News @ M-Media

Tag: India

  • အိန္ဒိယ၀န်ကြီးချုပ်၏ တရုတ်နှင့် မြန်မာသို့ ၅ ရက်တာခရီး ယနေ့တွင် စတင်

    အိန္ဒိယ၀န်ကြီးချုပ်၏ တရုတ်နှင့် မြန်မာသို့ ၅ ရက်တာခရီး ယနေ့တွင် စတင်

    စက်တင်ဘာ ၃၊ ၂၀၁၇
    M-Media

    – တရုတ်နှင့် မြန်မာနိုင်ငံတို့ကို သွားရောက်မည့် အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီ၏ ခရီးစဉ်မှာ ယနေ့တွင် စတင်ခဲ့သည်ဟု သိရသည်။

    တရုတ်နိုင်ငံ၌ ၃ ရက်တာကြာမြင့်မည့် ခရီးစဉ်တွင် မိုဒီမှာ BRICS Summit အစည်းအဝေးကို တက်ရောက်မည်ဖြစ်ပြီး ခရီးစဉ်၏ ဒုတိယပိုင်းအဖြစ် မြန်မာနိုင်ငံသို့ လာရောက်ကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ လုံခြုံရေးနှင့် အကြမ်းဖက်တိုက်ဖျက်ရေး ကိစ္စများကို ဆွေးနွေးမည်ဖြစ်သည်။

    ယမန်နေ့က ထုတ်ြပန်သည့် ကြေငြာချက်တွင် မိုဒီက ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့ ပါဝင်သည့် BRICS Summit တွင် အပြုသဘောဆောင်သည့် ရလဒ်များ ထွကပေါ်ရန် မျှော်လင့်ပြီး၊ ယမန်နှစ်က ဂိုအာတွင် ပြုလုပ်ခဲ့သော ထိပ်သီးအစည်းအဝေးတွင် ၎င်းနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့အကြား ဆွေးနွေးမှုရလဒ်များကို အရှိန်မြှင့်တင်ရေး ဆောင်ရွက်သွားမည်ဟု ဆိုသည်။

    တရုတ်နှင့် အိန္ဒိယတို့မှာ တိဘက်ရှိ အငြင်းပွားနယ်စပ်နှင့်ပတ်သက်၍ ၇၃ ရက်ကြာ တင်းမာမှု ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့်သီတင်းပတ်နှောင်းပိုင်းမှ ပြေလည်သွားခြင်းဖြစ်သည်။

    ယခုခရီးစဉ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်လည်း တွေ့ဆုံရန် ရှိနေသည်။

    မိုဒီမှာ မြန်မာနိုင်ငံသို့ စက်တင်ဘာ ၅ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ပြီး ၇ ရက်နေ့တွင် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

    မိုဒီက မိမိတို့နှင့် မြန်မာနိုင်ငံမှာ လုံခြုံရေး၊ အကြမ်းဖက်တိုက်ဖျက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ အခြေခံအဆောက်အဦး၊ စွမ်းအင်နှင့် ယဉ်ကျေးမှုဆိုင်ရာ လက်ရှိ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

    ထို့ပြင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်သည့် ပူးပေါင်းဆောင်ရွက်ရေးအတွက် လမ်းပြမြေပုံတစ်ခု ဖော်ဆောင်ရေး အကူအညီဖြစ်စေမည်ဟုလည်း မိုဒီက မျှော်လင့်နေသည်။

    မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် မိုဒီမှာ ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သွားရောက်ရန် ရှိပြီး သမ္မတဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံသွားမည်ဖြစ်သည်။

    ဒေါ်အောင်ဆန်းစုကြည်မှာ ပြီးခဲ့သည့်နှစ်က အိန္ဒိယသို့ သွားရောက်လည်ပတ်ခဲ့သည်။

    Ref: NDTV

  • မွမ်ဘိုင်းတွင် ၄ ထပ်တိုက် ၁ လုံး ပြိုကျပြီး လူ ၄၀ ခန့် အသက်အန္တရာယ် စိုးရိမ်ရ

    မွမ်ဘိုင်းတွင် ၄ ထပ်တိုက် ၁ လုံး ပြိုကျပြီး လူ ၄၀ ခန့် အသက်အန္တရာယ် စိုးရိမ်ရ

    သြဂုတ် ၃၁၊ ၂၀၁၇
    M-Media

    – အိန္ဒိယနိုင်ငံ စီးပွားရေးမြို့တော် မွမ်ဘိုင်းတွင် လူနေ ၄ ထပ်တိုက်တစ်လုံး ပြိုကျမှုကြောင့် အနည်းဆုံး ၁ ဦးသေဆုံးပြီး ၄၀ ခန့်မှာ အပျက်အဆီးများအောက်တွင် ပိတ်မိနေကာ သေဆုံးသူစာရင်းမှာ မြင့်တက်လာဖွယ် ရှိနေသည်။

    လူနေထူထပ်သည့် ဘန်ဒီဘဇားဧရိယာတွေင် ယနေ့မနက် ဒေသစံတော်ချိန် ၈ နာရီ ၄၀ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အပျက်အဆီးများကြားမှ အလောင်းတစ်လောင်း ရရှိထားသည်ဟု အိန္ဒိယအာဏာပိုင်များက ပြောကြားခဲ့သည်။

    မွမ်ဘိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့သည်ဟု စောစောပိုင်းက အစိုးရမှ သတင်းထုတ်ပြန်ထားသည်။

    ယခု တိုက်ပြိုကျမှုအတွင်း ၄ ဦးကို အသက်ရှင်လျက် ကယ်တင်ထားနိုင်ပြီး အပျက်အဆီးများအောက်တွင် ပိတ်မိနေသူ အများအပြား ရှိနေသည်။

    “အထဲမှာ လူ ၄၀ လောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။ လူ ၄၃ ယောက်ပါတဲ့အဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်” ဟု အိန္ဒိယ အမျိုးသား ဘဘာဝဘေး ကယ်ဆယ်ရေး အဖွဲ့ (NDRF) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ထိုအဆောက်အဦးတွင် မိသားစု ၈ စုမှ ၉ စုအထိ နေထိုင်ဖွယ်ရှိသည်။ မိုးရာသီတွင် မိုးသည်းထန်စွာရွာသွန်ပြီး ရေကြီးမှုကြောင့် အိန္ဒိယတွင် အဆောက်အဦးများ ပြိုကျမှုမှာ ပုံမှန်လိုလိုဖြစ်ပွားလေ့ရှိသည်။

    Ref: CNA

  • Bollywood အထိရိုက်ခတ်လာတဲ့ အိန္ဒိယက အိမ်သာပြဿနာ

    Bollywood အထိရိုက်ခတ်လာတဲ့ အိန္ဒိယက အိမ်သာပြဿနာ

    သြဂုတ် ၃၀၊ ၂၀၁၇
    M-Media

    – သြဂုတ်လ ၁၁ ရက်နေ့မှာ ဘောလီးဝုဒ် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ Toilet: Ek Prem Katha ကို ရုံတင်ပြသခဲ့ပါတယ်။

    နိုင်ငံအတွင်း ရှေးရိုးစွဲ အစဉ်အလာကြောင့် အိမ်ထဲမှာ အိမ်သာမထားဘဲ အပေါ့အလေးကို အိမ်ပြင်ထွက်စွန့်ရတဲ့အနေအထားမှာ ပြည်သူတွေ အခက်အခဲတွေ့နေရပုံ၊ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်နေရပုံ စတာတွေကို မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

    လက်ရှိ ဒီပြဿနာကို ဦးဆောင်ဖြေရှင်းနေတဲ့ ၀န်ကြီးချုပ် မိုဒီကလည်း ဒီဇာတ်ကားကို ချီးကျူးခဲ့ပါတယ်။

    အိန္ဒိယပြည်သူတွေ ဘာအကြောင်းကြောင့် ဒီလို အိမ်သာပြဿနာကို ခံစားနေရလဲဆိုတာ Toilet: Ek Prem Katha က ဇာဝတ်ခန်းတစ်ချို့နဲ့အတူ ဒီဗီဒီယိုမှာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

    Source : Aljazeera

  • အမျိုးသမီးနှစ်ဦးအား အဓမ္မကျင့်မှုဖြင့် နာမည်ကြီး ဟိန္ဒူဘုန်းကြီးကို အိန္ဒိယက ထောင် ၁၀ နှစ်စီချ

    အမျိုးသမီးနှစ်ဦးအား အဓမ္မကျင့်မှုဖြင့် နာမည်ကြီး ဟိန္ဒူဘုန်းကြီးကို အိန္ဒိယက ထောင် ၁၀ နှစ်စီချ

    သြဂုတ် ၂၈၊ ၂၀၁၇
    M-Media

    – လွန်ခဲ့သည့် ၁၅ နှစ်က ဒကာမနှစ်ဦးအား အဓမ္မကျင့်မှုအတွက် ဟိန္ဒူဘုန်းတော်ကြီးတစ်ဦးကို အိန္ဒိယတရားရုံးက အမှုတစ်ခုအတွက် ထောင်ဒဏ် ၁၀ နှစ်စီ ယနေ့တွင် ချမှတ်လိုက်ပြီး စုစုပေါင်း ထောင်ဒဏ် နှစ် ၂၀ ကျခံရမည်ဖြစ်သည်။

    အသက် ၅၀ အရွယ်ရှိ ဂူရ်မစ် ရမ် ရာဟင်း ဆင်း ဆိုသူဖြစ်ပြီး နိုင်ငံမြောက်ပိုင်း ရိုဟ်တက်မြို့ တရားရုံးတွင် ၎င်းအား အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

    ဆင်းကို သောကြာနေ့က အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီးကတည်းက ဖမ်းဆီးခဲ့ပြီး ၎င်းအား ထောက်ခံသူများမှာ ထိုဆုံးဖြတ်ချက်ကို မကျေနပ်သောကြောင့် ဟာရ်ယာနာပြည်နယ်နှင့် ပန်ဂျပ်ပြည်နယ်တို့တွင် အစိုးရအဆောက်အဦးများ၊ ရဲကားများအား ဖျက်ဆီးမီးရှို့ခြင်း၊ ရဲတပ်ဖွဲ့နှင့် သတင်းသမားများအား တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

    ဆန္ဒပြလူအုပ်ကို ရဲတပ်ဖွဲ့နှင့် စစ်တပ်က အင်အားသုံး နှိမ်နင်းခဲ့သောကြောင့် လူ ၃၀ ကျော် သေဆုံးခဲ့ကာ ဒါဇင်နှင့်ချီ၍ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

    ဆင်းတည်ထောင်ထားသည့် Dera Sacha Sauda ဂိုးဏ်မှ ပြောရေးဆိုခွင့်ရှိသူ ၀ိပဿနာ အင်ဆန်က ဂိုးဏ်ဝင်များအနေဖြင့် တရားရုံး၏ ဆုံးဖြတ်ချက်ကို လေးစားရန် တိုက်တွန်းခဲ့သည်။

    တရားလိုရှေ့နေက ဆင်းကို ယခုထက်ပို၍ ပြစ်ဒဏ်ကျစေရန် ကြိုးစားသွားမည်ဖြစ်ပြီး အခြားသော ရာဇ၀တ်မှု သံယများအတွက်လည်း ဆင်းအား စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ဖက်ဒရယ်အစိုးရကို တိုက်တွန်းခဲ့သည်။

    လက်ရှိတွင် ဆင်း၏ ဌာနချုပ်များ တည်ရှိရာ ရိုဟ်တက်နှင့် ဆီရ်ဆာဒေသများတွင် အစိုးရက လုံခြုံရေးကို တင်းကြပ်စွာ ချထားသည်။

    Ref : Aljazeera

  • ဒကာမနှစ်ဦးအား အဓမ္မကျင့်မှုဖြင့် ဟိန္ဒူဘုန်းကြီးတစ်ဦးကို အပြစ်ရှိကြောင်း အိန္ဒိယ ဆုံးဖြတ်

    ဒကာမနှစ်ဦးအား အဓမ္မကျင့်မှုဖြင့် ဟိန္ဒူဘုန်းကြီးတစ်ဦးကို အပြစ်ရှိကြောင်း အိန္ဒိယ ဆုံးဖြတ်

    သြဂုတ် ၂၅၊ ၂၀၁၇
    M-Media

    တရားရုံးသို့ ယာဉ်အစီး ၁၀၀ ပါဝင်သော ယာဉ်တန်းဖြင့် လာရောက်ခဲ့သည့် ဂူရ်မိ ရမ် ရာဟင် ဆင်း ဂျီ အင်ဆန်

    – ဒကာမနှစ်ဦးအား အဓမ္မပြုကျင့်မှုဖြင့် မိမိကိုယ်ကို နတ်ဘုရားဟု ကြွေးကျော်ထားသည့် ဟိန္ဒူဘုန်းကြီးတစ်ဦးကို အိန္ဒိယတရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် ၎င်းအား ထောက်ခံသူများက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရသူမှာ ဂူရ်မိ ရမ် ရာဟင် ဆင်း ဂျီ အင်ဆန် ဆိုသူဖြစ်ပြီး နိုင်ငံမြောက်ပိုင်း ဟာရ်ယာနာပြည်နယ် ပန့်ခ်ျကူလာမြို့ရှိ တရားရုံး၌ ယနေ့တွင်ပြုလုပ်သည့် ကြားနာမှုသို့ အစီးအနင်း ၁၀၀ ပါသည့် ယာဉ်တန်းနှင့် လာရောက်ခဲ့သည်။

    ၎င်းတည်ထောင်ထားသော Dera Sacha Sauda ဂိုဏ်း၏ ဆီရ်ဆာမြို့တွင် တည်ရှိသော ရုံးချုပ်၌ ၂၀၀၂ ခုနှစ်တွင် ဒကာမနှစ်ဦးအား အဓမ္မကျင့်ခဲ့သည်ဟူသော စွဲချက်ဖြင့် ဆင်းမှာ တရားစွဲဆို ခံထားရခြင်းဖြစ်ပြီး ၎င်းကမူ စွဲချက်များကို ငြင်းဆိုထားသည်။

    ထိုအမှုအတွက် စီရင်ချက်ကို သောကြာနေ့တွင် ချမှတ်မည်ဖြစ်ပြီး ဆင်းမှာ ထောင်ကျမည်ဟု အစိုးရက ရှေ့နေက ပြောကြားခဲ့သည်။

    တိုက်ခိုက်မှုဖြစ်

    အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် ပန်ဂျပ်ပြည်နယ်နှင့် ဟာရ်ယာနာပြည်နယ်တို့မှ ၎င်းအား ထောက်ခံသူများမှာ အစိုးရအဆောက်အဦးများအား မီးရှို့ခြင်း၊ ရထားဘူတာများနှင့် ဆီဆိုင်များကို တိုက်ခိုက်ခြင်း၊ ရုပ်သံလွှင့် ဗန်ကားများကို ဖျက်ဆီးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

    အမှုစီရင်သည့် ပန့်ခ်ျကူလာမြို့တွင် ရဲတပ်ဖွဲ့နှင့် စစ်သား ၁၅၀၀၀ ကျော် တပ်ဖြန့်ချထားပြီး မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များဖြင့် လူအုပ်အား ဖြိုခွဲနေရသည်။

    “ပန့်ခ်ျကူလာမှာ အခုအချိန်အထိ ၁၃ ဦးသေဆုံးကြောင်း အတည်ပြုနိုင်ပါတယ်။ ဆိုးဆိုးဝါးဝါး ဒဏ်ရာရသူ ၂ ဦးရှိပါတယ်” ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    Dera Sacha Sauda ဂိုဏ်းအားကောင်းသည့် ပန်ဂျပ်မှ ခရိုင်များတွင် ညမထွက်ရအမိန့်များ ထုတ်ပြန်ထားကာ၊ မလိုလားအပ်သည့် ကောလဟာလများ မပြန့်နှံ့ရန်အတွက် ပန်ဂျပ်နှင့် ဟာရ်ယာနာ ပြည်နယ်တို့တွင် အင်တာနက်လိုင်းများကို အိန္ဒိအစိုးရက ဖြတ်တောက်ထားသည်။

    ဆင်း၏ အဆိုပါဂိုးဏ်မှာ နောက်လိုက် သန်း ၅၀ ရှိနေသည်။ ဆင်းမှာ အဓမ္မကျင့်မှုအပြင် ၎င်း၏နောက်လိုက် အမျိုးသား ၄၀၀ ကို သင်းကွပ်ထားမှုဖြင့်လည်း စုံစမ်းစစ်ဆေးမှုကို ခံနေရသည်။

    Ref: Aljazeera