News @ M-Media
Tag: EPL 2015-16
  • ၀င်းဂါးထွက်သွားပါက အာဆင်နယ်မှာ မန်ယူကဲ့သို့ဖြစ်မည်ဟု ဂိုးသမားဟောင်း ပြော
    မတ် ၂၇၊ ၂၀၁၆
    M-Media
    winger 4
    – အာဆင်နယ်အနေဖြင့် နည်းပြ၀င်းဂါးကို ဆက်လက်ထိန်းသိမ်းထားရမည်ဖြစ်ပြီး ၀င်းဂါးမရှိပါက အာဆင်နယ်မှာ ဖာဂူဆန်ထွက်သွားသည့် မန်ယူအသင်းကဲ့သို့ အခြေအနေမျိုး ကြုံတွေ့ရနိုင်သည်ဟု ဂိုးသမားဟောင်း ဒေးဗစ်ဆီးမင်းက ပြောကြားလိုက်သည်။
    အာဆင်နယ်မှာ လက်ရှိတွင် ချန်ပီယံလိဂ်နှင့် FA တို့မှ ထွက်ခဲ့ရပြီး ပရီးမီးယားလိဂ်တွင်လည်း လက်စတာနှင့် စပါးတို့အောက်တွင် ရောက်ရှိနေသည်။ ထို့ကြောင့် အာဆင်ဝင်းဂါးမှာ ဖိအားများနှင့် ရင်ဆိုင်နေရကာ ပရိတ်သတ်များက ရာထူးမှထုတ်ပယ်ရန်ပင် တောင်းဆိုနေကြသည်။
    သို့သော်လည်း ဆီးမင်းကမူ ၀င်းဂါးမှာ အာဆင်နယ်အတွက် အသင့်တော်ဆုံးသူဖြစ်သည်ဟု ဆိုသည်။
    “အာဆင်နယ် ဒီလိုတွေဖြစ်နေတာကို ကျွန်တော်လည်း တော်တော် စိတ်ပျက်ပါတယ်။ ထိပ်ဆုံးနေရာအပြောင်းအလဲ ဖြစ်မလားဆိုရင်တော့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်က အာဆင်နယ်ကို အရူးအမူး အားပေးသူတစ်ယောက်ပါ။ ရာသီအဆုံးမှာ ဘယ်လိုဖြစ်မလဲဆိုတာကို ကျွန်တော်တို့ ကြည့်ကြတာပေါ့”
    “ဒါပေမယ့် ကျွန်တော့်အတွက်တော့ ၀င်းဂါးက တော်တော်လေးတော်တဲ့ ပုဂ္ဂိုလ်ပါ။ ကျွန်တော် သူနဲ့ ၇ နှစ်၊ ၈ နှစ်လောက် လက်တွဲခဲ့ဖူးပါတယ်။ သူက တစ်မူထူးခြားသူတစ်ဦးပါ။ မန်ယူ ဘာတွေဖြစ်နေသလဲဆိုတာကို ကြည့်ပါ။ သူတို့ရဲ့ နည်းပြကောင်းတစ်ဦးဖြစ်တဲ့ အဲလက်စ်ဖာဂူဆန်ကို ဆုံးရှုံးခဲ့တယ်။ သူအနားယူသွားတယ်။ တစ်ဖက်မှာတော့ သူက အေးဆေးဖြစ်နေပါတယ်။ အာဆင်ဝင်းဂါးဟာ ကြီးကျယ်တဲ့ မှတ်တမ်းတွေ ရှိပါတယ်။ ဒါပေမယ့် အမြဲတမ်း ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ရလည်း ဒီဖိအားက လျော့သွားမှာမဟုတ်ပါဘူး” ဟု ဆီးမင်းက ပြောကြားခဲ့သည်။
    Ref: Goal
  • လက်စတာမှာ မည်သည့်ဖလားမှ ရမည်မဟုတ်ဟု နည်းပြပြော
    လက်စတာမှာ မည်သည့်ဖလားမှ ရမည်မဟုတ်ဟု နည်းပြပြော
    မတ် ၂၄၊ ၂၀၁၆
    M-Media
    lei
    – မိမိတို့အသင်းမှာ ယခုနှစ်တွင် မည်သည့်ဆုဖလားမှ ရရှိလိမ့်မည်မဟုတ်ဟု ပရီးမီးယားလိဂ်ကို ဦးဆောင်နေသည့် လက်စတာစီးတီးနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။
    ရာသီပြီးဆုံးရန် ၇ ပွဲသာ လိုတော့သည့်အချိန်တွင် လက်စတာမှာ ဒုတိယနေရာမှ စပါးအသင်းအား ၅ မှတ် ဖြတ်ထားနိုင်ပြီး ပရီးမီးယားလိဂ်ဖလား ရရှိနိုင်မည့် ယုံကြည်ချက်လည်း မြင့်တက်လာခဲ့သည်။ သို့သော်လည်း အီတလီရုပ်သံတစ်ခုနှင့် အင်တာဗျူးတွင် ရာနီယေးရီက အသင်း ဖလားရမှုနှင့် ပတ်သက်၍ ငြင်းဆိုသွားခဲ့သည်။
    “နိုး နိုး။ ကျွန်တော်တို့ ဖလားမရပါဘူး။ ဥရောပ၀င်ခွင့်အတွက်ပဲ ကျွန်တော်တို့ ကြိုးပမ်းနေတာပါ။ ဒါပါပဲ” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။
    ထို့ပြင် ရာသီကုန်တွင် ချယ်ဆီးနည်းပြဖြစ်လာမည်ဟု ရေပန်းစားနေသည့် အန်တိုနီယို ကွန်တီ၏ အီတလီနည်းပြနေရာအား ရယူမည့်အလားအလာ ရှိသလားဟု မေးမြန်းရာတွင်လည်း ရာနီယေးရီက “မရှိပါဘူး။ ကျွန်တော် ဒီမှာ (လက်စတာမှာ) ပျော်နေပါတယ်။ သက်တမ်း ၃ နှစ် ကျန်ပါသေးတယ်” ဟု ဖြေကြားခဲ့သည်။
    Ref: Goal
  • လူကာကူကို ပေါင် သန်း ၆၀ ဖြင့်ခေါ်ယူရန် ရီးယဲလ်စီစဉ်နေ
    လူကာကူကို ပေါင် သန်း ၆၀ ဖြင့်ခေါ်ယူရန် ရီးယဲလ်စီစဉ်နေ
    မတ် ၂၂၊ ၂၀၁၆
    M-Media
    everton
    – အဲဗာတန်အသင်းတွင် ကစားနေသည့် ဘယ်လ်ဂျီယံတိုက်စစ်မှူး ရိုမဲလူ လူကာကူအား ရီးယဲလ်မက်ဒရစ်က ပေါင် သန်း ၆၀ ဖြင့် ခေါ်ယူရန် စီစဉ်နေသည်ဟု အင်္ဂလိပ်သတင်းစာ The Sun က ဖော်ပြခဲ့သည်။
    လူကာကူမှာ အဲဗာတန်တွင်တွင် ခြေစွမ်းကောင်းများ ပြသနေကာ ယခုနှစ်တွင် ပြိုင်ပွဲအားလုံး၌ အသင်းအတွက် ၂၅ ဂိုး သွင်းယူပေးထားပြီး အသင်းကြီးများ၏ စိတ်ဝင်စားမှုကို ခံနေရသည်။ ရီးယဲလ်ကလည်း လာမည့်နှစ်တွင် ဘာစီလိုနာနှင့် ၎င်း၏ တိုက်စစ်အတွဲကို ယှဉ်နိုင်ရန်အတွက် လက်ရှိတိုက်စစ်ကို အားကောင်းစေရန် ဆောင်ရွက်လိုသည့် အစီအစဉ်ရှိနေသည်။
    The Sun ကမူ ရီးယဲလ်မှာ လူကာကူ၏ အေးဂျင့်ဖြစ်သူ မီနို ရိုင်အိုလာနှင့် ဆွေးနွေးမှုများပင် ပြုလုပ်ခဲ့ပြီး ရီးယဲလ်၏ ဘောလုံးကင်းထောက်အဖွဲ့လည်း အသက် ၂၂ နှစ်အရွယ် လူကာကူကို စောင့်ကြည့်နေသည်ဟု ဖော်ပြခဲ့သည်။
    Ref: Goal
  • နိုက်ဂျီးရီးယားနွယ်ဖွား အာဆင်နယ်လူငယ် ကစားသမားကို အင်္ဂလန်က လိုချင်နေ
    နိုက်ဂျီးရီးယားနွယ်ဖွား အာဆင်နယ်လူငယ် ကစားသမားကို အင်္ဂလန်က လိုချင်နေ
    မတ် ၂၁၊ ၂၀၁၆
    M-Media
    arsenal
    – ယခုတစ်ပတ် အာဆင်နယ်အသင်းနှင့် ပရီးမီးယားလိဂ် ပထမဆုံး ပွဲဦးထွက်ကစားကာ ခြေစွမ်းပြ တစ်ဂိုးသွင်းယူနိုင်ခဲ့သည့် လူငယ်ကစားသမား အဲလက်စ် ၀ိုဘီကို အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုကစားနိုင်ရန် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ကြိုးပမ်းနေသည်ဟု The Mirror သတင်းဌာနက ဖော်ပြခဲ့သည်။
    အသက် ၁၉ နှစ်အရွယ်ရှိ ၀ိုဘီမှာ နိုက်ဂျီးရီးယားတွင် မွေးဖွားခဲ့သူဖြစ်ပြီး နိုက်ဂျီးရီးယားအသင်းနှင့် ချစ်ကြည်ရေးပွဲ ၂ ပွဲ ကစားထားကာ အင်္ဂလန် ယူ ၁၆၊ ယူ ၁၇ နှင့် ယူ ၁၈ တို့တွင်လည်း ပါဝင်ကစားခဲ့ဖူးသူ ဖြစ်သည်။ လက်ရှိအချိန်တွင် အာဖရိကနိုင်ငံများဖလားပွဲအတွက် နိုက်ဂျီးရီးယားနည်းပြ ဒန်နီယဲလ် အေမိုကာချီက ရွေးချယ်ထားသည့် လူစာရင်းတွင် ၀ိုဘီမှာ ပါဝင်သည်။
    သို့သော်လည်း လာမည့် သောကြာနေ့ အီဂျစ်အသင်းနှင့် မကစားမီတွင် အင်္ဂလန်က ၎င်းအား ခေါ်ယူနိုင်ခွင့်ရှိနေသည်။ အာဆင်ဝင်းဂါးကလည်း ၀ိုဘီအနေဖြင့် အင်္ဂလန်မှ ခေါ်ယူမှုကို လက်ခံစေလိုသည်။ အင်္ဂလန်က ၀ိုဘီအား ရွေးချယ်သော်လည်း လတ်တလော လက်ရွေးစင်အသင်းတွင် ပါဝင်နိုင်မည်မဟုတ်ချေ။
    Ref: Goal
  • ချန်ပီယံဖြစ်ခွင့် နီးစပ်လာတဲ့ လက်စတာနဲ့ ပရီးမီးယာလိဂ် ပွဲစဉ် ၃၁
    ချန်ပီယံဖြစ်ခွင့် နီးစပ်လာတဲ့ လက်စတာနဲ့ ပရီးမီးယာလိဂ် ပွဲစဉ် ၃၁
    မတ် ၂၁၊ ၂၀၁၆
    M-Media
    epl 1
    – ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးက ၃ သင်းစလုံး အနိုင်ရခဲ့ပြီး လက်စတာက ဇယားကို ဆက်လက် ဦးဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။
    ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ သွားကစားရတဲ့ လက်စတာတို့ ရီယာ့ဒ် မဟ်ရက်ဇ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အိမ်ရှင်တို့ရဲ့ တုံ့ပြန်မှုဟာ မဆိုးခဲ့ပေမယ့် လက်စတာရဲ့ ဟန်ချက်ညီမှုကြောင့် ၃ မှတ် အရယူနိုင်ခဲ့တာပါ။ ရာနီယေးရီကတော့ နောက်ထက် ၂ ပွဲလောက်ကစားပြီးတဲ့အချိန်မှာ အသင်းရဲ့အခြေအနေကို ပြောနိုင်ပြီလို့ ပွဲအပြီးမှာ မှတ်ချက်ပေးခဲ့ပါတယ်။
    အဲဗာတန်ရဲ့ အိမ်ကွင်းမှာ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၃ ပွဲစလုံး မနိုင်ခဲ့တဲ့ အာဆင်နယ်ကတော့ ဒီတစ်ပတ်မှာ ၀ဲလ်ဘတ်နဲ့ လူငယ်ကစားသမား အဲလက်စ် ၀ိုဘီတို့ရဲ့ ပထမပိုင်းသွင်းဂိုးတွေနဲ့ ၃ မှတ်ယူနိုင်ကာ လက်စတာနဲ့ စပါးတို့ကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။ ၀ိုဘီဟာ အာဆင်နယ်အတွက် ပထမဆုံး ကစားပေးခဲ့တာဖြစ်ပြီး ခြေစွမ်းကောင်းပြသကာ ပထမဆုံးဂိုး သွင်းယူပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အိမ်ရှင်အဲဗာတန်တို့ ဒုတိယပိုင်းမှာ သိသိသာသာ ဘောလုံးပိုင်ဆိုင်မှုအသာရခဲ့ပေမယ့် အာဆင်နယ်နောက်တန်းနဲ့ ဂိုးသမားကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပါဘူး။
    epl 3
    လက်စတာရဲ့နောက် တနင်္ဂနွေနေ့မှ ကစားခဲ့ရတဲ့ စပါးကလည်း အိမ်ကွင်းမှာ အမှားအယွင်းမရှိဘဲ ဟယ်ရီကိန်းရဲ့ ပထမပိုင်းသွင်းဂိုး ၂ ဂိုး၊ ခရစ်ရှန် အဲရစ်ဆန်ရဲ့ ဒုတိယပိုင်း သွင်းဂိုး ၁ ဂိုးတို့ရဲ့ ဘုန်းမောက်ကို ၃ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ ဒီသွင်းဂိုး ၂ ဂိုးကြောင့် ပရီးမီးယားလိဂ် ဂိုးအများဆုံးသွင်းတဲ့စာရင်းမှာ ၂၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
    epl 2
    မန်ချက်စတာဒါဘီမှာတော့ မန်စီးတီးက ကစားပုံ ပိုကောင်းပေမယ့် မန်ယူရဲ့ ခံစစ်ကျစ်လစ်မှုကြောင့် အိမ်ကွင်းမှာ အရှုံးပေးခဲ့ရပါတယ်။ မန်ယူအတွက်ဂိုးတော့ အသက် ၁၈ နှစ်အရွယ် လူငယ်ကစားသမား မားကတ်စ် ရက်ရှ်ဖော့ဒ်က သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ အငယ်ဆုံး ဂိုးသွင်းရှင် ဖြစ်ခဲ့ပါတယ်။ မန်ယူရဲ့ ဒီအနိုင်ဟာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း မန်စီးတီးကွင်းမှာ ပထမဆုံး အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။
    လီဗာပူးလ်က ဒီတစ်ပတ်မှာ ကံဆိုးမိုးမှောင်ကျခဲ့ပါတယ်။ ကော်တင်ဟိုနဲ့ စတားရစ်ဂ်ျတို့ရဲ့ ၁၇ မိနစ်၊ ၂၂ မိနစ် ဂိုးတွေနဲ့ မိနစ် ၆၀ ကျော်တဲ့အထိ ၂ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပေမယ့် ဆောက်သက်တမ်ကို ၆၄၊ ၈၃ နဲ့ ၈၅ မိနစ်မှာ ၃ ဂိုးပြန်ပေးလိုက်ရတာကြောင့် အဝေးကွင်းမှာ ၃ မှတ် ဆုံးရှုံးခဲ့ရပါတယ်။
    ချယ်ဆီးကepl 4လည်း ၂ ကြိမ်တိုင်တိုင် နောက်ကလိုက်ကစားခဲ့ရပြီး ၈၉ မိနစ် ပင်နယ်တီကြောင့်သာ ၀က်စ်ဟမ်းနဲ့ အိမ်ကွင်းမှာ ၂ ဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။ ဘင်နီတက်ဇ်ကတော့ နယူးကာဆယ်နဲ့ နိုင်ပွဲမရသေးဘဲ ဒီတစ်ပတ်မှာလည်း ဘ၀တူ ဆန်းဒါးလန်းကို နောက်ကျသွင်းဂိုးနဲ့ သရေကျခဲ့ပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    အဲဗာတန် ၀-၂ အာဆင်နယ်
    ချယ်ဆီး ၂-၂ ၀က်စ်ဟမ်း
    ခရစ္စတယ်ပဲလေ့စ် ၀-၁ လက်စတာ
    ဆွမ်ဆီး ၁-၀ အက်စတွန်ဗီလာ
    နယူးကာဆယ် ၁-၁ ဆန်းဒါးလန်း
    ဆောက်သက်တမ် ၃-၂ လီဗာပူးလ်
    မန်စဆီး ၀-၁ မန်ယူ
    စပါး ၃-၀ ဘုန်းမောက်