News @ M-Media
Tag: indonesia
  • တောင်ကိုရီးယား-အင်ဒို ကန်ဒေါ်လာ ၂ ဘီလီယံနီးပါး ကုန်သွယ်ရေး သဘောတူညီချက်ရ
    တောင်ကိုရီးယား-အင်ဒို ကန်ဒေါ်လာ ၂ ဘီလီယံနီးပါး ကုန်သွယ်ရေး သဘောတူညီချက်ရ
    နိုဝင်ဘာ ၁၀၊ ၂၀၁၇
    M-Media
    – တောင်ကိုရီးယားသမ္မတ၏ အင်ဒိုနီးရှားခရီးစဉ်အတွင်း နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ကန်ဒေါ်လာ ၂ ဘီလီယံဖိုး လက်မှတ်ရေးထိုးခဲ့သည်ဟု တောင်ကိုရီးယား Yonhap သတင်းဌာနက ဖော်ပြခဲ့သည်။
    ဗုဒ္ဓဟူးနေ့က ရောက်ရှိလာခဲ့သည့် သမ္မတ မွန်ဂျီအင်မှာ စီးပွားရေဖိုရမ်တစ်ခု မတက်ရောက်ခင် ထိုသဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုနှင့်လည်း ထိုနေ့နှောင်းပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
    ယင်းသဘောတူညီချက်ထဲ၌ နှစ်ဖက်အစိုးရများ လက်မှတ်ရေးထိုးထားသည့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ (MOU) တစ်ခုလည်း ပာဝင်သည်ဟု သမ္မတရုံးမှ ချုံ ဝေဒီက ပြောကြားခဲ့သည်။
    ပုဂ္ဂလိကကဏ္ဍတွင် ကန်ဒေါ်လာ ၁.၉ ဘီလီယံတန်သည့် နောက်ထပ် MOU ငါးခုကိုလည်း နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့သည်။
    Ref:CNA
  • အင်ဒိုနီးရှားတွင် မီးပန်းစက်ရုံပေါက်ကွဲပြီး လူ ၄၀ ကျော် သေဆုံး
    အင်ဒိုနီးရှားတွင် မီးပန်းစက်ရုံပေါက်ကွဲပြီး လူ ၄၀ ကျော် သေဆုံး
    အောက်တိုဘာ ၂၆၊ ၂၀၁၇
    M-Media
    – အင်ဒိုနီးရှားနိုင်ငံတွင် မီးရှူးမီးပန်းစက်ရုံတစ်ခု မီးလောင်ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၄၆ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
    မြို့တော် ဂျကတာအပြင်ဘက် စက်မှုဇုန်ရှိ စက်ရုံတွင် ယနေ့မနက်ပိုင်းက ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများမှာ မည်သူမည်ဝါမှန်း မသိတော့သည်အထိ မီးလောင်ကျွမ်းခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    မီးလောင်မှုကြောင့် စက်ရုံလည်း ပြိုကျခဲ့ပြီး အနီးအနားရှိ ကားများပါ မီးကူးခဲ့သည်။ မီးလောင်မှုအကြောင်းအရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေသည်။
    စက်ရုံဝန်ထမ်းတစ်ယောက်ကမူ မီးပန်းများ ထုတ်လုပ်နေစဉ်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    “ဘယ်လိုဖြစ်သွားလဲတော့ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော်က စက်ရုံအပြင်မှာ အလုပ်လုပ်နေတယ်တယ်။ ပေါက်ကွဲမှုအချို့ ဖြစ်ခဲ့ပြီး ကား ၄ စီးနဲ့ ဆိုင်ကယ် အားလုံး ပေါက်ကွဲပျက်ဆီးသွားပါတယ်” ဟု မီးလောင်ဒဏ်ရာများ ရရှိခဲ့သည့် အဒီက ပြောကြားခဲ့သည်။
    အဆိုပါစက်ရုံ လုပ်ကိုင်နေသည်မှာ သီတင်းပတ် ၆ ပတ်သာ ရှိသေးပြီး သေဆုံးသူများ၏ မိသားစုများက ကုမ္ပဏီအား အရေးယူရန် အာဏာပိုင်များကို တောင်းဆိုခဲ့သည်။
    Ref: CNA
  • တစ်ခုနှင့်တစ်ခု ဖေးမကူညီနေကြသည့် ဂျကာတာမှ ခရစ်ယာန်ဘုရားကျောင်းနှင့် ဗလီ
    တစ်ခုနှင့်တစ်ခု ဖေးမကူညီနေကြသည့် ဂျကာတာမှ ခရစ်ယာန်ဘုရားကျောင်းနှင့် ဗလီ
    အောက်တိုဘာ ၉၊ ၂၀၁၇
    M-Media
    မျက်နှာချင်းဆိုင် ‘စိန့်ပေါလ်’ ဘုရားကျောင်းကို ဒက်ခ်ျကိုလိုနီဘ၀ ၁၉၃၆ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး လက်ရှိ သင်းအုပ်ဆရာက အက်ဒရီယန် ပီတွိုင်း ဖြစ်ပါတယ်။
    – အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာက သစ်ပစ်တွေစီတန်းပေါက်နေတဲ့ လမ်းကလေးပေါ်မှာ ဟောင်းနွမ်းနေတဲ့ ခုံတန်းရှည်တွေ၊ ရှေးဟောင်း ပိုက်အော်ဂန်နဲ့ ရောင်စုံပြတင်းပေါက်တွေရှိတဲ့ ပရိုတက်စတင့် ခရစ်ယာန်ဘုရားကျောင်းတစ်ခု ၀င့်ဝင့်ထည်ထည် ရှိနေပါတယ်။
    လမ်းရဲ့တစ်ဖက်တစ်ချက်မှာတော့ မြင့်စွင့်တဲ့ မုခ်ဦးဝင်ပေါက်တွေ၊ ကော်ဇောအနီခင်းထားပြီး ကျယ်ပြောလှတဲ့ ၀တ်ပြုခန်းနဲ့ စကွဲယားပေပေါင်း ၁ သိန်းလောက် ကျယ်ဝန်းတဲ့ ခေတ်သစ် ဗလီဝတ်ကျောင်းတော်တစ်လုံး ရှိပါတယ်။
    ဘာသာတရားမတူညီပေမယ့် ဒီ ၀တ်ပြုရာနေရာနှစ်ခုဟာ ရင်းနှီးဖော်ရွေပြီး တစ်ခုနဲ့တစ်ခု ကူညီဖေးမကြတဲ့ အိမ်နီးချင်းကောင်းတွေ ဖြစ်သလို၊ ဘာသာရေး သည်းမခံနိုင်မှုတွေ ကမ္ဘာပ်ါမှာ မြင့်တက်လာတဲ့အချိန် ကမ္ဘာ့ မွတ်စလင်အများဆုံးရှိရာနိုင်ငံက ဗဟုဝါဒရဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။
    “ကျွန်တော်တို့ဟာ တစ်ဦးနဲ့တစ်ဦး လေးစားပါတယ်။ တစ်ခြားသူတွေကို ကျွန်တော်တို့ သွားပြီး မစော်ကားဘူးဆိုရင် ကျွန်တော်တို့လည်း လေးစားခံရမှာပါ” လို့ ၁၉၇၁ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ ‘ဆွန်ဒါ ကလာပါ ဂျာမေဗလီ’ က ရှေ့ဆောင်အီမာမ် နူရ် အလမ်က ပြောကြားခဲ့ပါတယ်။
    မျက်နှာချင်းဆိုင် ‘စိန့်ပေါလ်’ ဘုရားကျောင်းကို ဒက်ခ်ျကိုလိုနီဘ၀ ၁၉၃၆ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး လက်ရှိ သင်းအုပ်ဆရာက အက်ဒရီယန် ပီတွိုင်း ဖြစ်ပါတယ်။
    “ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ ကျွန်တော်တို့ လှမ်းခဲ့တဲ့ ခြေလှမ်းတွေထဲက တစ်ခုပါ။ ကျွန်တော်တို့ဟာ အခြား ဗလီတွေကိုသွားပြီး ဘာသာပေါင်းစုံညီညွတ်မှုကို မြှင့်တင်ကြပါတယ်။ ကျွန်တော်တို့နဲ့ ပတ်ဝန်းကျင်က မိတ်ဆွေတွေရဲ့ ဆက်ဆံရေးက သာမန်ပါပဲ” လို့ သင်းအုပ်ဆရာတော် ပီတွိုင်းက ပြောကြားခဲ့ပါတယ်။
    သောကြာနေ့လို မွတ်စလင်တွေရဲ့ အခါကြီးရက်ကြီးမျိုး၊ တနင်္ဂနွေနေ့လို ခရစ်ယာန်တွေရဲ့ အခါကြီးရက်ကြီးမျိုးမှာ ဒီ ၀တ်ပြုရာနေရာနှစ်ခုဟာ ကားပါကင်နေရာအတွက် တစ်ခုနဲ့တစ်ခု မျှဝေသုံးစွဲနေကြပါတယ်။ ဘာသာပေါင်းစုံ ဆွေးနွးပွဲတွေသာမကဘဲ ဘောလီဘောပြိုင်ပွဲတွေကိုတောင်မှ ဒီ ဗလီနဲ့ ခရစ်ယာန်ဘုရားကျောင်းမှာ တစ်လှည့်စီ ကျင်းပကြပါတယ်။ မွတ်စလင်တွေရဲ့ ရမ်ဇာန်ဥပုသ်လမှာ စိန့်ပေါလ်ဘုရားကျောင်းက ၀န်ထမ်းအချို့ဟာ မွတ်စလင်တွေ ၀ါဖြေဖို့အတွက် မုန့်တွေကို ဗလီဝတ်ကျောင်းတော်စီ လာရောက်လှူဒါန်းကြပါတယ်။ အဲဒီ ဘုရားကျောင်းက ၀န်ထမ်းအချို့ဟာ မွတ်စလင်တွေ ဖြစ်ပါတယ်။
    ၁၉၇၁ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ ‘ဆွန်ဒါ ကလာပါ ဂျာမေဗလီ’
    ဒါပေမယ့် နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ ဆိုရှယ်မီဒီယာတွေမှာ လူမျိုးရေးသည်းမခံနိုင်မှု၊ အစ္စလာမ်မိုက်ဇေးရှင်းကို စိုးရိမ်နေရတယ်ဆိုတဲ့ အရေးအသားတွေကြောင့် ဒီနွေးထွေးတဲ့ဆက်ဆံရေးဟာ ထင်ပေါ်သင့်သလောက် မထင်ပေါ်ပါဘူး။
    ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ သဘောထားတင်းမာတဲ့ အစ္စလာမ့်မစ်အုပ်စုတွေဟာ ခရစ်ယာန်တွေ၊ ရှီယိုက်မွတ်စလင်တွေ၊ အဟ်မဒီယာမွတ်စလင်တွေအပေါ် အရှက်ရအောင်လုပ်တာ၊ တိုက်ခိုက်တာ သတ်ဖြတ်တာတွေအထိ လုပ်လာခဲ့ပြီး နိုင်ငံတစ်ဝှမ်း ရာနဲ့ချီနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ၊ အခြားသော ၀တ်ပြုရာ အေ
    ဆာက်အဦးတွေကို အဓမ္မပိတ်ပစ်မှုတွေ ဖြစ်လာခဲ့ပါတယ်။
    ၂၀၀၀ ခုနှစ်နောက်ပိုင်း အင်ဒိုနီးရှားမှာ ပြည်တွင်း အကြမ်းဖက်ဝါဒ ပေါ်ထွက်လာတာကို တွေ့မြင်ရပြီး အလ်-ကိုင်းဒါးနဲ့ IS တို့ကို သစ္စာခံတဲ့ အကြမ်းဖက်အုပ်စုငယ်လေးတွေဟာ ဗုံးခွဲမှု၊ ဂျကာတာနဲ့ အပန်းဖြေကျွန်း ဘာလီတို့မှာ တိုက်ခိုက်မှုတွေကို လုပ်လာကြပါတယ်။
    “ဒီလို သဘောထားတင်းမာတဲ့ အုပ်စုတွေရဲ့ လုပ်ရပ်တွေ၊ IS ရဲ့ ခြိမ်းခြောက်မှု ဒါမှမဟုတ် ဆီးရီးယားက ပြန်လာတဲ့ အင်ဒိုနီးရှား စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုတွေကို ကြည့်မယ်ဆိုရင် ဒါဟာတွေဟာ အင်ဒိုနီးရှားနိုင်ငံက ဘာသာပေါင်းစုံ လူ့အဖွဲ့အစည်းတစ်ခုလုံးအပေါ် ခြိမ်းခြောက်မှုဆိုတာ မြင်ရမှာပါ” လို့ ဂျကာတာ ခ
    ရစ်ယာန် ဆက်ဆံရေးဖိုရမ်ရဲ့ ဥက္ကဌဟောင်း သီယိုဖီလက်စ် ဘဲလာက ဆိုပါတယ်။ ဘဲလာဟာ အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေ၊ လူမျိုးရေးခွဲခြားတဲ့ လုပ်ရပ်တွေကို နှစ်ပေါင်းများစွာ မှတ်တမ်းတင်ခဲ့သူပါ။
    ဘာသာရေးသဟဇာတဖြစ်မှုအတွက် လတ်တလောခြိမ်းခြောက်မှုကို စိန့်ပေါလ် ဘုရားကျောင်းနဲ့ ဆွန်ဒါ ကလာပါ ဂျာမေဗလီတို့ရဲ့ တစ်ပြလောက်မှာရှိတဲ့ ဂျကာတာအုပ်ချုပ်ရေးမှူးရဲ့ အစိုးရအိမ်ဂေဟာမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
    ဂျကာတာ အုပ်ချုပ်ရေးမှူးဟောင်း ဘာဆူကီ ဂျာဟာဂျာ ပူရ်နာမာ တစ်ယောက်ဟာ ပုံမှန်ဆိုရင် အဲဒီ အိမ်ဂေဟာမှာ နေထိုင်ရမှာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ သူဟာ အကျဉ်းထောင်ထဲရောက်နေပြီး သဘောထားတင်းမာတဲ့ အစ္စလာမ့်မစ်အုပ်စုတွေ ဂျကာတာမှာ ချီတက်ဆန္ဒပြတဲ့အထိ ဖြစ်ခဲ့တဲ့ အစ္စလာမ်ဘာသာကို စော
်ကားတယ်ဆိုတဲ့ ပြစ်မှုနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရတာကြောင့် ဖြစ်ပါတယ်။ အဲဒီအုပ်စုတွေဟာ ဘာဆူကီကို တရားစွဲဆို ထောင်ချဖို့အထိ တောင်းဆိုခဲ့ပါတယ်။
    ခရစ်ယာန်တစ်ယောက်ဖြစ်တဲ့ ဘာဆူကီဟာ ဧပြီလက ဂျကာတာအုပ်ချုပ်ရေးမှူး ကြားဖြတ်ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။ သီတင်းပတ်အနည်းငယ်အကြာမှာတော့ ဂျာကာတာတရားရုံးက သာသနာညှိုးနွမ်းစေမှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး လုံခြုံရေးမြင့်တဲ့ထောင်ကို လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်အတွက်
    သဘောထားတင်းမာတဲ့ အစ္စလာမ့်မစ်အုပ်စုတွေဟာ တရားရုံးရှေ့မှာ အောင်ပွဲခံခဲ့ကြပါတယ်။
    မစ္စတာဘာဆူကီကို တရားစွဲဆိုထောင်ချမှုကြောင့် အင်ဒိုနီးရှားနိုင်ငံအတွင်း အထူးသဖြင့် လူနည်းစုတွေအတွင်းမှာ တုန်လှုပ်ခြောက်ခြားခဲ့ကြပါတယ်။
    ဒီကိစ္စကြောင့် ခရစ်ယာန်-မွတ်စလင် ဆက်ဆံရေးမှာ တင်းမာမှုတွေကို မီးထိုးပေးလိုက်သလို ဖြစ်ပေမယ့် မစ္စတာ နူရ်နဲ့ မစ္စတာ ပီတွိုင်းတို့ကတော့ မစ္စတာဘာဆူကီ ပြဿနာဟာ ဘာသာရေးထက် နိုင်ငံရေးပိုဆန်တယ်လို့ သုံးသပ်ပါတယ်။ အင်ဒိုနီးရှားရဲ့ သက်တမ်းရင့်နေတဲ့ ဗဟုဝါဒတည်တံ့မှုအတွက် သောကမဖြစ်ဘူးလို့လည်း သူတို့နှစ်ဦးက ဆိုပါတယ်။
    “ဘာသာရေးအုပ်စုတွေကြားထဲမှာ ပဋိပက္ခတွေဖြစ်တတ်တယ်ဆိုတာ အင်ဒိုနီးရှားပြည်သူတွေက သိပါတယ်။ ဒါပေမယ့် ဒါတွေဟာ ဘာသာရေးကို အခြေခံပြီး ဖြစ်တာမဟုတ်ဘဲ နိုင်ငံရေး၊ စီးပွားရေးလို ကိစ္စတွေကြောင့်ပါ။ တစ်ခါတစ်ရံမှာ အထူးသဖြင့် အင်ဒိုနီးရှားလိုနိုင်ငံမျိုးမှာ နိုင်ငံရေးနဲ့ ဘာသာရေးကြားမှာ ခွဲခြားဖို့ ခက်ခဲပါတယ်” လို့ မစ္စတာ ပီတွိုင်းက ပြောကြားခဲ့ပါတယ်။
    ဗြိတိန်အခြေပြု လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Christian Solidarity Worldwide က အင်ဒိုနီးရှားမှာ ရာစုနှစ်များစွာ တည်တံ့ခဲ့တဲ့ ဘာသာရေးဗဟုဝါဒဟာ လက်ရှိမှာ ‘ဆိုးဆိုးဝါးဝါး ခြိမ်းခြောက်ခံနေရ’ ကြောင်း၊ နိုင်ငံရဲ့ အလယ်အလတ်ကျပြီး ဒီမိုကရေစီထွန်းကားမှု၊ ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်ထားမှုဆိုတဲ့ ဂုဏ်ပုဒ်တွေကို ထိခိုက်လာနေကြောင်း သြဂုတ်လအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
    တစ်ချို့သော ခရစ်ယာန်လူ့အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ရှိနေတယ်လို့လည်း အစီရင်ခံစာမှာ ဆိုပါတယ်။
    စိန့်ပေါလ်ဘုရားကျောင်းကို ပုံမှန်တက်ပြီး သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ အဓိက နိုင်ငံရေးမဟာမိတ်တွေထဲက တစ်ဦးဖြစ်တဲ့ မစ္စတာ ဘာဆူကီ နိုင်ငံရေးကျဆုံးမှု ပေါ်ပေါက်လာပြီးခဲ့တဲ့နောက် အင်ဒိုသမ္မတ ဂျိုကိုဝီဟာ ဗဟုဝါဒကို အခြေတည်တဲ့ တိုင်းပြည်ရဲ့ အခြေခံမူ ‘ပန်ကျာဆီလာ’ အယူအဆ ပြန်လည်အားကောင်းလာရေး ဆောင်ရွက်ဖို့ လုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။
    မစ္စတာဘာဆူကီရဲ့ပြဿနာ ပေါ်ပေါက်လာပေမယ့် အင်ဒိုနီးရှားမှာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ဘာသာရေး လူနည်းစုတွေအပေါ် တိုက်ခိုက်မှုဟာ သိသိသာသာ လျော့ကျသွားပါတယ်။ ဂျကာတာက အစိုးရမဟုတ်တဲ့ Setara Institute for Democracy and Peace အဖွဲ့က အခုနှစ်အတွင်း သြဂုတ်လထိ ခရစ်ယာန်ဘုရားကျောင်းပေါင်း ၉၃ ခု တိုက်ခိုက်ခံရမှုကို မှတ်တမ်းတင်ထားနိုင်ပြီး ၂၀၁၂ ခုနှစ်က ၂၆၄ ခု ရှိတာထက်စာရင် သိသိသာသာ နည်းသွားတာပါ။
    “ဒါပေမယ့် ဆိုရှယ်မီဒီယာကြောင့်၊ Facebook မှာ မှတ်ချက်ပေးတာ၊ ဂရုထဲမှာ ရေးတာတွေကြောင့် သာသနာညှိုးနွမ်းမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ကို တိုင်ကြားမှုဟာ မြင့်တက်လာနေပါတယ်” လို့ Setara Institute ရဲ့ အမှုဆောင်ဘုတ်အဖွဲ့ ဥက္ကဌ ဘိုနာရ် တီဂိုရ် နိုင်ပို့စ်ပို့စ်က ပြောကြားခဲ့ပါတယ်။
    မစ္စတာနူရ်နဲ့ မစ္စတာ ပီတွိုင်းတို့ နှစ်ဦးစလုံးက အင်ဒိုနီးရှားရဲ့ အဓိကပြဿနာဟာ ဘာသာရေး သည်းမခံနိုင်မှု မဟုတ်ဘဲ ပြည်သူတွေကြားထဲမှာ ပညာရေးနဲ့ နားလည်မှု နည်းပါးတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားမှာ မူလတန်းကျောင်း မပြီးတဲ့သူဟာ နိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်လောက်ရှိတယ်လို့ အစိုးရ ကိန်းဂဏန်းအရ သိရပါတယ်။
    “အင်ဒိုနီးရှားဟာ မွတ်စလင်အများစုရှိရာနိုင်ငံဆိုတာ လက်ခံရမယ်။ ဒါပေမယ့် အောက်ခြေလူတန်းစားမှာက အစ္စလာမ်နဲ့ပတ်သက်ပြီး သာမန်အသိပညာတောင် မပြည့်ပါဘူး။ ဒါ့ကြောင့် ငြိမ်းချမ်းရေးနဲ့ သည်းခံမှုဆိုတဲ့ အစ္စလာမ့်အနှစ်သာရကို သိချင်ရင် ကုရ်အာန်ကို လေ့လာပါ” လို့ မစ္စတာ နူရ်က ပြောကြားခဲ့ပါတယ်။
    အင်ဒိုနီးရှားမှာ ဘာသာရေးသည်းမခံနိုင်မှု မြင့်တက်လာသလားဆိုတဲ့ အမေးကိုတော့ မစ္စတာပီတွိုင်း ‘ကျွန်တော်က အဲဒီလို မထင်ပါဘူး’ လို့ ဖြေကြားခဲ့ပါတယ်။
    “ပြဿနာက ဆင်းရဲမွဲတွေမှု၊ လူမှုတရားမျှတရေးကို အမှန်တကယ်ဖြစ်လာအောင် ဆောင်ရွက်ဖို့ လိုအပ်မှုတွေပါ။ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် အတွင်းပိုင်းမှာလည်း အားနည်းမှုတွေရှိလာတယ်။ ဒါက အပြောင်းအလဲတော်တော်များများကို မြန်မြန်ဆန်ဆန်ဖြစ်လာခဲ့ပါတယ်။ ဘုံအခြေခံမျိုးရဖို့က တော်တော်အရေးကြီးပါတယ်။ ဒီလိုအခြေခံမျိုး ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံနဲ့ ပန်ကျာဆီလာအယူအဆမှာ ရှိနေပါတယ်”
    Ref: Nytimes
    (နယူးယောက်တိုင်းမ်စ် သတင်းဌာနက ဖော်ပြသည့် In Indonesia, a Mosque and a Church Foster Friendship Amid Religious Tensions ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ ဆောင်းပါးတွင်ပါဝင်သည့် အကြောင်းအရာများမှာ မူရင်းဆောင်းပါးရှင်၏ ဖော်ပြချက်သာဖြစ်ပြီး M-Media ၏ အာဘော်မဟုတ်ပါ)
  • ကားပိတ်မှုကြောင့် ၂ ကီလိုမီတာလောက် လမ်းလျှောက်ခဲ့ရတဲ့ အင်ဒိုသမ္မတ
    ကားပိတ်မှုကြောင့် ၂ ကီလိုမီတာလောက် လမ်းလျှောက်ခဲ့ရတဲ့ အင်ဒိုသမ္မတ
    အောက်တိုဘာ ၅၊ ၂၀၁၇
    M-Media
    – အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဟာ ဒီနေ့မနက်မှာ စစ်ရေးပြ အခမ်းအနားတစ်ခုကိုအသွား ကားလမ်းပိတ်တဲ့အတွက် ၂ ကီလိုမီတာကျော်ကျော်လောက် လမ်းလျှောက်သွားခဲ့ရတယ်လို့ သိရပါတယ်။
    စစ်တပ်တည်ထောင်တဲ့ ၇၂ နှစ်ပြည့်အဖြစ် ပြုလုပ်တဲ့ အခမ်းအနားကို တက်ရောက်ဖို့ မြို့တော် ဂျကာတာကနေ ၂ နာရီခွဲလောက် ကားမောင်းရတဲ့ ဆိပ်ကမ်းမြို့ ဆီလီဂွန်ကို အသွားမှာ ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အင်ဒိုနီးရှား သမ္မတနန်းတော်က သတင်းထုတ်ပြန်ပါတယ်။
    မြို့နားရောက်ကာနီးမှာ ကားပိတ်နေတာကြောင့် သမ္မတနဲ့ ထိပ်တန်းတာဝန်ရှိသူတွေရဲ့ ယာဉ်တန်းဟာ နာရီဝက်လောက် စောင့်ဆိုင်းခဲ့ပြီးတဲ့နောက် မထူခြားတဲ့အတွက် သမ္မတဟာ လမ်းလျှောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
    အဲဒီကားလမ်းမှာ ပိတ်မိနေတဲ့ ရဲတပ်ဖွဲ့ဝင်အကြီးအကဲ တီတို ကာရ်နာဗီယန်ဟာလည်း သမ္မတနဲ့အတူ လမ်းလျှောက်ခဲ့ပါတယ်။
    ဆိုရှယ်မီဒီယာတွေအပေါ် ရောက်ရှိလာတဲ့ ဗီဒီယိုမှာ လုံခြုံရေးအစောင့်အရှောက်တွေ ကာရံမှုအတွင်း သမ္မတ၀ီဒိုဒို လမ်းလျှောက်သွားတာကို တွေ့မြင်ခဲ့ရပြီး ဘေးနားမှာရပ်နေတဲ့ ပြည်သူတွေ သမ္မတရဲ့ နာမည်ကို ဟစ်အော်ချီးကျူးနေတဲ့ အသံကိုလည်း ကြားနေရပါတယ်။
    အင်ဒိုနီးရှားနိုင်ငံဟာ အာရှမှာ ကားပိတ်မှုအမြင့်ဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပြီး နိုင်ငံက မြို့ကြီးတော်တော်များများမှာ ကားပိတ်မှုဟာ ပုံမှန်လိုလို ဖြစ်နေပါတယ်။
    Ref: CNA