News @ M-Media
Tag: indonesia
  • အစွန်းရောက်ဝဘ်ဆိုက်များနှင့် ဆိုရှယ်မီဒီယာအကောင့်များကို အင်ဒိုနီးရှား ပိတ်ပင်
    အစွန်းရောက်ဝဘ်ဆိုက်များနှင့် ဆိုရှယ်မီဒီယာအကောင့်များကို အင်ဒိုနီးရှား ပိတ်ပင်
    ဇန်န၀ါရီ ၁၈၊ ၂၀၁၆
    M-Media
    indo
    – ပြီးခဲ့သည့်တစ်ပတ် ကြာသာပတေးနေ့က မြို့တော်ဂျကာတာ၌ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အင်ဒိုနီးရှား သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အစွန်းရောက်ဝဘ်ဆိုက်များနှင့် ဆိုရှယ်မီဒီယာအကောင့်များကို ပိတ်ပစ်လိုက်သည်ဟု သိရသည်။
    “ဇန်န၀ါရီ ၁၄ ရက်နေ့က ဆာရီနာဗုံးခွဲတိုက်ခိုက်မှုကို ထောက်ခံကြတဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကို စောင့်ကြည်မှုတွေနဲ့ ပြည်သူလူထုဆီက သတင်းပေးပို့မှုတွေ ရရှိခဲ့ပြီးတဲ့နောက်ပိုင်းမှာ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနက သူတို့ကို ပိတ်ပင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု သတင်းအချက်အလက်နှင့် ပြည်သူ့ဆက်ဆံရေး အကြီးအကဲ အစ္စမေးလ် ချာဝီဒူက ပြောကြားခဲ့သည်။
    ဂျာကာတာ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေနတ်သမား ၅ ဦးနှင့် အရပ်သားနှစ်ဦး သေဆုံးခဲ့သည်။ သေဆုံးသူ အရပ်သားနှစ်ဦးမှာ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးနှင့် ကနေဒါနိုင်ငံသားတစ်ဦးတို့ ဖြစ်ကြသည်။ ထို့ပြင် ရဲတပ်ဖွဲ့ဝင် ၅ ဦး အပါအ၀င် စုစုပေါင်း လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
    Ref: IINA
  • ဂျကာတာတိုက်ခိုက်မှုအဆုံးသတ်၊ IS အကြမ်းဖက်အဖွဲ့က ၎င်းတို့လက်ချက်ဟု ကြေငြာ
    ဂျကာတာတိုက်ခိုက်မှုအဆုံးသတ်၊ IS အကြမ်းဖက်အဖွဲ့က ၎င်းတို့လက်ချက်ဟု ကြေငြာ
    ဇန်န၀ါရီ ၁၄၊ ၂၀၁၆
    M-Media
    jakatar 4
    – ယနေ့မနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာမြို့လယ်ကောင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုကို အဆုံးသတ်နိုင်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာကို ထိန်းချုပ်နိုင်ခဲ့ပြီဟု အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ယနေ့ညနေပိုင်းတွင် ကြေငြာလိုက်သည်။
    သမ္မတအိမ်တော်နှင့် ကုလရုံးခန်းတို့တည်ရှိရာ နေရာအနီးတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုတွင် စုစုပေါင်း လူ ၇ ဦးသေဆုံးခဲ့ပြီး ထိုအထဲတွင် သေနတ်သမား ၄ ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ပါဝင်သည်ဟု ရဲတပ်ဖွဲ့၏ ကြေငြာမှုအရ သိရသည်။ စောစောပိုင်းက ရဲတပ်ဖွဲ့ဝင် ၅ ဦး၊ အရပ်သား ၇ ဦးနှင့် သေနတ်သမား ၅ ဦး သေဆုံးခဲ့သည်ဟု ကြေငြာခဲ့ သော်လည်း နောက်ပိုင်းတွင် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူ များလည်း ရှိခဲ့သည်။
    ရိုင်ဖယ်များကိုင်ဆောင်ထားသည့်သေနတ်သမား ၆ ဦးမှာ ဆိုင်ကယ်ဖြင့် ၀င်ရောက်လာခဲ့ကြပြီး လူအုပ်အတွင်း ပစ်ခတ်မှုများပြုလုပ်ကာ၊ အချို့မှာ ဖောက်ခွဲရေးပစ္စည်းများကို သယ်ဆောင်လာကြသည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ အချို့သေနတ်သမားများမှာ ဆိုင်ကယ်နှစ်စီးဖြင့် ထွက်ပြေးသွားကြသည်ဟု ရဲတပ်ဖွဲ့ရင်းမြစ်တစ်ခုက ဆိုသည်။
    အခင်းဖြစ်ပွားရာအနီးတွင် ဗုံးဖောက်ခွဲမှု ၆ ခု ဖြစ်ပွားခဲ့ပြီး၊ ရဲတပ်ဖွဲ့ဝင်များနှင့် သေနတ်သမားများအကြား အပြန်အလှန်ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့သည်။
    သမ္မဂျိုကိုဝီကမူ တိုက်ခိုက်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သူများကို ရှာဖွေနှိမ်းနင်းရန် အမိန့်ပေးခဲ့သည်။ ကမ္ဘာအပေါ်တွင် အစ္စလာမ်ဘာသာဝင်အများဆုံးရှိသည့် အင်ဒိုနီးရှားတွင် ဖြစ်ပွားခဲ့သော အဆိုပါ ထိုတိုက်ခိုက်မှုအတွက် IS အဖွဲ့က တာဝန်ယူခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နိုင်ငံခြားသားများကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera
  • Breaking News – အင်ဒိုနီးရှားမြို့တော် ဂျကာတာတွင် တိုက်ခိုက်မှုဖြစ်ပွား
    Breaking News – အင်ဒိုနီးရှားမြို့တော် ဂျကာတာတွင် တိုက်ခိုက်မှုဖြစ်ပွား
    ဇန်န၀ါရီ ၁၄၊ ၂၀၁၆
    M-Media
    jakatr
    – အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာတွင် ဗုံးခွဲမှုများနှင့် သေနတ်ဖြင့်ပစ်ခတ် တိုက်ခိုက်မှုများ ယနေ့မနက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။
    အဆိုပါ အသေခံတိုက်ခိုက်မှုတွင်း ရဲတပ်ဖွဲ့နေရာတစ်ခုမှာ ဖျက်ဆီးခံလိုက်ရပြီး သေနတ်ဖြင့်ပစ်ခတ်မှုမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ သမ္မတအိမ်တော်အနီးရှိ အခင်းဖြစ်ပွားရာ ဆာရီနာဈေးဝယ်စင်တာကို ရဲတပ်ဖွဲ့က ပိတ်ဆို့လိုက်ပြီဖြစ်သည်။ ပေါက်ကွဲမှုမှာ အနည်းဆုံး ၆ ခုခန့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုခိုက်မှုအတွင်း ဒဏ်ရာရမှုများလည်း ရှိနေသည်။
    မည်သူက မည်သည့်အကြောင်းအရင်းကြောင့် တိုက်ခိုက်မှုပြုလုပ်သည်ဆိုသည်ကို ရဲတပ်ဖွဲ့က စုံစမ်စစ်ဆေးလျက် ရှိနေသည်။
    Ref: Aljazeera
  • ကမ္ဘာ့အကောင်းဆုံး ကျွန်းများစာရင်းတွင် အင်ဒိုနီးရှားမှ ဘာလီကျွန်း ရွေးချယ်ခံရ
    ကမ္ဘာ့အကောင်းဆုံး ကျွန်းများစာရင်းတွင် အင်ဒိုနီးရှားမှ ဘာလီကျွန်း ရွေးချယ်ခံရ
    ဇန်န၀ါရီ ၆၊ ၂၀၁၅
    M-Media
    bali
    – အမေရိကန် ခရီးသွားလာရေး မဂ္ဂဇင်းဖြစ်သော Travel +Leisure မှ ရွေးချယ်ခဲ့သည့် ကမ္ဘာ့အကောင်းဆုံးကျွန်းများစာရင်းတွင် မိမိတို့နိုင်ငံမှ ဘာလီကျွန်း ပါဝင်ခဲ့သည်အတွက် ဂုဏ်ယူဝမ်းမြောက်မိသည်ဟု အင်ဒိုနီးရှားခရီးသွားလာရေးဝန်ကြီး အရီးဖ်ယဟ်ယာက ပြောကြားခဲ့သည်။
    နယူးယောက်အခြေစိုက် အဆိုပါမဂ္ဂဇင်းက ကမ္ဘာ့အကောင်းဆုံးကျွန်းများကို အဆင့်သတ်မှတ်ခဲ့ရာ အီကွေဒေါမှ ဂါလာပါဂို့စ်ကျွန်းက ၉၀.၈၂ မှတ်၊ အင်ဒိုနီးရှား ဘာလီကျွန်းက ၈၇.၉၈ မှတ်၊ မော်လ်ဒိုက်ကျွန်းက ၈၈.၅၃ မှတ်၊ သြစတေးလျမှ တပ်စ်မဲနီးယားကျွန်းက ၈၈.၃၂ မှတ်၊ ဂရိနိုင်ငံ ဆန်တိုရီနီကျွန်းက ၈၇.၉၃ မှတ်၊ ပြင်သစ်ပိုလီနီးရှား၏ မူးရီယာကျွန်းက ၈၇.၉၀ မှတ်၊ ဟာဝိုင်ရီရှိ မွိုင်ကျွန်းက ၈၇.၈၉ မှတ်၊ ဟာဝိုင်ရီ ကွေကျွန်းက ၈၇.၈၈ မှတ်၊ သြစတေးလျရှိ ဂရိတ်ဘယ်ရီယာ သန္တကျောက်တန်းက ၈၇.၃၁ မှတ်နှင့် မော်လ်တာကျွန်းက ၈၆.၉၀ မှတ်တို့ဖြင့် အသီးသီး ရှိခဲ့ကြသည်။
    အင်ဒိုနီးရှားသတင်းဌာန အန်တာရာသို့ပေးပို့ခဲ့သော ကြေငြာချက်တွင် ၀န်ကြီး ယဟ်ယာက ၎င်းအနေဖြင့် ဘာလီကျွန်းသားများ၏ ယဉ်ကျေးပျုငှာမှု၊ ဘာလီကျွန်း၏ ပြိုင်စံရှား ယဉ်ကျေးမှုအစဉ်အလာများနှင့် သဘာဝအလှအပများကို ကမ္ဘာက အသိအမှတ်ပြု ချီးကျုးလာစေရမည်ဟု ပေးထားသောကတိကို တည်နိုင်ခဲ့သည့်အတွက် ၀မ်းမြောက်ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။
    ယဟ်ယာက ထပ်မံ၍ ၎င်း၏ဌာနအနေဖြင့် နိုင်ငံအတွင်းရှိ ဘာလီထက်မလျော့သော နေရာများကိုလည်း လူသိများလာစေရန် မြှင့်တင်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
    Travel +Leisure သည် လစဉ်ထုတ်မဂ္ဂဇင်းတစ်စောင်ဖြစ်ပြီး နယူးယောက်တွင်အခြေစိုက်ကာ ပုံမှန်ဖတ်ရှုသူ ၄.၈ သန်း ရှိသည်။ ထိုမဂ္ဂဇင်းမှာ ဟိုတယ်နှင့် အပန်းဖြေခရီးသွားလာရေးဆိုင်ရာ အကြီးဆုံး မဂ္ဂဇင်းတစ်စောင်ဖြစ်သည်။ ဘာလီခရီးသွားလာရေးဌာနကမူ ၂၀၁၆ ခုနှစ်တွင် ဘာလီကျွန်းသို့ ခရီးသွားလာသူ ၄.၂ သန်းရှိရမည်ဟု မျှော်မှန်းထားသည်။
    Ref: IINA
  • အင်ဒိုတောမီးအတွက် တာဝန်ရှိသည့် ကုမ္ပဏီများကို အစိုးရ အပြစ်ပေး
    အင်ဒိုတောမီးအတွက် တာဝန်ရှိသည့် ကုမ္ပဏီများကို အစိုးရ အပြစ်ပေး
    ဒီဇင်ဘာ ၂၃၊ ၂၀၁၅
    M-Media
    indo
    – လူ ၁၉ ယောက်ထိ သေဆုံးစေခဲ့သော တောမီးလောင်မှု ဖြစ်ပွားခဲ့သည့်အတွက် ကုမ္ပဏီ ၂၀ ကျော်ကို အပြစ်ပေးအရေးယူမှုများ ပြုလုပ်လျက်ရှိသည်ဟု အင်ဒိုနီးရှား အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။
    အရှေ့တောင်အာရှတစ်ခွင်လုံးတွင် မီးခိုးမွန်ထူစေခဲ့သော ထိုတောမီးလောင်မှု၌ ပါဝင်ခဲ့သည့်အတွက် ကုမ္ပဏီသုံးခုကို လိုင်စင်ဖျက်သိမ်းခဲ့ပြီးနောက် ကုမ္ပဏီကိုပါ ရာသက်ပန် ပိတ်ပစ်ခဲ့သည်။ အဆိုပါမီးလောင်ကျွမ်းမှုကြောင့် အင်ဒိုနီးရှားနိုင်ငံမှာ ကန်ဒေါ်လာ ၁၆ ဘီလီယံ ဆုံးရှုံးနစ်နာခဲ့သည်။
    ယခုဆောင်ရွက်မှုမှာ စိုက်ပျိုးရေးလုပ်ရန် သစ်ပင်များ ခုတ်ထွင်ရှင်းလင်းရာမှ နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့် တောမီးလောင်ကျွမ်းမှုအပေါ် အင်ဒိုနီးရှား အစိုးရအနေဖြင့် ပထမဆုံးအကြိမ် ကုမ္ပဏီများကို လိုင်စင်ပိတ်သိမ်း အရေးယူခြင်းဖြစ်သည်။
    ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှာ ကုမ္ပဏီ ၁၄ ခု၏ လုပ်ငန်းဆောင်တာများကို ရပ်တန့်စေခဲ့ပြီး မီးဘေးကာကွယ်မှုအပေါ် အစိုးရ၏ ကန့်သတ်ချက်များကို မလိုက်နာနိုင်ပါက ကုမ္ပဏီပိတ်သိမ်းခံရမည့် အခြေအနေနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။ အခြားသော ကုမ္ပဏီအမြောက်အများကိုလည်း အထူးသတိပေးထားပြီး အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။
    “အုပ်ချုပ်စီမံပိုင်ခွင့် ကန့်သတ်တာကနေ လိုင်စင်ပိတ်သိမ်းတဲ့တဲ့အထိ စုစုပေါင်း ကုမ္ပဏီ ၂၃ ခုကို အရေးယူပြီးပါပြီ။ ကျန်တဲ့ ကုမ္ပဏီ ၃၃ ခုကိုလည်း ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ပါတယ်၊ တကယ်လို့အပြစ်ရှိကြောင်းတွေ့ရှိရင် သူတို့လည်း လိုင်စင် ရုတ်သိမ်းသွားမှာဖြစ်ပါတယ်” ဟု ပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကီမဲလ်အာမားစ်က ပြောကြားခဲ့သည်။
    “ဒီလိုဘေးအန္တရာယ်တွေ ထပ်ခါထပ်ခါ မဖြစ်ပွားအောင် ပိုမိုခိုင်မာတဲ့ ဥပဒေပြဌာန်းမှုတွေ လိုအပ်ပါတယ်၊ ဒီလိုဖြစ်နေတာ ၁၈ နှစ်လောက်ရှိပြီ၊ ဒါပေမဲ့ ဘယ်သူကမှ သင်ခန်းစာယူရကောင်းမှန်း မသိကြပါဘူး” ဟု အာမားစ်က ထည့်သွင်းပြောကြားခဲ့သည်။
    အင်ဒိုနီးရှားတွင် လူအယောက် ၅ သိန်းခန့်သည် မီးခိုးမြူများကြောင့် အသက်ရှုလမ်းကြောင်းရောဂါများ ကူးစက်ခံစားနေရပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သော စင်ကာပူနှင့် မလေးရှားတို့တွင်လည်း အလားတူရောဂါများ ဖြစ်ပွားနေကြရသည်။
    Ref: Channelnewsasia