News @ M-Media
Tag: EPL 2015-16
  • အသင်းသားများမှာ နည်းစနစ်သစ်နှင့် အသားကျသွားပြီဟု မန်ယူကွင်းလယ်လူ ပြော
    အသင်းသားများမှာ နည်းစနစ်သစ်နှင့် အသားကျသွားပြီဟု မန်ယူကွင်းလယ်လူ ပြော
    စက်တင်ဘာ ၂၆၊ ၂၀၁၅
    M-Media
    mu
    – မန်ယူအသင်းသားများမှာ နည်းပြဗန်ဂါးလ်၏ နည်းစနစ်များနှင့် လေ့ကျင်မှုနည်းလမ်းများကို ယခုအချိန်တွင် အသားကျသွားပြီဟု ကွင်းလယ်လူမာတာက ပြောကြားလိုက်သည်။
    ဗန်ဂါးလ်မှာ ပြီးခဲ့သည့်နှစ်က ဒေးဗစ်မိုယက်စ်၏လက်မှ အသင်းအား လွှဲပြောင်းယူခဲ့ခြင်းဖြစ်ပြီး ရာသီအစ ၁၀ ပွဲတွင် ၁၃ မှတ်သာ ရရှိကာ ၁၉၈၆-၈၇ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံး ရာသီအဖွင့်ကို ကြုံတွေ့ခဲ့ရသည်။ ရာသီပြီးဆုံးချိန်တွင်မူ မန်ယူမှာ အဆင့် ၄ နေရာတွင် ရပ်တည်ခဲ့သည်။
    ယခုနှစ်တွင် ဗန်ဂါးလ်၏ မန်ယူအသင်းမှာ မန်စီးတီး၏ နောက် ၂ မှတ်အကွာ ဒုတိယနေရာဖြင့် ချန်ပီယံဘွဲ့ကို စိန်ခေါ်နိုင်သူ ဖြစ်လာခဲ့သည်။ အသင်းသားများနှင့် ဗန်ဂါလ်းတို့အကြား မကျေလည်မှုများ ရှိနေသည်ဟု မကြာသေးခင်က သတင်းများ ထွက်လာခဲ့သော်လည်း မာတာကမူ အသင်းမှာ နည်းပြနှင့် အစေးကပ်သွားပြီဟု ဆိုသည်။
    “နည်ပြတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် လုပ်ပုံကိုင်ပုံတွေ ရှိပါတယ်။ သူက အခြား ဘယ်နည်းပြနဲ့မှ မတူပါဘူး။ သူစရောက်တုန်းက အစပိုင်းမှာ နည်းနည်း ကသီမယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်ကတော့ အချိန်လို့ထင်ပြီး၊ အစည်းအဝေးတွေ၊ လေ့ကျင့်မှုတွေ၊ ပွဲတွေကနေတစ်ဆင့် နည်းစနစ်ပိုင်းကို အသားကျအောင် လုပ်ခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ ဒုတိယနှစ်မှာတော့ ပုံမှန်လိုဖြစ်သွားခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်လည်း ပိုပြီး နားလည်လာပါတယ်။ နည်းပြနဲ့တင်မဟုတ်ပါဘူး။ ကွင်းထဲက တစ်သင်းလုံးနဲ့ပါပဲ” ဟု မာတာက
    ထည့်သွင်းပြောကြားခဲ့သည်။
    ထို့ပြင် မိမိတို့မှာ ပြီးခဲ့သည့်ရာသီကထက် ပို၍ အတူတကွ ရှိနေသောကြောင့် ပိုကောင်းလာသည်မှာ ဓမ္မတာပင်ဖြစ်ကြောင်း၊ ယခုနှစ်တွင် မိမိတို့မှာ ပိုမိုတိုးတက်ချင်ကြောင်း မာတာက ထပ်လောင်းပြောကြားခဲ့သည်။ မန်ယူမှာ ယခုတစ်ပတ် ပရီးမီးယားလိဂ်တွင် အဝေးကွင်း၌ ဆန်းဒါးလန်းနှင့် ကစားရမည်ဖြစ်သည်။
    Ref: Goal
  • ဟယ်ရီကိန်းမှာ ယုံကြည်မှု ပျောက်နေသည်ဟု စပါးနည်းပြပြော
    ဟယ်ရီကိန်းမှာ ယုံကြည်မှု ပျောက်နေသည်ဟု စပါးနည်းပြပြော
    စက်တင်ဘာ ၂၆၊ ၂၀၁၅
    M-Media
    spur
    – မိမိတို့အသင်း၏ တိုက်စစ်မှူး ဟယ်ရီကိန်းမှာ ယုံကြည်မှု ပျောက်ဆုံးနေပြီး ပြီးခဲ့သည့်နွေရာသီတွင် အနားယူမှု ပိုမိုလိုအပ်ခဲ့သည်ဟု စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်သည်။
    ပြီးခဲ့သည့်နှစ်က ပြိုင်ပွဲပေါင်းစုံတွင် စပါးအသင်းအတွက် စုစုပေါင်း ၃၁ ဂိုး သွင်းယူခဲ့သည့် ဟယ်ရီကိန်းမှာ ယခုရာသီတွင် စပါးအတွက် တစ်ဂိုးမှ သွင်းယူပေးနိုင်ခြင်း မရှိသေးပေ။ ထို့ပြင် ယူရို ၂၁ ချန်ပီယံရှစ် ပြိုင်ပွဲတွင်လည်း ဟယ်ရီကိန်းမှာ အင်္ဂလန်အသင်းအတွက် ဂိုးမသွင်းနိုင်ခဲ့ပေ။
    ပိုချက်တီနိုကမူ ဟယ်ရီကိန်း၏ ဂိုးမရခြင်းက ၎င်း၏ ယုံကြည်မှုကို ထိခိုက်စေခဲ့ပြီး ၂၀၁၄-၁၅ ဘောလုံးရာသီ အဆုံးတွင်လည်း အနား ကောင်းကောင်းမရခဲ့ဟု ပြောကြားခဲ့သည်။
    “ဟယ်ရီဟာ ပြီးခဲ့တဲ့ရာသီက ကစားသမားမျိုးပဲဖြစ်ပြီး တူညီတဲ့ စိတ်ဓာတ်လည်း ရှိနေပါတယ်။ ဒါပေမယ့် ရာသီကုန်မှာ သူဟာ ယူရိုပြိုင်ပွဲကို သွားခဲ့ပြီး အဲဒီ ၃ ပွဲမှာ ဂိုးသွင်းနိုင်ခြင်း မရှိခဲ့ပါဘူး။ ရာသီအကြိုအတွက် နောက်ကျမှရောက်လာတယ်။ ပြီးတော့ အနားရယူဖို့လည်း လိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာ ကစားသမားဟာ စပြီး ကစားတဲ့အခါ ဂိုးသွင့်ဖို့ အကောင်းဆုံး အခြေအနေမျိုး မရှိပါဘူး။ ဂိုးမသွင်းနိုင်ရင် ယုံကြည်မှုလည်း ကျလာပါတယ်။ သူ ဒါမျိုးဖြစ်နေတာပါ။ ဒါပေမယ့် ဒါဟာ အနာဂတ်အတွက် အတွေ့အကြုံကောင်းတစ်ခု ဖြစ်ပါတယ်” ဟု ပိုချက်တီနိုက ဆိုသည်။
    ဟယ်ရီကိန်းဂိုးမသွင်းနိုင်မှုမှာ စပါးအသင်းအတွက်လည်း ထိခိုက်မှုရှိပြီး ပရီးမီးယားလိဂ် ၆ ပွဲ ကစားပြီးချိန်တွင် စပါးမှာ ၂ ပွဲသာ အနိုင်ရရှိထားသည်။
    Ref: Goal
  • အာဆင်ဝင်းဂါးကို မော်ရင်ဟို ပြင်းပြင်းထန်ထန်ဝေဖန်
    အာဆင်ဝင်းဂါးကို မော်ရင်ဟို ပြင်းပြင်းထန်ထန်ဝေဖန်
    စက်တင်ဘာ ၂၅၊ ၂၀၁၅
    M-Media
    morn
    – အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးမှာ ရှုံးပွဲများအတွက် ဒိုင်များကို အမြဲတမ်း ပြစ်တင်လေ့ရှိပြီး၊ အောင်မြင်မှုမရသော်လည်း ဘုရင်တစ်ပါးကဲ့သို့ တည်မြဲနေသည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ဝေဖန်ပြောကြားလိုက်သည်။
    “ဒီနိုင်ငံမှာ ဖိအားမရှိတဲ့ နည်းပြဟာ တစ်ယောက်တည်းသာ ရှိပါတယ်။ အခြားနည်းပြတွေကတော့ ဖိအားရှိပြီး၊ ကျွန်တော့်မှာလည်း ဖိအားရှိပါတယ်။ ကျွန်တော်တို့ဟာ စံနှုန်းအောက်ရောက်လို့မရပါဘူး။ ရည်မှန်းချက်တွေကိုလည်း ပြည့်မီအောင် ဆောင်ရွက်ရပါတယ်” ဟု မော်ရင်ဟိုက ယမန်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    အာဆင်ဝင်းဂါး၏ အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ၎င်း၏ ပြောကြားမှုများကို ကြည့်ခြင်းအားဖြင့် ၀င်းဂါးကိုသာ ရည်ညွှန်းကြောင်း ပေါ်လွင်နေသည်။ မည်သည့် နည်းပြအား ရည်ရွယ်သလဲဟု မေးမြန်းခဲ့ရာ မော်ရင်ဟိုက
    “ပွဲမတိုင်ခင်နဲ့ ပွဲအပြီးမှာ ဒိုင်လူကြီးတွေအကြောင်း ဝေဖန်သူတစ်ယောက်ပါ။ သူက လူတွေကို နည်းစနစ်ပိုင်းကို တွန်းပို့နိုင်တယ်၊ ညည်းတွားတယ်။ မနက်ပိုင်း၊ နေ့ခင်းပိုင်းတွေမှာလည်း ငိုပါတယ်။ ဒါပေမယ့် ဘာမှတော့ ဖြစ်မလာပါဘူး။ သူ အောင်မြင်မှုမရဘူး။ အလုပ်လည်းမပြုတ်ပါဘူး။ ဘုရင်တစ်ယောက်လိုပါပဲ။ တစ်ယောက်သောသူကို ကျွန်တော် ပြောနေတာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
    ဒါဘီပွဲအဖြစ်အပျက်တွက် FA က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဒီယေဂိုက်ေစတာမှာ အကြမ်းဖက်လိုသော အပြုအမူကို ပြုလုပ်သည်ဟု တွေ့ရှိခဲ့ရပြီး ၃ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။
    Ref: Dailymail
  • လီဗာပူးလ်နည်းပြ ရော်ဂျာ၏ အနာဂတ် မတည်မငြိမ်ဖြစ်လာ
    လီဗာပူးလ်နည်းပြ ရော်ဂျာ၏ အနာဂတ် မတည်မငြိမ်ဖြစ်လာ
    စက်တင်ဘာ ၂၃၊ ၂၀၁၅
    M-Media
    rg
    – အသင်းအား ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိသည့် နည်းပြ ဘရန်ဒန်ရော်ဂျာ၏ နေရာတွင် အစားထိုးရန်အတွက် လီဗာပူးလ်အသင်း ပိုင်ရှင်များမှာ ရီးယဲလ်နည်းပြဟောင်း အန်ဆယ်လော့တီအား ဆက်သွယ်နေသည်ဟု သတင်းများ ထွက်ပေါ်လာသည်။
    ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၂ ခုတွင် လီဗာပူးလ်မှာ ရာနှုန်းပြည့်နိုင်ပွဲကို ရယူနိုင်ခဲ့သော်လည်း နောက်ပိုင်း ၃ ပွဲတွင် မန်ယူနှင့် ၀က်စ်ဟမ်းတို့ကို အိမ်ကွင်း၌ပင် ရှုံးနိမ့်ခဲ့သည်။ ထို့ပြင် ယခုတစ်ပတ်တွင်လည်း နော်ဝစ်ခ်ျအား ဦးဆောင်ဂိုး သွင်းနိုင်ခဲ့သော်လည်း ထိန်းမထားနိုင်ခဲ့ဘဲ ချေပဂိုး ပြန်ပေးခဲ့ရကာ တစ်ဂိုးစီ သရေကျခဲ့သည်။
    ထို့ကြောင့် နည်းပြရော်ဂျာမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ဗာပူးလ်တာဝန်ရှိသူများက အန်ဆယ်လော့တီအား ဆက်သွယ်နေသည်ဟူသော သတင်းများမှာ ၎င်းအပေါ် ဖိအားပိုလာစေခဲ့သည်။
    အေစီမီလန်အသင်းတွင် ချန်ပီယံလိဂ် ၂ ကြိမ်အပါအ၀င် ဆုဖလားအများအပြားကို ရရှိခဲ့သည့် အန်ဆယ်လော့တီမှာ ချယ်ဆီးသို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ပရီးမီးယားလိဂ်နှင့် FA ဖလားတို့ကို ရရှိခဲ့သည်။ ထို့နောက် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ပြင်သစ်လီဂူးချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
    ပီအက်စ်ဂျီမှတစ်ဆင့် ရီးယဲလ်သို့ ရောက်ရှိလာပြီးနောက် အန်ဆယ်လော့တီမှာ ၂၀၁၄ ခုနှစ်တွင် ရီးယဲလ်၏ ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားပါအ၀င် ဖလား ၄ လုံးရရှိအောင် ဦးဆောင်နိုင်ခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့် ဘောလုံးရာသီတွင် ရီးယဲလ်မှာ မျှော်မှန်းထားသည့် အောင်မြင်မှုများ မရခဲ့ခြင်းကြောင့် အန်ဆယ်လော့တီမှာလည်း ထုတ်ပယ်ခြင်း ခံခဲ့ရသည်။
    ယခုအချိန်တွင် အန်ဆယ်လော့တီမှာ လန်ဒန်ရှိ ၎င်း၏ အိမ်နှင့် ဗန်ကူးဗားတို့တွင် အနားယူလျက် ရှိနေသည်။
    Ref: Dailymail
  • လန်ဒန်ဒါဘီ အဖြစ်အပျက်အတွက် ဒီယေဂိုကော်စတာနှင့် ဂါဘရီယဲလ်တို့ တရားစွဲဆိုခံရ
    လန်ဒန်ဒါဘီ အဖြစ်အပျက်အတွက် ဒီယေဂိုကော်စတာနှင့် ဂါဘရီယဲလ်တို့ တရားစွဲဆိုခံရ
    စက်တင်ဘာ ၂၂၊ ၂၀၁၅
    M-Media
    chel
    – ပြီးခဲ့သည့် စနေနေ့က စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ကစားခဲ့သည့် ချယ်ဆီးနှင့် အာဆင်နယ်တို့၏ လန်ဒန်ဒါဘီပွဲ အဖြစ်အပျက်အတွက် ဒီယေဂိုကော်စတာနှင့် ဂါဘရီယဲလ်တို့ကို FA က တရားစွဲဆိုလိုက်သည်ဟု သိရသည်။
    ထိုပွဲ၏ ပထမပိုင်းတွင် ချယ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာမှာ အာဆင်နယ်နောက်ခံလူ ကွန်စီယဲလ်နီ၏ မျက်နှာကို ရိုက်ခဲ့ပြီးနောက် စကားများခဲ့ကာ ဂါဘရီယဲလ်က ၀င်ရောက် ဖြန်ဖြေခဲ့သည်။
    သို့သော်လည်း ဒီယေဂိုကော်စမှာ ဂါဘရီယဲလ်နှင့် ထပ်မံ အချင်းများခဲ့ပြီး ဂါဘရီယဲလ်က ၎င်း၏ ခြေထောက်ကို နောက်ပြန် နင်းခဲ့သောကြောင့် အနီကဒ်ပြ အထုတ်ခံခဲ့ရသည်။ ကော်စတာမှာ နောက်ပိုင်းတွင် ချိန်ဘာလိန်၊ ကွန်စီယဲလ်နီတို့နှင့် ထပ်မံ၍ ပြဿနာတက်ခဲ့သည်။
    ၎င်း၏ လုပ်ရပ်အတွက် ဒီယေဂိုကော်စတာမှာ ဝေဖန်မှုများ ခံခဲ့ရပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ကလည်း တရားစွဲဆိုခဲ့ကာ စက်တင်ဘာ ၂၂ ရက်နေ့ (ယနေ့) ညနေ ၆ နာရီ နောက်ဆုံးထား၍ ရင်ဆိုင်ရမည်ဖြစ်သည်။
    ထိုပွဲတွင် အနီကဒ်ပြ ထုတ်ပယ်ခံခဲ့ရသည့် အာဆင်နယ်နောက်ခံလူ ဂါဘရီယဲလ်မှာလည်း တရားစွဲဆိုခြင်း ခံထားရသည်။ ထို့ပြင် ချယ်ဆီးနှင့် အာဆင်နယ် ၂ သင်းစလုံးကို ကစားသမားများအား ထိန်းသိမ်းနိုင်မှု မရှိခြင်းကြောင့် FA က ထပ်မံတရားစွဲဆိုထားသည်။
    Ref: Goal