News @ M-Media

Tag: EPL 2016-2017

  • ခေတ်သစ်လူငယ်ကစားသမားများမှာ ကလေးဆိုးများဖြစ်သည်ဟု မော်ရင်ဟို ဝေဖန်

    ခေတ်သစ်လူငယ်ကစားသမားများမှာ ကလေးဆိုးများဖြစ်သည်ဟု မော်ရင်ဟို ဝေဖန်

    မတ် ၂၂၊ ၂၀၁၇
    M-Media

    – ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ဘောလုံးကစားသမားများမှာ ရင့်ကျက်မှုအားနည်းလာပြီး မိမိတို့ကိုယ်ကို ဆိုးရွားသည့် ၀န်းကျင်တွင် နှစ်မြုပ်ထားကြသည်ဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    နည်းပြဘ၀ကို လွန်ခဲ့သည့် နှစ် ၂၀ က စတင်ခဲ့သော မော်ရင်ဟိုမှာ ပေါ်တို၊ ချယ်ဆီး၊ အင်တာနှင့် ရီးယဲလ်မက်ဒရစ် အသင်းများဖြင့် ဆုဖလားများကို ဆွတ်ခူးရရှိခဲ့ပြီး နာမည်ကျော် ကစားသမားများစွာနှင့်လည်း လက်တွဲခဲ့ရသည်။

    လက်ရှိတွင် မန်ယူအသင်းအား ဦးဆောင်ကာ ပရီးမီးယားလိဂ်နှင့် ယူရိုပါတို့တွင် ယှဉ်ပြိုင်နေရသည့် မော်ရင်ဟိုက လွန်ခဲ့သည့် ၁၀ နှစ်ကကဲ့သို့ လူငယ်ကစားသမားများကို မတွေ့ရတော့ ဟုဆိုသည်။

    “ကျွန်တော် ကမ္ဘာသစ်တစ်ခုမှာ နေသားကျအောင် ဆောင်ရွက်ရပါမယ်။ လက်ရှိ လူငယ်ကစားသမားတွေရဲ့ ကမ္ဘာပါ။ အသက် ၂၃ နှစ်အရွယ်မှာတင် ရင့်ကျက်နေပြီး၊ ဘောလုံး၊ အလုပ်၊ အသက်မွေးဝမ်းကြောင်းတွေကို ချင့်ချိန်နိုင်တဲ့ လမ်းပတ်လို ကစားသမားမျိုးနဲ့ အသက် ၂၃ နှစ်သာရှိပြီး ကလေးလိုဖြစ်နေတဲ့ အခုခေတ် လူသ
    စ်တွေအကြား ခြားနားမှုကို နားလည်အောင် လုပ်ရပါမယ်။ ဒီနေ့ ကျွန်တော်ဟာ အဲဒီလူငယ်တွေကို ‘ကောင်လေးတွေ’ လို့ခေါ်ပြီး ‘လူကြီးတွေ’ လို့ မခေါ်ပါဘူး။ ဘာ့ကြောင်လည်းဆိုတော့ သူတို့တွေဟာ ကလေးဆိုးတွေ ဖြစ်နေပြီး သူတို့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အရာတိုင်းကလည်း သူတို့ရဲ့ ဘ၀အတွက်၊ အလုပ်အတွက် အကူအညီမဖြစ်ပါဘူး” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    ထို့ပြင် လွန်ခဲ့သည့် ၁၀ နှစ်က အ၀တ်လဲခန်းတွင် မည်သည့်ကစားသမားမှ မိုဘိုင်းဖုန်းမသုံးကြောင်း၊ ယနေ့အချိန်တွင် ထိုအချက်ကို လက်ခံရမည်ဖြစ်ပြီး တားမြစ်ပါက ပြဿနာသာ ဖြစ်မည်ဖြစ်ကြောင်း၊ မိမိမှာ လူငယ်ကစားသမားများကို နာလည်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref : Goal

  • ပီအက်စ်ဂျီနှင့် ဆက်သွယ်နေသည်ဆိုသည့် သတင်းကို ၀င်းဂါး ငြင်းဆို

    ပီအက်စ်ဂျီနှင့် ဆက်သွယ်နေသည်ဆိုသည့် သတင်းကို ၀င်းဂါး ငြင်းဆို

    မတ် ၂၁၊ ၂၀၁၇
    M-Media

    – ရာသီကုန်လျှင် အာဆင်နယ်မှ ထွက်ခွာကာ ပီအက်စ်ဂျီအသင်းတွင် နည်းပြရန် သဘောတူထားသည်ဆိုသည့် သတင်းများကို အာဆင်ဝင်းဂါးက ငြင်းဆိုလိုက်ပြီး သတင်းမှားများဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အာဆင်နယ်မှာ မတ်လအတွင်း FA ဖလား ဆဌမအဆင့်တွင် အတန်းမရှိသော လင်ကွန်းစီးတီးအသင်းကို ၅ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်မှလွဲ၍ အခြားပွဲများတွင် နိုင်ပွဲတစ်ပွဲမှ မရသေးဘဲ ချန်ပီယံလိဂ်တွင်လည်း ဘိုင်ယန်မြူးနစ်အသင်းကို အရှက်တကွဲရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

    ထို့ပြင် ယခုတစ်ပတ် ၀က်စ်ဘရွန်းအသင်းအား ၃ ဂိုး ၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့မှုကြောင့် ယခုနှစ်ရာသီကုန်တွင် အသင်းနှင့် သက်တမ်းပြည့်မည့် ၀င်းဂါးအပေါ် ဖိအားများမှာ ပိုမိုပြင်းထန်လာခဲ့သည်။

    အချို့သတင်းများက ၀င်းဂါးမှာ ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းနှင့် ၂ နှစ်စာချုပ်ချုပ်ရန် သဘောတူထားသည်ဟု ယနေ့တွင် ဖော်ပြခဲ့သည်။ ၀င်းဂါးကို ပီအက်စ်ဂျီအသင်းနှင့် ချိတ်ဆက်ပြောဆိုမှုမှာ ယခင်ကလည်း ရှိခဲ့သည်။

    သို့သော်လည်း ၀င်းဂါးက ထိုသတင်းကို ငြင်းဆိုခဲ့သည်။

    “ပီအက်စ်ဂျီနဲ့ ဆက်သွယ်တယ်ဆိုတာလား။ ဒါကို တရားဝင်ငြင်းပါတယ်။ ဒါဟာ သတင်းအတုတွေပါ။ ဒါကို တရားဝင်ငြင်းပါတယ်” ဟု BeIn Sports နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    အာဆင်နယ်မှာ လက်ရှိတွင် ပရီးမီးယားလိဂ်၌ အဆင့် ၆ နေရာတွင် ရှိနေပြီး ထိပ်ဆုံးမှ ချယ်ဆီးနှင့် ၁၉ မှတ် ကွာဟနေသည်။

    Ref: Goal

  • မန်ယူသို့ ဖာဂူဆန်ပြန်လာမည်

    မန်ယူသို့ ဖာဂူဆန်ပြန်လာမည်

    မတ် ၂၀၊ ၂၀၁၇
    M-Media

    – မန်ယူဂန္တ၀င်နည်းပြဟောင်း ဆာ အဲလက်စ် ဖာဂူဆန်မှာ ဇွန်လတွင်ပြုလုပ်မည့် ကွင်းလယ်လူ မီခေးလ် ကာရစ် နှုတ်ဆက်ပွဲတွင် အသင်းကို ပြန်လည်ကိုင်တွယ်သွားမည်ဟု သိရသည်။

    အသင်းအတွက် ဆုဖလားပေါင်း ၃၈ လုံး ရယူပေးနိုင်ခဲ့သည့် ဖာဂူဆန်မှာ ၂၀၁၃ ခုနှစ်က နည်းပြဘ၀မှ အနားယူခဲ့သော်လည်း မန်ယူအသင်း၏ သံတမန်အခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေပြီး မန်ယူပွဲများကိုလည်း ပုံမှန် လာရောက်ကြည့်ရှုနေသည်။

    လက်ရှိနည်းပြ မော်ရင်ဟိုက မန်ယူအသင်း၏ ပွဲစဉ်များတွင် လိုက်ပါရန်၊ အ၀တ်လဲခန်းအတွင်း ကစာသမားများနှင့် လက်ပွန်းတတီးနေရန် ဖာဂူဆန်ကို တိုက်တွန်းခဲ့ဖူးသည်။

    ကာရစ်အား နှုတ်ဆက်ပွဲကို အိုးထရက်ဖို့တွင် ဇွန်လ ၄ ရက်နေ့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဖာဂူဆန်ကိုင်တွယ်သည့် မန်ယူအသင်းနှင့် ဟယ်ရီရက်နပ်ကိုင်တွယ်သည့် All Star အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ ထိုပွဲတွင် ပေါလ်စခိုးလ်၊ ရိုင်ယန်ဂစ်၊ စတီဗင်ဂျရတ်၊ ဖရန့်လမ်းပတ်တို့ကဲ့သို့ နာမည်ကြီးကစားသမားဟောင်းများလည်း ပါဝင်ရန်ရှိနေသည်။

    မန်ယူအသင်းမှ ၂၀၀၉ ခုနှစ်တွင် ထွက်ခွာသွားခဲ့သည့် ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ ထိုပွဲတွင် ပါဝင်မည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    ကာရစ်နှင့် မန်ယူ၏ သက်တမ်းမှာ ယခုနှစ်နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်ပြီး၊ အသင်းအနေဖြင့် စာချုပ်သစ် မကမ်းလှမ်းပါက ရာသီကုန်လျှင် ဘောလုံးလောကမှ အနားယူတော့မည်ဟု အသက် ၃၅ နှစ်ရွယ် ကာရစ်က ပြောကြားထားသည်။

    Ref: Goal

  • မန်စီးတီးတွင် ဂွါဒီယိုလာမှာ လူစာရင်းပြဿနာ ရင်ဆိုင်နေရဟု ကလော့ပ်ပြော

    မန်စီးတီးတွင် ဂွါဒီယိုလာမှာ လူစာရင်းပြဿနာ ရင်ဆိုင်နေရဟု ကလော့ပ်ပြော

    မတ် ၁၈၊ ၂၀၁၇
    M-Media

    – ယှဉ်ပြိုင်မှုပိုကြီးသော ပရီးမီးယားလိဂ်မှ မန်စီးတီးလူစာရင်းမှာ ဘာစီလိုနာတွင် ကိုင်တွယ်ခဲ့ရသည့် လူစာရင်းကဲ့သို့ တောင့်တင်းမှုမရှိခြင်းက ဂွာဒီယိုလာအတွက် ပြဿနာဖြစ်နေသည်ဟု လီဗာပူးလ်နည်းပြ ကလော့ပ်က ပြောကြားလိုက်သည်။

    စပိန်နှင့် ဂျာမနီတို့တွင် ဆုဖလားများစွာ ဆွတ်ခူးကာ ယခုနှစ်တွင် အင်္ဂလန်သို့ ရောက်ရှိလာသော်လည်း ယခုတစ်ပတ် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင် မိုနာကိုအား ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရပြီးနောက် ဂွါဒီယိုလာမှာ FA ဖလားတစ်လုံးသာ မျှော်လင့်နိုင်တော့သည်။

    စနေနေ့တွင် မန်စီးတီးကွင်းသို့ သွားရောက်ကစားရမည့် လီဗာပူးလ်နည်းပြ ကလော့ပ်က ဘာကာတွင် ဂွါဒီယိုလာကိုင်တွယ်ခဲ့သည့် လူစာရင်းနှင့် ယခု မန်စီးတီးလူစာရင်းမှာ အလွန်အမင်း ကွာခြားနေပြီး ထို့ကြောင့်ပင် အထူးသဖြင့် ဥရောပပြိုင်ပွဲ၌ ခက်ခဲရခြင်းဟု ဆိုသည်။

    “ကျွန်တော်တို့ အသင်းလူစာရင်းကို နှိုင်းယှဉ်ကြည့်ရမှာပါ။ မက်ဆီပါတဲ့အသင်းနဲ့ မပါတဲ့အသင်း၊ တစ်ခါ အင်နီယေစတာပါတဲ့အသင်းနဲ့ မပါတဲ့အသင်း၊ ဇာဗီ အကောင်းဆုံး ကစားနိုင်တဲ့အချိန် အသင်းနဲ့ မကစားနိုင်တဲ့အချိန်အသင်း။ ဒါက ခြားနားချက်ပါပဲ။ တစ်ယောက်ကို အခြားတစ်ယောက်နဲ့ နှိုင်းယှဉ်လို့ မရပါဘူး။ သူ ဘာလို ချင်တာလဲဆိုတာ ကြည့်ရမှာပါ။ ဒါဟာ နည်းပြတစ်ယောက်ကို သုံးသပ်ရာမှာ အရေးပါဆုံးအချက် ဖြစ်ပါလိမ့်မယ်” ဟု ကလော့ပ်က ပြောကြားခဲ့သည်။

    မန်စီးတီးမှာ ပရီးမီးယားလိဂ်တွင် အဆင့် ၃ နေရာ၌ ရှိနေသော်လည်း ထိပ်ဆုံးမှ ချယ်ဆီးနှင့် ၁၀ မှတ်ကွာဟနေသည်။ ကလော့ပ်ကမူ ပရီးမီးယားလိဂ်၏ ယှဉ်ပြိုင်မှု ကြီးမားခြင်းကလည်း ဂွါဒီယိုလာအတွက် ခက်ခဲစေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • အာဆင်နယ်နှင့်အနာဂတ်ကို မစဉ်းစားသေးဟု ၀ီလ်ရှိုင်းယားပြော

    အာဆင်နယ်နှင့်အနာဂတ်ကို မစဉ်းစားသေးဟု ၀ီလ်ရှိုင်းယားပြော

    မတ် ၁၃၊ ၂၀၁၇
    M-Media

    – အာဆင်နယ်နှင့် အနာဂတ်အတွက် မိမိအနေဖြင့် အလျင်စလို အပြီးသတ်သွားမည်မဟုတ်ဘဲ လက်ရှိအချိန်တွင် ဘုန်းမောက်အသင်း ပရီးမီးယားလိဂ်တွင် တင်ကျန်ရေးသာ အာရုံစိုက်နေသည်ဟု ဂျက် ၀ီလ်ရှိုင်းယားက ပြောကြားလိုက်သည်။

    ကာလရှည်ဒဏ်ရာကြောင့် အာဆင်နယ်အသင်းတွင် ခြေစွမ်းပြခွင့်မရခဲ့သည့် ၀ီလ်ရှိုင်းယားမှာ လက်ရှိတွင် ဘုန်းမောက်အသင်းသို့ တစ်နှစ် အငှားစာချုပ်ဖြင့် ရောက်ရှိနေသည်။

    ၎င်း၏ အာဆင်နယ်အသင်းနှင့် စာချုပ်မှာ ၂၀၁၈ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး မိမိအနေဖြင့် စာချုပ်အသစ်ချုပ်ဆိုရန် အဆင်သင့်မဖြစ်သေးဟု ၀ီလ်ရှိုင်းယားက ဆိုသည်။

    “အနာဂတ်အတွက် မစဉ်းစားသေးပါဘူး။ အာဆင်နယ်နဲ့ တစ်နှစ်ကျန်သေးပြီး ဒီရာသီကုန်မှ အေးအေးဆေးဆေး စဉ်းစားမှာပါ။ ဒါပေမယ့် အခုအချိန် အဓိက အာရုံစိုက်ရမှာက ဘုန်းမောက်အသင်း ပရီးမီးယားလိဂ်မှာ တင်ကျန်ရေး ကြိုးစားဖို့ပါပဲ။ ဘာ့ကြောင်လည်းဆိုတော့ နောက်နှစ်က ဘာပဲဖြစ်ဖြစ် – ဒီမှာပဲရှိရှိ အာဆင်န
    ယ်မှာပဲ ရှိရှိ – ဘယ်သူမှ သူ့ရဲ့အမည်နောက်မှာ တန်းဆင်းဆိုတဲ့စကားလုံးကို လိုချင်ကြမှာ မဟုတ်လို့ပါပဲ” ဟု ၀ီလ်ရှိုင်းယားက ပြောကြားခဲ့သည်။

    ဘုန်းမောက်အသင်းအတွက် ၂၂ ပွဲ ပါဝင်ကစားပေးထားသည့် ၀ီလ်ရှိုင်းယားမှာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားသည်။

    Ref: Goal