News @ M-Media
Tag: international short news
  • ရ၀မ်ဒါလူမျိုးတုံး သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည့် သူပုန်တပ်ဖွဲ့မှ လူ ၁၀၀ ကျော် ကွန်ဂိုတွင် လက်နက်ချ
    ရ၀မ်ဒါလူမျိုးတုံး သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည့် သူပုန်တပ်ဖွဲ့မှ လူ ၁၀၀ ကျော် ကွန်ဂိုတွင် လက်နက်ချ
    မေ ၃၁၊ ၂၀၁၄
    M-Media
    31A
    – ၁၉၉၄ ခုနှစ်က ရ၀မ်ဒါတွင်ဖြစ်ပွားခဲ့သည် လူမျိုးတုန်းသတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည့် ရ၀မ်ဒါလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဖွဲ့ FDLR မှ လက်နက်ကိုင် ၁၀၅ ဦးမှာ ကွန်ဂိုနိုင်ငံမြောက်ပိုင်းတွင် ယမန်နေ့က လက်နက်ချခဲ့ကြသည်ဟု သိရသည်။
    ထိုလက်နက်ချမှုကို ကွန်ဂိုရှိ ကုလသမဂ္ဂ မစ်ရှင် MONUSCO က ကြိုဆိုခဲ့သော်လည်း  သူပုန်များအနေဖြင့် ပြင်းပြသောဆန္ဒရှိမရှိ စောင့်ကြည့်ရန် အချိန်ယူရမည်ဟု ပြောကြားခဲ့သည်။
    “ဒါဟာ ကောင်းတဲ့ စတင်မှုပါ။ ဒါပေမယ့် အများကြီးထပ်လုပ်ရပါဦးမယ်။ ဒီဖြစ်စဉ်ကို ကျွန်တော်တို့ အားပေးပြီး ကျွန်တော်တို့ရဲ့ တပ်တွေကိုလည်း စုစည်းထားပါတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်ဟာ ယုံကြည်ရပြီး သေချာလားဆိုတာကိုတော့ လာမယ့်အချိန်တွေ စကားပြောသွားပါလိမ့်မယ်” ဟု MONUSCO မှ ဗိုလ်ချုပ် အဘ်ဒါလ်လာ ၀ါဖီက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
    အဆိုပါ ရ၀မ်ဒါလွတ်မြောက်ရေးတပ်မှာ အနည်းဆုံး တွတ်ဆီလူမျိုး ၈ သိန်းကျော်အား သတ်ဖြတ်ခဲ့သည့် ပြည်သူစစ်တပ်ဖွဲ့တွင် တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့သည်ဟု ကွန်ဂိုအခြေစိုက် MONUSCO က ဆိုသည်။
    FDLR အဖွဲ့မှာ တပ်ဖွဲ့ဝင် ၁၅၀၀ ရှိမည်ဟု ကုလကခန့်မှန်းပြီး ကွန်ဂိုအစိုးရကမူ တပ်ဖွဲ့ဝင် ၄၀၀၀ ရှိသည်ဟု ခန့်မှန်းသည်။ ၎င်းတို့မှာ ကွန်ဂိုနိုင်ငံ မြောက်ပိုင်း ကီဗူပြည်နယ်တွင် ပြန့်ကျဲလျက်ရှိပြီး အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် စွပ်စွဲပြစ်တင်ခြင်း ခံထားရသည်။
    Ref : Aljazeera
  • တောင်ကိုရီးယား ခရစ်ယာန်သာသနာပြု တစ်ဦးကို တစ်သက်တစ်ကျွန်း အလုပ်ကြမ်း ပြစ်ဒဏ် မြောက်ကိုရီးယားချမှတ်
    တောင်ကိုရီးယား ခရစ်ယာန်သာသနာပြု တစ်ဦးကို တစ်သက်တစ်ကျွန်း အလုပ်ကြမ်း ပြစ်ဒဏ် မြောက်ကိုရီးယားချမှတ်
    မေ ၃၁၊ ၂၀၁၄
    M-Media
    31
    – တောင်ကိုရီးယားမှ ခရစ်ယာန် သာသနာပြုတစ်ဦးအား အဖျက်အမှောက်လုပ်ငန်း၊ သူလျှိုလုပ်ငန်းနှင့် လှုံ့ဆော်မှုများ ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် တစ်သက်တစ်ကျွန်း အလုပ်ကြမ်းပြစ်ဒဏ်ကျခံရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်ဟု မြောက်ကိုရီးယား သတင်းဌာန KCNA က ယနေ့နံနက်တွင် ဖော်ပြခဲ့သည်။
    အသက် ၅၀ အရွယ်ရှိ ကင်ဂျုံအက် ဆိုသူဖြစ်ပြီး မြောက်ကိုရီးယား၏ ဘာသာာရေးဆိုင်ရာ အက်ဥပဒေကို ချိုးဖောက်ခြင်း၊ မြေအောက် ခရစ်ယာန် အသင်းတော်များ ထူထောင်ခြင်းနှင့် မြောက်ကိုရီးယားနိုင်ငံအား သူလျှိုလုပ်ခြင်းတို့ အပါအ၀င် ရာဇ၀တ်မှုများအတွက် အပြစ်ရှိသည်ဟုဆိုကာ ကင်၏ နောင်တရသော အပြုအမူကြောင့် သေဒဏ်ချမှတ်ခြင်းမပြုခဲ့ဟု KCNA က ဖော်ပြခဲ့သည်။
    ကင်ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရုပ်မြင်သံကြား သတင်းစာရှင်းလင်းပွဲတွင် ကင်က ၎င်းမှာ တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီ အတွက် သူလျှိုလုပ်ပေးနေကြောင်း ၀န်ခံခဲ့သည်။ သို့သော်လည်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီကမူ ထိုသတင်းအား ငြင်းဆိုခဲ့သည်။
    ပြီးခဲ့သည့် နိုဝင်ဘာလက ဖမ်းဆီးရမိခဲ့သည့် ကိုရီးယား-အမေရိကန် ခရစ်ယာန်သာသနာပြု တစ်ဦးကိုလည်း နိုင်ငံတော်ကိုဆန့်ကျင်သည့် ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့သည်ဟုဆိုကာ မြောက်ကိုရီးယားက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သည်။
    Ref : Xinhua
  • အဟာရ ပြတ်လတ်မှုကြောင့် ဆိုမာလီရှိ ငါးနှစ်အောက် ကလေးငယ် ၂ သိန်းခန့် သေဆုံးနိုင်သည်ဟု ကုလ သတိပေး
    အဟာရ ပြတ်လတ်မှုကြောင့် ဆိုမာလီရှိ ငါးနှစ်အောက် ကလေးငယ် ၂ သိန်းခန့် သေဆုံးနိုင်သည်ဟု ကုလ သတိပေး
    မေ ၂၉၊ ၂၀၁၄
    M-Media
    29A
    – ဆိုမာလီနိုင်ငံတွင် ငတ်မွတ်ခေါင်းပါးမှု ရပ်တန့်ရေး ကုလမှ အရေးပေါ် ရန်ပုံငွေမရလျှင် ဆိုးရွားသည့် အဟာရ ပြတ်လတ်မှုကြောင့် အသက်ငါးနှစ်အောက် ကလေးငယ် ၂ သိန်းခန့်မှာ ယခုနှစ်ကုန်တွင် သေဆုံးသွားနိုင်သည်ဟု ကုလသမဂ္ဂက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
    နိုင်ငံတစ်ဝှမ်း ပြည်နယ်များရှိ အမျိုးသမီးနှင့် ကလေးငယ်သုံးသန်းကျော်အား အရေးပါသည့် ကျန်းမာရေး စောင့်ရှောက်မှုများပေးအပ်ရန် ယူနီဆက်ဖ်က တောင်းဆိုထားသော ကန်ဒေါ်လာ သန်း ၁၅၀ တွင် ၁၅ သန်းသာ ရရှိထားသည်ဟု ဂျီနီဖာရှိ ကုလ ပြောရေးဆိုခွင့်ရှိသူ ခရစ္စတိုဖီ ဘိုလီရက်က ဆိုသည်။
    “တောင်းဆိုထားတဲ့ငွေတွေကို ချက်ချင်း မရဘူးဆိုရင်၊ ယူနီဆက်ဖ်က လုပ်နေတဲ့ အရေးပါတဲ့ ဆေးကုသမှုတွေကို တစ်လအတွင်း ရပ်လိုက်ရတော့မှာပါ။ ဒီလိုသာ ရပ်သွားရင် ဆိုးရွားတဲ့ အဟာရ ပြတ်လတ်မှုတွေနဲ့ ကြုံတွေ့ရပြီး ဒီ ၂၀၁၄ အကုန်မှာ ကလေး ၂ သိန်းလောက်ဟာ သေဆုံးနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
    ဆိုမာလီအစိုးရမှာ နိုင်ငံအား တည်ငြိမ်အေးချမ်းရန် မဆောင်ရွက်နိုင်သေးဘဲ၊ နိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှုများနှင့် အသေခံဗုံးခွဲမှုများ မကြာခဏဖြစ်ပွားနေသည်။
    ယူဆီဆက်ဖ်မှာ ဆေးဝါးများ၊ ကာကွယ်ဆေးထိုးပေးခြင်း၊ ၀န်ထမ်းများအား လစာပေးခြင်း၊ ဆေရုံးများရှိ မီးစက်များအတွက် လောင်စာဆီများ ထောက်ပံ့ခြင်းတို့ အပါအ၀င် ကျန်းမာရေးစောင့်ရှောက်မှု၏ ၇၀ ရာခိုင်နှုန်းကို ဆောင်ရွက်နေပြီး အထူးသဖြင့် နိုင်ငံတောင်ပိုင်း ၊ အလယ်ပိုင်း ဒေသတို့တွင်ဖြစ်သည်။
    Ref : Aljazeera
  • ယူကရိန်းရွေးကောက်ပွဲ အသိအမှတ်ပြုမည်ဟု ပူတင်ဆို
    ယူကရိန်းရွေးကောက်ပွဲ အသိအမှတ်ပြုမည်ဟု ပူတင်ဆို
    မေ ၂၄၊ ၂၀၁၄
    M-Media
    24C
    – ယူကရိန်းအစိုးရ ပြန်လည်ဖွဲ့စည်းရေး တနင်္ဂနွေ့တွင်ပြုလုပ်မည့် ရွေးကောက်ပွဲရလဒ်အား အသိအမှတ်ပြုသွားမည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ယမန်နေ့တွင် ပြောကြားလိုက်သည်။
    စိန့်ပီတာစဘတ်တွင်ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ယူကရိန်းပြဿနာအား ဖြေရှင်းရေး မျှော်လင့်ချက်အတွက် စိတ်လှုပ်ရှားမိကြောင်း၊ ထိုကဲ့သို့ပြုလုပ်ခြင်းဖြင် အမေရိကန်နှင့် ဆက်ဆံရေးတိုးမြှင့်မှုကို ကူညီနိုင်မည်ဖြစ်ကြောင်း ပူတင်ကဆိုသည်။ ထို့ပြင် ရုရှားအနေဖြင့် ကမ္ဘာကြီးနှင့် တစ်သီးတစ်ခြားမဖြစ်လိုဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    ခရိုင်းမီးယားအား သိမ်းပိုက်ခဲ့သည့် ရုရှားမှာ ယူကရိန်းအရှေ့ပိုင်းမတည်ငြိမ်မှုများအတွက် ကြိုးကိုင်နေသည်ဟု စွပ်စွဲခြင်းခံထားရပြီး၊ ရုရှားကိုယ်တိုင်ကလည်း ယူကရိန်းရွေးကောက်ပွဲအား လက်မခံဟု စောစောပိုင်းက ပြောဆိုထားသည်။ ယူကရိန်းနယ်စပ်ရှိ ရုရှားစစ်တပ်အချိုကို လာမည့်ရက်များအတွင်း ဆုတ်ခွာရန် စီစဉ်ထားပြီး ထိုကဲ့သို့ စီစဉ်မှာ တင်းမာမှုများကို လျော့ကျရေးအတွက်ဖြစ်သည်ဟု ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီးက ယမန်နေ့တွင်ပြောကြားခဲ့သည်။
    ယူကရိန်းနိုင်ငံအရှေ့ပိုင်း ရုရှားလိုလားသူ ခွဲထွက်ရေးသမားများနှင့် ယူကရိန်းတပ်ဖွဲ့ဝင်များအကြား တင်းမာမှုများ ဖြစ်ပေါ်နေပြီး ဒေသအချို့ကိုလည်း ခွဲထွက်ရေးသမားများက လွတ်လပ်သောနိုင်ငံအဖြစ် ထူထောင်ထားသည်။
    Ref : Aljazeera
  • ၀န်ကြီးချုပ်ဟောင်း ယင်းလပ်အပါအ၀င် နိုင်ငံရေးသမား ၃၉-ဦးကို ထိုင်းစစ်တပ် ထိန်းသိမ်း
    မေ ၂၄၊ ၂၀၁၄
    M-Media
    24B
    –  မေလ ၂၂-ရက် ကြာသာပတေးနေ့တွင် အာဏာသိမ်းခဲ့သည့် ထိုင်းစစ်တပ်က ၀န်ကြီးချုပ်ဟောင်း ယင်းလပ်အပါအ၀င် ထင်ရှားသော နိုင်ငံရေးသမား ၃၉ ဦးကို ယမန်နေ့က ဆင့်ခေါ်ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု သိရသည်။
    ထိုသူများထဲတွင် ယာယီဝန်ကြီးချုပ် Niwattumrong Boonsongpaisan လည်းပါဝင်ပြီး ၎င်းတို့အား တစ်နေရာစီခွဲထားကာ ကောင်းမွန်စွာနေရာထိုင်ခင်းပေးထားကြောင်း၊ ခေတ္တခဏ အပန်းဖြေစေကာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဗီရာချွန်က ပြောကြားခဲ့သည်။ သို့သော်လည်း မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို ပြောကြားခဲ့ခြင်းမရှိချေ။
    ထိန်းသိမ်းခံရသူများတွင် ယင်းလပ်၏ ညီမနှင့် မတ်ဖြစ်သူလည်း ပါဝင်သည်ဟု အခြားသော အကြီးတန်းစစ်ခေါင်းဆောင်တစ်ဦးက Reuters သတင်းဌာနသို့ပြောကြားခဲ့သည်။ အာဏာအလွဲသုံးစားလုပ်မှုဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက မေလ ၇ ရက်နေ့တွင် ယင်းလပ်အား ၀န်ကြီးချုပ်ရာထူးမှဖယ်ရှားခဲ့သည်။
    နိုင်ငံလုံခြုံရေးအတွက် မေလ ၁၉ ရက်နေ့က စစ်တပ်မှ မာရှယ်လော ထုတ်ပြန်ခဲ့ပြီးနောက် နှစ်ရက်အကြာတွင် အာဏာသိမ်းခဲ့ပြီး လက်ရှိအချိန်တွင် ည ၁၀ နာရီမှ နံနက် ၅ နာရီအထိ ကာဖျူးအမိန့် ထုတ်ပြန်ထားသည်။
    Ref : Aljazeera