News @ M-Media

Tag: health

  • ပြည်သူများက ကန့်ကွက်သောကြောင့် အီဘိုလာဆေးဝါးစမ်းသပ်မှု ဂါနာတွင် ရပ်ဆိုင်း

    ပြည်သူများက ကန့်ကွက်သောကြောင့် အီဘိုလာဆေးဝါးစမ်းသပ်မှု ဂါနာတွင် ရပ်ဆိုင်း

    ဇွန် ၁၂၊ ၂၀၁၅
    M-Media

    ebola

    – အီဘိုလာဆေးဝါးစမ်းသပ်ရာတွင် ဒေသခံများက မပါဝင်ချင်တော့ဟု တိုင်ကြားမှုများ ရှိလာပြီးနောက် ဂါနာနိုင်ငံက ဆေးဝါးစမ်းသပ်မှုကို ရပ်ဆိုင်းလိုက်ပြီဟု သိရသည်။

    ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တိုနီ ဂွဒ်မန်းက ဒေသတွင်း ရေဒီယို Citi FM သို့ ဗုဒ္ဓဟူးနေ့က ပြောကြားရာတွင် ဂါနာနိုင်ငံသား အများစုမှာ အီဘိုလာဆေးဝါး စမ်းသပ်မှုစီမံကိန်းတွင် စိတ်ပါဝင်စားမှု မရှိတော့ဟု တရားဝင် ပြောကြားလာခဲ့ကြသည်ဟု ဆိုသည်။

    လက်ရှိတွင် အီဘိုလာကင်းစင်နေသည့် ဂါနာမှာ အီလိုလာရောဂါနှင့်ပတ်သက်၍ စမ်းသပ်စဲ ဆေးဝါးနှစ်ခု၏ အန္တရာယ်ကင်းမှုနှင့် အကျိုးသက်ရောက်မှုကို အခြားသောနိုင်ငံများနှင့် ပူးပေါင်း စမ်းသပ်ရန် သဘောတူထားသည့် နိုင်ငံဖြစ်သည်။

    ပထမအဆင့်တွင် အမေရိကန် နာမည်ကြီး ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီ Johnson and Johnson နှင့် ဒိန်းမတ်မှ Bavarian Nordic ဆေးဝါးကုမ္ပဏီတို့ ထုတ်လုပ်ထားသည့် ဆေးဝါးများအား အန္တရာယ်ကင်းခြင်း ရှိ၊ မရှိ စမ်းသပ်ခြင်းဖြစ်ပြီး စမ်းသပ်ခံရသူမှာ မိုဘိုင်းဖုန်းတစ်လုံးနှင့် ကန်ဒေါ်လာ ၅ ဒေါ်လာနှင့် ညီမျှသည့် ငွေကြေးကို ရရှိကြသည်။

    သို့သော်လည်း ထိုစမ်းသပ်မှုအတွက် ဆန့်ကျင်မှုများ မြင့်တက်လာခဲ့ပြီးနောက် ယခုလက်ရှိ နိုင်ငံပြင်ပကို ရောက်နေသော ကျန်းမာရေးဝန်ကြီး အဲလက် ဆဂ်ဘီဖီယာက ထိုစမ်းသပ်မှုအား ရပ်တန့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဂွဒ်မန်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ဘယ်လိုစမ်းသပ်မှုမျိုးကိုမှ စိတ်မ၀င်စားတော့ဘူးလို့ ဂါနာပြည်သူတွေရဲ့ ဖုန်းဆက်ပြောဆိုမှု တော်တော်များများကို သူကြားခဲ့ပါတယ်။ ဒါ့ကြောင့် သူပြန်လာပြီး ပြဿနာကို ဆန်းစစ်တဲ့အချိန်အထိ စမ်းသပ်မှုကို ရပ်ဆိုင်းထားမှာပါ”

    အာဏာရ အမျိုးသားဒီမိုကရက်တစ် ကွန်ဂရက်စ်ပါတီကလည်း အဆိုပါစမ်းသပ်မှုမှာ မလိုအပ်သည့် စမ်းသပ်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အီဘိုလာရောဂါ ကုသရန်အတွက် လိုင်စင်ရဆေးဝါး သို့မဟုတ် ကုသမှုနည်းလမ်း ယခုအချိန်အထိ မရှိသေးပေ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကမူ အဆိုပါ ကပ်ရောဂါကို ရပ်တန့်ရေး ကြိုးစားရာတွင် အလားအလာရှိသည့် ဆေးဝါးကို အသုံပြုခွင့် ပေးထားသည်။

    ယခုအချိန်အထိ အဆင့်မြင့်ထုတ်လုပ်မှုအဆင့်သို့ ရောက်ရှိနေသော ဆေးဝါးနှစ်မျိုးမှာ အန္တရာယ်ကင်းပုံရသည်ဟု အမေရိကန်ဆေးဘက်ဆိုင်ရာ အသင်းတစ်ခုက မတ်လတွင် ပြောကြားခဲ့သည်။

    အီဘိုလာဗိုင်းရပ်စ်ပိုးမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ အနောက်အာဖရိကနိုင်ငံများတွင် ကူးစက်ပြန့်နှံ့ခဲ့ပြီး လူပေါင်း ၁၁၁၅၀ ကျော် သေဆုံးခဲ့ကြသည်။

    Ref: Aljazeera

  • မြန်မာနိုင်ငံ အတွင်းသို့ မားစ်ရောဂါ မ၀င်ရောက်စေရေး ကျန်းမာရေး ၀န်ကြီးဌာနက စောင့်ကြည့်  စစ်ဆေးမှုများ ပြုလုပ်နေ

    မြန်မာနိုင်ငံ အတွင်းသို့ မားစ်ရောဂါ မ၀င်ရောက်စေရေး ကျန်းမာရေး ၀န်ကြီးဌာနက စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်နေ

    ဇွန် ၉၊ ၂၀၁၅
    M-Media

    sk

    – တောင်ကိုရီးယားတွင် မားစ်ရောဂါ ကူးစက်ပြန့်နှံ့မှု မြင့်မားလာပြီး သေဆုံးသူများလည်း များလားသည့်အချိန်တွင် မြန်မာနိုင်ငံအတွင်း ၀င်ရောက်မှုမရှိစေရေး စောင့်ကြည့်မှုများကို စတင်ပြုလုပ်နေသည်ဟု ကျန်းမာရေး တာဝန်ရှိသူများက ပြောကြားလိုက်သည်။

    ယမန်နေ့က နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် မားစ်ရောဂါ ကာကွယ်တားဆီးရေး ညိနှိုင်းအစည်အဝေးတွင် ဒုတိယကျန်းမာရေးဝန်ကြီး ဒေါ်သိန်းသိန်းဌေးက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ပြန့်နှံ့မှုမြန်ဆန်သည့် အဆိုပါဗိုင်းရပ်စ်ပိုး တောင်ကိုရီးယားတွင် မကြာသေးမီက ကူးစက်နေမှုမှာ ရောဂါပိုးသန္ဓေတည်ရာ အရှေ့အလယ်ပိုင်းအပြင်ဘက်တွင် အကြီးဆုံး ကူးစက်ပြန့်နှံခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။

    ပြည်သူ့ကျန်းမာရေးဌာနမှ အထွေထွေဒါရိုက်တာဖြစ်သူ ဦးစိုးလွင်ငြိမ်းကလည်း မားစ်ရောဂါပိုး မြန်မာနိုင်ငံအတွင်း မပြန့်နှံ့စေးရေးအတွက် ကျန်းမာရေး တာဝန်ရှိသူများမှာ နိုင်ငံတကာလေဆိပ်များနှင့် နယ်စပ်စစ်ဆေးရေးဂိတ်များတွင် ခရီးသွားများအာ စောင့်ကြည့်လျက်ရှိနေသည်ဟု ပြောကြားခဲ့သည်။

    “လေဆိပ်တွေနဲ့ နယ်စပ်စစ်ဆေးရေးဂိတ်တွေမှာ ကျွန်တော်တို့ဟာ နိုင်ငံတကာက ရောက်လာသူတွေကို ကိုယ်အပူချိန် စောင့်ကြည့်စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်” ဟု ဒေါက်တာ စိုးလွင်ငြိမ်းက ပြောကြားခဲ့ပြီး မားစ်ရောဂါ ကူးစက်နေသည်ဟု သံသယရှိသူများကို ကုသမှုများပေးရန် မြို့နယ်အဆင့် ဆေးရုံများတွင်လည်း ပြင်ဆင်မှုများ ပြုလုပ်ထားသည်ဟုဆိုသည်။

    မားစ်ဗိုင်းရပ်စ်ပိုးကို ၂၀၁၂ ခုနှစ်က စတင်တွေ့ရှိခဲ့ရခြင်း ဖြစ်ပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံမှ လူပေါင်း ၁၃၀၀ ကျော်ကို ကူးစက်ခဲ့ကာ လူ ၄၅၀ ခန့် သေဆုံးခဲ့သည်။ လက်ရှိ တောင်ကိုရီးယားတွင် ကူးစက်နေသူ ၁၀၀ နီးပါး ရှိနေပြီး သေဆုံးသူမှာ ၇ ဦးအထိ ရှိလာပြီဖြစ်သည်။

    မြန်မာအစိုးရကမူ မားစ်ရောဂါကို ပိုမိုကောင်းမွန်သောပုံစံဖြင့် တားဆီးရေးအတွက် ဆွေးနွေးရန် သက်ဆိုင်ရာဝန်ကြီးဌာများနှင့် အစည်းအဝေးကျင်းပရန် စီစဉ်နေသည်။

    Ref: Bangkokpost

  • ခေတ်မီနေအိမ်များက ငှက်ဖျားရောဂါ ကူးစက်မှုကို ထက်ဝက် နီးပါး လျှော့ချနိုင်

    ခေတ်မီနေအိမ်များက ငှက်ဖျားရောဂါ ကူးစက်မှုကို ထက်ဝက် နီးပါး လျှော့ချနိုင်

    ဇွန် ၉၊ ၂၀၁၅
    M-Media

    malaria

    – ရွှံ့ဖြင့်ပြုလုပ်ထားသည့် အိမ်များနှင့် အခြားသော ရိုးရာအိမ်များကို ခေတ်မီအိမ်ရာများဖြင့် အဆင့်မြှင့်ခြင်းက ငှက်ဖျားရောဂါအန္တရာယ် အမြင့်ဆုံးဒေသများဖြစ်သော အာဖရိက၊ အာရှနှင့် တောင်အမေရိကနိုင်ငံများရှိ ပြည်သူများအတွက် ငှက်ဖျားရောဂါအန္တရာယ်ကို သိသိသာသာ လျော့ကျစေနိုင်သည်ဟု လေ့လာဆန်းစစ်မှု အသစ်အရ သိရသည်။

    ခြင်မှဖြစ်ပွားသော ငှက်ဖျားရောဂါ ပြည်သူများထံသို့ ကူးစက်မှု အန္တရာယ်နှင့်ပတ်သက်၍ နေအိမ်ပုံစံများ၏ သက်ရောက်မှုကို လေ့လာသော သိပ္ပံပညာရှင်များမှာ ခေတ်မီအိမ်တွင် နေထိုင်ကြသောသူများအနေဖြင့် သာမန် သမရိုးကျအိမ်များတွင် နေထိုင်သူများထက် ငှက်ဖျားရောဂါ ကူးစက်မှု ၄၇ ရာခိုင်နှုန်း လျော့ကျသည်ကို တွေ့ရှိခဲ့ရသည်။

    ထို့ပြင် တံစက်မြိတ်နှင့် မျက်နှာကျက်တို့အား အသေပိတ်ထားသော၊ ပြင်တင်းပေါက်များနှင့် တံခါးများတွင် လိုက်ကာ ကာထားသော အိမ်များတွင် နေထိုင်သူများမှာလည်း ငှက်ဖျားရောဂါ ကူးစက်မှု ၄၆ မှ ၆၅ ရာခိုင်နှုန်းမှ လျော့ကျသည်ကို တွေ့ခဲ့ရသည်။

    “အိမ်ရာတွေကို အဆင့်မြှင့်တင်တာက ကမ္ဘာတစ်ဝှမ်း ငှက်ဖျားရောဂါပြန့်နှံ့မှုကို လျှော့ချဖို့ ကြီးမားတဲ့ အလားအလာဖြစ်ပါတယ်” ဟု သုတေသနပြုမှုကို ပူးတွဲဦးဆောင်ခဲ့သော အင်္ဂလန်မြောက်ပိုင်း ဒူရ်ဟမ် တက္ကသိုလ်မှ ပါမောက္ခ စတီဗ် လင်ဆေးက ပြောကြားခဲ့သည်။

    ထို့ပြင် ငှက်ဖျားရောဂါအပါအ၀င် အင်းဆက်များမှ သယ်ဆောင်၍ ဖြစ်တတ်သည့် ကူးစက်ရောဂါကြီးများအား ကာကွယ်ရာတွင်လည်း အဆင့်မြင်အိမ်ရာများက အရေးပါသည်ဟု လင်းဆေးက ထည့်သွင်းပြောကြားခဲ့သည်။

    ငှက်ဖျားရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း နှစ်စဉ် လူ ၆ သိန်းခန့် သေဆုံးနေရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဆိုသည်။ သေဆုံးသူအများစုမှာ ဆာဟာရဒေသ အာဖရိကနိုင်ငံများမှ ရင်ခွင်ပိုက်များနှင့် ကလေးငယ်များ ဖြစ်ကြသည်။

    အဆိုပါ သုတေသနပြုမှုကို လင်ဆေး၊ လန်ဒန်ရှိ တစ်ကိုယ်ရေသန့်ရှင်ရေးနှင့် အပူပိုင်းဆေးဝါး တက္ကသိုလ်မှ သုတေသနပညာရှင် လူစီ တက်စ်တင်းတို့က ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင်ထုတ်ဝေသော ငှက်ဖျားဂျာနယ်၌ ဖော်ပြထားသည်။

    ၎င်းတို့၏ သုတေသနတွင် ခေတ်မီ အိမ်ရာများ၌ ငှက်ဖျားဖြစ်ပွားမှုနှင့် ရွှံ့၊ ကျောက်တုံး၊ ၀ါး သို့မဟုတ် သစ်သားနံရံများပါဝင်ပြီး သက်ကယ်မိုးထားသောအိမ်များ၊ ရွှံ့ သို့မဟုတ် သစ်သား အမိုးရှိပြီး မြေစိုက် သို့မဟုတ် သစ်သားခင်းထားသော အိမ်တို့များတွင် ငှက်ဖျားဖြစ်ပွားမှုတို့ကို နှိုင်းယှဉ်ထားသော လေ့လာမှု ၉၀ ကျော်ကို ဆန်းစစ်ခဲ့ကြခြင်းဖြစ်သည်။

    တက်စ်တင်းကမူ အိမ်ရာများ ခေတ်မီတိုးတက်အောင် ဆောင်ရွက်ခြင်းမှာ ပြည်သူ့ကျန်းမာရေး၏ အရေးကြီးသော မဏ္ဍိုင်တစ်ရပ်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • နေ့ဘက် ခဏတစ်ဖြုတ်အိပ်ခြင်းက ကျန်းမာရေးအတွက် အထောက်အကူပြု

    နေ့ဘက် ခဏတစ်ဖြုတ်အိပ်ခြင်းက ကျန်းမာရေးအတွက် အထောက်အကူပြု

    မတ် ၇၊ ၂၀၁၅
    M-Media

    nap

    – အအိပ်အနေနည်းခြင်းမှာ ကျန်းမာရေးအား ထိခိုက်နိုင်သည်ဟု သိရှိထားပြီး စမ်းသပ်မှု အသစ်များအရ နေ့အချိန်တွင် ခဏတဖြုတ် အိပ်စက်ခြင်းက ခန္ဓာကိုယ်၏ ကိုယ်ခံအားကို ကောင်းမွန်စေသည်ကို တွေ့ရှိခဲ့ရသည်။

    နေ့ဘက် ခဏတစ်ဖြုတ်အိပ်ခြင်းက စိတ်ဖိစီးမှုနှင့် ကိုယ်ခံစွမ်းအားကို မည်သို့ သက်ရောက်စေသည်နှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Université Paris Descartes-Sorbonne Paris Cité တက္ကသိုလ်တွင် မကြာသေးမီက ပြုလုပ်ခဲ့သော လေ့လာမှုတွင် ထိုကဲ့သို့ တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး နေ့လည်နေ့ခင်း မိနစ် ၃၀ ခန့် အိပ်စက်ခြင်းမှာ ကိုယ်ခံစွမ်းအားကို ပြန်လည်ရရှိစေသည်ဟု သုတေသနပညာရှင် ဘရိုက်စ် ဖာရွတ်က ပြောကြားခဲ့သည်။

    ဖာရွတ်နှင့် လုပ်ဖော်ကိုင်ဖက်များမှာ ကျန်းမာသော အမျိုးသား ၁၁ ယောက်အား ခေါ်ယူ၍ အစားအသောက်၊ အလင်းတို့ကို ကန့်သတ်ထားပြီး အရက်၊ ကဖင်းနှင့် ဆေးသောက်သုံးမှုတို့ လုံးဝမလုပ်ရသော ဓာတ်ခွဲခန်းတွင် အိမ်စက်ခြင်းနှင့်ပတ်သက်၍ ၃ ရက်စီ ၂ ကြိမ်ခွဲကာ စမ်းသပ်ခဲ့သည်။

    ပထမအကြိမ်၌ ၎င်းတို့အား တစ်ညတွင် ပုံမှန်အတိုင်း အိပ်စက်စေခဲ့ပြီး၊ ဒုတိယညတွင် ၂ နာရီသာ အိပ်စက်စေခဲ့ကာ၊ တတိယညတွင် ၎င်းတို့ ကြိုက်သလောက် အိပ်စက်စေခဲ့သည်။ ဒုတိယ အကြိမ်တွင်မူ ထိုကဲ့သို့ပင် အိပ်စက်စေခဲ့ပြီး နေ့ခင်းပိုင်းတွင် နာရီဝက်စီ ခဏတစ်ဖြုတ် အိပ်စက်ခိုင်းခဲ့သည်။

    ထို့နောက် ၎င်းတို့၏ ဆီးနှင့် တံတွေးနမူနာတို့ကို နေ့စဉ်ယူကာ စိတ်ဖိစီးမှုဖြစ်သည့်အခါ ခန္ဓာကိုယ်မှ ထုတ်လွှတ်ပေးသော ပဋိပစ္စည်းကို စမ်းသပ်ခဲ့ရာတွင် ညဘက်အိပ်စက်မှုနည်းသောနေ့၌ အဆိုပါ ပဋိပစ္စည်း ထုတ်လွှတ်မှုမှာ ပုံမှန်အိပ်စက်သည့်နေ့ထက် ပိုများနေပြီး နေ့ခင်းဘက် ခဏတစ်ဖြုတ် အိပ်စက်သည့် နေ့တွင်မူ ပုံမှန်အတိုင်းသာ ရှိသည်ကို တွေ့ရှိခဲ့ရသည်။

    ထို့ပြင် အအိပ်အနေနည်းခြင်းမှာ ကိုယ်ခံစွမ်းအားကို ထိန်းညှိပေးသော မော်လီကျူးများ ထွက်ခြင်းကို ထိခိုက်စေပြီး နေ့ခင်းဘက် ခဏတစ်ဖြုတ်အိပ်ခြင်းမှာ အဆိုပါ မော်လီကျူးကို ပုံမှန်အတိုင်း ထိန်းထားနိုင်ကြောင်းလည်း တွေ့ရှိခဲ့ရသည်။

    ဖာရွတ်ကမူ နေ့ခင်းဘက် ခဏတစ်ဖြုတ်အိပ်ခြင်းမှာ ညဘက်အိပ်ရေးပျက်ခြင်းအတွက် အကောင်းဆုံး ကုစားမှုဖြစ်ပြီး ၎င်းတို့၏ ထိုတွေ့ရှိချက်များကို လက်တွေ့ဘ၀တွင် စမ်းသပ်ရန် လိုအပ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • လက်ဖက်ရည်ကြမ်းက အရိုးပွရောဂါကို ကာကွယ်နိုင်

    လက်ဖက်ရည်ကြမ်းက အရိုးပွရောဂါကို ကာကွယ်နိုင်

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၅
    M-Media

    coffee

    – လက်ဖက်ရည်ကြမ်းအများအပြား သောက်သုံခြင်းက အရိုးပွခြင်းနှင့် ရိုးကျွတ်ဆတ်ခြင်းရောဂါကို ကာကွယ်နိုင်သည်ဟု ဂျပန်နိုင်ငံမှ သုတေသနပညာရှင်များ၏ လေ့လာမှုတစ်ခုတွင် တွေ့ရှိခဲ့ကြသည်။

    အရိုးပွခြင်းကြောင့် အသက်ကြီးသူများတွင် အရိုးကျိုးမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ရိုးရိုးနှပ်ထားသော လက်ဖက်ရည်ကြမ်းများက အသက်ကြီးသူများ၌ တွေ့ရသော အရိုးသိပ်သည်းမှုဆုံးရှုံးခြင်းကို တားဆီးပေးသည့် ဓာတ်ပစ္စည်းကို ထုတ်လုပ်ပေးသည်သည်။

    ယခုကဲ့သို့ တွေ့ရှိရခြင်းမှာ တစ်ကမ္ဘာလုံးတွင် သောက်သုံးနေကြသည့် လက်ဖက်ရည်ကြမ်း၏ အကျိုးကျေးဇူးနှင့်ပတ်သက်၍ နောက်ဆုံးထွက်ပေါ်လာသည့် အကျိုးကျေးဇူးတစ်ခုလည်း ဖြစ်သည်။

    အိုဆာကာတက္ကသိုလ်မှ ဂျပန်သုတေသနပညာရှင် ကီဇို နီရှီကာဝါ ဦးဆောင်သည့် သုတေသနအဖွဲ့မှ စမ်းသပ်မှုမျာအရ အရိုးတစ်ရှူးများကို ဖျက်ဆီးပစ်သော ဒီအန်အေ မီသိုင်း ထရန်ဖာရေ့စ်ဟုခေါ်သည့် အင်ဇိုင်းများ ဖြစ်ပေါ်လာခြင်းကို တားဆီးပေးသည့် ဓာတ်ပစ္စည်း TF 3 ကို လက်ဖက်ရည်ကြမ်းမှ ထုတ်လုပ်ပေးသည်ကို တွေ့ရှိခဲ့ရပြီး TF 3 အား အရိုးပွရောဂါ ခံစားနေရသော ကြွက်များတွင် ထိုးပေးခဲ့သည့်အခါ ရောဂါမှာ ပြန်လည်သက်သာလာကြောင်း တနင်္လာနေ့ထုတ် Nature Medicine
    ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။

    သို့သော်လည်း အရွယ်ရောက်ပြီး ကိုယ်အလေးချိန် ပေါင် ၁၃၀ ခန့်ရှိသည့် သူများတွင်မူ ၃ ရက်အတွင်း လက်ဖက်ရည်ကြမ်း အခွက် ၆၀ ခန့် သောက်သုံးမှသာ ထင်ရှားသည့် ခြားနားမှုကို တွေ့မြင်ရမည်ဟု ဆိုသည်။ အရိုးပွရောဂါမှာ အထူးသဖြင့် အသက်အရွယ် ကြီးရင့်သော အမျိုးသမီးကြီးများတွင် အဖြစ်များပြီး အိုမင်းသော လူများ များပြားသည့် ဂျပန်ကဲ့သို့ နိုင်ငံမျိုးတွင် မြင့်တက်လာသည့် ရောဂါမျိုးဖြစ်သည်။

    Ref: alarabiya