News @ M-Media

Tag: indonesia

  • အင်ဒိုအကျဉ်းထောင်မှ အကျဉ်းသား ၂၀၀ ထောင်ဖောက်ပြေး

    အင်ဒိုအကျဉ်းထောင်မှ အကျဉ်းသား ၂၀၀ ထောင်ဖောက်ပြေး

    မေ ၆၊ ၂၀၁၇
    M-Media

    – အင်ဒိုနီးရှားနိုင်ငံက ဆူမားတြားကျွန်း ရီအူပြည်နယ် ပကန်ဘာရူးရှိ အကျဉ်းထောင်တစ်ခုမှ အကျဉ်းသား ၂၀၀ ခန့်မှာ ယမန်နေ့က ထောင်ဖောက် ထွက်ပြေးခဲ့ကြသည်ဟု သိရသည်။

    အကျဉ်းထောင်အတွင်းရှိ ဗလီ၌ သောကြာနေ့ဝတ်ပြုရန် ၎င်းတို့အား အချုပ်ခန်းများမှ ထုတ်ပေးခဲ့ပြီးနောက် ဂိတ်ပေါက်ဝကို ဖျက်ဆီးကာ ထိုကဲ့သို့ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

    ရီအူရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂန်တာရ် အာရ်ယို တီဂျိုက ထွက်ပြေးသွားသူ အကျဉ်းသား ၂၀၀ နီးပါးတွင် ၇၇ ဦးကို ပြန်လည် ဖမ်းဆီးနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ဒေသတွင်း ဥပဒေရေးရာ ၀န်ကြီးဌာနရုံး၏ အကြီးအကဲ ဖာဒီနန် ဆိုင်ဂီယန်က အဆိုပါ အကျဉ်းထောင်မှ အကျဉ်းသားများမှာ နေထိုင်မှုဆိုးရွားခြင်း၊ အစောင့်များက အကြမ်းဖက်ခြင်းတို့ ရှိသည်ဟု ပြောကြားမှုများလည်း ရှိကြောင်း ဖွင့်ဟခဲ့သည်။

    အကျဉ်းထောင်မှာ အကျဉ်းသား ၇၀၀ အထိသာ ဆန့်သော်လည်း ၁၈၀၀ အထိ ထားရှိထားသည်ဟု တီဂျိုက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: CNA

  • အင်ဒိုနီးရှားမှ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား ကွယ်လွန်

    အင်ဒိုနီးရှားမှ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား ကွယ်လွန်

    မေ ၂၊ ၂၀၁၇
    M-Media

    – ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသားဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက အသက် ၁၄၆ နှစ်အရွယ် အဖိုးအိုဟာ ဂျာဗားကျွန်းမှာရှိတဲ့ သူ့ရဲ့ နေအိမ်မှာ တနင်္ဂနွေနေ့က ကွယ်လွန်သွားခဲ့ပါတယ်။

    ဆိုဒီမီဂျိုလို့ခေါ်တဲ့ ဒီအဘိုးအိုဟာ မတူညီတဲ့ ရာစုနှစ် ၃ ခု၊ ကမ္ဘာစစ်နှစ်ခုကို ကြုံတွေခဲ့ရပြီး သူမွေးထားတဲ့ သားသမီးတွေအားလုံးထက် သက်တမ်းပိုရှည်ရှည် နေခဲ့ရတာဖြစ်ပါတယ်။

    အတည်မပြုနိုင်တဲ့ မွေးစားရင်းနဲ့ မှတ်တမ်းမှတ်ရာတွေအရ ဆိုဒီမမီဂျိုဟာ ၁၈၇၀ ခုနှစ်မှာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

    အင်ဒိုနီရှားနိုင်ငံဟာ ၁၉၀၀ ပြည့်နှစ်မှာမှ မွေးစားရင်းကို တရားဝင် မှတ်ပုံတင်တာဖြစ်လို့ သူ့ရဲ့ အသက်အရွယ်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

    “ဘ၀ဆိုတာ ကိုယ့်ရဲ့ ကံကြမ္မာကို စိတ်နှလုံး ပြည့်ပြည့်၀၀ လက်ခံတာကို ခေါ်တာပါ။ ကျွန်တော် သေချင်တာ ကြာပါပြီ။ ဇနီး၊ သားသမီး၊ ညီအစ်ကိုမောင်နှမ အားလုံး သေသွားကြပြီ။ ဒါပေမယ့် အလ္လာဟ်အရှင်မြတ်က ကျွန်တော့်ကို ရှည်လျားတဲ့သက်တမ်းနဲ့ ကောင်းချီးပေးခဲ့ပါတယ်။ ဘ၀ကို စိတ်ရှည်သည်းခံစွာနဲ့ ရှင်သန်ပြီး ကျွန်တော့်ရဲ့ ကံကြမ္မာကို ပြည့်ပြည့်၀၀ လက်ခံရတော့မှာပေါ့” လို့ ဆိုဒီမီဂျိုက ဂျကာတာပို့စ်ကို ပြီးခဲ့တဲ့နှစ်မှာ ပြောကြားခဲ့ပါတယ်။

    သူဟာ ဧပြီလ ၁၂ ရက်နေ့မှာ ဆေးရုံတက်ခဲ့ရပြီး ၆ ရက်အကြာမှာ ပြန်ဆင်းခဲ့ပါတယ်။

    မြေးဖြစ်သူ ဆူယန်တိုက သူ့ရဲ့ အဖိုးဟာ အဲဒီအချိန်ကတည်းက ဆန်ပြုတ်ကို ဇွန်းအနည်းငယ်သာသောက်ပြီး၊ ရေကိုလည်း နည်းနည်းပဲသောက်တော့ကြောင်း မကွယ်လွန်ခင် ၂ ရက်လောက်မှာ ဘာမှ မစားတော့ကြောင်း ပြောကြားခဲ့ပါတယ်။

    ဆိုဒီမီဂျိုရဲ့ ရုပ်ကလပ်ကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူဝယ်ယူထားတဲ့ သင်္ချီုင်းမြေမှာ မြှုပ်နှံခဲ့ပြီး ၁၉၉၂ ခုနှစ်က သူ ဖယ်ထားခဲ့တဲ့ ကျောက်တုံးနဲ့ မှတ်တိုင် ပြုလုပ်ခဲ့ပါတယ်။

    Ref: RT

  • ရခိုင်ပြဿနာအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်ဒိုသမ္မတတို့ ဆွေးနွေး

    ရခိုင်ပြဿနာအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်ဒိုသမ္မတတို့ ဆွေးနွေး

    ဧပြီ ၃၀၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်အခြေအနေနှင့်ပတ်သက်၍ ကိုဖီအန်နန်ဦးဆောင်သည့် အကြံပေးကော်မရှင်မှ ထုတ်ပြန်သော အကြံပြုချက်များမှ တစ်စိတ်တစ်ပိုင်းကို ဆောင်ရွက်ခဲ့သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အင်ဒိုနီးရှားသမ္မတ ဂျိုကို ၀ီဒိုဒိုနှင့်တွေ့ဆုံစဉ် ပြာကြားလိုက်သည်။

    အကြိမ် ၃၀ မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေသည့် ခေါင်းဆောင်နှစ်ဦးမှာ ယမန်နေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်တွင် နှစ်ဖက်တွေ့ဆုံမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အကြံပြုချက်များကို အကောင်အထည်ဖော်ရာတွင်လည်း တိုးတက်မှု ရရှိနေသည်ဟု ဆိုသည်။

    အဆိုပါ တွေ့ဆုံပွဲတွင် ဂျိုကိုဝီဒိုဒိုနှင့်အတူ ပါဝင်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီး ရီတနို အလ်ပီ မာဆူဒီက ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအန်နန် ဦးဆောင်သည့် အကြံပေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည့် အကြံပြုချက်များမှာ ရိုဟင်ဂျာပြဿနာ ပြေလည်ရေးအတွက် ပြီးခဲ့သည့်နှစ်အတွင်း ဆောင်ရွက်ခဲ့သော အင်ဒိုနီးရှား၏ ရပ်တည်ချက်နှင့် ကိုက်ညီသည်ဟု ပြောကြားခဲ့သည်။

    “ကျွန်မတို့ဟာ အန်နန်ကော်မရှင်ရဲ့ အစီရင်ခံစာတွေအကြောင်းကို ဆွေးနွေးခဲ့ပါတယ်။ အချို့သော အကြံပြုချက်တွေကို (မြန်မာနိုင်ငံက) လိုက်နာဆောင်ရွက်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

    ကိုဖီအန်နန် ကော်မရှင်၏ အကြံပြုချက်များတွင် ရခိုင်ပြည်နယ်ရှိ ထိခိုက်ခံစားရသည့် ဒေသများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်သားများ ၀င်ခွင့်ပေးရန်၊ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့နောက်ပိုင်း ကျူးလွန်မှုများရှိခဲ့သည်ဆိုသည့် ရာဇ၀တ်မှုများအတွက် လွတ်လပ်ပြီး ဘက်လိုက်မှုကင်းသည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်၊ ရိုဟင်ဂျာ မွတ်စလင်လူနည်းစုများကို လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ပေးရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်ပေးရန်တို့ ပါဝင်သည်။

    Ref: Jakarta Post

  • အင်ဒိုနီးရှားမှ နာမည်ကျော် ကာရီတစ်ဦး ကုရ်အာန်ရွတ်ဖတ်နေစဉ် ကွယ်လွန်သေဆုံး

    အင်ဒိုနီးရှားမှ နာမည်ကျော် ကာရီတစ်ဦး ကုရ်အာန်ရွတ်ဖတ်နေစဉ် ကွယ်လွန်သေဆုံး

    ဧပြီ ၂၇၊ ၂၀၁၇
    M-Media

    – အင်ဒိုနီးရှားမှ နာမည်ကျော် ကာရီတစ်ဦးဖြစ်သူ ရှိခ် ဂျာဖရ် အဘ်ဒူလ်ရဟ်မန်မှာ တနင်္လာနေ့က အခမ်းအနားတစ်ခုတွင် ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်သရဇ္ဈာယ်မှုအတွင်း ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

    အင်ဒိုနီးရှား လူမှုရေးရာဝန်ကြီး တက်ရောက်သည့် နိုင်ငံတော်အဆင့် အခမ်းအနားတွင် ရှိခ် ဂျာဖရ်မှာ ကုန်အာန်ကျမ်းတော်မြတ် စူရဟ် အလ်-မွလ်က်မှ ပါဒတော်များကို ရွတ်ဖတ် သရဇ္ဈာယ်စဉ်အတွင်း ရုတ်တရတ် လဲကျသွားခဲ့ခြင်းဖြစ်သည်။

    ထို့နောက် ဆေးအဖွဲ့က ရှေးဦးသူနာပြုစုနည်းများဖြင့် ကုသခဲ့သော်လည်း ကာရီကြီးမှာ သသတိပြန်လည်လာခြင်းမရှိတော့ဘဲ ကွယ်လွန်သွားခဲ့သည်။

    ရှိခ်ဂျာဖရ်၏ အဆိုပါ ရွတ်ဖတ်သရဇ္ဈာယ်မှုကို တစ်နိုင်ငံလုံးသို့ တိုက်ရိုက်ထုတ်လွှင့်ပြသနေခြင်းဖြစ်ပြီး၊ ၎င်းကွယ်လွန်သွားသည့် ထိုအဖြစ်အပျက်ဗီဒီယိုမှာလည်း ဆိုရှယ်မီဒီယာများတွင် အလျင်အမြန် ပြန့်နှံ့သွားခဲ့ကာ ကောင်မွန်သော သေဆုံးခြင်းဖြစ်သည်ဟု အင်ဒိုပြည်သူများက ချီးကျူးခဲ့ကြသည်။

    Ref: Arab News

  • အွန်လိုင်းချစ်သူကို လက်ထပ်ဖို့ ၂ နှစ်တာငွေစုပြီး အင်ဒိုကို လိုက်သွားတဲ့ အီတလီသူလေး

    အွန်လိုင်းချစ်သူကို လက်ထပ်ဖို့ ၂ နှစ်တာငွေစုပြီး အင်ဒိုကို လိုက်သွားတဲ့ အီတလီသူလေး

    ဧပြီ ၂၅၊ ၂၀၁၇
    M-Media

    အင်ဒိုနီးရှားက ချစ်သူနဲ့ လက်ထပ်ဖို့ လိုက်လာတဲ့ အီလာရီယာ

    – အီတလီနိုင်ငံက အမျိုးသမီးငယ်တစ်ဦးဟာ အွန်လိုင်းက ကြိုက်နှစ်သက်သွားတဲ့ အမျိုးသားတစ်ဦးကို လက်ထပ်ဖို့အတွက် သူ့ရဲ့ လုပ်ခလစာကို ၂ နှစ်တာ စုဆောင်းပြီး အင်ဒိုနီးရှားကို သွားရောက်ခဲ့ပါတယ်။

    အီလာရီယာလို့ခေါ်တဲ့ အမျိုးသမီးဖြစ်ပြီး ဂျာဗားကျွန်းမကြီးမှာနေထိုင်တဲ့ ဇွလ်ဖီကာရ်နဲ့ Facebook ကနေတစ်ဆင့် ချစ်ကြိုက်ခဲ့တာ ဖြစ်ပါတယ်။ ချစ်ကြိုး နှောင်ဖွဲ့ ရစ်ပတ်လွန်းခဲ့ပြီး နောက်ပိုင်းမှာတော့ သူတို့နှစ်ဦးဟာ ပေါင်းစည်းဖို့ သဘောတူခဲ့ကြပါတယ်။

    ကမ္ဘာ့တစ်ဖက်ခြမ်းက အမျိုးသားတစ်ဦးနဲ့ လက်ထပ်ဖို့ အစီအစဉ်ကို အီလာရီယာက မိဘတွေကို ပြောကြားခဲ့ပြီး မိဘတွေကလည်း သမီးဖြစ်သူရဲ့ ဆန္ဒကို သဘောတူခဲ့ပါတယ်။

    “အင်ဒိုနီးရှားကိုလာဖို့ စားသောက်ဆိုင်မှာ အလုပ်လုပ်ရင်း ရလာတဲ့ပိုက်ဆံကို ၂ နှစ်လောက် စုခဲ့ရပါတယ်” လို့ အီလာရီယာက Jakarta Post ကို ဖွင့်ဟခဲ့ပါတယ်။

    ဧပြီလ ၁၈ ရက်နေ့မှာ အီလာရီယာဟာ ဘာတန်းမြို့ကို ရောက်ရှိလာခဲ့ပြီး သူမရဲ့ ခင်ပွန်းလောင်းရှိရာ ကန်ဒီမန် ခရိုင် တရာဂန် ကျေးရွာလေးကို ချက်ခြင်း သွားရောက်ခဲ့ပါတယ်။

    ဒါပေမယ့် ဒေသခံတွေကတော့ နိုင်ငံခြားသားတစ်ယောက် လာရောက်တဲ့အတွက် အထူးအဆန်း ဖြစ်ခဲ့ရပြီး ရဲတပ်ဖွဲ့ ကိုအကြောင်းကြားခဲ့ပါတယ်။

    ရဲတပ်ဖွဲ့ဝင်တွေကလည်း ချက်ခြင်းပဲ ရောက်ရှိလာပြီး ဘာတန်းရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ အဂက်စ် ၀င်ဒါတိုလည်း ပါလာခဲ့ပါတယ်။

    “အင်ဒိုနီးရှားကို သူမလာရောက်ရဲ့ ရည်ရွယ်ချက်ကို သိရှိဖို့အတွက် ကျွန်တော်တို့ သူမကို မေးမြန်းခဲ့ပါတယ်” လို့ ၀င်ဒါတိုက ပြောပါတယ်။

    ဇွလ်ဖီကာရ်ကတော့ ဝေးကွာလွန်းတဲ့ ချစ်ခြင်းမေတ္တာဟာ ဆိုရှယ်မီဒီယာကြောင့် အမှန်ကတယ်ဖြစ်လာခဲ့ပြီး၊ လက်ထပ်မှုနဲ့ အဆုံးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Straitimes