News @ M-Media

Tag: EPL 2016-2017

  • ပရိတ်သတ်များ အသင်းဘက်မှ ရပ်တည်ရန် ၀င်းဂါး တိုက်တွန်း

    ပရိတ်သတ်များ အသင်းဘက်မှ ရပ်တည်ရန် ၀င်းဂါး တိုက်တွန်း

    ဖေဖော်ဝါရီ ၉၊ ၂၀၁၇
    M-Media

    – ယခုနှစ်အတွင်း ဖလားရရှိရေး အခွင့်အလမ်အတွက် တိုက်ပွဲဝင်ရန် ပရိတ်သတ်များ၏ အားပေးမှု လိုအပ်သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် ၂ ပတ်ဆက်တိုက် ရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရပြီးနောက် ထိပ်ဆုံးမှ ချယ်ဆီးအသင်းနှင့် ၁၂ မှတ်ကွာဟသွားသော အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ် ချန်ပီယံမျှော်လင့်ချက်မှာ အဆုံးသတ်သလောက် ဖြစ်သွားပြီး၊ ပရိတ်သတ်များ၏ ဝေဖန်သံကလည်း ပြန်လည် ဆူညံလာခဲ့သည်။ အာဆင်နယ်မှာ ၂၀၀၃-၀၄ ဘောလုံးရာသီက နောက်ဆုံးအကြိမ် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့သည်။

    အာဆင်ဝင်းဂါးမှာ ယခုဘောလုံရာသီ ကုန်ဆုံးပါက အသင်းနှင့် စာချုပ်သက်တမ်း ကုန်မည်ဖြစ်ပြီး လက်ရှိအနေအထားကြောင့် ဖိအားများလည်း မြင့်တက်လာခဲ့သည်။ သို့သော် အာဆင်ဝင်းဂါက မိမိတို့မှာ ပြိုင်ပွဲ ၃ ခုတွင် ရှိနေဆဲဟု ဆိုသည်။

    “ပရီးမီယားလိဂ်မှာ ကြီးကြီးမားမား တိုက်ပွဲဝင်ရမယ်။ ချန်ပီယံလိဂ်မှာလည်း မကြာခင် ဘိုင်ယန်နဲ့ အကြီးအကျယ် တိုက်ပွဲဝင်ရမှာပါ။ FA ဖလားလည်း ကန်ရပါအုံးမယ်။ ဒီပြိုင်ပွဲ ၃ ခုစလုံးမှာ ကျွန်တော်တို့ ကောင်းကောင်းလုပ်ချင်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အာရုံစိုက်၊ တုန့်ပြန်ဖို့၊ ပရိတ်သတ်တွေ အသင်းနောက်မှာ မားမားမတ်မတ်ရပ်ဖို့ လိုအပ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒါဟာ အင်မတန်အရေးကြီးပြီး၊ အထိမခံတဲ့ အခြေအနေကို ရောက်နေလို့ပါပဲ။ စိတ်ပျက်စရာတွေကို ကျွန်တော်တို့ အတူတကွ တုန့်ပြန်ရပါမယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    Ref: Goal

  • ဝေဖန်မှုများကိုလက်ခံရန် အသင်းသားများကို ကလော့ပ်တိုက်တွန်း

    ဝေဖန်မှုများကိုလက်ခံရန် အသင်းသားများကို ကလော့ပ်တိုက်တွန်း

    ဖေဖော်ဝါရီ ၅၊ ၂၀၁၇
    M-Media

    – ဟားလ်စီးတီးအသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် ဖြစ်ပေါ်လာသည့် မည်သည့်ဝေဖန်မှုမျိုးကိုမဆို လက်ခံရမည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က အသင်းသားများအား ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်မှာ ခြေအသာဖြင့် ကစားနိုင်ခဲ့သော်လည်း ဟားလ်စီးတီးက ရရှိခဲ့သော အခွင့်အရေး ၂ ခုကို အကောင်းဆုံး အသုံးချနိုင်သောကြောင့် ၂ ဂိုးပြတ်ဖြင့် အရှုံးပေးခဲ့ရသည်။ ထိုအရှုံးမှာ လီဗာပူးလ်အတွက် ၃ ပွဲတွင် ၂ ပွဲမြောက် အရှုံးလည်းဖြစ်သည်။

    ထို့ကြောင့် အဆင့် ၄ မှ လီဗာပူးလ်မှာ ထိပ်ဆုံးမှ ချယ်ဆီးနှင့် ၁၃ မှတ် ကွာဟသွားခဲ့ပြီး ကလော့ပ်ကမူ အသင်းမှာ ဝေဖန်ခံရမှုနှင့် ထိုက်တန်သည်ဟု ဆိုသည်။

    “ကျွန်တော်တို့ တည်ငြိမ်မှုကို ပိုပြီး ပြသရမှာပါ။ ချန်ပီယံလိဂ်ဟာ အင်မတန်ကို ကြီးမားတဲ့ ပစ်မှတ်ကြီးဖြစ်နေပြီး အသင်းတော်တော်များများက အဲဒီပြိုင်ပွဲမှာ ကစားချင်ကြတာပါ။ အင်္ဂလန်မှာ ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့ဆိုတာ ခက်ခဲပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ စိန်ခေါ်နိုင်သူတွေ အများကြီးရှိနေတယ်။ ဒါပေမယ့် ဒီနေ့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်က ပြောစရာကို မလိုပါဘူး။ အခုအချိန်မှာ ကျွန်တော်တို့ဟာ အရာရာတိုင်းအတွက် အဆင်သင့်ဖြစ်နေပြီဆိုတာကို ပြသရပါတော့မယ်” ဟု ကလော့ပ်က ပြောကြားခဲ့သည်။

    ထို့ပြင် ဝေဖန်မှုများအားလုံးကို လက်ခံရမည်ဖြစ်ပြီး၊ အသင်းနှင့်ပတ်သက်၍ စိတ်ထဲရှိရာကို ရေးသားပြောဆိုနိုင်သည်ဟုလည်း ကလော့ပ်က ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Goal

  • စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ဖလားရရန် ဖြစ်မှတ်ထားနေ

    စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ဖလားရရန် ဖြစ်မှတ်ထားနေ

    ဖေဖော်ဝါရီ ၅၊ ၂၀၁၇
    M-Media

    – ပရီးမီးယားလိဂ်၊ ယူရိုပါ နှင့် FA ဖလား ပြိုင်ပွဲ ၃ ခုကို ကစားနေရသော်လည်း မိမိတို့အနေဖြင့် ဖလားများ ရနိုင်လောက်သည့် လူစာရင်းရှိနေသည်ဟု စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ပြောကြားလိုက်သည်

    ယမန်နေ့က မစ်ဒယ်ဘရော့အား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်တွင် ဟယ်ရီကိန်းမှာ အနိုင်ဂိုးကို ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့ပြီး ထိုနိုင်အနိုင်ကြောင့် ဒုတိယနေရာမှ စပါးမှာ ထိပ်ဆုံးမှ ချယ်ဆီးနှင့် အမှတ်ကွာဟမှုကို ၉ မှတ်အထိ လျှော့ချနိုင်ခဲ့သည်။

    “ကျွန်တော်တို့ လုံးဝ ခြွင်းချက်မရှိပါဘူး။ ကျွန်တော်တို့မှာ တောင့်တင်းတဲ့ လူစာရင်းရှိပြီး မနှစ်ကထက်တောင် ပိုတောင့်ပါတယ်။ ကစားသမားတွေကို အလှည့်ကျကစားပြီး ပြိုင်ပွဲတွေမှာ အရှိန်ရအောင် ကစားသမားတွေ ကြံ့ခိုင်နေအောင် လုပ်နိုင်ပါတယ်။ ထိပ်တန်းအသင်း ဖြစ်ချင်ရင်တော့ ကျွန်တော်တို့ ဒီအခြေအနေကို ကျော်ဖြတ်ရပါမယ်။ ကျွန်တော်တို့ ပြိုင်ပွဲတွင်မှာ နိုင်ချင်တယ်။ ဖလားတွေ ရချင်တယ်။ ရမယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ဟယ်ရီကိန်းက ပြောကြား
    ခဲ့သည်။

    Ref: Goal

  • ကစားသမားအချို့ ထင်သလိုဖြစ်မလာဟု မော်ရင်ဟို ဝေဖန်

    ကစားသမားအချို့ ထင်သလိုဖြစ်မလာဟု မော်ရင်ဟို ဝေဖန်

    ဖေဖော်ဝါရီ ၄၊ ၂၀၁၇
    M-Media

    – အသင်းသားများမှာ မိမိ၏ တောင်းဆိုမှုကို ပြည့်မီရန်တွက် မျှော်လင့်ထားသည်ထက် ပိုမို ကြာညောင်းနေသည်ဟု မန်ယူနည်းပြ မော်ရင်ဟိုက ဝေဖန်လိုက်ပြီး ထိုအခြေအနေမှ ရုန်းထွက်ရန်လည်း တိုက်တွန်းခဲ့သည်။

    မန်ယူမှာ ပရီးမီးယားလိဂ်တွင် ၁၄ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ရရှိခဲ့သော်လည်း နောက်ဆုံး ၃ ပွဲတွင် သရေဆက်တိုက်ကျခဲ့ပြီး အဆင့် ၆ နေရာတွင် ရပ်တည်နေကာ အဆင့် ၄ နေရာနှင့် ၄ မှတ် ကွာဟနေသည်။

    ယခင်က အသင်းသားများကို ဝေဖန်လေ့ရှိသည့် မော်ရင်ဟိုက မန်ယူအသင်းသားများမှာ ၎င်း၏ လိုလားချက်ကို ပြည့်မီရန် မျှော်လင့်သည်ထက် ပိုမိုကြာမြင့်နေသည်ဟု ဆိုသည်။

    “ကစားသမားတွေနဲ့ ကျွန်တော် သိပ်ပြီး အကျွမ်းတ၀င်မရှိဘူးဗျ။ အချို့ကစားသမားတွေဟာ ဒီအတွက် အချိန်လိုတယ်ဆိုတာလည်း ကျွန်တော် မသိခဲ့ဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဒါက ကိုယ်ရဲ့ ပင်ကိုယ်စရိုက်ဖြစ်နေတာကိုး။ နိုင်ဖို့ကစားတယ်။ နိုင်ဖို့တာဝန်ယူတယ်။ နိုင်ဖို့ ဖိအားတွေကိုကျော်ဖြတ်တယ်။ ဒါဟာ ကိုယ့်ရဲ့ ပင်ကိုယ်စရိုက်မှာ ရှိရမယ့် အစိတ်အပိုင်း ဖြစ်ပါတယ်။ တစ်ချို့ကစားသမားတွေမှာတော့ ဒါမျိုး မရှိပါဘူး” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    Ref: Goal

  • ချန်ပီယံဘွဲ့အတွက် မျှော်လင့်ချက်မကုန်သေးဟု ယာယာတိုးယေးပြော

    ချန်ပီယံဘွဲ့အတွက် မျှော်လင့်ချက်မကုန်သေးဟု ယာယာတိုးယေးပြော

    ဖေဖော်ဝါရီ ၃၊ ၂၀၁၇
    M-Media

    – ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းကြောင်းမှာ အဆုံးမသတ်သေးဘဲ မိမိတို့အနေဖြင့် ချယ်ဆီးကို အမှီလိုက်သွားမည်ဟု မန်စီးတီးကွင်းလယ်လူ ယာယာတိုးယေးက ပြောကြားလိုက်သည်။

    ဗုဒ္ဓဟူးနေ့က ၀က်စ်ဟမ်းအသင်းအား ၄ ဂိုးပြတ်ဖြင့် အနိုင်ရပြီးနောက် မန်စီးတီးမှာ ထိပ်ဆုံးမှ ချယ်ဆီးနှင့် ၁၀ မှတ်ကွာဟသွားခဲ့ပြီး ယာယာတိုးယေးက ထိုပွဲတွင် ပင်နယ်တီမှတစ်ဆင့် တစ်ဂိုး သွင်းယူပေးခဲ့သည်။

    နည်းပြ ဂွာဒီယိုလာကမူ ချယ်ဆီးနှင့် အမှတ်ကွာဟမှုမှာ များပြားသွားခဲ့ပြီဟု ထိုပွဲအပြီးတွင် ပြောကြားခဲ့သော်လည်း တိုးယေးကမူ ထိုအယူအဆကို လက်မခံခဲ့ချေ။

    “ကျွန်တော့်ကိုကြည့်ပါ။ ကျွန်တော် ဘယ်တော့မှ အရှုံးမပေးပါဘူး။ ဒါပေမယ့် ဘောလုံးဟာ အပြင်မှာ ရောက်တတ်ရာရာပြောရတဲ့ ကိစ္စမဟုတ်ပါဘူး။ ကွင်းအတွင်းမှာ လုပ်ရတဲ့ကိစ္စပါ။ ကျွန်တော်တို့ ကောင်းရမယ်။ ကျွန်တော်တို့အတွက် တော်တော်လေး ခက်ခဲပါမယ်။ ချယ်ဆီးက တစ်ပတ်မှာ တစ်ပွဲပဲ ကစားရပြီး ကျွန်တော်တို့ကတော့ ပြိုင်ပွဲတော်တော်များများကို ကစားရပါတယ်။ ဒါ့ကြောင့် တော်တော် ခက်ခဲပါတယ်” ဟု တိုးယေးက ပြောကြားခဲ့သည်။

    ထို့ပြင် လီဗာပူးလ်အား အနိုင်ကစားခဲ့သည့် ချယ်ဆီး၏ စည်းလုံးညီညွတ်မှုကလည်း မိမိတို့အတွက် အခက်တွေ့စေမည်ဖြစ်ကြောင်း မိမိတို့အနေဖြင့် ချယ်ဆီးအသင်းအကြောင်း မစဉ်းစားဘဲ၊ ကိုယ့်အကြောင်းကိုယ်သာ စဉ်းစားကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Goal