News @ M-Media

Tag: Germany

  • ဂျာမန်လေကြာင်းလိုင်းတစ်ခုက လေပေါ်တွင် ၀ိုင်ဖိုင်ဝန်ဆောင်မှုပေးမည်

    ဂျာမန်လေကြာင်းလိုင်းတစ်ခုက လေပေါ်တွင် ၀ိုင်ဖိုင်ဝန်ဆောင်မှုပေးမည်

    ဇွန် ၂၈၊ ၂၀၁၆
    M-Media

    german

    – ဂျာမနီ နာမည်ကြီးလေကြောင်းလိုင်းတစ်ခုဖြစ်သော Lufthansa မှာ လာမည့် အောက်တိုဘာလမှစတင်ကာ ဂြိုဟ်တုစနစ်အသုံးပြု၍ ခရီးတိုပျံသန်းမှုများတွင် wi-fi ၀န်ဆောင်မှုပေးသွားမည်ဟု သိရသည်။

    ယမန်နေ့က ထိုကဲ့သို့ ကြေငြာခဲ့ခြင်းဖြစ်ပြီး ခရီးသည်များက လေပေါ်တွင် အင်တာနက်ဝန်ဆောင်မှုရရန် တောင်းဆိုမှု မြင့်မားလာခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ Lufthansa မှာ အဆိုပါ ၀ိုင်ဖိုင်ဝန်ဆောင်မှုကို Inmarsat နှင့်၏ Global Xpress တို့နှင့်ပူးပေါင်းကာ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

    Lufthansa လေကြောင်းလိုင်းကမူ ၎င်းတို့မှာ A320 လေယာဉ်အုပ်များတွင် အဆိုပါ ၀ိုင်ဖိုင်ဝန်ဆောင်မှုကို ၂၀၁၈ ခုနှစ် နှစ်အလယ်တွင် ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ထိုနောက်ပိုင်းတွင် လေကြောင်းလိုင်းအတွင်းရှိ လေယာဉ်များအားလုံး ရရှိအောင် ဆောင်ရွက်မည်ဟု ဆိုသည်။

    အဆိုပါလေကြောင်းလိုင်းမှာ လက်ရှိတွင် အချို့ ခရီးရှည်များ၌ Broadband ၀န်ဆောင်မှု ပေးထားသည်။ ယခုနောက်ပိုင်းတွင် လေကြောင်းခရီးစဉ်များ၌ အင်တာနက်ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် လေကြောင်းလိုင်းများက အပြိုင်အဆိုင် ကြိုစားလာကြသည်။

    Ref: Channelnewsasia

  • လူမျိုးရေးအမုန်းတရား လှုံ့ဆော်မှုဖြင့် လက်ယာစွန်းရောက် ခေါင်းဆောင်တစ်ဦးကို ဂျာမနီက ဒဏ်ငွေချမှတ်

    လူမျိုးရေးအမုန်းတရား လှုံ့ဆော်မှုဖြင့် လက်ယာစွန်းရောက် ခေါင်းဆောင်တစ်ဦးကို ဂျာမနီက ဒဏ်ငွေချမှတ်

    မေ ၄၊ ၂၀၁၆
    M-Media

    bachman

    – ဂျာမနီရှိ အစ္စလာမ်ဆန့်ကျင်ရေး လက်ယာစွန်းရောက် လှုပ်ရှားမှု PEGIDA ကို တည်ထောင်သူနှင့် ခေါင်းဆောင်ဖြစ်သူ လတ်ဇ် ဘခ်ျမန်းကို လူမျိုးရေးအမုန်းတရား လှုံ့ဆော်မှုများဖြင့် တရားရုံးက ယမန်နေ့တွင် ဒဏ်ငွေချမှတ်ခဲ့သည်ဟု သိရသည်။

    နိုင်ငံအတွင်းသို့ ၀င်ရောက်လာသည့် ဒုက္ခသည်များအား ‘ချေးညှော်များ’ ဟု ခေါ်ဆိုခဲ့မှုအတွက် ဘခ်ျမန်းမှာ ဒဏ်ငွေ ယူရို ၉၆၀၀ ပေးဆောင်ရမည်ဖြစ်ပြီး ထောင်ဒဏ်ချမှတ်ခံရမှု မရှိပေ။ ဘတ်ခ်ျမန်းက မိမိအား ထိုကဲ့သို့ တရားစွဲဆို ပြစ်ဒဏ်ချမှတ်မှုမှာ နိုင်ငံရေး ပြစားမှုသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဘခ်ျမန်းမှာ Facebook ပို့စ်များတွင် ဒုက္ခသည်များအား စော်ကားနှိမ့်ချသည့် အသုံးအနှုန်းများဖြင့် လူမျိုးရေး အမုန်းတရားများကို လှုံ့ဆော်ပေးနေသည်ဟု စွပ်စွဲခံထားရသည်။ ၎င်း၏ ရှေ့နေကမူ Facebook အကောင့်များမှာ ခိုးယူ၍ ရနိုင်သည်ဟု လျှောက်လဲခဲ့သော်လည်း တရားသူကြီးများက ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့သည့် ချီတက်လမ်းလျှောက်ပွဲတွင် ဘတ်ခ်ျမန်းက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားမှုများကို ထုတ်ဖော်ပြောဆိုခဲ့သည့် ဗီဒီယိုကို ပြသခဲ့သည်။

    ထို့ပြင် တရားသူကြီး ဟန်စ် လှဗ်ကာက ဘခ်ျမန်းမှာ ထိုမှတ်ချက်များအတွက် တာဝန်ရှိပြီး ထိုကဲ့သို့ စော်ကာမှုများကို လွတ်လပ်စွာ ပြောဆိုခွင့်အဖြစ် မှတ်ယူ၍မရဟု ပြောကြားခဲ့သည်။

    PEGIDA အဖွဲ့မှာ အပတ်စဉ် အစ္စလာမ်ဆန့်ကျင်ရေး၊ ပြောင်းရွှေ့အခြေချသူဆန့်ကျင်ရေး ချီတက်ပွဲများကို ပြုလုပ်လေ့ရှိပြီး၊ နာဇီဝါဒ၊ ဖက်ဆစ်ဝါဒ ဆန့်ကျင်သူများနှင့် မကြာခဏ ထိပ်တိုက်တွေ့ဆုံလေ့ရှိသည်။

    Ref: BBC

  • ဂျာမနီတွင် လက်ယာစွန်းရောက်များ၏ ညီလာခံကို တက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

    ဂျာမနီတွင် လက်ယာစွန်းရောက်များ၏ ညီလာခံကို တက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

    ဧပြီ ၃၀၊ ၂၀၁၆
    M-Media

    germany 3

    – ဂျာမနီနိုင်ငံ စတုဂတ်မြို့တွင် လက်ယာစွန်းရောက် Alternative for Germany (AfD) ပါတီ၏ ညီလာခံကျင်းပပြုလုပ်မှုကို လက်ဝဲ၀ါဒီ တက်ကြွလှုပ်ရှားသူများက တားဆီးမှုကြောင့် ရုန်းရင်းဆန်ခန်မှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ၀င်ရောက် ထိန်းသိမ်းခဲ့ရသည်ဟု သိရသည်။

    ယနေ့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ အဖြစ်အပျက်အတွင်း လက်ဝဲယိမ်းဆန္ဒပြသူများမှာ AfD ကိုယ်စားလှယ်များ အစည်းအဝေးခန်းမထဲသို့ ၀င်ရောက်ခွင့်မရရန် တားဆီးမှုများ ပြုလုပ်ခဲ့ပြီး တာယာများမီးရှို့ခြင်း၊ ဂျာနယ်လစ်များ၊ ရဲတပ်ဖွဲ့များထံသို့ မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် “နာဇီ ၀ါဒဖြန့်ခွင့်မရှိ” ဟု လည်း ကျွေးကြော်ခဲ့ကြသည်။

    ထိုကဲ့သို့ ထိပ်တိုက်တွေ့ဆုံမှုတွင် ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရမှုများ မရှိခဲ့ဘဲ လူပေါင်း ၄၀၀ ၀န်းကျင်ခန့်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ထို့ပြင် လက်ယာစွန်းရောက်များ၏ ညီလာခံကိုလည်း စီစဉ်ထားသည့်အတိုင်း ကျင်းပခဲ့ကြသည်။

    လွန်ခဲ့သည့် ၃ နှစ်က ဖွဲ့စည်းခဲ့သည့် AfD ပါတီမှာ နောက်ပိုင်းတွင် အစ္စလာမ်ဆန့်ကျင်ရေပါတီအသွင် ဆောင်လာခဲ့ပြီး ပြီးခဲ့သည့်တစ်ပတ်က ပါတီ၏ လက်ထောက်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဥရောပပါလီမန်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဘီယာထရစ် ဗွန် စတော့ခ်ျက အစ္စလာမ်သာသနာမှာ ဂျာမနီဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိဟု ပြောဆိုခဲ့ခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

    ပါတီ၏ အခြားသောပေါ်လစီများတွင် ရာဇ၀တ်မှုကျူးလွန်သော နိုင်ငံခြာသားများအား နိုင်ငံမှ နှင်ထုတ်ရေး၊ လူငယ်များ စစ်မှုထမ်းမှုစနစ်ကို ပြန်လည်ပြဌာန်းရေးတို့ဖြစ်ကြပြီး နိုင်ငံခြားရေးမူဝါဒမှာ ရုရှားနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရန်ဖြစ်သည်။

    Ref : Aljazeera

  • ဂျာမနီတွင် လက်ယာစွန်းရောက်များနှင့် ဖက်စစ်ဆန့်ကျင်သူများ ထိပ်တိုက်တွေ့

    ဂျာမနီတွင် လက်ယာစွန်းရောက်များနှင့် ဖက်စစ်ဆန့်ကျင်သူများ ထိပ်တိုက်တွေ့

    ဧပြီ ၂၂၊ ၂၀၁၆
    M-Media

    germany 2

    – ဟစ်တလာမွေးနေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့မှာ မီးတိုင်တွေထွန်းပြီး ချီတက်ကြတဲ့ ဂျာမနီက လက်ယာစွန်းရောက်အုပ်စုကို ဖက်စစ်ဆန့်ကျင်ရေးသမား ၃၀၀၀ လောက်က ၀ိုင်းကာ ထိပ်တိုက်ဆန့်ကျင်ခဲ့တာကြောင့် ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ရပ်တပ်ဖွဲ့က ၀င်ရောက်ဟန့်တားခဲ့ရတယ်လို့ သိရပါတယ်။

    အဲဒီချီတက်မှုဆန္ဒပြမှုကို ပြောင်းရွှေ့အခြေချသူ ဆန့်ကျင်တဲ့ Thügida အဖွဲ့က စီစဉ်တာဖြစ်ပြီး လူ ၃၀၀ လောက်ပါဝင်ခဲ့ကာ မြို့တော်ဘာလင်တစ်ဝှမ်း လှည့်လည် ချီတက်ခဲ့ကြတာဖြစ်ပါတယ်။ Thügida အဖွဲ့ဟာ အစ္စလာမ်ဆန့်ကျင်ရေး PEGIDA အဖွဲ့ရဲ့ မဟာမိတ်အဖွဲ့လည်းဖြစ်ပါတယ်။

    လူမျိုးရေးခွဲခြားမှုကိုဆန့်ကျင်သူ ၃ ထောင်လောက်က Thügida အဖွဲ့ကို ရင်ဆိုင်တွေ့ခဲ့ကာ ကျောက်တုံးတွေ၊ ပုလင်းတွေ၊ မီးရှုးမီးပန်းတွေနဲ့ပစ်ပေါက်ရာကစပြီး နှစ်ဖက် ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအဖြစ်အပျက်အတွင်းမှာ ရဲကားသုံးစီးအပါအ၀င် မော်တော်ကား အမြောက်အများလည်း ပျက်စီးထိခိုက်သွားခဲ့ပါတယ်။

    ရဲတွေဘက်က ငရုပ်ကောင်းစပရေးတွေ မီးသတ်ပိုက်တွေ ဖြန့်ချထားပြီး နောက်ပိုင်းမှာ အသုံးပြုကာ ဆန္ဒပြမှုကို ခွဲပစ်ခဲ့ရပါတယ်။ အဲဒီအဖြစ်အပျက်အတွင်းမှာ ရဲငါးယောက် ဒဏ်ရာရရှိပြီး အနည်းဆုံး လက်ယာစွန်းရောက် ၂၅ ဦးခန့်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

    Ref: RT

  • ဂျာမနီတွင် ဒုက္ခသည်ကလေးငယ် ၆၀၀၀ နီးပါး ပျောက်ဆုံးနေ

    ဂျာမနီတွင် ဒုက္ခသည်ကလေးငယ် ၆၀၀၀ နီးပါး ပျောက်ဆုံးနေ

    ဧပြီ ၁၆၊ ၂၀၁၆
    M-Media

    germany

    – ဂျာမနီကို ရှောက်ရှိလာတဲ့ ဒုက္ခသည်တွေထဲမှာ ပြီးခဲ့တဲ့နှစ်အတွင်း ကလေးငယ်နဲ့ ဆယ်ကျော်သက်လူငယ် ၆၀၀၀ နီးပါးလောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

    ပြည်ထဲရေးဝန်ကြီးဌာန ပြောဆိုခွင့်ရှိသူ ဂျိုဟန်နက်စ် ဒင်မ်ရော့သ်က ဒုက္ခသည်ကလေးငယ်နဲ့ ဆယ်ကျော်သက် ၅၈၃၅ ဦး ပျောက်ဆုံးနေတာကို အစိုးရက လွှတ်တော်ကို အကြောင်းကြားခဲ့တဲ့အကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

    “ပြည်နယ်အာဏာပိုင်တွေအနေနဲ့ ဒီကိစ္စတစ်ခုချင်းစီကို သေချာကိုင်တွယ်ပြီး ပက်သက်ရာ ပက်သက်ကြောင်း သတင်းတွေကို မျက်ခြေမပျက် လိုက်နေမယ်လို့ ကျွန်တော်တပ်အပ်ပြောရဲပါတယ်” လို့ သူက ဆိုပါတယ်။

    လွှတ်တော်ရဲ့မေးမြန်းမှုကို အစိုးရက ဖြေကြားချက်အရ မှတ်ပုံတင်ထားပြီး ပျောက်ဆုံးနေတဲ့ ဒုက္ခသည်ကလေးငယ်နဲ့ ဆယ်ကျော်သက် ၅၈၃၅ ယောက်ထဲက ၅၅၅ ယောက်ဟာ အသက် ၁၄ နှစ်အောက်ဖြစ်တယ်လို့ သိရပါတယ်။

    အာဏာပိုင်တွေအနေနဲ့ အဲ့ဒီထဲက တစ်ချို့ကို ဂျာမနီမှာရှိတဲ့ သို့မဟုတ် ဥရောပတစ်နေရာရာက သူတို့ရဲ့ဆွေမျိုးတွေ ပြန်ခေါ်သွားတာဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။ အဲ့လိုပြန်ခေါ်သွားပေမဲ့လည်း တာဝန်ရှိသူတွေဆီ သတင်းမပို့တာမျိုးကြောင့် စာရင်းဇယားတွေမှာလည်း ဒီအတိုင်းရှိနေခဲ့တယ်လို့ ဆိုပါတယ်။

    မိခင်နိုင်ငံတွေက မတည်ငြိမ်မှုတွေကြောင့် ဥရောပကို ရွှေ့ပြောင်းလာကြတဲ့ ဒုက္ခသည်တွေဟာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတာ၊ ငြှင်းပမ်းနှိပ်စက်ခံရတာမျိုးတွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း ယခင်က သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။

    Ref: IINA