News @ M-Media

Tag: India

  • အိန္ဒိယမှ တစ်ကျော့ပြန်ကိုဗစ် ကျန်းမာရေးစနစ် ပြိုလဲမည့်အန္တရာယ် ရှိနေ

    အိန္ဒိယမှ တစ်ကျော့ပြန်ကိုဗစ် ကျန်းမာရေးစနစ် ပြိုလဲမည့်အန္တရာယ် ရှိနေ

    ဧပြီ ၁၈၊ ၂၀၂၁
    M-Media

    -အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကူးစက်မှု အလွန်အမင်း ပြန်လည်မြင့်တက်လာပြီး ကျန်းမာရေးစနစ် လဲပြိုသွားနိုင်တဲ့ အခြေအနေမျိုးအထိ ရောက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

    ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်မှု ၂ သိန်း ၆ သောင်းကျော် ရှိခဲ့ပြီး ၄ ရက်ဆက် ၂ သိန်းကျော်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စုစုပေါင်း ကူစက်မှု ၁၄.၇ သန်း ရှိပြီး အမေရိကန်ပြီးရင် ကမ္ဘာမှာ ဒုတိယအများဆုံး ကိုဗစ်ကူစက်တဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

    မနေ့က ကိုဗစ်ကြောင့် သေဆုံးသူ ၁၅၀၀ ရှိခဲ့ပြီး စုစုပေါင်း သေဆုံးမှုဟာ ၁၇၇၁၅၀ ဦး ရှိလာတာပါ။

    ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်လာတာကြောင့် ဆေးရုံနဲ့ ဆေးဝါး မလုံလောက်မှုတွေ ဖြစ်နေပြီး ဆိုးရွားတဲ့ ဒေသတစ်ချို့မှာ အစိုးရက ခေတ္တညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

    အာဏာရ BJP ပါတီဟာ လာမယ့်တစ်ပတ်အတွင်း လူအများအပြားပါဝင်မယ့် လူထုချီတက်ပွဲ အနည်းဆုံး ၂ ခုလုပ်ဖို့ စီစဉ်ထားသလို၊ ဟိန္ဒူဘာသာရေးပွဲတစ်ချို့လည်း နိုင်ငံတစ်ဝှမ်း ကျင်းပဖို့ ရှိတာကြောင့် လူစုလူဝေးများပြီး ကိုဗစ်ကူးစက်မှု အဆမတန် မြင့်တက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    Ref: Reuters

  • အိန္ဒိယနှင့်ပါကစ္စတန် သင့်မြတ်ရေး ကြားဝင်ဆောင်ရွက်ပေးနေကြောင်း ယူအေအီး ဖွင့်ဟ

    အိန္ဒိယနှင့်ပါကစ္စတန် သင့်မြတ်ရေး ကြားဝင်ဆောင်ရွက်ပေးနေကြောင်း ယူအေအီး ဖွင့်ဟ

    ဧပြီ ၁၅၊ ၂၀၂၁
    M-Media

    -ရန်ဘက်နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ ပြန်လည်သင့်မြတ်ပြီး ခိုင်မာတဲ့
    ဆက်ဆံရေး တည်ဆောက်နိုင်ဖို့အတွက် မိမိတို့က ကြားဝင်ဆောင်ရွက်ပေးနေတယ်လို့ အမေရိကန်ဆိုင်ရာ ယူအေအီးသံအမတ် ယူဆက်ဖ် အလ် အိုတိုင်ဘာက ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ပြန်လည်သင့်မြတ်ရေး လျှို့ဝှက် ဆောင်ရွက်နေကြပြီး ဇန်နဝါရီလက ဒူဘိုင်းမှာ နှစ်ဖက် ထောက်လှမ်းရေးအကြီးအကဲတွေဟာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။

    သံအမတ် အလ် အိုတိုင်ဘာက ကက်ရှ်မီးယားအရေး တင်းမာမှု လျော့ကျသွားပြီး ​အပစ်ရပ်ရေးသဘောတူညီချက်ရဖို့၊ အဲဒီကနေတစ်ဆင့် နှစ်နိုင်ငံ ကောင်းမွန်ပြေလည်တဲ့ ဆက်ဆံရေး ထူထောင်နိုင်ဖို့ ယူအေအီးက ကြားဝင်ဆောင်ရွက်ပေးနေတယ်လို့ စတန်းဖို့ဒ်တက္ကသိုလ်နဲ့ မနေ့က အွန်လိုင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

    “အကောင်းဆုံးမိတ်ဆွေ​တွေ ဖြစ်လာအောင် သူတို့ ဆောင်ရွက်နေတာမျိုး မဟုတ်ပေမယ့် အနည်းဆုံးတော့ အလုပ်ဖြစ်တဲ့၊ တစ်ယောက်နဲ့တစ်ယောက် ပြောလို့ဆိုလို့ရတဲ့ အဆင့်မျိုးကို ကျွန်တော်တို့ လိုချင်ပါတယ်”

    အိန္ဒိယနဲ့ ပါကစ္စတန် စစ်တပ်တို့ဟာ ကက်ရှ်မီးယားက LoC နယ်ခြားစည်းမျဉ်းတစ်ယောက် အပစ်ရပ်ရေး ၂၀၀၃ ခုနှစ် သဘောတူညီချက်ကို ဆက်လက်လိုက်နာသွားမယ်လို့ ဖေဖော်ဝါရီလက အံ့အားသင့်ဖွယ် ပူးတွဲကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီနောက် ရက်အနည်းငယ်အကြာမှာပဲ ပါကစ္စတန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် ကမား ဂျာဝိဒ် ဘဂျ်ဝါးက အတိတ်ကကိစ္စတွေကို မေ့ပစ်ပြီး ရှေ့ဆက် ပူးပေါင်းဆောင်ရွက်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။

    နှစ်နိုင်ငံဝန်ကြီးချုပ်တွေကလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ အပြန်အလှန် စာတွေပေးပို့ခဲ့ပြီး ဖော်ရွေပျူငှာတဲ့ဆက်ဆံရေးမျိုး လိုချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အိန္ဒိယကို ထွက်ပြေးခိုလှုံသွားသည့် ရဲတပ်ဖွဲ့၀င်ဦးရေ ၂၀၀ နီးပါးရှိလာ

    အိန္ဒိယကို ထွက်ပြေးခိုလှုံသွားသည့် ရဲတပ်ဖွဲ့၀င်ဦးရေ ၂၀၀ နီးပါးရှိလာ

    မတ် ၁၃၊ ၂၀၂၁
    M-Media

    – အာဏာသိမ်းစစ်ကောင်စီအောက်မှာ တာ၀န်မထမ်းဆောင်လိုတဲ့အတွက် အိန္ဒိယကို ထွက်ပြေးခိုလှုံသွားတဲ့ ရဲတပ်ဖွဲ့၀င်အရေအတွက်ဟာ ၂၀၀ နီးပါး ရှိလာပြီလို့ သိရပါတယ်။

    ဖေဖော်၀ါရီနှောင်းပိုင်းကစပြီး မြန်မာဖက်ကရဲတွေနဲ့ မိသားစု၀င်တွေဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံလာတာ ဖြစ်ပါတယ်။ မနေ့ကအထိ စုစုပေါင်း ၂၆၄ ဦးရှိပြီး အဲဒီအထဲက ၁၉၈ ဦးဟာ ရဲတပ်ဖွဲ့၀င်တွေဖြစ်ကာ ကျန်တာက မိသားစု၀င်တွေ ဖြစ်ပါတယ်။

    အာဏာသိမ်းစစ်ကောင်စီရဲ့ အမိန့်တွေကို မနာခံနိုင်တော့လို့ အခုလို ထွက်ပြေးလာတာလို့ ရဲတပ်ဖွဲ့၀င်တွေက အိန္ဒိယတာ၀န်ရှိသူတွေ၊ မီဒီယာတွေကို ဖြေကြားထားပါတယ်။
    အခုတစ်ပတ်အစောပိုင်းကလည်း ရဲတပ်ဖွဲ့၀င် ၄ ဦးက အထက်အရာရှိတွေဟာ ဆန္ဒပြသူတွေကို အသေပစ်သတ်ဖို့ အမိန့်ပေးခဲ့ပြီး ဒီအမိန့်ကို သူတို့ ဖီဆန်ကာ ထွက်ပြေးခဲ့ကြောင်း ရိုက်တာသတင်းဌာနကို ဖွင့်ဟခဲ့ပါတယ်။

    ဆန္ဒပြတဲ့အထဲမှာ မပါ၀င်တဲ့သူတွေ၊ ဘေးကရပ်ကြည့်နေသူတွေအပါအ၀င် တွေ့သမျှလူကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ရိုက်နှက်နှိပ်စက်တာတွေ လုပ်ဆောင်တယ်လို့ ခိုလှုံသွားတဲ့ နောက်ထပ် ရဲတပ်ဖွဲ့၀င်တစ်ဦးက မနေ့မှာ ထပ်မံဖွင့်ပြောခဲ့ပါတယ်။

    “ပထမတစ်ချက်က စစ်အာဏာရှင်လက်အောက်မှာ ဆက်လက် တာ၀န်မထမ်းဆောင်ချင်တော့တဲ့အတွက် အိန္ဒိယကို ထွက်ပြေးလာတာပါ။ နောက်တစ်ချက်က အာဏာရှင်လက်အောက်ကထွက်ပြီး ပြည်သူတွေနဲ့ ပူးပေါင်းတိုက်ပွဲ၀င်ရင် စစ်အာဏာရှင်ကို အနိုင်တိုက်နိုင်မယ်လို့ ယုံကြည်လို့ပါ” လို့ အမည်မဖော်လိုတဲ့ အဲဒီရဲက ပြောကြားခဲ့ပါတယ်။

    စစ်ကောင်စီဟာ အိန္ဒိယရောက်သွားတဲ့ ရဲတပ်ဖွဲ့၀င် အနည်းဆုံး ၈ ဦးကို ပြန်လွှဲပေးဖို့ စာပို့ခဲ့ပြီး အိန္ဒိယအစိုးရကလည်း ပြန်ပို့ခဲ့ပါတယ်။

    Ref: AFP

  • မြန်မာဖက်မှ ၀င်ရောက်ခိုလှုံမှုကို တားဆီးရန် အိန္ဒိယက နယ်စပ်ကို တင်းကြပ်

    မြန်မာဖက်မှ ၀င်ရောက်ခိုလှုံမှုကို တားဆီးရန် အိန္ဒိယက နယ်စပ်ကို တင်းကြပ်

    မတ် ၆၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံဖက်က ၀င်ရောက်ခိုလှုံတာတွေကို တားဆီးဖို့အတွက် နယ်စပ်မှာ ရဲနဲ့စစ်သားတွေ လှည့်လည်စောင့်ကြပ်မှုကို တိုးမြှင့်ထားတယ်လို့ အိန္ဒိယက ထုတ်ပြန်ပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အာဏာသိမ်းစစ်အစိုးရလက်အောက်မှာ တာ၀န်မထမ်းဆောင်လိုတဲ့ ရဲတပ်ဖွဲ့၀င်တွေနဲ့ မိသားစု၀င် စုစုပေါင်း ၃၀ ကျော်လောက် အိန္ဒိယဖက်က မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံခဲ့တာပါ။

    “အခုအချိန်ကစပြီး ကျွန်တော်တို့ ဘယ်သူ့ကိုမှ ၀င်ခွင့်မပေးတော့ပါဘူး” လို့ မီဇိုရမ်ပြည်နယ်အစိုးရ တာ၀န်ရှိသူ မာရီယာ ဇွာလီက ပြောပါတယ်။

    မြန်မာ-အိန္ဒိယနယ်စပ်မှာ အရင်ကတည်းက ကင်းလှည့်စောင့်ကြပ်မှုတွေ ခပ်စိပ်စိပ်လုပ်ပေမယ့် နယ်စပ်ထိစပ်မှုက ရှည်လျားတာကြောင့် လက်လှမ်းမမီတဲ့ လမ်းကြောင်းတွေကနေ ၀င်ရောက်လာကြတယ်လို့ မီဇိုရမ် ရဲတပ်ဖွဲ့ရဲ့ အကြီးတန်းတာ၀န်ရှိသူတစ်ဦးက ဆိုပါတယ်။

    မတ်လ ၄ ရက်နေ့အထိ မြန်မာဖက်က ၀င်ရောက်လာတာတွေ ရှိနေပြီး နောက်ထပ်လည်း ၀င်လာမယ်လို့ မျှော်လင့်ထားတာကြောင့် နယ်စပ်က တစ်ချို့နေရာတွေမှာ လူ ၃၀-၄၀ လောက် နေထိုင်နိုင်ဖို့ စီစဥ်ထားတယ်လို့လည်း ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။

    အိန္ဒိယဟာ မြန်မာစစ်တပ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေပြီး ရဲတပ်ဖွဲ့၀င်တွေ ၀င်ရောက်ခိုလှုံလာတာက ဒီဆက်ဆံရေးကို ထိခိုက်စေနိုင်တာကြောင့် နယ်စပ်ကို ပိုမို တင်းတင်းကြပ်ကြပ် စောင့်ကြည့်ဖို့ ကြိုးစားလာတာလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး ခွဲထွက်ရေးလှုပ်ရှားနေတဲ့ အိန္ဒိယက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အိန္ဒိယအစိုးရရဲ့ ပန်ကြားမှုကြောင့် ပြီးခဲ့တဲ့နှစ်ပိုင်းမှာ မြန်မာစစ်တပ်က ရှင်းလင်းပေးထားတာ ဖြစ်ပါတယ်။
    Ref: Times of India

    မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး ခွဲထွက်ရေးလှုပ်ရှားနေတဲ့ အိန္ဒိယက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အိန္ဒိယအစိုးရရဲ့ ပန်ကြားမှုကြောင့် ပြီးခဲ့တဲ့နှစ်ပိုင်းမှာ မြန်မာစစ်တပ်က ရှင်းလင်းပေးထားတာ ဖြစ်ပါတယ်။

    Ref: Times of India

  • စစ်အာဏာရှင်ကိုမကြိုက်၍ ရဲ ၃ ဦး အိန္ဒိဖက်သို့ ထွက်ပြေးခိုလှုံ

    စစ်အာဏာရှင်ကိုမကြိုက်၍ ရဲ ၃ ဦး အိန္ဒိဖက်သို့ ထွက်ပြေးခိုလှုံ

    မတ် ၄၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီရဲ့အမိန့်ကို မနာခံလိုတဲ့အတွက် ရဲတပ်သား ၃ ဦးဟာ မီဇိုရမ်ပြည်နယ်ကို ဝင်ရောက်ခိုလှုံလာတယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    ဗန်လိုင်ဖိုင်ဆိုတဲ့မြို့လေးကို မနေ့က နေ့လည်ပိုင်းက လာရောက်ခိုလှုံခဲ့တာဖြစ်ပြီး
    ဒေသခံအာဏာပိုင်တွေက ကျန်းမာရေးစစ်ဆေးကာ၊ နေဖို့ထိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။

    “စစ်အစိုးရက ပေးတဲ့အမိန့်ကို မနာခံလိုဘဲ စစ်အုပ်ချုပ်ရေးအောက်မှာလည်း မနေချင်တဲ့အတွက် ဝင်ရောက်ခိုလှုံလာတာ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်” လို့ မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့က ​တာဝန်ရှိသူ စတီဖင် လာရီနော်မာက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံက ဖိနှိပ်ချုပ်ချယ်မှုကြောင့် ချင်းလူမျိုးတွေ၊ ရိုဟင်ဂျာတွေအပါအဝင် တိုင်းရင်းသားနည်းစု ထောင်နဲ့ချီ မီဇိုရမ်မှာ သွားရောက်ခိုလှုံနေရပါတယ်။

    Ref: Reuters