News @ M-Media
Tag: India
  • အပူချိန်အလွန်မြင့်မားမှုကြောင့် အိန္ဒိယ အချို့ဒေသတွင် နေ့ခင်းပိုင်းချက်ပြုတ်မှုကို တားမြစ်
    အပူချိန်အလွန်မြင့်မားမှုကြောင့် အိန္ဒိယ အချို့ဒေသတွင် နေ့ခင်းပိုင်းချက်ပြုတ်မှုကို တားမြစ်
    ဧပြီ ၃၀၊ ၂၀၁၆
    M-Media
    india
    – အပူချိန် အလွန်အမင်းမြင့်မားမှုနှင့် ဆက်စပ်၍ နိုင်ငံတစ်ဝှမ်း လူပေါင်း ၃၀၀ ကျော် သေဆုံးပြီးနောက် အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာရ်ပြည်နယ်တွင် နေ့ပိုင်း ထမင်းချက်ပြုတ်မှု မပြုလုပ်ရန် အိန္ဒိယအာဏာပိုင်များက တားမြစ်ပိတ်ပင်လိုက်သည်ဟု သိရသည်။
    နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ထမင်းဟင်းချက်ပြုတ်မှုကို တားမြစ်လိုက်ခြင်းဖြစ်ပြီး လေလွင့်ကောက်ပဲသီးနှံများ မီးရှို့ခြင်းနှင့် မီးဖြင့်ပြုလုပ်ရသည့် ဘာသာရေးဆိုင်ရာ ဓလေ့းထုံးတမ်းများကိုလည်း အာဏာပိုင်များက တစ်ပါတည်းပိတ်ပင်ခဲ့သည်။
    ဘီဟာရ်ပြည်နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့စွန်များတွင် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း မီးလောင်မှုကြောင့် အနည်းဆုံး လူပေါင်း ၈၀ ခန့်သေဆုံးခဲ့ပြီး၊ ပြီးခဲ့သည့်တစ်ပတ်ကလည်း အော်ရန်ဂါဘဒ်ပြည်နယ်ရှိ ဟိန္ဒူထုံးစံ ဆုတောင်းမှုတစ်ခုအတွင်း မီးလောင်ကာ ကလေးငယ် ၁၀ ဦး ပါအ၀င် စုစုပေါင်း လူ ၁၅ ဦးသေဆုံးခဲ့သည်။
    အာဏာပိုင်များကမူ ထိုကဲ့သို့ တားမြစ်မှုမှာ ခြောက်သွေ့လွန်းသော ယခုအချိန်တွင် မီးလောင်မှုများ မြင့်တက်လာခြင်းကို တားဆီးရန်ဖြစ်သည်ဟု ပြောကြားခဲ့ပြီး ထိုတားမြစ်ချက်ကို မလိုက်နာပါက အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်အထိ ကျခံရမည်ဖြစ်သည်။
    သို့သော်လည်း အစိုးရအတိုက်အခံများကမူ ထိုသို့ တားမြစ်မှုကို ရှုတ်ချခဲ့ပြီး မီးလောင်လွယ်သည့်အိမ်များဖြင့် နေရသည့် ပြည်သူများအား လူနေမှုအဆင့်အတန်းမြင့်မားစေရန် ဆောင်ရွက်ပေးရမည်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera
  • အိန္ဒိယတွင် အပူလှိုင်းဖြတ်၍ လူ ၁၀၀ ကျော် သေဆုံး
    အိန္ဒိယတွင် အပူလှိုင်းဖြတ်၍ လူ ၁၀၀ ကျော် သေဆုံး
    ဧပြီ ၂၂၊ ၂၀၁၆
    M-Media
    ငညိငေ ့နေအ
    – အိန္ဒိယနိုင်ငံမှာ အပူချိန် အလွန်အမင်းမြင့်မားမှုကြောင့် လူ ၁၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ကျောင်းတွေကိုလည်း ပိတ်ထားလိုက်ရကာ အမိုးအကာအပြင်ဘက်ထွက်ပြီး လုပ်ရတဲ့ အလုပ်တွေကိုလည်း ရပ်ဆိုင်းလိုက်တယ်လို့ အိန္ဒိယ အစိုးရတာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
    နိုင်ငံတောင်ပိုင်း တီလန်ဂါနာပြည်နယ်မှာ အပူရှပ်ပြီး လူ ၄၅ ယောက် သေဆုံးခဲ့တဲ့အပြင် အန်ဒရာ ပရာဒက်ရှ်ပြည်နယ်မှာလည်း လူ ၁၇ ယောက် အသက်ဆုံးရှုံး ခဲ့ပါသေးတယ်။ နိုင်ငံအရှေ့ပိုင်း ဘင်္ဂလားပင်လယ်အော်ကမ်းနဖူးမှာရှိနေတဲ့ အိုဒစ်ရှားပြည်နယ်မှာလည် ၄၃ ယောက် သေဆုံးခဲ့ပါတယ်။
    အိန္ဒိယမိုးလေ၀သဌာနရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ ၀ိုင် ကေ ရက်ဒီက ကတော့ တီလန်နာဂါပြည်နယ်က ယခုလပူချိန်ဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ပြီး ပြည်နယ်အတွင်းမှာ နောက်ထပ် လူသေဆုံးမှုတွေ မြင့်မားလာနိုင်ဖွယ်ရှိတယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။ မိုးလေ၀သဌာ တာဝန်ရှိသူ
    တွေကတော့ ဒေသခံတွေအနေနဲ့ အိမ်ထဲမှာပဲနေဖို့ အကြံပေးထားပါတယ်။
    ပညာရေးဝန်ကြီးဌာနကလည်း အပူလွန်ကဲနေတဲ့ဒီကာလမှာ တီလန်ဂါနာပြည်နယ်က ကျောင်းတွေ ပိတ်ထားဖို့ ပြီးခဲ့တဲ့
    တစ်ပတ်မှာ ညွှန်ကြားခဲ့ပါတယ်။ အစိုးရတာဝန်ရှိသူတွေကလည်း ဧပြီလ ၂၆ ရက်အထိ ကျောင်းတွေပိတ်ဖို့နဲ့ ဆော
    က်လုပ်ရေးလုပ်ငန်းတွေ ရပ်ထားဖို့ အမိန့်ထုတ်ထားပါတယ်။
    “နှစ် ၁၀၀ ကျော်အတွင်း ဒီလတွေထဲမှာလိုမျိုး အပူချိန်မြင့်မားတာမျိုး မကြုံခဲ့ဖူးသေးပါဘူး” လို့ ပြည်နယ်ရဲ့ သဘာ
    အိန္ဒိယရဲ့ အပူဆုံးလတွေဟာ မေလနဲ့ ဇွန်လဖြစ်ပြီး အပူချိန်ဟာ ၄၅ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိတတ်ပါတယ်။ အခုလိုပြ
    င်းထန်တဲ့ရာသီဥတုဟာ ဇွန်လအစောပိုင်း အာဆီယံမုတ်သုန်ဝင်တဲ့အထိ ရှိနေဦးမှာဖြစ်ပါတယ်။
    Ref: Presstv
  • အိန္ဒိယရှိ ပြည်နယ်တစ်ခုတွင် အရက်ရောင်းချမှု ပိတ်ပင်
    အိန္ဒိယရှိ ပြည်နယ်တစ်ခုတွင် အရက်ရောင်းချမှု ပိတ်ပင်
    ဧပြီ ၆၊ ၂၀၁၆
    M-Media
    bihar
    ဘီဟာရ်ပြည်နယ်ဝန်ကြီးချုပ် နီတစ်ရှ် ကူးမားရ်
    – အိန္ဒိယနိုင်ငံ ဘီဟာရ်ပြည်နယ်တွင် အရက်သေစာအားလုံး ရောင်းချမှုကို ချက်ခြင်းအာဏာတည်စေသော အမိန့်ဖြင့် ယမန်နေ့တွင် ပိတ်ပင်လိုက်သည်ဟု သိရသည်။
    ထိုကဲ့သို့ ပိတ်ပင်ခဲ့ခြင်းမှာ ပြည်နယ်ဝန်ကြီးချုပ် နီတစ်ရှ် ကူးမားရ်က ရွေးကောက်ပွဲတွင် ပေးထားသောကတိကို ဖော်ဆောင်ပေးခြင်းလည်း ဖြစ်သည်။
    “အရက်သေစာတွေကို အခုအချိန်ကစပြီး ဘားတွေ၊ စားသောက်ဆိုင်တွေနဲ့ ဟိုတယ်တွေမှာ ရောင်းချရတော့မှာ မဟုတ်ပါဘူး။ ပြည်နယ်အတွင်းမှာ အရက်သေစာကို လုံးဝပိတ်ပစ်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်” ဟု ကူးမားရ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    ဘီဟာရ်ပြည်နယ်၏ လူဦးရေမှာ သန်း ၁၀၀ ခန့်ရှိနေပြီး ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး အဘ်ဒူလ် ဘာရီ စီဒီကွီကမူ ၅ ရက်တာ အစမ်းပိတ်ပင်ခဲ့ပြီးနောက် ပြည်သူများ၏ အပြုသဘောဆောင်သည့် တုံ့ပြန်မှုများကို ရရှိခဲ့သောကြောင့် ထိုကဲ့သို့ လုံးဝပိတ်ပင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    အရက်သေစာရောင်းချမှု ပိတ်ပင်သည့် ဥပဒေကို ပြီးခဲ့သည့် ကြာသာပတေးနေ့က ပြည်နယ်လွှတ်တော်တွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ထိုဥပဒေ၌ အရက်သေစာများကို ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ထိုအရက်ကြောင့် သေဆုံးခြင်းတို့အတွက် ကြီးလေးသောပြစ်ဒဏ် ချမှတ်ရမည်ဟု ဖော်ပြထားသည်။
    Ref: Aljazeera
  • ဆစ်ခ်ဘာသာဝင်များကို သတ်ဖြတ်ခဲ့သည့် ရဲ ၄၇ ဦးကို အိန္ဒိယက တစ်သက်တစ်ကျွန်းချ
    ဆစ်ခ်ဘာသာဝင်များကို သတ်ဖြတ်ခဲ့သည့် ရဲ ၄၇ ဦးကို အိန္ဒိယက တစ်သက်တစ်ကျွန်းချ
    ဧပြီ ၆၊ ၂၀၁၆
    M-Media
    sikh
    – လွန်ခဲ့တဲ့ ၂၅ နှစ်က ဆစ်ခ်ဘာသာဝင် ဘုရားဖူးအမြောက်အများကို သတ်ဖြတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၄၇ ယောက်ကို အိန္ဒိယရဲ့သက်တမ်းအရင့်ဆုံး ဗဟိုထောက်လှမ်းရေဗျူရို CBI တရားရုံးကနေ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
    ယမန်နေ့က ချမှတ်လိုက်တာဖြစ်ပြီး ရဲတွေကတော့ အူတာပရာဒက်ရှ်ပြည်နယ်က ဆစ်ခ်ဘုရားဖူး ၁၁ ယောက်ကို စစ်သွေးကြွတွေလို့ ယူဆရတဲ့အတွက် သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီပြည်နယ်ဟာ အဲဒီအချိန်က ဆစ်ခ်စစ်သွေးကြွတွေ လှုပ်ရှားနေတဲ့အချိန်ဖြစ်ပြီး ရဲတွေက ရာထူးတိုးရေးအတွက် မဆင်မခြင် သတ်ဖြတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။
    “တရားရုံးတော်ကနေ တစ်သက်တစ်ကျွန်းချဖို့ လုံလောက်တဲ့ သက်သေအထောက်အထားတွေ တွေ့ရှိခဲ့ပါတယ်” လို့ ရှေ့နေ အက်စီ ဂျေ့စ်ဝါလ်က ပြောကြားခဲ့ပါတယ်။
    နောက်ပြီး အခင်းဖြစ်ပွားခဲ့စဉ်က ပြစ်မှုကျူးလွန်တဲ့ ရဲတွေဟာ ဘုရားဖူးသူတွေနဲ့ ၎င်းတို့ရဲ့မိသားစုဝင်တွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီးကိုတားပြီး အမျိုးသား ၁၀ ယောက်ကို တောထဲတစ်နေရာသို့ ခေါ်ဆောင်ကာ သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
    နောက်ပိုင်းမှာတော့ ရဲတွေက ဒီ လူ ၁၀ ယောက်ရဲ့အလောင်းကို မီးရှို့ခဲ့ပါတယ်။ ၁၁ ယောက်မြောက်အမျိုးသားကလည်း ဒီအဖြစ်အပျက်မှာ အသတ်ခံလိုက်ရတယ်လို့ ဆိုပေမယ့် သူ့ရဲ့ ရုပ်အလောင်းကိုတော့ မတွေ့ခဲ့ပါဘူး။ ရဲတွေဟာ ကိုယ့်ကိုကိုယ် ကာကွယ်ရေးဆိုတဲ့ အခြေအနေကို အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတာကိုလည်း စစ်ဆေးမှုမှာ တွေ့ရှိခဲ့ရပါတယ်။
    ဒီအဖြစ်အပျက် ဖြစ်ပွားစဉ်က ဆစ်ခ်ဘာသာဝင် စစ်သွေးကြွတွေအနေနဲ့ ခါလစ်စတန်လို့အမည်ရတဲ့ နိုင်ငံအဖြစ် ခွဲထွက်ဖို့ ဒေသတွင်းမှာ တိုက်ပွဲတွေင် ဆင်နွှဲနေချိန်လည်း ဖြစ်ပါတယ်။ ဒီအမှုကို စုံစမ်းစစ်ဆေးဖို့ တရားရုံးချုပ်က CBI ကို အမိန့်ပေးခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ ရဲ ၅၇ ဦးကို တရားစွဲခဲ့ပေမယ့် အဲ့ဒီထဲက ရဲအရာရှိ ၁၀ ယောက်ကတော့ နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။
    ၂၀၁၆ ဧပြီလ ၁ရက်နေ့မှာ ကျန်ရှိနေတဲ့ ရဲအရာရှိ ၄၇ ယောက်ကို အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပြီးတဲ့နောက် တနင်္လာနေ့မှာ အမိန့်ချခဲ့တာဖြစ်ပါတယ်။
    Ref : Presstv
  • အိန္ဒိယတွင် မော်တော်ကားဂုံးကျော်တံတားပြိုကျ၊ လူ ၁၄ ဦး သေဆုံး
    အိန္ဒိယတွင် မော်တော်ကားဂုံးကျော်တံတားပြိုကျ၊ လူ ၁၄ ဦး သေဆုံး
    မတ် ၃၁၊ ၂၀၁၆
    M-Media
    india
    – အိန္ဒိယနိုင်ငံတောင်ပိုင်း ကိုလ်ကတားမြို့တွင် တည်ဆောက်ဆဲ မော်တော်ကားဂုံးကျော်တံတား ပြိုကျမှုကြောင့် အနည်းဆုံး ၁၄ ဦးသေဆုံးခဲ့ပြီး လူ ၁၅၀ ခန့်မှာ အပျက်အဆီးများအောက်တွင် ပိတ်မိနေသည်ဟု သိရသည်။
    ယနေ့ နေ့လည်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီတာ ၁၀၀ အမြင့်ရှိသည့် အဆိုပါ ဂုံးကျော်တံတားမှာ မြို့အတွင်း လူစည်ကားသော ဂီရစ်ရှ် ပန်းခြံအနီးရှိ လူရှုပ်ထွေးရာလမ်းမပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်သည်။ အိန္ဒိယ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ကမူ ပိတ်မိနေသူများကို ကယ်ဆယ်မှုများ ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။
    ပြိုကျခဲ့သော နေရာတစ်ဝိုက်တွင် အိန္ဒိယအစိုးရက စစ်တပ်များကို ချထားလိုက်ကာ ရှင်းလင်းမှုများ၊ ကယ်ဆယ်မှုများကို ပြုလုပ်နေသည်။
    Vivekananda လမ်းမပေါ်တွင် တည်ဆောက်နေသည့် အဆိုပါ ဂုံးကျော်တံတားမှာ ၂ ကီလိုမီတာ (၁.၂ မိုင်) ရှည်လျားသည့် တံတားဖြစ်ပြီး လွန်ခဲ့သည့် ၃ နှစ်ကတည်း ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သော်လည်း ပြီးစီးရန် နောက်ဆုံးနေ့ကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့သည်။
    Ref: Press TV