News @ M-Media
Tag: EPL 2015-16
  • စတားရစ်ဂ်ျက အသင်းအတွက် အရေးပါသည်ဟု လီဗာပူးလ်နည်းပြပြော
    စတားရစ်ဂ်ျက အသင်းအတွက် အရေးပါသည်ဟု လီဗာပူးလ်နည်းပြပြော
    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media
    liver
    – မိမိတို့အသင်း ချန်ပီယံလိဂ် ၀င်ခွင့်ရရန် ကြိုးပမ်းမှုအတွင်း ကွင်းလယ်လူ စတားရစ်ဂ်ျက ထူးခြားမှုများ ယူဆောင်လာပေးမည်ဟု လီဗာပူးလ်နည်းပြ ရော်ဂျာက ပြောကြားလိုက်သည်။
    ပြီးခဲ့သည့်ရာသီက ဒဏ်ရာကြောင့် အနားယူခဲ့ရသည့် စတားရစ်ဂ်ျမှာ ယခုနှစ် ၎င်း၏ ဒုတိယပွဲဖြစ်သော အက်စတွန်ဗီလာနှင့်ပွဲတွင် ခြေစွမ်းပြကာ အသင်းအတွက် ၂ ဂိုး သွင်းယူပေးခဲ့သည်။ ရော်ဂျာကမူ စတားရစ်ဂ်ျအား ဒဏ်ရာအနာတရမရဘဲ အသင်းအတွက် အဆုံးအဖြတ်ဖြစ်ရန် မျှော်လင့်နေသည်။
    “သူ့လိုကစားသမားမျိုးဟာ ထူးခြားမှုတွေ လုပ်နိုင်ပါတယ်။ သူနောက်ဆုံးကစားခဲ့တဲ့ပွဲ (ဖေဖော်ဝါရီက စပါးနှင့်ပွဲ) ပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့ ၃ ဂိုး မသွင်းနိုင်ခဲ့ပါဘူး။ ပွဲတွေနိုင်ဖို့နဲ့ အဆင့်လေးနေရာဝင်ရေး ယှဉ်ပြိုင်ဖို့ သူက ကြီးမားတဲ့ အခွင့်အလမ်းကို ဖြစ်စေပါတယ်။ သူဟာ ထူးခြားတဲ့၊ ပါမီရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး၊ အခုတော့ သူကြံ့ခိုင်နေဖို့ မျှော်လင့်ပါတယ်”
    Ref: Goal
  • ပရီးမီးယားလိဂ် ပွဲစဉ် ၇ မှာ အသင်းကြီးတွေ ဂိုးမြူးခဲ့ပြီး ဖာဂူဆန်အလွန် မန်ယူတို့ ပထမဆုံး ထိပ်ဆုံးနေရာရောက်လာခဲ့
    ပရီးမီးယားလိဂ် ပွဲစဉ် ၇ မှာ အသင်းကြီးတွေ ဂိုးမြူးခဲ့ပြီး ဖာဂူဆန်အလွန် မန်ယူတို့ ပထမဆုံး ထိပ်ဆုံးနေရာရောက်လာခဲ့
    စက်တင်ဘာ ၂၈၊ ၂၀၁၅
    M-Media
    epl 1
    – ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာတော့ ပွဲတော်တော်များများဟာ မြိုင်ဆိုင်ခဲ့ပြီး မန်စီးတီးက အငြင်းပွားဖွယ် ဂိုးတွေနဲ့ နှစ်ပွဲဆက်ရှုံးကာ ဇယားထိပ်ဆုံးနေရာကိုပါ စွန့်လွှတ်ခဲ့ရပါတယ်။ ကျန်တဲ့အသင်းကြီးတွေကတော့ ဒီတစ်ပတ်မှာ ဂိုးမြူးခဲ့ကြပါတယ်။
    ပြီးခဲ့တဲ့တစ်ပတ်က ၀က်စ်ဟမ်းကို အိမ်ကွင်းမှာ ရှုံးခဲ့တဲ့ မန်စီးတီးဟာ ဒီတစ်ပတ်မှာလည်း အဝေးကွင်းမှာ စပါးကို ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမယ့် လူကျွံဂိုးတွေ အပါအ၀င် ၄ ဂိုး ၁ ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ ပွဲအစ ကစားပုံကောင်းခဲ့တဲ့ မန်စီးတီး ၂၅ မိနစ်မှာ ဒီ ဘရူနီက အသင်းအတွက် သူ့ရဲ့ တတိယမြောက်ဂိုးအဖြစ် အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဧည့်သည်အသင်း အပိုင်ဂိုးသွင့်ခွင့် ၂ ကြိမ်လောက် ရခဲ့ပေမယ့် စတာလင်ရဲ့ကန်ချက်ကို စပါးဂိုးသမား အကောင်းဆုံး ကာကွယ်နိုင်ခဲ့ကာ လမယ်လာရဲ့
    ကန်သွင်းမှုလည် ဘားထိထွက်ခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ နောက်ပိုင်းမှာ စပါးတို့ ပြန်တင်လာခဲ့ပြီး ၄၅ မိနစ်မှာ ချေပဂိုးရခဲ့ကာ ဒုတိယပိုင်းမှာ နောက်ထပ်အနိုင်ဂိုး ၃ ဂိုးရခဲ့ပါတယ်။ ဒီအနိုင်ဟာ စပါးရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် အနိုင်ဖြစ်ပြီး ဒီရာသီ ဂိုးပေါက်ပျောက်နေတဲ့ ဟယ်ရီကိန်းလည်း ဒီပွဲမှာ ၁ ဂိုး သွင်းနိုင်ခဲ့ပါတယ်။
    epl 2
    မန်ယူက အိမ်ကွင်းမှာ ရူနီ၊ ဒီပိုင်းတို့ရဲ့ ပထမဆုံးဂိုးတွေနဲ့အတူ ဆန်းဒါးလန်းကို အနိုင်ယူပြီး ဖာဂူဆန်ထွက်သွားပြီးတဲ့နောက် ဇယားထိပ်ကို ပထမဆုံး တက်လာနိုင်ခဲ့ပါတယ်။ ခံစစ်ပိတ်ကစားတဲ့ ဆန်းဒါးလန်းကြောင့် မန်ယူတို့ ဂိုးရဖို့ ခက်ခဲခဲ့ပြီး ပထမပိုင်း နာကျင်အချိန်ပိုမှာ မာတာရဲ့ ဖန်တီးပေးမှုကတစ်ဆင့် ဒီပိုင်းက သူ့ရဲ့ အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း စစချင်းမှာပဲ ပရီးမီးယားလိဂ်မှာ ဂိုးမိုးခေါင်နေတဲ့ ရူနီက ဒုတိယဂိုး သွင်းပေးခဲ့ပြီး နောက်ဆုံးမိနစ်မှာ မာတာက အပိတ်ဂိုးကို တည်တည်ငြိမ်ငြိမ်နဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။ နည်းပြဗန်ဂါးလ်ကတော့ ဇယားထိပ် တက်နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
    epl 3
    ဒီရာသီမှာ ရှုံးပွဲမရှိသေးဘဲ ပြီးခဲ့တဲ့နှစ်ပွဲမှာလည်း နောက်က ဂိုးတွေလိုက်သွင်းပြီး အမှတ်တွေ ရယူနိုင်ခဲ့တဲ့ လက်စတာတို့ အာဆင်နယ်နဲ့ပွဲမှာတော့ အိမ်ကွင်းမှာပဲ ၅ ဂိုးပေးပြီး ရှုံးပွဲအရသာကို မြည်းစမ်းခဲ့ရပါတယ်။ ဒါပေမယ့် ၁၃ မိနစ်မှာ ဦးဆောင်ဂိုးသွင်းပြီး အာဆင်နယ်ကို ဖိအားပေးခဲ့ပါသေးတယ်။ နောက်ပိုင်း ၀င်းဂါးရဲ့အသင်း ကစားပုံ ညက်ညောလာတဲ့အခါမှာတော့ အိမ်ရှင်လက်စတာ ဘာမှမလုပ်နိုင်ဘဲ ချေပဂိုးတွေနဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပါတယ်။ အာဆင်နယ်အတွင် ဆန်းချက်ဇ်က ဟက်ထရစ်နဲ့
    ဝေါလ်ကော့၊ ဂျရူးတို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ပါတယ်။
    ပြီးခဲ့တဲ့တစ်ပတ် လန်ဒန်ဒါဘီမှာ အငြင်းပွားဖွယ်ရာတွေနဲ့ အနိုင်ရခဲ့တဲ့ ချယ်ဆီး ဒီတစ်ပတ်မှာတော့ စိတ်ပျက်စရာကစားပုံနဲ့ ကံကောင်းထောက်မစွာ သရေတစ်မှတ်ရခဲ့တာပါ။ ပထမပိုင်းမှာ ခြေစွမ်းလုံးဝ ပျက်နေကာ တစ်ဂိုးပေးခဲ့ရပြီး ဂိုးသမား ဘီဂိုဗစ် နယူးကာဆယ်ရဲ့ အပိုင်ဂိုးသွင်းခွင့် ၂ လုံးလောက်ကို ကာကွယ်သွားနိုင်ခဲ့လိုသာ မော်ရင်ဟို သက်သာရာရခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ ချယ်ဆီးက ကစားပုံ ပြန်ကောင်းလာခဲ့ပေမယ့် မိနစ် ၆၀ မှာ တစ်ဂိုးထပ်ပေးခဲ့ရပါတယ်။ ဒါမေယ့် ၇၉ မိနစ်မှာ ရာမီးရက်စ်နဲ့ ၈၆
    မိနစ်မှာ ၀ီလီယံတို့က အခွင့်အရေးတစ်ချို့ကို အသုံးချနိုင်ခဲ့လို့သာ ချယ်ဆီးတို့ သရေတစ်မှတ်ယူပြီး အိမ်ပြန်နိုင်တာဖြစ်ပါတယ်။
    ထိုင်ခုံခepl 4ပ်လှုပ်လှုပ်ဖြစ်နေတဲ့ ရော်ဂျာရဲ့ လီဗာပူးလ်ဟာ စွဲမက်ဖွယ်ကစားပုံ မရှိခဲ့ပေမယ့်လည်း တိုက်စစ်မှူးတွေရဲ့ ဂိုးသွင်းသေချာမှုကြောင့် ဇယားအောက်ဆုံးနားက အက်စတွန်ဗီလာကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
    စပါး ၄-၁ မန်စီးတီး
    လက်စတာ ၂-၅ အာဆင်နယ်
    လီဗာပူးလ် ၃-၂ အက်စတွန်ဗီလာ
    မန်ယူ ၃-၀ ဆန်းဒါးလန်း
    ဆောက်သက်တမ် ၃-၁ ဆွမ်ဆီး
    စတုတ် ၂-၁ ဘုန်းမောက်
    နယျူးကာဆယ် ၂-၂ ချယ်ဆီး
  • လီဗာပူးလ်၏ ကံဆိုးမှုများ အဆုံးသတ်ပြီဟု မီလ်နာပြော
    လီဗာပူးလ်၏ ကံဆိုးမှုများ အဆုံးသတ်ပြီဟု မီလ်နာပြော
    စက်တင်ဘာ ၂၇၊ ၂၀၁၅
    M-Media
    liver
    – အသင်း၏ လက်ရှိအခြေအနေကို မိမိအနေဖြင့် စိတ်ပျက်မိသော်လည်း အက်စတွန်ဗီလာအသင်းအား အနိုင်ရရှိခဲ့ခြင်းက ကံဆိုးမှုများကို အဆုံးသတ်စေခဲ့ပြီဟု လီဗာပူးလ်အသင်းခေါင်းဆောင် ဂျိမ်းစ်မီလ်နာက ပြောကြားလိုက်သည်။
    လေးပွဲဆက်တိုက် နိုင်ပွဲပျောက်နေခဲ့သည့် လီဗာပူးလ်မှာ ယမန်နေ့က ကစားခဲ့သည့် အဆိုပါပွဲတွင် အကြိတ်နယ် ကစားကာ ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မီလ်နာမှာ ပွဲအစ ၂ မိနစ်မှာပင် အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး စတာလင်သွင်းယူခဲ့သည့် ဂိုး ၂ ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့သည်။
    သို့သော်လည်း မိမိတို့အသင်းအခြေအနေကို လက်ခံကျော်လွှားရန်မှာ ခက်ခဲသည်ဟု ၎င်းက ဆိုသည်။
    “အခုအချိန်မတိုင်ခင် ပွဲအနည်းငယ်မှာ စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။ ကျွန်တော်ကလည်း ဂိုးသွင်းနိုင်ခဲ့ရမှာပါ။ ဒါပေမယ့် အခုလို လုပ်နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်ပါတယ်။ ဒီနေ့အတွက် အနိုင်ရခဲ့တာ အခရာပါပဲ။ ဂိုးသွင်းနိုင်တာနဲ့ ဖန်တီးပေးခဲ့တာတွေအတွက် ကျေနပ်ပါတယ်။ ဒါပေမယ့် အနိုင်ရရှိတာက တကယ့်ကို အရေးပါခဲ့ပါတယ်” ဟု မီလ်နာက အသင်း၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။
    ပြီးခဲသည့် ပွဲနှစ်ပွဲတွင်လည်း မိမိတို့မှာ အခွင့်အရေးများ ရခဲ့ပြီး ကံမကောင်းခဲ့ဟု ဆိုသည်။
    “ပြီးခဲ့တဲ့နှစ်ပွဲမှာ ကျွန်တော်တို့ဟာ ကန်သွင်းခွင့် ၇၀ လောက် ရခဲ့ပါတယ်။ ဒါပေမယ့် ကံကတော့ အဲဒီလောက် မကောင်းခဲ့ပါဘူး။ ဒီနေ့ ဂိုးနည်းနည်းရတာဟာ ကျေနပ်စရာပါ။ ပြီးတော့ ဒီအနိုင်ဟာ ကံကောင်းခြင်း အစဆိုတာ သေချာပါတယ်”
    ရာသီအစ အခြေအနေဆိုးရွားမှုအတွက် နည်းပြ ဘရန်ဒန်ရော်ဂျာအပါအ၀င် အသင်းသားများမှာ ဝေဖန်မှုများ ခံခဲ့ရပြီး မီလ်နာကမူ မိမိတို့အသင်းမှာ ညီညီညွတ်ညွတ်ဖြင့် အာရုံစူးစိုက်မှု ရှိရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ လီဗာပူးလ်မှာ ဗုဒ္ဓဟူးနေ့တွင် ယူရိုပါပွဲအဖြစ် ဆီယွန်အသင်းနှင့် ကစားရမည်ဖြစ်သည်။
    Ref: Goal
  • ဆန်းချက်ဇ် ပုံစံမှန်သို့ ပြန်ရောက်ပြီဟု ၀င်းဂါးပြော
    ဆန်းချက်ဇ် ပုံစံမှန်သို့ ပြန်ရောက်ပြီဟု ၀င်းဂါးပြော
    စက်တင်ဘာ ၂၇၊ ၂၀၁၅
    M-Media
    arse
    – ယမန်နေ့က လက်စတာနှင့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သည့် တိုက်စစ်မှူး အလက်ဇစ် ဆန်းချက်ဇ်မှာ ၎င်း၏ အကောင်းဆုံးပုံစံကို ပြန်လည်ရရှိခဲ့ပြီဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    ရှုံးပွဲမရှိသေးသည့် လက်စတာအား ဦးဆောင်ဂိုး ပေးလိုက်ရသော်လည်း အာဆင်နယ်မှာ ၅ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဆန်းချက်ဇ်က ထိုကဲ့သို့ ခြေစွမ်းပြနိုင်ခဲ့ခြင်းဖြစ်သည်။
    ဆန်းချက်ဇ်မှာ နွေရာသီက ကိုအပါအမေရိက ပြိုင်ပွဲတွင်လည်း အံ့သြလောက်ဖွယ် ခြေစွမ်းကို ပြသခဲ့ပြီး ချီလီအသင်းနှင့်အတူ ဗိုလ်စွဲနိုင်ခဲ့သည်။ ၀င်ဂါးကမူ ထိုပြိုင်ပွဲက တိုက်စစ်မှူး၏ ခြေစွမ်းအား ထိခိုက်စေခဲ့ပြီး လက်ရှိအချိန်တွင် ခြေစွမ်းပြန်မှန်လာသည်ဟု ဆိုသည်။
    “သူ့ရဲ့အဆင့်ကို သူ ပြန်ရောက်ပါပြီ။ ကိုပါအမေရိက ပြိုင်ပွဲကြီးကို ချီလီနဲ့အတူ သူ ဗိုလ်စွဲခဲ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့အဆင့်ကို စိတ်ပိုင်းဆိုင်ရာအရ ပြန်ရောက်ဖို့ အချိန်လိုတယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်၊ နှစ်ပတ်လောက်မှာ သူဟာ အကောင်းဆုံးပုံစံကို ပြန်ရောက်လာပြီဆိုတာ ကျွန်တော် လေ့ကျင့်ကွင်းမှာ တွေ့ခဲ့ရပါတယ်။ ဆန်းချက်ဇ်ဟာ နေရာစုံကစားနိုင်ပြီး အသင်းအတွက် ကြိုးစားကာ၊ ဂိုးလည်းသွင်းနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ၀င်းဂါးက ယမန်နေ့ ပွဲအပြီးတွင်
    သတင်းထောက်များအား ပြောကြားခဲ့သည်။
    ပြီးခဲ့သည့်တစ်ပတ် ချယ်ဆီးအရှုံးမှ ပြန်လာနိုင်ခဲ့ခြင်းမှာ နည်းစနစ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကြောင့်ဟု ၀င်းဂါးက ယုံကြည်နေသည်။
    “လက်စတာက အစပိုင်းမှာ ပိုမာကျောခဲ့ပြီး သူတို့ ဦးဆောင်ဂိုးသွင်းပြီးတဲ့နောက်မှာ ကျွန်တော် စိုးရိမ်ခဲ့ပါတယ်။ ချေပဂိုး သွင်းနိုင်တဲ့အခါမှာတော့ ကျွန်တော်တို့ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ စွမ်းရည်နဲ့ လျင်မြန်မှုက သူတို့အတွက် ပြဿနာဖြစ်စေခဲ့တာပါပဲ”
    ထို့ပြင် လက်ရှိချန်ပီယံ မန်စီးတီးက စပါးအသင်းအား ရှုံးနိမ့်မှုကို ထောက်ပြ၍ ပရီးမီးယားလိဂ်မှာ ပိုမို၍ ပြင်းထန်လာသည်ဟု ၎င်းက မှတ်ချက်ပေးခဲ့သည်။
    Ref: Goal
  • ချယ်ဆီး ကစားသမားများကို မော်ရင်ဟို ပြင်းပြင်းထန်ထန် ဝေဖန်
    ချယ်ဆီး ကစားသမားများကို မော်ရင်ဟို ပြင်းပြင်းထန်ထန် ဝေဖန်
    စက်တင်ဘာ ၂၇၊ ၂၀၁၅
    M-Media
    mor
    – ယမန်နေ့က ကစားခဲ့သည့် နယူးကာဆယ်နှင့်ပွဲ ပထမပိုင်း စွမ်းဆာင်ရည်အတွက် ကစားသမားများကို ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားလိုက်သည်။
    ချယ်ဆီးမှာ ထိုပွဲတွင် ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်နေခဲ့ပြီး ရာမီးရက်စ်နှင့် ၀ီလီယံတို့၏ ဂိုးများဖြင့် ကံကောင်းထောက်မစွာ သရေကျခဲ့ခြင်းဖြစ်သည်။ မော်ရင်ဟိုကမူ ၎င်း၏အသင်းမှာ စွမ်းဆောင်ရည် အလွန်နိမ့်သည်ဟု ပြစ်တင်ပြောဆိုခဲ့သည်။
    “ပထမပိုင်းမှာ အဆင့်ကို ၀ ကနေ ၁၀ သတ်မှတ်မယ်ဆိုရင်၊ ချယ်ဆီးကတော့ အနုတ် ၁ ပါပဲ။ တော်တ်ာဆိုးပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တ်ာတို့ ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းအတွက်တော့ ကျွန်တော် ကျေနပ်ပါတယ်။ ပထမပိုင်းကိုတော့ တော်တ်ာလေး စိတ်ပျက်ပါတယ်” ဟု မော်ရင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ထို့ပြင် အသင်းရှိကစားသမားများ၏ စွမ်းဆောင်ရည်များမှာ ဆိုးဝါးခဲ့ပြီး၊ ထို့ကြောင့် အသင်းမှာ ကောင်းမွန်၍ ယှဉ်ပြိုင်နိုင်စွမ်းရှိသော အသင်းတစ်သင်း မဖြစ်နိုင်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    အားထားရသည့် တိုက်စစ်မှူး ဒီယေဂိုကော်စတာမှာ ၃ ပွဲပယ်ပြစ်ဒဏ်ကြောင့် ထိုပွဲတွင် မပါဝင်နိုင်ခဲ့ဘဲ မော်ရင်ဟိုကမူ အသင်း၏ အရှိန်ကို တန့်သွားစေသည်ဟု ဆိုသည်။
    “သူမရှိရင် ကျွန်တော်တို့ဟာ အရှိန်လျော့သွားတယ်ဆိုတာ လူတိုင်းသိပါတယ်။ (ပွဲပယ်ဖို့ ဆုံးဖြတ်ချက်ဟာ) တော်တော်လေး ကောင်းတဲ့ ဆုံးဖြတ်ချက်ပါ(ရွဲ့ပြောခြင်း)။ ကျွန်တော်ကတာ့ ဒီလိုပဲယုံကြည်ပြီး ပြောဖို့ခက်ပါတယ်။ ပြောရတာ မမျှတပါဘူး။ သူဟာ ကျွန်တ်ာတို့အတွင် အင်မတန် အရေးပါတဲ့ ကစားသမားတစ်ယောပါပဲ”
    Ref: Goal