မတ် ၃၀၊ ၂၀၁၈
M-Media
သတိပေးချက် – ဤမှတ်တမ်းရုပ်ရှင်တွင် စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာ ပုံရိပ်များ ပါဝင်ပါသည်။
Source – Aljazeera
မတ် ၃၀၊ ၂၀၁၈
M-Media
သတိပေးချက် – ဤမှတ်တမ်းရုပ်ရှင်တွင် စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာ ပုံရိပ်များ ပါဝင်ပါသည်။
Source – Aljazeera
မတ် ၂၇၊ ၂၀၁၈
M-Media
– အိန္ဒိယနိုင်ငံ အလယ်ပိုင်း မဒ်ရာပရာဒက်ရှ်ပြည်နယ်ရှိ တရားမ၀င် သဲတူးဖော်သည့်လုပ်ငန်းအကြောင်း သတင်းလိုက်နေသည့် ဂျာနယ်လစ်တစ်ဦးမှာ ယမန်နေ့က ကားဖြင့် တိုက်သတ်ခံခဲ့ရသည်ဟု သိရသည်။
အသက် ၃၅ နှစ်အရွယ် ဆန်ဒီဘ် ရှရ်မာဖြစ်ပြီး ယမန်နေ့မနက်ပိုင်းက ဘီဟင်ခရိုင်တွင် ဆိုင်ကယ်ဖြင့် သွားနေစဉ် ထရပ်ကားတစ်စီး၏ တိုက်သတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းအား ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ရရှိသည့်ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့သည်။
ခရိုင်ရဲတပ်ဖွဲ့မှ လက်ထောက် စုံစမ်းစစ်ဆေးရေးမှူး ရှီလန်ဒရာ ဆင်း ကက်ရှ်ဝါဟာက ကားသမားနှင့် ထရပ်ကားတို့ကို ဖမ်းဆီးထားကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။
ရှရ်မာမှာ ပြည်နယ်အတွင်းရှိ တရားမ၀င် သဲတူးဖော်မှုဂိုဏ်း၏ လုပ်ငန်းများတွင် ရဲတပ်ဖွဲ့ဝင်များ ပါဝင်နေသည်ဟု ယခင်က ပြောကြားခဲ့ဖူးပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေသတွင်းရုပ်သံ News World တွင် နှစ်ကြိမ်တိုင်တိုင်ဖော်ပြခဲ့သည်။
သဲခိုးဂိုဏ်းအကြောင်း သတင်းလိုက်မှုနှင့်ပတ်သက်၍ အသက်အန္တရာယ် စိုးရိမ်သည့်အတွက် ရဲတပ်ဖွဲ့၏ စောင့်ရှောက်မှုကို ရရှိရန် ရှရ်မာက တောင်းဆိုခဲ့ဖူးသည်။
ဘီဟင် စာနယ်ဇင်းကလပ်ဥက္ကဌ ဆသ်ယာနာရာယန် ရှရ်မာက ဆန်ဒီဘ် ရှရှ်မာမှာ ‘ရဲရင့်သည့်ဂျာနယ်လစ်’ တစ်ဦးဟု ချီးကျူးခဲ့ပြီး ပြီးခဲ့သည့်လအနည်းငယ်က သဲခိုးဂိုဏ်းအကြောင်း ၎င်း၏ ဖော်ထုတ်မှုတွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့တစ်ဦး၏ ခြိမ်းခြောက်မှုကို ခံနေရသူဖြစ်သည်ဟု ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၏ နေရာအများအပြားတွင် သဲတူးမှုကို တရားမ၀င်အဖြစ် သတ်မှတ်ထားသော်လည်း မြေပြင်တွင် လုပ်ကိုင်မှုများ ရှိနေသည်။
Ref: Aljazeera
မတ် ၂၃၊ ၂၀၁၈
M-Media
– အမဲသားပို့ဆောင်သည်ဟူသော စွပ်စွဲချက်ဖြင့် မွတ်စလင်တစ်ဦးအား ရိုက်နှက်သတ်ဖြတ်ခဲ့မှုတွင် ပါဝင်သူ ၁၁ ဦးကို အိန္ဒိယတရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး “နွားစောင့်ရှောက်ရေး” နှင့်ပတ်သက်၍ ပထမဆုံး ပြစ်ဒဏ်ချမှတ်မှု ဖြစ်သည်။
ပြီးခဲ့သည့်နှစ်ဇွန်လတွင် နိုင်ငံအရှေ့ပိုင်း ဂျာ့ခ်လန်းပြည်နယ်တွင် ဖြစ်ပွားခဲ့သော အဆိုပါအဖြစ်အပျက်မှာ ဟိန္ဒူဘာသာက အထွဋ်အမြတ်ထားသည့် နွားကာကွယ်စောင့်ရှောက်ရေးနှင့် ဆက်စပ်သော တိုက်ခိုက်မှုများမှ တစ်ခုလည်းဖြစ်သည်။
ပြစ်မှုထင်ရှားသူများတွင် ၀န်ကြီးချုပ် နရန်ဒရာမိုဒီ၏ အာဏာရပါတီမှ အလုပ်သမားတစ်ဦး ပါဝင်သည်။
သတ်ဖြတ်မှုတွင် ပါဝင်သူများကို လူသတ်မှု၊ အဓိကရုဏ်းဖန်တီးမှု၊ အခြား ရာဇ၀တ်မှုများဖြင့် တရားစွဲဆိုကာ ဂျာ့ခ်လန်းပြည်နယ်ရှိ ရမ်ဂါခရိုင် တရားရုံးက ဗုဒ္ဓဟူးနေ့တွင် ပြစ်ဒဏ်ချခဲ့ခြင်းဖြစ်သည်။
“တရားရုံးက မြန်မြန်ဆန်ဆန်ပဲ စစ်ဆေးပြီး မနေ့မှာ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ ဒါဟာ နွားစောင့်ရှောက်တဲ့ကိစ္စမှာ ကျူးလွန်သူတွေကို ပထမဆုံး တရားစွဲဆို အပြစ်ပေးမှုဖြစ်ပါတယ်” ဟု ရမ်ဂါခရိုင်မှ အကြီးတန်း ရဲတပ်ဖွဲ့ဝင် ရာဂျစ်ကူးမားက ပြောကြားခဲ့သည်။
သတ်ဖြတ်မှုအတွက် လူ ၁၂ ဦးကို ဖမ်းဆီးခဲ့သော်လည်း တရားရုံးက ၁၁ ဦးကိုသာ ပြစ်ဒဏ်ချခဲ့ပြီး ၁၂ ဦးမြောက်မှာ အသက်မပြည့်သေးသည့်အတွက် ဆိုင်းငံ့ထားခဲ့သည်ဟု ကူးမားက ထည့်သွင်းပြောဆိုခဲ့သည်။
ကျွဲနွားများပေါ်ကာ ရောင်းချမှုနှင့်ပတ်သက်၍ ရုန်းရင်းဆန်ခတ်ဖြစ်မှုများကို အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့်နှစ်များအတွင်း ပိုမို တွေ့လာခဲ့ရသည်။ ဂျာခ့်လန်းအပါအ၀င် တစ်ချို့ပြည်နယ်များတွင် နွားများအား သတ်ဖြတ်မှုကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားသည်။
မွတ်စလင်များနှင့် ဟိန္ဒူဇာတ်နိမ့်များမှာ နွားများအား ပေါ်ခြင်းနှင့် စားသုံးခြင်းတို့အတွက် ဟိန္ဒူဇာတ်မြင့်များ၏ ပစ်မှတ်ထားတိုက်ခိုက်မှုကို ခံခဲ့ရပြီး အချို့အမှုများမှာ တရားရုံးတွင် ကြားနားဆဲအခြေအနေတွင် ရှိနေသည်။
Ref: Alarabiya
မတ် ၃၀၊ ၂၀၁၈
M-Media
– ၂၀၁၄ ခုနှစ်မှာ IS ရဲ့ ပြန်ပေးဆွဲမှုကို ခံခဲ့ရတဲ့ အိန္ဒိယအလုပ်သမား ၃၉ ဦးဟာ သတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့ ရုပ်ကြွင်းတွေကို စစ်ဆေးပြီးတဲ့နောက် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ရှူမာ ဆွာရက်ဂ်ျက ဒီကနေ့ လွှတ်တော်မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။
IS အကြမ်းဖက်အဖွဲ့ရဲ့ သိမ်းပိုက်မှုကို ခံခဲ့ရတဲ့ မူဆိုးလ်မြို့က လူ ၃၈ ဦး အစုလိုက်အပြုံလိုက် မြှုပ်နှံထားရာ နေရာတစ်ခုက ရုပ်ကြွင်းတွေကို DNA စစ်ဆေးရာမှာ ပျောက်ဆုံးသွားတဲ့ အိန္ဒိယနိုင်ငံသားတွေရဲ့ DNA နဲ့ သွားတူခဲ့တာပါ။
နိုင်ငံခြားရေးဝန်ကြီးက ဒီရုပ်ကြွင်းတွေကို အထူးလေယာဉ်နဲ့ သွားရောက်ယူဆောင်မယ်လို့လည်း လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
မူဆိုးလ်အခြေစိုက် Tariq Nur Al Huda ကုမ္ပဏီက အိန္ဒိယအလုပ်သမား ၄၀ လောက် IS ရဲ့ ပြန်ပေးဆွဲမှုကို ခံရပြီး တစ်ယောက်က ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၁၄ ခုနှစ် ဇွန်လမှာ အတည်ပြုခဲ့ပါတယ်။
၂၀၁၄ ခုနှစ်အတွင်းမှာ IS အကြမ်းဖက်အဖွဲ့ဟာ မူဆိုးလ်အပါအ၀င် အီရတ်နိုင်ငံရဲ့ ဒေသတော်တော်များများကို သိမ်းပိုက်ခဲ့ပြီး အီရတ်အစိုးရက ၃ နှစ်ကြာထိုးစစ်နဲ့ IS တွေကို ပြန်တိုက်ထုတ်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ အီရတ်ဝန်ကြီးချုပ် ဟိုက်ဟာ အလ်-အာဘာဒီက IS အဖွဲ့ကို လုံးဝ ချေမှုန်းနိုင်ကြောင်း ကြေငြာခဲ့ပါတယ်။
Ref: Aljazeera
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၈
M-Media
– အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်ရဲ့ ဘာရ်နာလာခရိုင် မွန်းဆိုတဲ့ရွာမှာ မွတ်စလင်တွေ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ဖို့အတွက် ဟိန္ဒူဘရာမင်တွေက မြေလှူဒါန်းခဲ့ကာ ဆစ်လူမျိုးတွေက ရန်ပုံငွေ ထည့်ဝင်ခဲ့ကြပြီး အိန္ဒိယရဲ့ ဘာသာစုံ လူမျိုးစုံ ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြနေတာ ဖြစ်ပါတယ်။
ဘရာမင်တွေ၊ ဆစ်တွေဟာ မြေတွေ၊ ငွေကြေးတွေ လှူဒါန်းရုံသာမကဘဲ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်မှုမှာလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ကြပါတယ်။
“အခုအချိန်အထိ ကျွန်တော်တို့ဟာ ရွာမှာရှိတဲ့ ဘာဘာ မိုမင်ရှား ဂူဗိမာန်က အခန်း ၂ ခုမှာ ၀တ်ပြုနေရတာပါ။ ဒါပေမယ့် ဘရာမင်ဘုန်းတော်ကြီးက မြေ ၂ ဧက လှူဒါန်းခဲ့တာကြောင့် ဗလီစဆောက်နေပါတယ်။ မြေပဲပေးတာမဟုတ်ပါဘူး။ ဆောက်လုပ်ရေးမှာလည်း လာရောက်ကူညီခဲ့ကြပါတယ်။ ရန်ပုံငွေရဖို့လည်း သူတို့ စီစဉ်ပေးပါတယ်” လို့ အသက် ၄၀ အရွယ် နာဂျင်ခန်းက ပြောကြားခဲ့ပါတယ်။
နာဂျင်ခန်းဟာ သူ့ရဲ့ညီဖြစ်သူ ဂျက်စ်ဗီရ်ခန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းကို ကြီးကြပ်တာ ဖြစ်ပါတယ်။
“ဆစ်ခ်ညီအစ်ကိုတွေအပါအ၀င် ရွာသားတွေက ရန်ပုံငွေ လှူဒါန်းကြတယ်။ နောက်ထပ် လနည်းငယ်လောက်မှာ ဆောက်လုပ်ရေးလုပ်ငန်း ပြီးစီးမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်”
ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရေး ဦးစီးဦးဆောင်ပြုခဲ့တဲ့ ဘရာမင်ဘုန်းတော်ကြီး ပူရ်ရှိုတန် လာလ်က သူတို့အနေနဲ့ ဒီလို လှူဒါန်းတာဟာ သူတို့ရဲ့တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ဟာ အဲဒီနားမှာပဲ ရှီဗာဘုရားကျောင်းတစ်ခု ဆောက်နေတယ်။ ရွာမှာ ဆစ်ခ်ဘုရားကျောင်းလည်း ရှိပါတယ်။ ဒါ့ကြောင့် ဗလီဝတ်ကျောင်းတော်တစ်လုံး ဒီမှာဆောက်လုပ်ဖို့ဟာ ကျွန်တော်တို့ရဲ့ အိပ်မက်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော့်အမြင်အရတော့ ဘယ်ဘာသာဖြစ်ဖြစ် လူဆိုတာ လူပါပဲ။ ပန်ချာဘီတစ်ယောက်အဖြစ် ကျွန်တော်တို့ဟာ ဘာသာရေးမနွယ်တဲ့ စိတ်သဘောထားမျိုးကို ငယ်ငယ်ကလေးကတည်းက သင်ကြားခဲ့ရပါတယ်။ ဒီလို စိတ်သဘောထားကပဲ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာ ဖြစ်ပါတယ်”
မက်စ်တာရ်လို့ခေါ်တဲ့ နောက်ရွာသားတစ်ယောက်က ဗလီဝတ်ကျောင်းတော် ဆောက်လုပ်နေတာကြောင့် ရွာက လူ့အဖွဲ့အစည်း ၃ ခုစလုံးအတွက် ၀တ်ပြုရာနေရာတွေ ရှိသွားပြီလို့ ဆိုပါတယ်။
“ဒါဟာ ကျန်တဲ့ အိန္ဒိယတစ်နိုင်ငံလုံး အတုယူရမယ့် ပန်ဂျဘ်နဲ့ ပန်ချာဘီလူမျိုးတို့ရဲ့ စံနမူနာပါပဲ။ နိုင်ငံရေးသမားတွေက နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် ကျွန်တော်တို့ကြားထဲမှာ ဘယ်လောက်ပဲ အမုန်းတရားပွားအောင် လုပ်နေပါစေ၊ ကျွန်တော်တို့ဟာ သူတို့ထောင်ချောက်ထဲ မ၀င်ဘူးဆိုတာကို ဒီလုပ်ရပ်က ပြတ်ပြတ်သားသား ပြောနေတာပါ”
မွန်းရွာမှာ ဆစ်ခ်ဘာသာဝင်တွေ ၄၀၀၀ ၀န်းကျင်လောက်ရှိပြီး၊ ဟိန္ဒူနဲ့ မွတ်စလင်တွေက ၄၀၀ စီလောက်သာ ရှိပါတယ်။ နှစ်ပေါင်း ၃၀၀ ကျော် သက်တမ်းရှိတဲ့ ဒီဒေသလေးဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ လူမှုသဟဇတဖြစ်မှုတွေ သမိုင်းနဲ့ချီ ရှိခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။
Ref: Times of India