News @ M-Media

Tag: international short news

  • နိုင်ငံတကာ သတင်းတို (စက်တင်ဘာ ၆၊ ၂၀၁၅)

    စက်တင်ဘာ ၆၊ ၂၀၁၅
    M-Media

    ဆီနီဂေါတွင် ဆေးဘက် ကယ်ဆယ်ရေး လေယာဉ်တစ်စီး ပျောက်ဆုံး
    …………………………..
    လူ ၇ ဦးတင်ဆောင်ကာ ဘာကီနာဖာဆိုမြို့တော် အော်ဂါဒူဂူသို့ ပျံသန်းသွားသည့် ဆီနီဂေါ ဆေးဘက် ကယ်ဆယ်ရေး လေယာဉ်တစ်စင်းမှာ နိုင်ငံမြောက်ပိုင်းတွင် ယနေ့ည ဒေသစံတော်ချိန် ည ၇ နာရီ ၈ မိနစ်တွင် အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးသွားသည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါ လေယာဉ်တွင် ပြင်သစ်လူနာတစ်ဦး၊ ဆရာဝန်တစ်ဦး၊ သူနာပြုနှစ်ဦးနှင့် လေယာဉ်အမှူထမ်း ၃ ဦးတို့ လိုက်ပါသွားကာ ဆီနီဂေါစစ်တပ်မှာ ရှာဖွေမှုများကို ပြုလုပ်နေသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

    တောင်ကိုရီးယား ငါးဖမ်းသင်္ဘောမှောက် ၁၀ ဦးသေဆုံး
    ………………………………..
    တောင်ကိုရီးယားနိုင်ငံတွင် စနေနေ့ညပိုင်းက ငါးဖမ်းသင်္ဘောတစ်စင်း တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။ အဆိုပါ ငါးဖမ်းသင်္ဘောကို ဒေသစံတော်ချိန် တနင်္ဂနွေနေ့ နံနက်စောစောပိုင်းတွင် ပြန်တွေ့ခဲ့ပြီး ၃ ဦးကို လေယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ အသက်ရှင်ဖွယ်ရှိနေသည်။ အဆိုပါ ငါးဖမ်းသင်္ဘောတွင် လူ ၂၁ ဦး လိုက်ပါသွားပြီး ၈ ယောက်ခန့် ပျောက်ဆုံးနေသည်။

    ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ထိုင်းလွှတ်တော် ပယ်ချ

    ……………………………………..

    စစ်တပ်ကျောထောက်နောက်ခံပြု ထိုင်းဥပဒေပြုလွှတ်တော်မှာ အခြေခံဥပဒေမူကြမ်းကို ပယ်ချလိုက်ပြီး ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီသို့ ပြန်သွားရေး နှောင့်နှေးသွားပြီဖြစ်သည်။ အဆိုပါ ဖွဲ့စည်းပုံမူကြမ်းကို လွှတ်တော်ရှိ အားလုံးနီးပါးက ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ ထိုဖွဲ့စည်းပုံ၏ အငြင်းပွားဖွယ်ရာအဖြစ်အဆုံး အချက်များတွင် စစ်သားများပါဝင်သည့် ၂၃ ဦးအဖွဲ့မှာ တိုင်းပြည် အကြပ်အတည်းဖြစ်နေချိန်တွင် ပါလီမန်အား ဖျက်သိမ်းကာ ၀န်ကြီးချုပ်ကို ဖြုတ်ချ၍ တိုင်းပြည်အား
    အုပ်ချုပ်ခွင့်ရှိသည်ဆိုသည့် အချက်လည်း ပါဝင်သည်။ ထိုင်းနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် မပြဌာန်းမချင်း စစ်တပ်က တိုင်းပြည်အား အုပ်ချုပ်သွားမည်ဖြစ်သည်။

    Ref: News Agencies

  • နိုင်ငံတကာသတင်းတို (စက်တင်ဘာ ၅၊ ၂၀၁၅)

    စက်တင်ဘာ ၅၊ ၂၀၁၅
    M-Media

    ဒုက္ခသည်ပြဿနာမှာ အမေရိကန်နှင့် နေတိုးအဖွဲ့တို့ကြောင့်ဟု သြစတြီးယား ထိပ်တန်း နိုင်ငံရေးသမားပြော
    ……………………………………
    ဒုက္ခသည်ပြဿနာမှာ အမေရိကန်နှင့် နေတိုးအဖွဲ့တို့၏ လုပ်ရပ်များကြောင့်ဖြစ်သည်ဟု သြစတြီးယား လက်ယာယိမ်း FPO ပါတီခေါင်းဆောင် ဟိန့်ဇ် ခရစ်ရှန် စထရာချီက Facebook စာမျက်နှာမှတစ်ဆင့် ပြောကြားလိုက်သည်။ အီရတ်နှင့် လစ်ဗျားတို့ကို အမေရိကန်နှင့် နေတိုးအဖွဲ့တို့က ကျူးကျော်တိုက်ခိုက်ခြင်းနှင့် ဆီးရီးယားသမ္မတ အာဆတ်၏ အတိုက်အခံများအား အကြံအဥာဏ်နှင့်
    စစ်ရေးထောက်ပံ့မှုများကြောင့် ပျက်ဆီးဆုံးရှုံးမှုများ၊ ပဋိပက္ခများနှင့် ထိခိုက်ခံစားရမှုများ ဖြစ်ပေါ်လာခဲ့ပြီး အစွန်းရောက် IS အဖွဲ့လည်း ပေါ်ပေါက်လာခဲ့သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ကာတာလိုနီယာ စပိန်မှ ခွဲထွက်ရေး ထပ်မံကြိုးပမ်းမည်
    …………………………….
    ဒေသတွင်း ပါလီမန်ရွေးကောက်ပွဲတွင် လွတ်လပ်ရေးလိုလားသူအုပ်စုက အများစုအနိုင်ရပါက ကာတာလိုနီယာဒေသအား စပိန်မှခွဲထွက်ရေး လုပ်ဆောင်သွားမည်ဟု ကတာလိုနီယာသမ္မတ အာတာရ် မက်စ်က ပြောကြားလိုက်သည်။ ရွေးကောက်ပွဲကို ယခုလ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

    ဆော်ဒီတောင်ပိုင်း တိုက်ခိုက်မှုအတွင်း ဘာရိန်းစစ်သားများ သေဆုံး
    ………………………………………….
    ဆော်ဒီအာရေဗျတောင်ပိုင်း ယီမင်နယ်စပ်တွင် တိုက်ခိုက်မှုကြောင့် မိမိတို့စစ်သား၅ ဦး သေဆုံးခဲ့သည်ဟု ဘာရိန်းက ယနေ့တွင် ပြောကြားလိုက်သည်။ ဘာရိန်းတပ်ဖွဲ့များမှာ ထိုဒေသတွင် ဆော်ဒီတပ်များနှင့်ပူးပေါင်းကာ ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေခြင်းဖြစ်သည်။ ဘာရိန်းမှာ ယီမင်တွင် ဆော်ဒီဦးဆောင်ကာ ပြုလုပ်သည့် လေကြောင်းတိုက်ခိုက်မှုတွင်လည်း ပါဝင်သည်။
    ဆော်ဒီတောင်ပိုင်းတွင် ယီမင်ဘက်မှ ၀င်ရောက်တိုက်ခိုက်မှုကြောင့် သေဆုံးသူမှာ ၆၀ ၀န်းကျင်ခန့် သေဆုံးခဲ့ပြီး အများစုမှာ စစ်သားများဖြစ်သည်။

    Ref: News Agencies

  • နိုင်ငံတကာသတင်းတို (စက်တင်ဘာ ၄၊ ၂၀၁၅)

    စက်တင်ဘာ ၄၊ ၂၀၁၅
    M-Media

    ဥရောပရောက် ဒုက္ခသည်များကို ကူညီရန် အိုအိုင်စီက အလှူငွေ ဒေါ်လာ ၂ သန်း မတည်ပေး
    ……………………………………….
    ဥရောပတစ်လွှား ကြီးထွားလာသည့် ဒုက္ခသည်ပြဿနာအား ဖြေရှင်းရန်အတွက် အိုအိုင်စီက ရန်ပုံငွေ ကန်ဒေါ်လာ ၂ သန်းကို မတည်ပေးမည်ဟု ယနေ့တွင် ကြေညာခဲ့သည်။ အဆိုပါ အလှူငွေများကို အမျိုးသား အိုလံပစ်ကော်မတီနှင့် အခြားသောအဖွဲ့များမှ ဆောင်ရွက်သော စီမံကိန်းများမှတစ်ဆင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး လုပ်ငန်းစဉ်တစ်ခုလုံးကို အလျင်အမြန် ဆောင်ရွက်သွားမည်ဟု အိုအိုင်စီက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ဆီးရီးယားမှ သမိုင်းဝင်တာဝါများကို IS က ဖောက်ခွဲဖျက်ဆီးပြန်
    ……………………………………
    ဆီးရီးယားနိုင်ငံမှ သမိုင်းဝင် ပါလ်မိုင်ရာမြို့ရှိ ရှေးဟောင်း တာဝါတိုင် ၃ တိုင်ကို IS အဖွဲ့က ဖျက်ဆီးလိုက်သည်ဟု ဆီးရီးယား ရှေးဟောင်းပစ္စည်းများဆိုင်ရာ အကြီးအကဲက ယနေ့တွင် ပြောကြားလိုက်သည်။ ဆီးရီးယားအရေး စောင့်ကြည့်အဖွဲ့ကမူ အဆိုပါ တာဝါတိုင်များကို လွန်ခဲ့သည့် သီတင်းနှစ်ပတ်က ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး၊ ယူနက်စကိုက ကမ္ဘာ့သမိုင်းဝင် အမွေအနှစ်များအား ဖျက်ဆီးမှုကို ရှုတ်ချလိုက်ပြီး စစ်ရာဇ၀တ်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဖမ်းထားသည့် နိုင်ငံခြားသားနှစ်ဦးမှာ ဘန်ကောက်ဗုံးကွဲမှုနှင့် မပတ်သက်ဟု ထိုင်းပြော
    ……………………………………………….
    ဘန်ကောက်ဗုံးကွဲမှုနှင့် ပက်သက်၍ ဖမ်းဆီးထားသည့် နိုင်ငံခြားသားနှစ်ဦးကို ဒီအန်အေ စစ်ဆေးမှုများအရ ဗုံးကွဲမှုနှင့် ပတ်သက်မှုမရှိသည်ကို တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားလိုက်သည်။ စစ်တပ်ကမူ ရဲတပ်ဖွဲ့၏ နှိမ်နင်းမှုကြောင့် မကျေနပ်သည့် လူကုန်ကူးဂိုဏ်းများ၏ လက်ချက်ဖြစ်နိုင်သည်ဟု ကောလဟာလများလည်း ရှိနေသည်ဟု ဆိုသည်။

    Ref: News Agencies

  • နိုင်ငံတကာသတင်းတို (စက်တင်ဘာ ၃၊ ၂၀၁၅)

    စက်တင်ဘာ ၃၊ ၂၀၁၅
    M-Media

    လယ်ယာထွက်ကုန်ဈေးအတွက် ပြင်သစ်လယ်သမားများ ထွန်စက်မောင်း ဆန္ဒပြ
    …………………………………………..
    လယ်ယာထွက်ကုန်များ၏ ဈေးနှုန်း မျှတမှုမရှိခြင်းကို ဆန္ဒပြသည့်အနေဖြင့် ပြင်သစ်နိုင်ငံတစ်ဝှမ်းမှ လယ်သမားများမှာ ၎င်းတို့၏ ထွန်စက်များကို ပဲရစ်မြို့သို့ ယနေ့မှစတင်ကာ မောင်းနှင်ခဲ့ကြသည်။ အဆိုပါ ဆန္ဒပြမှုကို ပြင်သစ်နိုင်ငံ၏ အကြီးဆုံး လယ်ယာသမဂ္ဂ FNSEA မှ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ထွန်စက်ပေါင်း ၁၇၃၃ ခု ပါဝင်ခဲ့သည်။ လယ်သမားများမှာ ဥရောပတွင် လယ်ယာထွက်ကုန်များ၏ ဈေးများ မြှင့်တင်ပေးရေး ဥရောပသမဂ္ဂက ဆောင်ရွက်ရန်နှင့် အခွန်လျော့ချပေးမှုများ ပြုလုပ်ရန်လည်း တောင်းဆိုခဲ့ကြသည်။

    လစ်သူယေးနီးယားတွင် နေတိုးအဖွဲ့က စစ်စခန်းဖွင့်
    …………………………………
    ရုရှား၏ရန် ရှိနေသည်ဆိုသော လစ်သူယေးနီးယားမြို့တော် ဗီလ်နီယက်စ်တွင် နေတိုးအဖွဲ့က စစ်စခန်းတစ်ခုကို ယနေ့တွင် ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ နေတိုးမဟာမိတ်တပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး ဂျန့်စ် စတိုလ်တန်ဘာ့ဂ်နှင့် လစ်သူယေးနီးယားသမ္မတ ဒါလီယာ
    ဂရီဘောက်စ်ကေတီတို့ တက်ရာက်ခဲ့ကြသည်။ အဆိုပါစစ်စခန်းမှာ လစ်သူယေးနီးယားတွင် ဖွင့်လှစ်မည့် စစ်စခန်း ၆ ခုမှ တစ်ခုလည်းဖြစ်ပြီး ဘူလ်ဂေးရီးယား အက်စတိုးနီးယား၊ လက်ဗီယား၊ ပိုလန်နှင့် ရိုမေးနီးယားတို့တွင်လည်း နေတိုးအဖွဲ့က စစ်စခန်းများ ဖွင့်လှစ်ခဲ့သည်။

    ဒုက္ခသည်များအတွက် တံခါးဖွင့်ထားသည်ဟု တူရကီပြော
    …………………………………
    ပဋိ့က္ခများကြောင့် ထွက်ပြေးလာခဲ့ရသည့် ဒုက္ခသည်များအား မိမိတို့က တံခါးဖွင့်ထားသည်ဟု တူရကီဝန်ကြီးချုပ် အဟ်မဒ် ဒါဗူတော့ဂ်လူက ယနေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ပြောကြားလိုက်ပြီး၊ အဆိုပါဝန်ထုတ်ဝန်ပိုးကို ဥရောပနိုင်ငံများကလည်း မျှဝေထမ်းဆောင်ကြရန် တိုက်တွန်းခဲ့သည်။ တူရကီမှာ အိမ်နီးချင်း ဆီးရီးယားမှ ဒုက္ခသည်များစွာကို လက်ခံထားသည်။

    Ref: News Agencies

  • နိုင်ငံတကာ သတင်းတို (စက်တင်ဘာ ၁၊ ၂၀၁၅)

    စက်တင်ဘာ ၁၊ ၂၀၁၅
    M-Media

    ယူကရိန်းဆန္ဒပြမှု သေဆုံးသူ ၃ ဦးရှိပြီ
    ……………………………….
    ရုရှားလိုလားသူ ခွဲထွက်ရေးသမားများအား ကိုယ်ပိုင်အုပ်ချုပ်မှု အခွင့်အာဏာ ပိုမိုပေးထားသည့် ယူကရိန်းအစိုးရ၏ အခြေခံဥပဒေ ပြင်ဆင်ချက်ကို ဆန့်ကျင်သော ပြည်သူများ၏ ဆန္ဒပြမှုအတွင်း သေဆုံးသူမှာ ၃ ဦးရှိသွားပြီဖြစ်သည်။ အမျိုးသားအစောင့်တပ်မှ စစ်သားတစ်ဦးမှာ ပါလီမန်အရှေ့တွင် စောင့်ကြပ်နေသော လုပ်ခြုံရေးတပ်ဖွဲ့များထံသို့ ယမန်နေ့က လက်ပစ်ဗုံးပစ်သွင်းရာမှ
    ဖြစ်ပွားသည့် ပေါက်ကွဲမှုမှ ရရှိသော ဒဏ်ရာများဖြင့် ယနေ့တွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က နှစ်ဦးသေဆုံးခဲ့သည်။

    လတ်ဗီယားသို့ အမေရိကန်က ဒရုန်းနှင့် စစ်သားများပို့
    ……………………………………
    ဥရောပနိုင်ငံငယ်ဖြစ်သော လက်ဗီယားတွင် အမေရိကန်က ထောက်လှမ်းရေး ဒရုန်းလေယာဉ် ၂ စင်းနှင့် လေတပ်သား ၇၀ ကို ပို့ဆောင်ချထားခဲ့ပြီး အမေရိကန်၏ ဥရောပစစ်ဌာနချုပ်အကြီးအကဲကမူ မဟာမိတ်များအား ကာကွယ်ရေး မိမိတို့၏ ကတိက၀တ်ကို ဆောင်ရွက်ရန်အတွက် ယာယီချထား စမ်းသပ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ပြီးခဲ့သည့်မေလက လစ်သူယေးနီးယား၊ လတ်ဗီယားနှင့် အက်စတိုးနီးယားနိုင်ငံများက ၎င်းတို့မှာ ရုရှား၏ ကျူးကျော်မှုကို ခံရနိုင်သည်ဟုဆိုကာ နေတိုးအဖွဲ့၏ စစ်စခန်းများ ၎င်းတို့နိုင်ငံတွင် လာရောက်ချထားရန် တောင်းဆိုခဲ့သည်။

    နီပေါတွင် ဒေသအရေးဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ပစ်သတ်
    …………………………………
    မိမိတို့နေထိုင်ရာပြည်နယ်အား အပိုင်းပိုင်းခွဲရန် သတ်မှတ်ထားသည့် အခြေခံဥပဒေကို ဆန့်ကျင်သောအနေဖြင့် နီပေါရှိ မဒ်ဟီစီနှင့် သာရူလူနည်းစုများ၏ ဆန္ဒပြသော နေရာနှစ်ခုတွင် ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့သည်ဟု နီပေါရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားခဲ့သည်။ ဆန္ဒပြသူများမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ကျောက်ခဲများ၊ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်ခဲ့ကြသည်။ လွန်ခဲ့သည့် ၂ ပတ်က စတင်ခဲ့သည့် အဆိုပါဆန္ဒပြမှုအတွင်း သေဆုံးသူများမှာ ၂၀ ကျော်လာခဲ့ပြီဖြစ်သည်။

    Ref: News Agencies