News @ M-Media

Tag: Germany

  • ဒုက္ခသည်များ၏ ဒုက္ခကို ဖော်ပြသည့် အနုပညာဖန်တီးမှုတစ်ခုကို တရုတ်အနုပညာရှင်က ဂျာမနီတွင်ပြုလုပ်

    ဒုက္ခသည်များ၏ ဒုက္ခကို ဖော်ပြသည့် အနုပညာဖန်တီးမှုတစ်ခုကို တရုတ်အနုပညာရှင်က ဂျာမနီတွင်ပြုလုပ်

    ဖေဖော်ဝါရိ ၁၄၊ ၂၀၁၆
    M-Media

    jecket

    – အရှေ့အလယ်ပိုင်း မငြိမ်သက်မှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာရသည့် ဒုက္ခသည်များ၏ ဒုက္ခ၊ သုက္ခများကို မီးမောင်းထိုးပြသည့်အနေဖြင့် နာမည်ကြီး တရုတ်အနုပညာရှင် အိုင်ဝေေ၀မှာ သက်ကယ်အင်္ကျီများဖြင့် အနုပညာ ဖန်တီးမှုတစ်ခုကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ဂျာမနီနိုင်ငံ မြို့တော်ဘာလင်မှ ထင်ရှားသည့် အဆောက်အဦးဖြစ်သော Konzerthaus အရှေ့ရှိ တိုင်ကြီး ၄ လုံးကို သက်ကယ်အင်္ကျီပေါင်း ၁၄၀၀၀ ခန့်အသုံးပြု၍ တိုင်လုံးပြည့် ချည်နှောင်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါ သက်ကယ်အင်္ကျီများမှာ တူရကီမှ မြေထဲပင်လယ်ကိုဖြတ်၍ ထွက်ပြေးလာသည့် ဒုက္ခသည်များ စွန့်ပစ်ခဲ့သော သက်ကယ်အင်္ကျီများဖြစ်ပြီး ဂရိနိုင်ငံရှိ လက်စ်ဘော့စ်ကျွန်းမှ ဂျာမနီနိုင်ငံသို့ ယူဆောင်လာခဲ့ခြင်းဖြစ်သည်။

    ယခုနှစ်အတွင်း မြေထဲပင်လယ်ကို ဖြတ်၍ ဥရောပသို့ရောက်ရှိရန် ကြိုးစားရင်း အသက်ဆုံးရှုံးရသည့် ဒုက္ခသည်အရေအတွက်မှာ ၄၀၀ ကျော်လာခဲ့ပြီး ၂၀၁၆ ခုနှစ် ပထမ ၆ ပတ်အတွင်း ဖြတ်ကူးလာသည့် ဒုက္ခသည်အရေအတွက်မှာ ပြီးခဲ့သည့်နှစ်က ထိုအချိန်ကာလကထက် ၁၀ ဆနီးပါး မြင့်တက်လာခြင်းဖြစ်သည်။

    Ref: Aljazeera

  • ဆီးရီးယားဒုက္ခသည်ပြဿနာကို ဂျာမနီနှင့် တူရကီတို့ ပူးပေါင်းဖြေရှင်းမည်

    ဆီးရီးယားဒုက္ခသည်ပြဿနာကို ဂျာမနီနှင့် တူရကီတို့ ပူးပေါင်းဖြေရှင်းမည်

    ဖေဖော်ဝါရီ ၉၊ ၂၀၁၆
    M-Media

    syria 2

    – ဆီးရီးယားဒုက္ခသည်ပြဿနာ ဖြေရှင်းရေးနှင့် ပတ်သက်၍ ဆောင်ရွက်မှုအများအပြားကို ပူးပေါင်းဆောင်ရွက်ရန် တူရကီနှင့် ဂျာမနီတို့က သဘောတူညီခဲ့ကြပြီး ထိုအထဲတွင် ဆီးရီးယား၏ အကြီးဆုံးမြို့ဖြစ်သော အဲလစ်ပိုမြို့အား တိုက်ခိုက်မှုများကို တားဆီးရန် ရည်ရွယ်သည့် သံသတမန်ရေးရာ ဆောင်ရွက်မှုလည်း ပါဝင်သည်။

    နှစ်နိုင်ငံမှ တာဝန်ရှိသူများမှာ ထိုကဲ့သို့ သဘောတူညီချက်ရရှိကြောင်း ယမန်နေ့က မြို့တော်အန်ကာရာတွင် ကြေငြာခဲ့ခြင်းဖြစ်သည်။ တူရကီသို့ ရောက်ရှိနေသည့် ဂျာမနီအဓိပတိ အိန်ဂျလာ မာကဲလ်က မိမိမှာ တူရကီဝန်ကြီးချုပ် အဟ်မတ် ဒါဗူတော့ဂလူနှင့် တွေ့ဆုံစဉ် ဥရောပသို့ ဒုက္ခသည်ဝင်ရောက်မှု လျော့ချရေးအတွက် ဆွေးနွေးခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် အရပ်သားလူ့အဖွဲ့အစည်းအပေါ် ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများကို အလျင်အမြန်ရပ်တန့်ရန် ဒီဇင်ဘာလတွင် အတည်ပြုခဲ့သည့် ကုလ၏ ဆုံးဖြတ်ချက်အတိုင်း ဆီးရီးယားအဖွဲ့တိုင်းက လိုက်နာရန်အတွက် တူရကီနှင့် ဂျာမနီတို့က တွန်းအားပေးသွားမည်ဟုလည်း မာကဲလ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဘက်ဂျက်ပိုငွေ ဒေါ်လာ ၁၃.၁ ဘီလီယံကို ဒုက္ခသည်များကူညီရေး ဂျာမနီသုံးစွဲမည်

    ဘက်ဂျက်ပိုငွေ ဒေါ်လာ ၁၃.၁ ဘီလီယံကို ဒုက္ခသည်များကူညီရေး ဂျာမနီသုံးစွဲမည်

    ဇန်န၀ါရီ ၁၆၊ ၂၀၁၆
    M-Media

    – ၂၀၁၅ တွင် မိမိတို့၏ ဘက်ဂျက်ပိုငွေမှာ ကန်ဒေါ်လာ ၁၃.၁ ဘီလီယံရှိခဲ့ပြီး အဆိုပါငွေကို နိုင်ငံအတွင်းသို့ ရောက်ရှိလာသည့် ရွှေ့ပြောင်းဒုက္ခသည်များအရေးတွင် သုံးစွဲသွားမည်ဟု ဂျာမနီဘဏ္ဍာရေးဝန်ကြီးဌာနက ယခုတစ်ပတ်အတွင်း ပြောကြားလိုက်သည်။

    အဆိုပါဘက်ဂျက်ပိုငွေမှာ စီးပွားရေးအားကောင်းလာမှုနှင့် အခွန်များ ရရှိမှုကြောင့်ဖြစ်ပြီး နိုဝင်ဘာလအတွင်းက ခန့်မှန်းခဲ့သည့် ဘက်ဂျက်ပိုငွေပမာဏမထက် ၂ ဆခန့် ရှိလာခဲ့ခြင်းဟု ၀န်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့သည်။

    ဘဏ္ဍာရေးဝန်ကြီး ၀ုလ်ဖ်ဂန် စခဲလ်ယူဘဲလ်ကမူ ထိုငွေများကို ဂျာမနီသို့ဝင်ရောက်လာသည့် ရွှေ့ပြောင်းနေထိုင်သူများနှင့်ပက်သက်၍ ကူညီရာတွင် အသုံးပြုသွားမည်ဟု စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။ ၂၀၁၅ ခုနှစ်အတွင်း ဂျာမနီသို့ဝင်ရောက်လာသည့် ဒုက္ခသည်အရေအတွက်မှာ ၁.၁ သန်းဝန်းကျင်ခန့် ရှိပြီး ၂၀၁၆ တွင် နောက်ထပ် ၈၀၀,၀၀၀ သိန်းခန့် ထပ်မံရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။

    “ဒုက္ခသည်တွေကို နေရာချထားရေးနဲ့ အထောက်အပံ့ပေးရာမှာ ကုန်ကျစရိတ်တွေအတွက် ယခု ဘက်ဂျက်ပိုငွေကို အရေးတကြီးလိုအပ်ပါတယ်” ဟု ၀န်ကြီးက ပြောကြားခဲ့သည်။ “ဖြစ်နိုင်ရင် ယခုနှစ်ကိုလည်း အကြွေးအမြီကင်းစွာနဲ့ ဖြတ်သန်းချင်ပါတယ်”

    ဂျာမန်အစိုးရအနေဖြင့် ဘက်ဂျက်ပိုငွေအပြင်၊ ၂၀၁၆ ခုနှစ်တွင် ရွှေ့ပြောင်းဒုက္ခသည်များအတွက် ပြည်သူ့ဘဏ္ဍာထဲမှ ကန်ဒေါ်လာ ၈.၃ ဘီလီယံခန့် ထုတ်သုံးရန် စီစဉ်ထားသည်။ ထိုအထဲမှ ဒေါ်လာ ၄.၇ ဘီလီယံကို နိုင်ငံတွင်းရှိ ပြည်နယ် ၁၆ ခုအား ခွဲဝေပေးသွားမည်ဖြစ်သည်။

    Ref: IINA

  • ဂျာမနီတွင် နိုင်ငံခြားသားများ တိုက်ခိုက်ခံရ

    ဂျာမနီတွင် နိုင်ငံခြားသားများ တိုက်ခိုက်ခံရ

    ဇန်န၀ါရီ ၁၁၊ ၂၀၁၆
    M-Media

    german

    – ဂျာမနီနိုင်ငံ ကိုးလုံးမြို့တွင် နိုင်ငံခြားသားများအား လူအုပ်စုများက လိုက်လံတိုက်ခိုက်မှုကြောင့် ပါကစ္စတန်နှစ်ဦးနှင့် ဆီးရီးယားအမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    ဒေသတွင်းသတင်းစာဖြစ်သော Express က တိုက်ခိုက်သူများမှာ လူရမ်းကားများဖြစ်ပြီး ကိုးလုံးမြို့ လူစည်ကားရာနေရာတွင် နိုင်ငံခြားသားများကို လိုက်လံရှာဖွေကာ တိုက်ခိုက်မှုများပြုလုပ်ရန်အတွက် Facebook မှတစ်ဆင့် လူစုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    ရဲတပ်ဖွဲ့ကမူ ထိုက်တိုက်ခိုက်မှုမှာ လူမျိုးရေးလှုံ့ဆော်မှုကြောင့်လားဆိုသည်နှင့် နှစ်သစ်ကူးတွင် ဖြစ်ပွားခဲ့သည့် လက်ရောက်ကျူးလွန်မှုများနှင့် ပတ်သက်မှု ရှိ၊ မရှိကို စုံးစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ တနင်္ဂနွေနေ့ ညနေပိုင်းတွင် လူ ၂၀ ခန့်ပါဝင်သည့် အုပ်စုတစ်ခုမှာ ပါကစ္စတန် ၆ ဦးကို တိုက်ခိုက်ခဲ့ပြီး ထိုအထဲမှ ၂ ဦးမှာ ဒဏ်ရာရရှိခဲ့သည်ဟု ကိုးလုံးရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ထိုအဖြစ်အပျက်အပြီး သိပ်မကြာခင်မှာပင် ဆီးရီးယားအမျိုးသားတစ်ဦးမှာ လူ ၅ ယောက်ပါဝင်သည့် အုပ်စုတစ်ခု၏ တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့သည်။

    နှစ်သစ်ကူးညတွင် ကိုးလုံးနှင့် အခြားသော ဂျာမန်မြို့ကြီးများတွင် အမျိုးသမီးများအပေါ် လက်ရောက်ကျူးလွန်မှုများ ဖြစ်ပွားခဲ့ပြီး ထိုပြဿနာနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ခိုလှုံခွင့်တောင်းခံထားသူများအပေါ် အာရုံစိုက်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ ထိုကိစ္စများ ဖြစ်ပွားခဲ့ပြီးနောက် ဂျာမနီနိုင်ငံတစ်ဝှမ်းတွင် နိုင်ငံခြားသားများပေါ် တိုက်ခိုက်မှု ၆၀၀ ကျော် ဖြစ်ပွားခဲ့သည်။

    ကိုလုံးမြို့တည်ရှိရာ နော့သ်ရိုင်း ၀က်စ်ဖာလီယာ ပြည်နယ်ရှိ ပြည်နယ် ပါလီမန်ကော်မရှင်ကမူ နှစ်သစ်ကူးအကြိုညတွင် ဖြစ်ပွားခဲ့သည့် ကိစ္စများနှင့်ပတ်သက်၍ ယနေ့တွင် ရဲတပ်ဖွဲ့အား မေးမြန်းသွားမည်ဖြစ်သည်။

    ထိုကိစ္စများနှင့် ဆက်စပ်၍ ယနေ့တွင် အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုဖြစ်သော Pegida အဖွဲ့ကလည်း နိုင်ငံအရှေ့ပိုင်းမြို့ လီပ်ဇစ်ဂ်မြို့တွင် ချီတက်လမ်းလျှောက်ပွဲ ပြုလုပ်မည်ဖြစ်သည်။ စနေနေ့က ကိုးလုံးမြို့တွင် ၎င်းတို့ပြုလုပ်ခဲ့သည့် ချီတက်လမ်းလျှောက်မှုတွင် ပုလင်းများ၊ မီးရှူးမီးပန်းများ ပစ်ဖောက်ခဲ့ကြပြီး ရဲတပ်ဖွဲ့က လူစုခွဲခဲ့ရသည်။

    Ref: Aljazeera

  • ဆီးရီးယားတွင် IS အား တိုက်ခိုက်မှုအတွင်း ဂျာမနီ ပါဝင်မည်

    ဆီးရီးယားတွင် IS အား တိုက်ခိုက်မှုအတွင်း ဂျာမနီ ပါဝင်မည်

    ဒီဇင်ဘာ ၅၊ ၂၀၁၅
    M-Media

    german

    – ဆီးရီးယားတွင် IS ကို ချေမှုန်းရန် ရည်ရွယ်သော စစ်ရေးလှုပ်ရှားမှုတွင် ပါဝင်ရန်အတွက် ဂျာမနီအဓိပတိ အိန်ဂျလာမာကဲလ်၏ အစီအစဉ်ကို ပါလီမန်က ယမန်နေ့တွင် အတည်ပြုဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

    ဂျာမနီသည် IS ဆန့်ကျင်ရေး နိုင်ငံတကာ မဟာမိတ်တပ်ဖွဲ့ကို အထောက်အပံ့ပေးရန် Tornado ထောက်လှမ်းရေးဂျက်လေယာဉ် ခြောက်စီးနှင့် ဆီဖြည့်လေယာဉ်တစ်စီးကို ပေးပို့မည် ဖြစ်သော်လည်း ဂျာမန်စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုများတွင် ၀င်ရောက်စွက်ဖက်မည်မဟုတ်ပေ။

    ဒေါ်လာ ၁၄၂ သန်း ကုန်ကျမည့် အဆိုပါ နှစ်ရှည်စီမံကိန်းတွင် စစ်သား ၁၂၀၀ ထိ တပ်ဖြန့်ထားမှုများ အပါအ၀င် ဆီးရီးယားသို့ စေလွှတ်ထားသည့် ပြင်သစ်လေယာဉ်တင်သင်္ဘော ချားလ်စ်ဒီဂေါကို စောင့်ကြပ်လိုက်ပါပေးမည့် ဖရီးဂိတ်စစ်သင်္ဘောတစ်စီးလည်း ပါဝင်မည်ဖြစ်သည်။

    IS ကို တိုက်ခိုက်ချေမှုန်းနေသော ပြင်သစ်နှင့် အခြားသော မဟာမိတ်အဖွဲ့များကို ထောက်ပံ့ရန်အတွက် အစိုးရ၏ ထိုအစီအစဉ်ကို ပြည်သူအများစုကလည်း ထောက်ခံခဲ့ကြသည်။ လူထုဆန္ဒကောက်ခံမှုစစ်တမ်းတွင် IS ကို ချေမှုန်းတိုက်ခိုက်နေသည့် တပ်ဖွဲ့များအား စစ်ရေးအကူအညီပေးသင့်ကြောင်း ၅၈ ရာခိုင်နှုန်းကသဘောတူခဲ့ပြီး ၃၇ ရာခိုင်နှုန်းကမူ ငြင်းဆိုခဲ့သည်။

    Ref: Aljazeera