News @ M-Media

Tag: Germany

  • ဒုက္ခသည်များအား ဘာသာကိုကြည့်၍ ၀င်ခွင့်ပိတ်ခြင်းမှာ လက်မခံနိုင်ဖွယ်ရာဟု ဂျာမနီအဓိပတိပြော

    ဒုက္ခသည်များအား ဘာသာကိုကြည့်၍ ၀င်ခွင့်ပိတ်ခြင်းမှာ လက်မခံနိုင်ဖွယ်ရာဟု ဂျာမနီအဓိပတိပြော

    သြဂုတ် ၂၉၊ ၂၀၁၆

    M-Media

    german 4

    – ဥရောပသို့ ခိုလှုံလာသည့် ဒုက္ခသည်များမှ အချို့ကို မွတ်စလင်ဖြစ်သည့်အတွက် လက်မခံဟု ဥရောပနိုင်ငံတစ်ချို့က ပြောဆိုနေမှုမှာ လက်မခံနိုင်ဖွယ်ရာဖြစ်သည်ဟု ဂျာမနီအဓိပတိ အိန်ဂျလာမာကဲလ်က ပြောကြားလိုက်သည်။

    “လူတိုင်းက သူ့တို့လုပ်ရမယ့်အလုပ်ကို လုပ်ဖို့လိုပါတယ်။ ‘လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်အပ်၊ မလိုအပ်အပ် ငါတို့တိုင်းပြည်မှာ မွတ်စလင်တွေကို လက်မခံဘူး’ လို့ တစ်ချို့တွေပြောနေတာဟာ မှားယွင်းတယ်လို့ ကျွန်မထင်ပါတယ်။ ဒီကိစ္စအတွက် ကျွန်မတို့ဆက်ပြီး ဆွေးနွေးသွားရမှာပါ” ဟု မာကဲလ်က ARD ရုပ်သံသို့ ပြောကြားခဲ့သည်။

    ဂျာမန်အာဏာပိုင်များမှာ ၂၀၁၆ တစ်နှစ်လုံးတွင် ဒုက္ခသည် ၃ သိန်းကို ၀င်ရောက်ခွင့်ပြုရန် မျှော်မှန်းထားပြီး၊ ထိုဒုက္ခသည်များမှာ အဓိကအားဖြင့် ပရိပက္ခများနှင့် အကြမ်းဖက်ဝါဒကြီးစိုးရာ အာဖဂန်နစ္စတန်၊ အီရတ်နှင့် ဆီးရီးယားတို့မှ ဖြစ်ကြသည်။

    မာကဲလ်ကမူ ဒုက္ခသည်များကို ဥရောသမဂ္ဂ၏ အဖွဲ့ဝင် ၂၈ နိုင်ငံက အချိုးကျ ခွဲဝေလက်ခံရန် အလိုရှိနေပြီး၊ အမျိုးသားရေးဝါဒီခေါင်းဆောင်များ ကြီးစိုးထားသည့် ဥရောပအရှေ့ခြမ်းနိုင်ငံများမှာ အရှေ့အလယ်ပိုင်းနှင့် တောင်အာရှတို့မှ ဒုက္ခသည်များ လက်ခံရေး အစီအစဉ်ကို ငြင်းဆိုထားပြီး၊ အချို့က အချို့ဥရောပနိုင်ငံများက အချိုးကျ လက်ခံရန် အစီအစဉ်ကို ဆန့်ကျင်ကြသည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် အဓိပတိ၏ မိတ်ဆုံစားပွဲအခမ်းနားတွင် မာကဲလ်မှာ နိုင်ငံသားများ၊ ဧည့်သည်တော်များနှင့် တရင်းတနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ဂျာမနီနိုင်ငံ၏ အဓိက ဦးစားပေးဆောင်ရွက်မည့်ကိစ္စမှာ နိုင်ငံလုံခြုံရေးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: VOA

  • ဂျော်ဒန်ရှိ ဒုက္ခသည်ကလေးများ ပညာသင်ကြားနိုင်ရေး ဂျာမန်ဘဏ် ကူညီ

    ဂျော်ဒန်ရှိ ဒုက္ခသည်ကလေးများ ပညာသင်ကြားနိုင်ရေး ဂျာမန်ဘဏ် ကူညီ

    သြဂုတ် ၁၆၊ ၂၀၁၆
    M-Media

    german 2

    – ဂျော်ဒန်နိုင်ငံ၏ ပညာရေးစနစ်အား အထောက်အကူဖြစ်စေရန်အတွက် ယူရို သန်း ၂၀ တန်ဖိုးရှိ ဘဏ္ဍာရေး သဘောတူညီချက်တစ်ခုကို ဂျော်ဒန် စီမံကိန်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ဂျာမနီဘဏ်တစ်ခုဖြစ်သော KfW Development Bank နှင့် ပြီးခဲ့သည့် တစ်ပတ်အတွင်း လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

    ယခုသဘောတူညီချက်မှာ ဂျော်ဒန်အစိုးရက နိုင်ငံအတွင်းရှိ ပညာရေးစနစ် မြှင့်တင်ပေးရန်အတွက် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက အဆိုပါဘဏ်အား တောင်းဆိုထားမှုကို ဖြည့်ဆည်းပေးခြင်းလည်း ဖြစ်သည်။

    အဆိုပါငွေများကို ၂၀၁၆-၁၇ ပညာသင်နှစ်အတွက် နှစ်ချိန်ကျောင်းများ လုပ်ငန်းလည်ပတ်မှုအတွင်း လိုအပ်သော လစာငွေများ ပေးချရာတွင် အသုံးပြုမည်ဖြစ်ပြီး၊ ဂျော်ဒန်ရှိ ဆီးရီးယားဒုက္ခသည်ကလေးများ ပုံမှန်ပညာရေးသင်ကြားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနအား အထောက်အပံ့တစ်ခု ဖြစ်စေမည်ဖြစ်သည်။

    လက်ရှိပညာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုအောက်တွင် အခြားသော အလှူရှင်များမှ ငွေကြေးထည့်ဝင်မှုများနှင့်အတူ
    ဒုက္ခသည်ကလေးငယ် ၁၉၀၀၀၀ ကို ပညာသင်ကြားနိုင်အောင် ဂျော်ဒန်က ပြုလုပ်ပေးထားသည်။ ထို့ပြင် နိုင်ငံအတွင်းရှိ ပညာရေးကဏ္ဍတွင် ကျောင်းဆရာများနှင့် အုပ်ချုပ်ရေးဝန်ထမ်းနေရာများအတွက် အလုပ်အကိုင်များ ဖန်တီးပေးရန် ရှိနေသည်။

    Ref : IINA

  • မြူးနစ်ပစ်ခတ်မှုမှာ စိတ်ရူးထသည့် လုပ်ရပ်ဖြစ်ကြောင်း ဂျာမနီရဲတပ်ဖွဲ့ပြော

    မြူးနစ်ပစ်ခတ်မှုမှာ စိတ်ရူးထသည့် လုပ်ရပ်ဖြစ်ကြောင်း ဂျာမနီရဲတပ်ဖွဲ့ပြော

    ဇူလိုင် ၂၄၊ ၂၀၁၆
    M-Media

    munich

    – သောကြာနေ့ညပိုင်းက မြူးနစ်မြို့ရှိ ရှော့ပင်းမောသို့ ၀င်ရောက်ကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သူမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို စိတ်ဝင်စားနေသူဖြစ်ကြောင်း ဂျာမနီရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    အသက် ၁၈ နှစ်အရွယ် အဆိုပါသေနတ်သမားမှာ အနက်ရောင်ဝတ်စုံဝတ်ကာ ရှော့ပင်းမောထဲသို့ ၀င်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လူ ၉ ဦးသေဆုံးခဲ့ကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။ နောက်ပိုင်းတွင် သေနတ်သမားမှာ ၎င်းကိုယ်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ ထိုသေနတ်သမား၏နေအိမ်သို့ ၀င်ရောက်ရှာဖွေရာတွင် Rampage in Head: Why Students Kill ကဲ့သို့ လူ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်သည့် စာအုပ်အများအပြားကို တွေ့ရှိခဲ့ရပြီး ထိုကျူးလွန်မှုကို ၎င်းတစ်ဦးတည်း ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

    သေဆုံးသူ ၉ ဦးတွင် ၃ ဦးမှာ မိမိတို့နိုင်ငံသားများဖြစ်သည်ဟု ကိုဆိုဗိုမှ ကြေငြာခဲ့ပြီ မြူးနစ်ရဲတပ်ဖွဲ့ကမူ ဒဏ်ရာရသူများတွင် ကလေးငယ်များ ပါဝင်သည်ဟု ပြောကြားခဲ့သည်။

    မြူးနစ်ရဲတပ်ဖွဲ့အကြီးအကဲ ဟူဘာတက်စ်ကလည်း ထိုတိုက်ခိုက်မှုတွင် လွန်ခဲ့သည့် ၅ နှစ်က နော်ဝေနိုင်ငံ၌ လူအစုလိုက်အပြုံလိုက်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် အန်ဒရက်စ် ဘရီဗစ်၏ လုပ်ရပ်က အဓိက အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ယခု ကျူးလွန်သူမှာ စိတ်ရူးထသူတစ်ဦးက ပြုလုပ်သည့် လုပ်ရပ်မျိုးဖြစ်ပြီး၊ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုကို စိတ်ဝင်စားမှု ပုံစံမျိုးဖြစ်ကြောင်း ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဆိုရှယ်မီဒီယာတွင် အမုန်းတရားဖြန့်သူများကို ဂျာမနီ နှိမ်နင်း

    ဆိုရှယ်မီဒီယာတွင် အမုန်းတရားဖြန့်သူများကို ဂျာမနီ နှိမ်နင်း

    ဇူလိုင် ၁၆၊ ၂၀၁၅
    M-Media

    hate speech

    – ဆိုရှယ်မီဒီယာများတွင် အမုန်းတရားများ လွှင့်တင်ဖြန့်ချီသူများအား နှိမ်နင်းမှု အစိတ်အပိုင်းအဖြစ် ဂျာမနီရဲတပ်ဖွဲ့မှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ၀င်ရောက်စီးနင်းဖမ်းဆီးမှုများစွာ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    အမုန်းတရား ဖြန့်ဝေမှုအတွက် ထိုကဲ့သို့ နှိမ်နင်းမှုမှာ ဂျာမနီတွင် ပထမဆုံးဖြစ်ပြီး ပြည်နယ် ၁၄ ခုရှိ နေရာ ၆၀ ကျော်ကို ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

    ရဲတပ်ဖွဲ့ကမူ နှုတ်ဖြင့် အစွန်းရောက်မှု မြင့်တက်လာခြင်းကို တိုက်ဖျက်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး နာဇီဝါဒကို အားပေးမှုမျာ၊ နိုင်ငံခြားသားဆန့်ကျင်မှု၊ ဂျူးဆန့်ကျင်မှုနှင့် အမျိုးသာရေး လက်ယာစွန်းရောက်ဝါဒတို့ကို ရာဇ၀တ်မှုအဖြစ်သတ်မှတ်ကာ နှိမ်နင်းခြင်းဖြစ်သည်ဟု ဆိုသည်။

    “ဒီနေ့ ဒီလိုအရေးယူမှုဟာ အင်တာနက်မှာ အမုန်းတရားဖြန့်ဝေမှုနဲ့ သွေးထိုးလှုံ့ဆော်မှု ပြုလုပ်တာတွေကို ပြည်ထောင်စု အစိုးရ တာဝန်ရှိသူတွေနဲ့ ပြည်နယ်အစိုးရတွေက ပြင်းပြင်းထန်ထန် နှိမ်နင်းတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသလိုက်တာဖြစ်ပါတယ်” ဟု ဂျာမနီ ပြည်ထောင်စုရဲတပ်ဖွဲ့ အကြီးအကဲဖြစ်သူ ဟိုလ်ဂါ မန့်ခ်ျက ပြောကြားခဲ့သည်။

    အင်တာနက်တွင် နိုင်ငံရေးအရ လှုံ့ဆော်သည့် အမုန်းရာဇ၀တ်မှုများမှာ ဥရောပရှိ ဒုက္ခသည်ပြဿနာပြီးနောက် သိသိသာသာ မြင့်တက်လာကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    လူမျိုးရေး၊ ဘာသာရေးနှင့် တိုင်းရင်းသားလူနည်းစုများကို ဦးတည်ပြုလုပ်သည့် အမုန်းတရား လှုံ့ဆော်မှုအတွက် ဂျာမနီ၏ လက်ရှိ တည်ဆဲဥပဒေအရ ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည်။ ထို့ပြင် ဂျာမနီအစိုးရမှာ Facebook၊ Twitter နှင့် Google တို့အား အမုန်းတရားဖြန့်ဝေမှုများကို ဖယ်ရှားမှု မပြုခြင်းအတွက် ဖိအားပေးမှုများ ပြုလုပ်ထားသည်။

    Ref : BBC

  • ဥရောပသမဂ္ဂမှ အခြားနိုင်ငံများ မထွက်ရေး လုပ်ဆောင်ရန် လိုအပ်ဟု ဂျာမနီအဓိပတိပြော

    ဥရောပသမဂ္ဂမှ အခြားနိုင်ငံများ မထွက်ရေး လုပ်ဆောင်ရန် လိုအပ်ဟု ဂျာမနီအဓိပတိပြော

    ဇွန် ၂၈၊ ၂၀၁၆
    M-Media

    markel

    – ဗြိတိန်လိုမျိုး အခြား ဥရောပနိုင်ငံတွေ ဥရောပသမဂ္ဂ (EU) ကနေ ထွက်မသွားရေးအတွက် ထိထိရောက်ရောက်ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ ဂျာမနီအဓိပတိ အိန်ဂျလာမာကဲလ်က ပြောကြားလိုက်ပါတယ်။

    ယမန်နေ့မှာ ပြလုပ်ခဲ့တဲ့ကွန်ဆာဗေးတစ်ပါတီရဲ့ ဘုတ်အဖွဲ့အစည်းအဝေးမှာ ပါတီဝင်တစ်ဦးဖြစ်တဲ့ မာကဲလ်က ဒီလိုပြောကြားလိုက်တာပါ။

    အီးယူကနေ ဗြိတိန်ထွက်ခွာသွားတာကြောင့် ဈေးကွက်မတည်မငြိမ်ဖြစ်မှုကိုလည်း မာကဲလ်က ထောက်ပြခဲ့ပြီး ဒီလိုထွက်ခွာသွားမှုက ဥရောပသမဂ္ဂဟာ အုပ်ချုပ်စီမံနိုင်စွမ်းမရှိတဲ့ အဖွဲ့တစ်ခုဖြစ်သွားလားဆိုတဲ့ စိုးရိမ်မှုတွေ နိုင်ငံတကာ ဘဏ္ဍာရေးဈေးကွက်အတွင်း ဖြစ်လာတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

    နောက်ပြီး အခုအချိန်ဟာ အဖွဲ့ဝင်နိုင်ငံတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရမယ့်အချိန် မဟုတ်ဘဲ နယ်စပ်လုံခြုံရေး၊ နိုင်ငံတကာလုံခြုံရေးနဲ့ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုအပါအ၀င် ဥရောသမဂ္ဂက ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အချိန်သာဖြစ်တယ်လို့လည်း အဓိပတိက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    Ref : RT