ဧပြီ ၃၀၊ ၂၀၁၆
M-Media
– အပူချိန် အလွန်အမင်းမြင့်မားမှုနှင့် ဆက်စပ်၍ နိုင်ငံတစ်ဝှမ်း လူပေါင်း ၃၀၀ ကျော် သေဆုံးပြီးနောက် အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာရ်ပြည်နယ်တွင် နေ့ပိုင်း ထမင်းချက်ပြုတ်မှု မပြုလုပ်ရန် အိန္ဒိယအာဏာပိုင်များက တားမြစ်ပိတ်ပင်လိုက်သည်ဟု သိရသည်။
နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ထမင်းဟင်းချက်ပြုတ်မှုကို တားမြစ်လိုက်ခြင်းဖြစ်ပြီး လေလွင့်ကောက်ပဲသီးနှံများ မီးရှို့ခြင်းနှင့် မီးဖြင့်ပြုလုပ်ရသည့် ဘာသာရေးဆိုင်ရာ ဓလေ့းထုံးတမ်းများကိုလည်း အာဏာပိုင်များက တစ်ပါတည်းပိတ်ပင်ခဲ့သည်။
ဘီဟာရ်ပြည်နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့စွန်များတွင် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း မီးလောင်မှုကြောင့် အနည်းဆုံး လူပေါင်း ၈၀ ခန့်သေဆုံးခဲ့ပြီး၊ ပြီးခဲ့သည့်တစ်ပတ်ကလည်း အော်ရန်ဂါဘဒ်ပြည်နယ်ရှိ ဟိန္ဒူထုံးစံ ဆုတောင်းမှုတစ်ခုအတွင်း မီးလောင်ကာ ကလေးငယ် ၁၀ ဦး ပါအ၀င် စုစုပေါင်း လူ ၁၅ ဦးသေဆုံးခဲ့သည်။
အာဏာပိုင်များကမူ ထိုကဲ့သို့ တားမြစ်မှုမှာ ခြောက်သွေ့လွန်းသော ယခုအချိန်တွင် မီးလောင်မှုများ မြင့်တက်လာခြင်းကို တားဆီးရန်ဖြစ်သည်ဟု ပြောကြားခဲ့ပြီး ထိုတားမြစ်ချက်ကို မလိုက်နာပါက အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်အထိ ကျခံရမည်ဖြစ်သည်။
သို့သော်လည်း အစိုးရအတိုက်အခံများကမူ ထိုသို့ တားမြစ်မှုကို ရှုတ်ချခဲ့ပြီး မီးလောင်လွယ်သည့်အိမ်များဖြင့် နေရသည့် ပြည်သူများအား လူနေမှုအဆင့်အတန်းမြင့်မားစေရန် ဆောင်ရွက်ပေးရမည်ဟု ပြောကြားခဲ့သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.