ အစုလိုက် အပြုံလိုက် သေဒဏ်ပေးခြင်းနှင့် နှစ်ရှည်ထောင်ဒဏ်ချခြင်းများကို ပြုလုပ်ခဲ့သည်။

Ref: Al Jazeera and agencies

Comments

Leave a Reply