News @ M-Media
Tag: EPL 2015-16
  • နည်းပြထိုင်ခုံလှုပ်နေသည်ဆိုသည့် သတင်းမှာ ဟာသသဇာတ်လမ်းဖြစ်သည်ဟု ၀င်းဂါးပြော
    နည်းပြထိုင်ခုံလှုပ်နေသည်ဆိုသည့် သတင်းမှာ ဟာသသဇာတ်လမ်းဖြစ်သည်ဟု ၀င်းဂါးပြော
    မတ် ၁၄၊ ၂၀၁၆
    M-Media
    winter
    – ၀က်ဖို့ဒ်အား ရှုံးနိမ့်ကာ FA ဖလားမှ ထွက်ခွာခဲ့ရပြီးနောက်ပိုင်း ပေါ်ထွက်လာသည့် ကောလဟာလများအတွက် အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ဝေဖန်လိုက်ပြီး မိမိ၏နေရာအတွက် မသေမချာဖြစ်နေသည်ဆိုသည့် သတင်းမှာ ဟာသဇာတ်လမ်းတစ်ခုသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    အာဆင်နယ်၏ ၃ နှစ်ဆက်တိုက် FA ဖလားဆွတ်ခူးနိုင်မည့် အိပ်မက်မှာ ယမန်နေ့က အီမရိတ်ကွင်းတွင် ကစားခဲ့သည့် ကွာတားဖိုင်နယ်တွင် ၀က်ဖို့ဒ်အား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ပျက်ပြယ်သွားခဲ့သည်။ ပရီးမီးယားလိဂ် ပြီးဆုံးရန် ၉ ပွဲအလိုတွင် အာဆင်နယ်မှာ ထိပ်ဆုံးမှ လက်စတာနှင့် ၈ မှတ်ကွာဟနေပြီး၊ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမကျော့တွင် ဘာစီလိုနာအား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ထားသောကြောင့် အာဆင်နယ်မှာ ဖလားလက်မဲ့ရာသီကို ရင်ဆိုင်ရဖွယ် ရှိနေသည်။
    ထို့ကြောင့် ၀င်းဂါးအပေါ် ဝေဖန်မှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
    “ဒါတွေက ဟာသဇာတ်လမ်းတစ်ခုပါပဲ။ ကျွန်တော်တို့ တစ်ပွဲရှုံးခဲ့တယ်။ အဲဒီအတွက် ၀မ်းနည်းမိပြီး နောက်တစ်ပွဲအတွက် အာရုံစိုက်ချင်ပါတယ်။ သမိုင်းမှာလည်း အာဆင်နယ်က ပွဲတွေ ရှုံးခဲ့ဖူးပါတယ်။ အနာဂတ်မှာလည်း ဆက်ရှုံးနေအုံးမှာပါ။ ကျွန်တော်တို့ စည်းစည်းလုံးလုံးနဲ့ ဒါကို ကျော်ဖြတ်ရမှာဖြစ်ပြီး နောက်တစ်ပွဲကို ယုံကြည်မှုအပြည့်နဲ့ ပြင်ဆင်ရမှာပါ။ (ဘာစီလိုနာနဲ့ပွဲမှာ) ကျွန်တော်တို့ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ချင်တယ်။ အင်မတန် တောင့်တင်းတဲ့အသင်းကို ကျွန်တော်တို့ ယှဉ်ရမယ်ဆိုတာ သိပါတယ်။ အာရုံစူးစိုက်မှုရှိပြီး အကောင်းဆုံးတုံ့ပြန်ဖို့ အရေးကြီးပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    အာဆင်နယ်မှာ ယခုတစ်ပတ်အတွင်း ဘာစီလိုနာနှင့် နျူးကမ့်၌ ချန်ပီယံလိဂ် ဒုတိယကျော့ကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
    Ref: Goal
  • နယူးကာဆယ်တန်းဆင်းပါက နည်းပြသစ် ဘင်နီတက်ဇ်လည်း ထွက်ရမည်
    နယူးကာဆယ်တန်းဆင်းပါက နည်းပြသစ် ဘင်နီတက်ဇ်လည်း ထွက်ရမည်
    မတ် ၁၃၊ ၂၀၁၆
    M-Media
    benitez
    -နယူးကာဆယ်နှင့် မိမိ၏ စာချုပ်တွင် အသင်းတန်းဆင်းသွားပါက စာချုပ်ပျက်ပြယ်မည်ဟူသည့် စာပိုဒ်တစ်ခုပါဝင်သည်ဟု နည်းပြသစ် ရာဖေးလ် ဘင်နီတက်ဇ်က ဖွင့်ဟပြောကြားလိုက်သည်။
    အသင်းရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်ခြင်းမရှိသောကြောင့် စတီဗ် မက္ကလာရင်အား နယူးကာဆယ်က ထုတ်ပယ်ခဲ့ ပြီးနောက် သောကြာနေ့တွင် ဘင်နီတက်ဇ်အား စာချုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် နယူးကာဆယ်မှာ ရမှတ် ၂၄ မှတ်ဖြင့် အဆင့် ၁၉ နေရာသို့ ရောက်ရှိနေပြီး ဘင်နီတက်ဇ်ကမူ တန်းမဆင်းရရေး ကြိုးစားပေးရမည်ဖြစ်သည်။ သို့သော်လည်း တင်းဆင်းသွားရပါက ၎င်းမှာ နယူးကာဆယ်တွင် ဆက်ရှိနေရန် မလိုအပ်ပေ။
    “ဒါ (တန်းဆင်းရင် စာချုပ်ပြက်ပျယ်တဲ့ အပိုဒ်က) က ပုံမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော် အကောင်းဆုံးလုပ်ပေးဖို့ ဒီကိုရောက်လာတာပါ။ အခြေအနေကောင်းအောင် ကျွန်တော်တို့လုပ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ဘင်နီတက်ဇ်က ပြောကြားခဲ့သည်။
    ဘင်နီတက်ဇ်မှာ နည်းပြအဖြစ် ခန့်အပ်ခံရပြီးပြီးချင်းတွင် အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်ကို စတင်ခဲ့ပြီး၊ ပိတ်ရက်အား စွန့်လွှတ်ကာ လေ့ကျင့်ခန်းအစီအစဉ်တွင် လာရောက်ပါဝင်ခဲ့သည့် ကစားသမားများကိုလည်း ချီးကျူးခဲ့သည်။ နယူးကာဆယ်မှာ မနက်ဖြန်တွင် ဇယားထိပ်မှ လက်စတာနှင့် ကစားရမည်ဖြစ်သည်။
    Ref: Goal
  • အသင်းမှာ ကစားပုံကောင်းပြီး ရလဒ်ကောင်း မရခြင်းသာဖြစ်သည်ဟု မန်ယူနည်းပြပြော
    အသင်းမှာ ကစားပုံကောင်းပြီး ရလဒ်ကောင်း မရခြင်းသာဖြစ်သည်ဟု မန်ယူနည်းပြပြော
    မတ် ၁၂၊ ၂၀၁၆
    M-Media
    van gal 5
    – မိမိအသင်း၏ ကစားပုံမှာ ပြောစရာမရှိဘဲ ရလဒ်ကောင်း ပျောက်ဆုံးခြင်းသာဖြစ်သည်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။
    မန်ယူမှာ ကြာသာပတေးနေ့က ကစားခဲ့သည့် ယူရိုပါလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲ ပထမကျော့တွင် လီဗာပူးလ်အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ဗန်ဂါးလ်၏ ခံစစ်အသားပေး ကစားမှုအတွက် ဝေဖန်မှုများကို ခံခဲ့ရသည်။ သို့သော်လည်း ဗန်ဂါးလ်ကမူ အသင်း၏ကစားပုံအား ကာကွယ်ခဲ့ကာ အနိုင်ရလဒ်များ ပျောက်ဆုံးခြင်းဖြစ်သည်ဟု ဆိုသည်။
    “ဟုတ်ကဲ့။ ကစားပုံက အလုပ်ဖြစ်တယ်လို့ ထင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ အခြေအနေအချိန်အခါကိုလိုက်ပြီး လုပ်ရတာမို့လို့ပါ။ တကယ်လို့ ကစားသမား များများစားစား မရှိတဲ့အချိန်မှာ ပြိုင်ပွဲ ၃ ခုလောက် ကစားရတာဟာ တော်တော်လေး ခက်ခဲပါတယ်။ ကစားပုံက အလုပ်ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ယူရိုပါနဲ့ FA ဖလားတို့မှာ ချန်ပီယံဖြစ်ရမယ်လို့ ထင်ထားတဲ့အချိန် လိုအပ်တဲ့ ရလဒ်ကောင်းကို မရတာပါ” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
    ယူရိုပါလိဂ်တွင် နောက်တစ်ဆင့်တက်ရန် မျှော်လင့်ချက်နည်းလာသောကြောင့် မန်ယူမှာ လာမည့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရန်အတွက် ပရီးမီးယားလိဂ်၌ အဆင့် ၄ အတွင်းဝင်ရန် လိုအပ်နေသည်။
    Ref: Goal
  • လက်စတာ ဘောလုံးကင်းထောက်အား နည်းပြက အသင်း၌ ဆက်လက် ထိန်းသိမ်း လိုနေ
    လက်စတာ ဘောလုံးကင်းထောက်အား နည်းပြက အသင်း၌ ဆက်လက် ထိန်းသိမ်း လိုနေ
    မတ် ၁၁၊ ၂၀၁၆
    M-Media
    leis 5
    – အသင်း၏ ထိပ်တန်း ဘောလုံးကင်းထောက်ဖြစ်ပြီး၊ လက်ထောက်ဖြစ်သူ စတိဗ် ၀ါ့လ်ရှ်အား လာမည့်နှစ်တွင် ထိန်းသိမ်းထားရန် အရေးကြီးသည်ဟု လက်စတာနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။
    လက်စတာအသင်း ပရီးမီးယားလိဂ် ဇယားထိပ်တွင် ဦးဆောင်မှုအတွင်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေသည့် တိုက်စစ်မှူး ဂျာမီဗာဒီ၊ ရီယာ့ဒ်မဟ်ရက်ဇ်နှင့် ကွင်းလယ်လူ အန်ဂိုလို ကန်တီတို့အား ရှာဖွေခေါ်ယူမှုတွင် ၀ါ့လ်ရှ်မှာ အဓိကကျခဲ့သူ ဖြစ်သည်။
    “သူတို့ကိုထိန်းထားဖို့ဟာ တော်တော်လေး အရေးကြီးပါတယ်။ သူတို့နှစ်ယောက်စလုံးကို ကျွန်တော်နဲ့အတူ စာချုပ်ချုပ်ဖို့ တောင်းဆိုထားပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော့်ဝန်ထမ်းအားလုံးနဲ့ ကျွန်တော်ဟာ ဆက်ဆံရေးကောင်း ရှိပါတယ်။ ကျွန်တော်နဲ့ အတူရှိနေတဲ့လူတိုင်း ပျော်ရွှင်ချမ်းမြေ့တာကိုပဲ ကျွန်တော် နှစ်သက်ပါတယ်။ သိပ်မကြာခင်မှာ သူတို့ စာချုပ်ချုပ်မှာပါ။ သူတို့ ပျော်ရွှင်လေလေ၊ ကျွန်တော်တို့ ဆက်လက်တိုးတက်လေလေပါပဲ” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။
    Ref: Goal
  • မန်ယူမှာ အာဆင်နယ်ကဲ့သို့ အဆင့် ၄ ဖြင့်ကျေနပ်ရသည့် အသင်းမျိုး မဖြစ်သင့်ဟု စခိုးလ်ပြော
    မန်ယူမှာ အာဆင်နယ်ကဲ့သို့ အဆင့် ၄ ဖြင့်ကျေနပ်ရသည့် အသင်းမျိုး မဖြစ်သင့်ဟု စခိုးလ်ပြော
    မတ် ၁၁၊ ၂၀၁၆
    M-Media
    man u
    – မန်ယူအသင်းနေဖြင့် အာဆင်နယ်ကဲ့သို့ နှစ်တိုင်း ချန်ပီယံလိဂ် ၀င်ခွင့်နေရာရယူကာ အောင်ပွဲခံရသည့်အသင်းမျိုး မဖြစ်သင့်ဟု ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က ပြောကြားလိုက်သည်။
    ယနေ့မနက် ယူရိုပါလိဂ် ၁၆ သင်းအဆင့်ရှုံးထွက်ပွဲ ပထမကျော့အဖြစ် လီဗာပူးလ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူမှာ ၂ ဂိုး ပြတ်ဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် ယူရိုပါလိဂ်မှတစ်ဆင့် လာမည့်နှစ် ချန်ပီယံလိဂ်သို့ ၀င်ရောက်ခွင့်မှာ မသေချာတော့ပေ။ ပရီးမီးယားလိဂ်တွင်လည်း မန်ယူမှာ တစ်ပွဲပိုကစားထားကာ စတုတ္ထနေရာမှ မန်စီးတီးအသင်းနှင့် ၃ မှ တ်အကွာ အဆင့် ၆ နေရာတွင် ရှိနေသည်။
    စခိုးလ်ကမူ မန်ယူအနေဖြင့် ချန်ပီယံလိဂ်ကို ရရှိရန်ရည်ရွယ်ချက် အမြဲတမ်းရှိသင့်သည်ဟု ဆိုသည်။
    “မန်ယူဟာ ရာသီတိုင်း ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကို ရရှိဖို့အတွက် ယှဉ်ပြိုင်တာမျိုး ဖြစ်သင့်ပါတယ်။ သူတို့ဟာ ပေါင် သန်း ၃၀၀ လောက်သုံးခဲ့ပြီး၊ အဆင့် ၆ နေရာ ရောက်နေပါတယ်။ ချန်ပီယံလိဂ်ကိုလည်း လက်ပြနှုတ်ဆက်ခဲ့ရပြီး ယူရိုပါနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ သူတို့ဟာ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်တို့လို အသင်းမျိုးနဲ့ ယှဉ်ပြိုင်သင့်တာပါ။ နောက်ဆိုရင် အာဆင်နယ်လို အဆင့် ၄ ရရုံ၊ FA ဖလား အနိုင်ရရုံလောက်နဲ့ ကျေနပ်ရမယ့်ပုံစံမျိုး ကျွန်တော် မြင်နေပါတယ်။ အဆင့် ၄ ရလို့ အာဆင်နယ်အသင်းသားတွေ ကွင်းထဲမှာ ခုန်ပေါက်တာမျိုး ခင်ဗျားတို့ မြင်ဖူးကြမှာပါ။ မန်ယူက ဒါမျိုးဖြစ်လို့ မရပါဘူး” ဟု စခိုးလ်က ပြောကြားခဲ့သည်။
    Ref: Goal