News @ M-Media
Tag: EPL 2015-16
  • အာဆင်ဝင်းဂါးအား တပည့်ဟောင်းပီတစ်က ပြင်းပြင်းထန်ထန်ဝေဖန်
    အာဆင်ဝင်းဂါးအား တပည့်ဟောင်းပီတစ်က ပြင်းပြင်းထန်ထန်ဝေဖန်
    မတ် ၂၀၊ ၂၀၁၆
    M-Media
    winger 3
    – အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးမှာ ယခုနှစ်တွင် အသင်းရှိသူ အားလုံးကို စိတ်ပျက်အောင် လုပ်ဆောင်ခဲ့သည်ဟု တိုက်စစ်မှူးဟောင်း အီမန်နျူယဲလ် ပီတစ်က ပြောကြားလိုက်သည်။
    ရာသီအစတွင် အခြေအနေကောင်းများဖြင့် စတင်ခဲ့သော်လည်း အာဆင်နယ်မှာ လက်ရှိအချိန်တွင် ချန်ပီယံလိဂ်နှင့် FA ဖလားတို့မှ ထွက်ခဲ့ရကာ ပရီးမီးယားလိဂ်တွင်လည်း ထိပ်ဆုံးမှ လက်စတာနှင့် ၁၁ မှတ်ကွာဟနေပြီး ဖလားလက်မဲ့ရာသီကို ဖြတ်သန်းရမည့် အနေအထားတွင် ရှိနေသည်။
    “ဒီရာသီက ကျွန်တော်တို့အတွက် ဖြစ်ရမှာဖြစ်ပေမယ့် ခင်ဗျားက ပရိတ်သတ်တွေနဲ့ အသင်းကို စိတ်ပျက်အောင်လုပ်ခဲ့တယ်။ နောက်နှစ်မှာ ချယ်ဆီး၊ လီဗာပူးလ်၊ မန်စီးနဲ့ မန်ယူတို့ ဒီအတိုင်းသွားမယ်လို့ ခင်ဗျားထင်နေသလား။ မေ့လိုက်စမ်းပါ။ သူတို့ တောင့်တောင့်တင်းတင်းနဲ့ ပြန်လာလိမ့်မယ်။ စပါးနဲ့ လက်စတာကိုတော့ ကျွန်တော်လေးစားပါတယ်။ ဒါပေမယ့် သူတို့ကို မယှဉ်နိုင်ဘူးဆိုရင်တော့ ခင်ဗျားအနေနဲ့ တစ်ခြားအားကစားသာ ပြောင်းလိုက်ပါဗျာ” ဟု ၀င်းဂါးကို ရည်ညွှန်း၍ ပီတစ်က Sky Sport သို့ ပြာကြားခဲ့သည်။
    Ref: Goal
  • လက်စတာ၏ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ခွင့်ကို နည်းပြရာနီယေးရီ ပထမဆုံးဝန်ခံ
    လက်စတာ၏ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ခွင့်ကို နည်းပြရာနီယေးရီ ပထမဆုံးဝန်ခံ
    မတ် ၂၀၊ ၂၀၁၆
    M-Media
    Leicester 3
    – ခရစ္စတယ်ပဲလေ့စ်အား အနိုင်ရရှိခဲ့ပြီးနောက် မိမိတို့အသင်းမှာ ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်သည်ဟု လက်စတာနည်းပြ ကလော်ဒီယို ရာနီယေးရီက ၀န်ခံပြောကြားလိုက်သည်။
    ယမန်နေ့က ကစားခဲ့သည့် ထိုပွဲတွင် လက်စတာမှာ မဟ်ရက်ဇ်၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယနေရာမှ စပါးအသင်းအား တစ်ပွဲပို ၈ မှတ်ဖြတ်ကာ ဇယားကို ဆက်လက်ဦးဆောင်နေသည်။ ရာသီတစ်လျှောက်လုံး ခြေစွမ်းကောင်းများ ပြသခဲ့သော်လည်း ဖလားရနိုင်မည့် အခွင့်အရေးနှင့်ပတ်သက်၍ အမြဲတမ်းပယ်ချခဲ့သည့် ရာနီယေးရီကမူ အသင်း၏ ဖလားရနိုင်ချေအား ပထမဆုံး ၀န်ခံခဲ့သည်။
    လက်စတာအနေဖြင့် စပါးထက်အရင် ကစားခဲ့ရခြင်းက အားသာချက်ရှိခဲ့လားဟု မေးမြန်းရာ “ဒါက အရေးကြီးလား မကြီးဘူးလားဆိုတာ ကျွန်တော် မသိပါဘူး။ အရာအားလုံး ကျွန်တော်တို့လက်ထဲမှာပါ။ ကျွန်တော်တို့ ဆက်လက် တွန်းအားပေးသွားရပါမယ်။ အခြားအရာတွေကတော့ အရေးမကြီးပါဘူး။ ဘယ်သူမှ ကျွန်တော်တို့ကို မကူညီကြပါဘူး။ ကျွန်တော်တို့ ကိုယ့်အလုပ် ကိုယ်လုပ်ရမယ်။ တစ်သင်းသင်းက ကျွန်တော်တို့ကို ကျော်တက်သွားလည်း ကိစ္စမရှိပါဘူး။ သူတို့က ချန်ပီယံပဲပေါ့။ ကျွန်တော်တို့က ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။ (ဖလားမရလည်း) ကျွန်တော်တို့ ဒီရာသီအတွက် ကျေနပ်ပါတယ်။ ရာသီအစကို ကျွန်တော်မှတ်မိပါတယ်” ဟု ရာနီယေးရီက ပွဲအပြီးတွင် ပြန်လည်ဖြေကြားခဲ့သည်။
    Ref: Goal
  • ဗန်ဂါးလ်မှာ ကြုံနေရသည့် အခြေအနေဆိုးကို ကျော်လွှားနိုင်မည်ဟု ပယ်လီဂရီနီပြော
    ဗန်ဂါးလ်မှာ ကြုံနေရသည့် အခြေအနေဆိုးကို ကျော်လွှားနိုင်မည်ဟု ပယ်လီဂရီနီပြော
    မတ် ၁၉၊ ၂၀၁၆
    M-Media
    van
    – မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်မှာ လက်ရှိတွင် အခြေအနေဆိုးကို ရင်ဆိုင်နေရသော်လည်း ၎င်း၏အတွေ့အကြုံဖြင့် ကျာ်လွှားနိုင်လိမ့်မည်ဟု မန်စီးတီးနည်းပြ မန်နျူယဲလ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။
    ပြီးခဲ့သည့် ကြာသာပတေးနေ့က ယူရိုပါလိဂ်တွင် လီဗာပူးလ်အား ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရပြီးနောက် ဗန်ဂါးလ်အား အသင်းမှနှုတ်ထွက်ရန် ဆော်သြမှုများမှာ မြင့်တက်လာခဲ့သည်။ ဗန်ဂါးလ်ကလည်း ၎င်း၏စိတ်ပျက်မှုကို ယခင်က ၎င်း၏ မိတ်ဆွေများ၊ မိသားစုများကို ဖွင့်ဟပြောကြားခဲ့ဖူးပြီး ပယ်လီဂရီနီကမူ ထိပ်တန်းအသင်းများမှ နည်းပြများမှာ ရလဒ်ဆိုးများအတွက် ဝေဖန်မှုဒဏ်ကို ခံနိုင်ရမည်ဟု ဆိုသည်။
    “လူးဝစ်ဗန်ဂါးလ်ဟာ အတွေ့အကြုံ တော်တော်များများရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ အသင်းကြီးတွေကို နည်းပြတဲ့အခါ ပွဲမနိုင်တဲ့အချိန် ဝေဖန်မှုခံရမှာကို ကြိုတွက်ထားရမှာပါ။ ဒီအခြေအနေကို စီမံနိုင်ဖို့ သူ့မှာ အတွေ့အကြုံရှိပါတယ်” ဟု ပယ်လီဂရီနီက သတင်းထောက်များအား ပြောကြားခဲ့သည်။
    မန်စီးတီးနှင့် မန်ယူတို့မှာ မနက်ဖြန်တွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
    Ref: Goal
  • ငွေကြေးကူညီခဲ့ရဖူးသည့် လက်စတာ၏ လက်ရှိအခြေအနေအား ဟက်စကီးချီးကျူး
    ငွေကြေးကူညီခဲ့ရဖူးသည့် လက်စတာ၏ လက်ရှိအခြေအနေအား ဟက်စကီးချီးကျူး
    မတ် ၁၉၊ ၂၀၁၆
    M-Media
    hes
    – တစ်ချိန်က ဘဏ္ဍာရေးအခက်ခဲကြောင့် မိမိ ငွေကြေးအကူအညီပေးခဲ့ရသည့် လက်စတာအသင်း ပရီးမီးယားလိဂ်ဖလားအား စိန်ခေါ်နိုင်သည့်အဆင့်သို့ ရောက်ရှိလာသည်ကို ချီးကျူးမိသည်ဟု လီဗာပူးလ်တိုက်စစ်မှူးဟောင်း အီမီလီ ဟက်စကီးက ပြောကြားလိုက်သည်။
    ဟက်စကီးမှာ လက်စတာ၏ အိမ်ကွင်းအဟောင်းဖြစ်သော Filbert Street တွင် ကစားခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် လီဗာပူးလ်သို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ လက်စတာမှာ ရာသီပြီးဆုံးရန် ၈ ပွဲသာလိုတော့ချိန်တွင် ဒုတိယနေရာမှ စပါးအသင်းအား ၅ မှတ်ဖြတ်ကာ ဇယားကို ဦးဆောင်ထားနိုင်သည်။
    ဟက်စကီးကမူ လက်စတာအသင်း အကြွေးနွံနစ်နေသည့်အချိန်တွင် ပေါင် တစ်သိန်း ကူညီခဲ့မှုကို ပြန်ပြောင်းပြောပြခဲ့သည်။
    “(ဒီလို ကူညီတာဟာ) ကျွန်တော် လုပ်ရမယ့် အလုပ်ပဲ၊ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ပဲလို့ ခံစားခဲ့ရပါတယ်။ တစ်ခြားသူတွေလည်း ကျွန်တော့်လိုမျိုး ကူညီကောင်းကူညီကြမှာဖြစ်ပေမယ့် ကျွန်တော့်လို့တော့ နှစ်နှစ်ကာကာ ရှိမှာမဟုတ်ပါဘူး။ အသင်းကိုချစ်တဲ့အတွက်ကြောင့် ဘာမျှော်လင့်ချက်မှမထားပဲ ကျွန်တော် ကူညီခဲ့တယ်။ အဲဒီတုန်းက သူတို့ တော်တော်လေး ဆိုးဆိုးဝါးဝါးဖြစ်နေပြီး၊ မျှော်လင့်ချက်မဲ့နေတဲ့အချိန်ပါ။ ကျွန်တော် ကစားခဲ့ဖူးတဲ့အသင်းက ဒီလိုဖြစ်နေတာကို မြင်ရတာ ၀မ်းနည်းဖို့ကောင်းပါတယ်” ဟု ဟက်စကီးက ပြောကြားခဲ့သည်။
    သို့သော်လည်း ယခုအချိန်တွင် တစ်မြို့လုံးမှာ ဆူညံနေကြပြီး ၎င်းတို့အသင်းမှာ ပျော်ရွှင်စရာကောင်းသည့် အခြေအနေမျိုးဖြင့် အဆုံးသတ်မည်ဟု ယုံကြည်နေကြကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal
  • လက်စတာအသင်း ပရီးမီးယားလိဂ်ရပါက မဖြစ်နိုင်သော အောင်မြင်မှု ဖြစ်မည်ဟု တိုက်စစ်မှူးဟောင်းပြော
    လက်စတာအသင်း ပရီးမီးယားလိဂ်ရပါက မဖြစ်နိုင်သော အောင်မြင်မှု ဖြစ်မည်ဟု တိုက်စစ်မှူးဟောင်းပြော
    မတ် ၁၄၊ ၂၀၁၆
    M-Media
    Leicester
    – ယခုနှစ်ပရီးမီးယားလိဂ်တွင် လက်စတာစီးတီးအသင်းသာ ဗိုလ်စွဲခဲ့ပါက အသင်းလိုက်ကစားသည့် အားကစားတွင် အကောင်းဆုံးအချိန်ကာလ ဖြစ်မည်ဟု တိုက်စစ်မှူးဟောင်း ဂယ်ရီ လင်အီကာက ပြောကြားလိုက်သည်။
    လက်စတာမှာ ရာသီအစကတည်းက ခြေစွမ်းကောင်းများကို ပြသနေခဲ့ပြီး လက်ရှိအချိန်တွင် ဒုတိယနေရာမှ စပါးအသင်းထက် တစ်ပွဲလျော့ ၂ မှတ်အသာဖြင့် ဇယားကို ဦးဆောင်နေသည်။ ယနေ့တွင် နယူးကာဆယ်နှင့် ကစားပြီးနောက် အနိုင်ရရှိပါက ၅ မှတ် ဖြတ်နိုင်မည်ဖြစ်သည်။
    လင်အီကာကမူ လက်စတာမှာ မဖြစ်နိုင်သည့် အောင်မြင်မှုမျိုးကို လုပ်နိုင်မည်ဟု ယုံကြည်နေသည်။
    “ကျွန်တော်တို့မြင်နေရတဲ့ လက်စတာ ဖလားရနိုင်တဲ့ အခြနေအနေမျိုးဟာ အသင်းအဖွဲ့လိုက် အားကစားသမိုင်းမှာ မဖြစ်နိုင်ဆုံးသော အောင်မြင်မှု ဖြစ်လာနိုင်တဲ့ အနေအထားမျိုးပါ။ အိမ်ကွင်းမှာပဲ ဒီအခြေအနေဟာ အဆုံးသတ်သွားနိုင်သလို၊ အိပ်မက်တွေကလည်း သနာစရာကောင်းတဲ့ အဖြစ်အပျက်တွေအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဒီလိုဖြစ်မယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ ဘောလုံးလောကမှာ ထူးခြားဆန်းပြားမှု တစ်ခုခုက ဖြစ်နေကြပါ။ တကယ့် ထင်မြင်ယူဆချက်ကို ဆန့်ကျင်တာမျိုး၊ မှော်ဆန်တာမျိုးပေါ့လေ” ဟု လင်အီကာက Guardian သတင်းစာတွင် ရေးသားခဲ့သည်။
    Ref: Goal