News @ M-Media

Tag: EPL 2015-16

  • မန်ယူ၏လွှမ်းမိုးမှုမှာ အတိတ်တွင် ကျန်ရစ်ခဲ့ပြီဟု ဗန်ဂါးလ်ပြော

    မန်ယူ၏လွှမ်းမိုးမှုမှာ အတိတ်တွင် ကျန်ရစ်ခဲ့ပြီဟု ဗန်ဂါးလ်ပြော

    မတ် ၁၀၊ ၂၀၁၆
    M-Media

    mu

    – ပရီးမီးယားလိဂ်တွင် မန်ယူအသင်း၏ လွှမ်းမိုးမှုမှာ အတိတ်တွင် ကျန်ရစ်ခဲ့ပြီဟု နည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    မန်ယူမှာ ယနေ့ညတွင် ယူရိုပါလိဂ် ၁၆ သင်းအဆင့်အဖြစ် ပြည်တွင်းပြိုင်ဘက် လီဗာပူးလ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဗန်ဂါးလ်ကမူ ပရီးမီးယားလိဂ်အခြေအနေနှင့်ပတ်သက်၍ ပြောကြားရာတွင် ပရီးမီးယားလိဂ်မှာ နေရာကောင်းတစ်ခု ဖြစ်နေဆဲဟု ဆိုသည်။

    “မန်ယူနဲ့ လီဗာပူးလ်အကြောင်း ပြောမယ်ဆိုရင် ကျွန်တော်တို့ဟာ ယူရိုပါလိဂ်မှာ ကစားရတာ ပျော်ရွှင်ပါတယ်။ မန်စီးတီး၊ အာဆင်နယ်၊ ချယ်ဆီး (ပီအက်စ်ဂျီကိုရှုံး၍ ထွက်ခဲ့ရ) တို့ကလည်း ချန်ပီယံလိဂ်မှာ ကစားနေကြပါတယ်။ (ယူရိုပါလိဂ်မှာ ကစားနေသည့် စပါး အပါအ၀င်) ပရီးမီးယားလိဂ်က ၆ သင်းဟာ ဥရောပမှာ ကစားနေကြပါတယ်။ ဒီအတွက် ဂုဏ်ယူရပါမယ်။ ဒါပေမယ့် ဘောလုံးမှာ ဒါက ပုံမှန်ပါပဲ။ အသင်းတစ်သင်းက နှစ် ၂၀ လောက် ဗိုလ်စွဲနေတာက သာမန်မဟုတ်ပါဘူး။ (မန်ယူမှာ ဖာဂူဆန် နှစ် ၂၀ လောက် လွှမ်းမိုးခဲ့တာက) အတိတ်မှာ ကျန်ခဲ့ပါပြီ။ လက်ရှိမှာ ပစ္စုပ္ပန်ကိုပဲ စဉ်းစားသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • အဲဗာတန်အသင်းတွင် အီရန် ဘီလျံနာတစ်ဦး ရင်းနှီးမြှုပ်နှံမည်

    အဲဗာတန်အသင်းတွင် အီရန် ဘီလျံနာတစ်ဦး ရင်းနှီးမြှုပ်နှံမည်

    မတ် ၉၊ ၂၀၁၆
    M-Media

    everton

    – မာဆေးဆိုက် ကလပ်အသင်းဖြစ်သော အဲဗာတန်အသင်းတွင် အီရန် ဘီလျံနာ ဖာရ်ဟဒ် မိုစ်ဟီရီ၏ ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းမှုကို လက်ခံအတည်ပြုလိုက်ပြီဟု ပရီးမီးယားလိဂ်က ယမန်နေ့တွင် ကြေငြာခဲ့သည်။

    အမေရိကန် စီးပွားရေးမဂ္ဂဇင်း Forbes ၏ မှတ်တမ်းအရ မိုစ်ဟီရီ၏ ကြွယ်ဝမှုမှာ စတာလင်ပေါင် ၁.၃ ဘီလီယံ ရှိသည်ဟု သိရပြီး ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုကြောင့် အဲဗာတန်အသင်း၏ ရှယ်ယာ ၄၉.၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည်ဖြစ်သည်။

    “ဖာရ်ဟဒ် မိုစ်ဟီရီရဲ့ ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းမှုကို ပရီးမီးယားလိဂ်က လက်ခံလိုက်ပြီဆိုတဲ့ အကြောင်းကြားချက်ကို အဲဗာတန်အသင်းက ရရှိခဲ့ပါတယ်” ဟု အဲဗာတန်အသင်းမှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    မိုစ်ဟီရီမှာ ယခင်က အာဆင်နယ်အသင်း၏ ရှယ်ယာများကို ပိုင်ဆိုင်သူတစ်ဦးလည်း ဖြစ်ပြီး အဲဗာတန်အသင်း၏ သက်တော်ရှည် ဥက္ကဌ ဘီလ် ကန်ရိုက်၊ ဂျွန်ဝုဒ်စ်တို့နှင့်အတူ ၃ ဦးပေါင်း အုပ်ချုပ်ရေးကို ထူထောင်မည်ဖြစ်သည်။

    “အဲဗာတန်အသင်းမှာ ရှယ်ယာရှင်တစ်ယောက် ဖြစ်ခွင့်ရတဲ့အတွက် ကျွန်တော် ၀မ်းသာမိပါတယ်။ အဲဗာတန်ဟာ ဥရောပရဲ့ ထိပ်တန်းကလပ်အသင်းတွေထဲက တစ်ခုအဖြစ် သမိုင်းကြောင်းကောင်းရှိတဲ့ အသင်းလည်း ဖြစ်ပါတယ်” ဟု အဲဗာတန်တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည်ဟု ဖေဖော်ဝါရီ ၂၇ ရက်နေ့က ကြေငြာပြီးနောက်ပိုင်း မိုစ်ဟီရီက ပြောကြားခဲ့သည်။

    Ref: Goal

  • မိမိ၏တိုးတက်မှုအတွက် အဂူရိုကို စတာလင် ချီးကျူး

    မိမိ၏တိုးတက်မှုအတွက် အဂူရိုကို စတာလင် ချီးကျူး

    မတ် ၈၊ ၂၀၁၆
    M-Media

    sterling

    – ဂိုးရှေ့တွင် ကစားသမားကောင်းတစ်ယောက်ဖြစ်လာအောင် ကူညီပေးခဲ့သည့် အသင်းဖော် ဆာဂျီယိုအဂူရိုအား မန်စီးတီးတောင်ပံကစားသမား ရဟီမ်းစတာလင်က ချီးကျူးခဲ့ပြီး ယခုနှစ်တွင် ဂိုးများများသွင်းယူနိုင်ရန် ကြိုးစားသွားမည်ဟု ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်တစ်ပတ် အက်စတွန်ဗီလာအား ၄ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် စတာလင်မှာ ၁ ဂိုး သွင်းယူပေးခဲ့ပြီး ယခုရာသီ မန်စီးတီးအတွက် ၎င်း၏ ပရီးမီးယားလိဂ် ၁၁ ဂိုးမြောက်လည်းဖြစ်သည်။ ထိုအရေအတွက်မှာ လီဗာပူးလ်တွင် ၎င်းကစားစဉ်က တစ်ရာသီအတွင်း အမြင့်ဆုံးသွင်းယူထားခဲ့သည့် ဂိုးအရေအတွက်နှင့် တူညီခဲ့ခြင်းဖြစ်သည်။

    စတာလင်ကမူ ၎င်း၏ တိုးတက်မှုအတွက် အဂူရိုအား ချီးကျူးခဲ့သည်။

    “အဆုံးသတ်ပိုင်းအတွက် ကျွန်တော် ကြိုးစားနေပြီး၊ ဒါဟာ ကျွန်တော် တိုးတက်ချင်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ သိသာတာတစ်ခုက ကျွန်တော်တို့မှာ အဂူရိုလို ကစားသမားမျိုး ရှိတယ်။ သူဟာ ပွဲကို သုံးသပ်ပြီး တိုးတက်မှုရှိအောင် ဆောင်ရွက်နိုင်တဲ့ ကစားသမားမျိုးပါ။ ကျွန်တော့်ကိုလည်း သူက ကူညီပေးပါတယ်။ နေ့တိုင်းနေ့တိုင်း ကျွန်တော်ရဲ့ အရည်အသွေး တိုးတက်ဖို့ ကြိုးစားနေပြီး ဆက်လက်ကြိုးစားသွားနိုင်မယ်လို့လည်း ကျွန်တော် မျှော်လင့်ပါတယ်” ဟု စတာလင်က ပြောကြားခဲ့သည်။

    လက်ရှိတွင် လီဗာပူးလ်၌ ရရှိခဲ့သည့် တစ်ရာသီအမြင့်ဆုံး သွင်းဂိုးအရေအတွက်နှင့် တူညီသည့် အနေအထားကို ရရှိသော်လည်း ရှေ့ဆက်၍ ဂိုးများ ဆက်လက်သွင်းယူရန် ကြိုးစားသွားမည်ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Goal

  • ပြိုင်ဘက်အသင်းများ၏ ပွဲကို ကြည့်ရှုခြင်းထက် Call of Duty သာ ကစားသည်ဟု ဂျာမီဗာဒီပြော

    ပြိုင်ဘက်အသင်းများ၏ ပွဲကို ကြည့်ရှုခြင်းထက် Call of Duty သာ ကစားသည်ဟု ဂျာမီဗာဒီပြော

    မတ် ၇၊ ၂၀၁၆
    M-Media

    vardy

    – မိမိတို့အသင်း ချန်ပီယံပြးလမ်းကြောင်းပေါ် ရောက်နေသော်လည်း မိမိတွင် ဖိအားများမရှိဘဲ ပြိုင်ဘက်များ၏ ပွဲများကို ကြည့်ရှုခြင်းအစား Call of Duty ဂိမ်းပင် ကစားသည်ဟု လက်စတာတိုက်စစ်မှူး ဂျာမီဗာဒီက ပြောကြားလိုက်သည်။

    ပရီးမီးယားလိဂ်ရာသီပြီးဆုံးရန် ၉ ပွဲသာလိုတော့သည့်အချိန်တွင် လက်စတာမှာ ဒုတိယနေရာမှ စပါးကို ၅ မှတ်ဖြတ်ကာ ဇယားအား ဦးဆောင်ထားနိုင်သည်။ ပြီးခဲ့သည့်တစ်ပတ်က စပါးနှင့် တတိယနေရာမှ အာဆင်နယ်တို့မှာ ၀က်စ်ဟမ်းနှင့် ဆွမ်ဆီးတို့အား အရေးနိမ့်ကာ လက်စတာအတွက် အသာရစေခဲ့ပြီး ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင် ဗာဒီက ထိုပွဲများကို မကြည့်ဟု ဆိုသည်။

    “ဗုဒ္ဓဟူးနေ့က အဲဒီရလဒ်တွေက ကျွန်တော်တို့အတွက် အသာရစေခဲ့တယ်လို့ လူတော်တော်များများ ပြောတာကို ကျွန်တော် ကြားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ Play Station နဲ့ Call of Duty ကစားနေတာပါ။ ရာသီအစတုန်းက ကျွန်တော်တို့ကို ဘယ်သူမှ အခွင့်အရေး မပေးခဲ့ပါဘူး။ လူတိုင်းက ကျွန်တော်တို့ဟာ တန်းမဆင်းရရေးပဲ ကြိုးစားရမယ်လို့ ပြောခဲ့တာပါ။ ကျွန်တော်တို့ တန်းမဆင်းရတော့ဘူးဆိုတာ သိတဲ့အချိန်အထိပဲ ကျွန်တော်တို့မှာ ဖိအား ရှိခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့ အေးဆေးပါပဲ” ဟု ဗာဒီက ပြောကြားခဲ့သည်။

    Ref: Goal

  • ပရိတ်သတ်များ အဆိုးမြင်မှုက အသင်းယုံကြည်မှုကို ထိခိုက်စေသည်ဟု ၀င်းဂါးပြော

    ပရိတ်သတ်များ အဆိုးမြင်မှုက အသင်းယုံကြည်မှုကို ထိခိုက်စေသည်ဟု ၀င်းဂါးပြော

    မတ် ၇၊ ၂၀၁၆
    M-Media

    winger 4

    – အာဆင်နယ်၏ ရပ်တည်မှုများအတွက် ပရိတ်သတ်များ အဆိုးမြင်ခြင်းက ကစားသမားများ၏ ယုံကြည်မှုကို ထိခိုက်စေသည်ဟု နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    လက်ရှိအချိန်တွင် တတိယနေရာမှ အာဆင်နယ်မှာ ထိပ်ဆုံးမှ လက်စတာနှင့် ၈ မှတ်ကွာဟနေပြီး လက်ကျန် ၉ ပွဲတွင် ခြေချော်၍ မရတော့ပေ။ ယခုတစ်ပတ် စပါးအား နောက်မှလိုက်ကစားကာ သရေရယူနိုင်ခဲ့သည့် အသင်း၏ စွမ်းဆောင်ရည်ကို ၀င်းဂါးက ကျေနပ်နေပြီး ကစားသမားများ၏ ကြိုးစားအားထုတ်မှုက မထင်မှတ်ထားသည့် အပြောင်းအလဲများ ဖြစ်နိုင်သည်ဟု ဆိုသည်။

    “ပရိတ်သတ်တွေ ပျော်တာကိုပဲ ကျွန်တော် ပိုပြီး လိုလားပါတယ်။ ဒါပေမယ့် ပိုစိုးရိမ်တာက (ပရိတ်သတ်တွေရဲ့ အဆိုးမြင်မှုတွေကြောင့်) ကစားသမားတွေ ယုံကြည်မှု ထိခိုက်မှာကိုပါပဲ။ အသင်းတစ်သင်းအနေနဲ့ ကောင်းကောင်းမွန်မွန် တုန့်ပြန်နိုင်တယ်၊ ကစားနိုင်ခဲ့တယ်လို့ ကျွန်တော် ခံစားရပါတယ်။ ရလဒ်အတွက် နောင်တရနိုင်သလို နောက်ပွဲကို ထိထိရောက်ရောက် တုံ့ပြန်နိုင်ပါတယ်။ ဒါ့ကြောင့် ကစာသမားတွေဟာ တောင့်တင်းနေပြီး စိတ်ဓာတ်လည်း တက်ကြွနေတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    Ref: Goal