News @ M-Media

Tag: Iran

  • အစ္စရေး၏ ရာဇ၀တ်မှုများတွင် ပါဝင်နေသည့် ကန်ကုမ္ပဏီများကို အီရန်က ပိတ်ဆို့

    အစ္စရေး၏ ရာဇ၀တ်မှုများတွင် ပါဝင်နေသည့် ကန်ကုမ္ပဏီများကို အီရန်က ပိတ်ဆို့

    မတ် ၂၆၊ ၂၀၁၇
    M-Media

    – အစ္စရေး၏ ရာဇ၀တ်မှုများနှင့် အကြမ်းဖက်ဝါဒကို ထောက်ပံ့ပေးနေသည့် အမေရိကန် ကုမ္ပဏီ ၁၅ ခုကို ပိတ်ဆို့မှုပြုလုပ်လိုက်ကြောင်း အီရန်က ယနေ့တွင် ကြေငြာလိုက်ပြီး အီရန်နှင့် လုပ်ငန်းများ လုပ်ဆောင်နေသည့် ကုမ္ပဏီ၊ လူပုဂ္ဂိုလ် တစ်ဒါဇင်ခန့်ကို အမေရိကန်က ပိတ်ပင်မှု ပြုလုပ်ခဲ့ပြီး ၂ ရက်အကြာတွင် ပေါ်
    ထွက်လာခြင်းလည်း ဖြစ်သည်။

    အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေငြာချက်တွင် အဆိုပါ ကုမ္ပဏီများမှာ အစ္စရေးက ပါလက်စတိုင်းပိုက်နက်များအား သိမ်းပိုက်ကာ ပါလက်စတိုင်းပြည်သူများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများတွင် ပူးပေါင်းပါဝင်မှု၊ အစ္စရေးအစိုးရ၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ပံ့ပေးနေမှု၊ ကုလ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၃၃၄ ကို ချိုးဖောက်ကာ ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက ဆောက်လုပ်နေသည့် အိမ်ယာများတွင် ကူညီပံ့ပိုးပေးမှုတို့ကို တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်၍တစ်ဖုံ ပြုလုပ်နေသည်ဟု ဖော်ပြထားသည်။

    ထို့ကြောင့် အဆိုပါ ကုမ္ပဏီများနှင့် ငွေကြး၊ စီးပွားရေး ဆက်ဆံမှုများကို တားမြစ်လိုက်ပြီး၊ အီရန်နိုင်ငံအတွင်းရှိ ၎င်းတို့၏ ပစ္စည်းများကို သိမ်းဆည်းကာ၊ ထိုလုပ်ငန်းများနှင့် ပတ်သက်သူများကိုလည်း ဗီဇာမပေးတော့ဟု ကြေငြာချက်က ဆိုသည်။

    ထို့ပြင် အမေရိကန်က အီရန်နှင့် လုပ်ငန်းများလုပ်ဆောင်နေသည့် ကုမ္ပဏီများကို ပိတ်ပင်ခြင်းမှာ ၂၀၁၅ ခုနှစ်က လက်မှတ်ရေးထိုးထားသည့် JCPOA နျူသဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟုလည်း အီရန်က ပြောကြားခဲ့သည်။

    သောကြာနေ့က အမေရိကန်မှာ အီရန်၏ ဒုံးကျည်တီထွင်ထုတ်လုပ်ရေး အစီအစဉ်အတွက် အရေးကြီးသော နည်းပညာ လွှဲပြောင်းပေးမှု၊ အီရန်၊ မြောက်ကိုရီးယားနှင့် ဆီးရီးယားသို့ တင်ပိုမှု ပိတ်ပင်ထားခြင်းကို ချိုးဖောက်မှုတို့အတွက် နိုင်ငံခြားကုမ္ပဏီနှင့် လူပုဂ္ဂိုလ် ၃၀ ခန့်ကို ပိတ်ဆို့မှု ပြုလုပ်ခဲ့သည်။

    အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေငြာချက်တွင် မိမိတို့၏ ငြိမ်းချမ်းသော ဒုံးကျည်စွမ်းအားမှာ ခြိမ်းခြောက်မှုများ မြင့်တက်လာချိန်တွင် မိမိတို့၏ ကာကွယ်ရေးအင်အားကို တိုးမြင့်ရန် အခွင့်အရေး၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Press TV

  • အီရန်မှာ ဂျူးများကို ၃ ကြိမ်တိုင်တိုင် ကယ်တင်ခဲ့ဖူးသည်ဟု နိုင်ငံခြားရေးဝန်ကြီး ပြော

    အီရန်မှာ ဂျူးများကို ၃ ကြိမ်တိုင်တိုင် ကယ်တင်ခဲ့ဖူးသည်ဟု နိုင်ငံခြားရေးဝန်ကြီး ပြော

    မတ် ၁၃၊ ၂၀၁၇
    M-Media

    အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ်ဇာရစ်ဖ်

    – အီရန်မှာ သမိုင်းတစ်လျှောက်တွင် ဂျူးလူမျိုးများအား ၃ ကြိမ်တိုင်တိုင် ကယ်တင်ပေးခဲ့သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ်ဇာရစ်ဖ်က ပြောကြားလိုက်ပြီး၊ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီရန်နှင့် ပတ်သက်၍ လုပ်ကြံပြောကြားမှုကို တုန့်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

    အီရန်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ကတည်းက ဂျူးလူမျိုးများကို ဖျက်ဆီးရန် ကြိုးစားနေသည်ဟု နေတန်ယာဟုက ပြီးခဲသည့်တစ်ပတ် ရုရှားသမ္မတ ပူတင်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

    နေတန်ယာဟုမှာ ဘီစီ ၅၁၈ မှ ၄၆၅ အထိ အုပ်စိုးခဲ့သော ပါရှားဘုရင် ဇာဇက်စ် ၁ (Xerxes I) လက်ထက် နိုင်ငံရေးအကြံပေး ဟာမန်းက နိုင်ငံအတွင်းရှိ ဂျူးများအားလုံးကို သတ်ပစ်ရန် စီစဉ်ခြင်းကို ရည်ညွှန်းပြောကြားခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း ဇာဇက်စ်၏ မိဖုရား အက်စသာ အပါအ၀င် လူ ၃ ဦးက ထိုအစီအစဉ်ကို ဖော်ထုတ်ကာ တိုင်ကြားခဲ့ပြီးနောက် ဇာဇက်စ်မှာ ဟာမန်းနှင့် သူ၏သားများကို ကွပ်မျက်၍ ဂျူးများကို ကယ်တင်ခဲ့သည်။ ထိုအကြောင်းအရာမှာ ဂျူးတို့၏ Torah ကျမ်း Book of Esther တွင် ပါဝင်သည်။

    ထိုကဲ့သို့ လွတ်မြောက်ခြင်း အထိမ်းအမှတ်အဖြစ် ဂျူးများမှာ နှစ်စဉ် Prim ပွဲတော်ကို ကျင်းပကြသည်။ ယခုနှစ် Prim ပွဲတော်မှာ မတ်လ ၁၁ ရက် (စနေနေ့) ညတွင် ကျရောက်ခဲ့သည်။

    အီရန်နိုင်ငံခြားရေးဝန်ကြီးကမူ နေတန်ယာဟုမှာ သမိုင်းလိမ်ကို အသုံးပြုခဲ့ပြီး ၎င်း၏ ကိုယ်ပိုင်ကျမ်းစာကိုပင် ငြင်းပယ်ရာရောက်နေကြောင်း ၎င်း၏ Twitter စာမျက်နှာတွင် ယမန်န့က ရေးသားခဲ့သည်။

    ဇာရစ်ဖ်၏ Twitter စာမျက်နှာတွင် ရေးသားချက်

    “ဂျူးတွေကို ၃ ကြိမ်လောက် ကယ်တင်ခဲ့တဲ့နိုင်ငံအပေါ် တဖက်စွန်းရောက်တဲ့ လိမ်လည်မှုပြုလုပ်ဖို့ နေတန်ယာဟုဟာ သမိုင်းလိမ်ကို လက်ကိုင်ထားကာ၊ Torah ကျမ်းကိုတောင် ငြင်းပယ်ခဲ့ပါတယ်။ လက်လွှတ်စပယ် အပြုအမူပါပဲ”

    “အခုလည်း ဘင်ဂျမင် နေတန်ယာဟုဟာ လက်ရှိအနေအထားတွေကို ပုံဖျက်ရုံသာမက၊ ဂျူးတွေရဲ့ ကျမ်းစာအပါအ၀င် သမိုင်းကိုတောင် ပုံဖျက်လိုက်ပါတယ်။ သမိုင်းတစ်လျှောက် ဂျူးတွေကို ၃ ကြိမ်တိုင်တိုင် ကယ်တင်ခဲ့တဲ့ နိုင်ငံတစ်ခုအပေါ် မဟုတ်ကဟုတ်က စွပ်စွဲရလောက်အောင် အယူသည်းသွားတာဟာ တကယ့်ကို
    စိတ်မကောင်းစရာပါပဲ”

    “Book of Esther မှာ ဇာဇက်စ် ၁ က ‘ဟာမန်း သည် အဂါဂိုက်’ (Haman the Agagite) ရဲ့ ကြံစည်မှုကနေ ဂျူးတွေကို ဘယ်လို ကယ်တင်တယ်ဆိုတဲ့အကြောင်း ပြောထားပြီး ဒီကယ်တင်ခဲ့မှုကို ဒီနေ့ (မတ် ၁၂ရက်နေ့) မှာ အမှတ်ထား ကျင်းပနေကြပါတယ်။ ‘ဆိုက်ရက်စ် သည် ဂရိတ်’ (Cyrus the Great) လက်ထက်မှာလည်း အီရန် ဘုရင်တစ်ပါးဟာ ဂျူးတွေကို ဘေဘီလုံတွေရဲ့ ဖမ်းဆီးအကျဉ်းချထားမှုကနေ ကယ်တင်ခဲ့တယ်။ ဒုတိယကမ္ဘာစစ် ဥရောပမှာ ဂျူးတွေ အသတ်ခံနေရတဲ့အချိန် အီရန်ဟာ သူတို့တွေကို ၀မ်းမြောက်ဝမ်းသာစွာ လက်ခံနေရာပေးခဲ့ပါတယ်” ဟု ဇာရစ်ဖ်က ပြောကြားခဲ့သည်။

    နေတန်ယာဟုမှာ အဆိုပါ Purim ပွဲတော် အကြောင်းအရာကို အသုံးပြု၍ ကမ္ဘာ့ခေါင်းဆောင်များနှင့်တွေ့တိုင်း အီရန်ဆန့်ကျင်ရေးစကားများကို ပြောကြားလေ့ရှိသည်။

    တနင်္ဂနွေနေ့ အစောပိုင်းကလည်း အီရန် လွှတ်တော်ဥက္ကဌ အလီ လာရီဂျာနီက နေတန်ယာဟုမှာ အစ္စလာမ်သာသနာအရင် အီရန်၏ သမိုင်းကြောင်းကို လိမ်လည်ကာ၊ အချက်အလက်များကို ပြောင်းပြန် ပြောဆိုလေ့ရှိသည်ဟု ဝေဖန်ခဲ့သည်။

    “သိသာနေတာက သူဟာ သမိုင်းကို ရင်းနှီးခြင်းမရှိသလို၊ Torah ကျမ်းကိုလည်း ဖတ်ဖူးခြင်းမရှိပါဘူး” ဟု လွှတ်တော်ဥက္ကဌက ပြောကြားခဲ့သည်။

    Ref: Press TV

  • အရှေ့အလယ်ပိုင်းမှ နျူသိပ္ပံပညာရှင်များကို အစ္စရေးက လုပ်ကြံသတ်ဖြတ်ခဲ့မှု အီရန် ရှုတ်ချ

    အရှေ့အလယ်ပိုင်းမှ နျူသိပ္ပံပညာရှင်များကို အစ္စရေးက လုပ်ကြံသတ်ဖြတ်ခဲ့မှု အီရန် ရှုတ်ချ

    မတ် ၁၁၊ ၂၀၁၇
    M-Media

    နိုင်ငံတကာ အနုမြူအေဂျင်စီ (IAEA) ဆိုင်ရာ အီရန်ကိုယ်စားလှယ် ရီဇာ နာဂျာဖီ

    – အစ္စရေးမှာ အရှေ့အလယ်ပိုင်းနိုင်ငံများမှ နျူသိပ္ပံပညာရှင်များကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ၎င်းတို့မှာမှု အချို့သောနိုင်ငံများနှင့် နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေသည်ဟု ကုလ၏ နိုင်ငံတကာ အနုမြူအေဂျင်စီ (IAEA) ဆိုင်ရာ အီရန်ကိုယ်စားလှယ် ရီဇာ နာဂျာဖီက ပြောကြားလိုက်သည်။

    “အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးက နျူသိပ္ပံပညာရှင်တွေဟာ အစ္စရေးက ခန့်အပ်တဲ့ အကြမ်းဖက်သမားတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကို ခံရနေချိန်မှာ၊ အစ္စရေးရဲ့ နျူကျွမ်းကျင်သူတွေကတော့ အချို့သော နိုင်ငံတွေက နျူကလီးယား ဌာနတွေကို ၀င်ရောက်ခွင့်ရနေပါတယ်” ဟု ၃ လတစ်ကြိမ်ကျင်းပသော ကြာသာပတေးနေ့ IAEA ၏ Board of Governor အစည်းအဝေးတွင် နာဂျာဖီက ပြောဆိုခဲ့သည်။

    ၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း အီရန်နိုင်ငံမှ နျူသိပ္ပံပညာရှင် ၄ ဦးမှာ အစ္စရေး၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး၊ ထိုသိပ္ပံပညာရှင်များ၏ အချက်အလက်များကို IAEA က အစ္စရေးအစိုးရသို့ ပေးအပ်ခဲ့သည်ဟု အီရန်က စွပ်စွဲထားသည်။

    အစ္စရေးနှင့် နျူကိစ္စ ပူးပေါင်းဆောင်ရွက်မှု ပုံစံအားလုံး၊ နျူကလီးယားနှင့်သက်ဆိုင်သည့် ပစ္စည်းများအားလုံး လွှဲပြောင်းခြင်း၊ တပ်ဆင်ပေးခြင်းတို့ကို ပိတ်ပင်ထားသည့် နျူကလီးယား မပြန့်ပွားရေး နိုင်ငံတကာ ဥပဒေများကို အနောက်နိုင်ငံများက အလေးမထားမှုအတွက်လည်း နာဂျာဖီက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။

    နျူလက်နက် မပြန့်ပွားရေးစာချုပ်ကို လက်မှတ်ရေးထိုးထားခြင်းမရှိဘဲ၊ စစ်ဖက်ဆိုင်ရာ နျူစက်ရုံများကို ၀င်ရောက်စစ်ဆေးခွင့်မပေးသည့် အစ္စရေးတွင် နျူထိပ်ဖူး ၂၀၀ မှ ၄၀၀ အထိ ရှိမည်ဟု ခန့်မှန်းထားပြီး အရှေ့အလယ်ပိုင်းတွင် နျူလက်နက်ပိုင်ဆိုင်သည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည်။ ကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း
    ကောလင်းပါဝဲလ်၏ ပြီးခဲ့သည့်နှစ်က ပေါက်ကြားခဲ့သော အီးမေးလ်က အစ္စရေး၌ နျူလက်နက်ရှိကြောင်း အတည်ပြုချက် အထောက်အထားတစ်ခု ဖြစ်သည်။

    နာဂျာဖီက တစ်ခြားနိုင်ငံကို ကျူးကျော်တိုက်ခိုက်မှု၊ သိမ်းပိုက်မှု၊ နိုင်ငံတော်အကြမ်းဖက်ဝါဒတို့ကို လုပ်ဆောင်ခဲ့သည့် သမိုင်းရှိနေသော အစ္စရေးက နျူလက်နက်ပိုင်ဆိုင်ထားခြင်းမှာ နိုင်ငံတာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်သည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    IAEA ဆိုင်ရာ ယူအေအီး ကိုယ်စားလှယ် ဟာမဒ် အလ် ကာဘီကလည်း အနောက်နိုင်ငံများက အစ္စရေး၏ နျူကလီးယားအစီအစဉ်အတွက် ထောက်ပံ့ပေးနေမှုများကို ရှုတ်ချခဲ့သည်။

    Ref: Press TV

  • ပြည်တွင်းဖြစ် တိုက်ချင်းပစ်ဒုံးကျည်ကို အီရန်က အောင်မြင်စွာ စမ်းသပ်နိုင်

    ပြည်တွင်းဖြစ် တိုက်ချင်းပစ်ဒုံးကျည်ကို အီရန်က အောင်မြင်စွာ စမ်းသပ်နိုင်

    မတ် ၁၀၊ ၂၀၁၇
    M-Media

    – ရွေ့လျားပစ်မှတ်ကို ပစ်ခတ်နိုင်သည့် ပြည်တွင်းဖြစ် တိုက်ချင်းပစ် Hormuz-2 ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီဟု အီရန် အစ္စလာမ့်တော်လှန်ရေးအစောင့်တပ် (IRGC) လေကြောင်းဌာန တပ်မှူး ဗိုလ်မှူးချုပ် အမီရန် အလီ ဟာဂျီဇာဒဟ်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ပင်လယ်ပြင်ပေါ်မှ ပစ်မှတ်များကို ဖျက်ဆီးနိုင်သည့် အဆိုပါ Hormuz-2 ကို ယခုသီတင်းပတ်အတွင်း စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး ကီလိုမီတာ ၂၅၀ အကွာအဝေးရှိ ရွှေ့လျားပစ်မှတ်ကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ ဒုံးကျည်မှာ ကီလိုမီတာ ၃၀၀ အထိ ပစ်ခတ်နိုင်သည်။

    ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် ဟိုစိန် ဒေကန်က အီရန်၏ ကာကွယ်ရေး စွမ်းအားမှာ ဖြစ်ပေါ်လာနိုင်သည့် မည်သည့်ကျူကျာ်မှုမျိုးကိုမဆို တားဆီးနိုင်သည်ဟု ပြောကြားခဲ့ပြီး ရုရှားမှ ၀ယ်ယူထားသည့် S-300 ဒုံးခွင်းစနစ်ကို စမ်းသပ်ပြီး နောက်တစ်ရက်တွင် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

    အီရန်မှာ လက်ရှိတွင် S-300 ကဲ့သို့ ပြင်တွင်းဖြစ် ဒုံးခွင်းစနစ် Bavar-373 ကို ဒီဇိုင်းဆွဲ တည်ဆောက်နေသည်ဟု ဗိုလ်မှူးချုပ် ဖာရ်ဇဒ် အက်စ်မိုင်လီက ပြောကြားခဲ့သည်။

    Ref: Press TV

  • အီရန်က S-300 ဒုံးခွင်းစနစ်ကို အောင်မြင်စွာ စမ်းသပ်

    အီရန်က S-300 ဒုံးခွင်းစနစ်ကို အောင်မြင်စွာ စမ်းသပ်

    မတ် ၄၊ ၂၀၁၇
    M-Media

    – ရုရှားနိုင်ငံထုတ်ဖြစ်ပြီး သိပ်မကြာသေးခင်ကမှ ရောက်ရှိလာခဲ့တဲ့ S-300 ဒုံးခွင်းစနစ်ကို အီရန်က အခုရက်ပိုင်းအတွင်းမှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။

    ဒီဒုံးခွင်းစနစ်ရဲ့ စွမ်းဆောင်ရည်ကိုစမ်းသပ်ဖို့ စစ်ရေးလေ့ကျင်မှုတစ်ခု ပြုလုပ်ခဲ့ပြီး အီရန် စစ်တပ်နဲ့ အစိုးရတာဝန်ရှိသူတွေ တက်ရောက်ကြည့်ရှုခဲ့ပါတယ်။ အီရန်ဟာ S-300 ဒုံးခွင်းစနစ်ကို ၂၀၀၇ ခုနှစ်ကတည်းက ၀ယ်ယူထားခဲ့ပေမယ့် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ပြုလုပ်ထားတဲ့ ပိတ်ဆိုမှုကြောင့် ကြန့်ကြာခဲ့ရတာပါ။

    ဒါပေမယ့် အီရန်နိုင်ငံ အင်အားကြီး ၆ နိုင်ငံတို့ နျူဆိုင်ရာ သဘောတူညီချက် ရရှိခဲ့ပြီးတဲ့နောက်မှာတော့ ဒီကိစ္စဟာ ပြေလည်ခဲ့ပြီး ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းက S-300 ဒုံးခွင်းစနစ် ပထမအသုတ် ရောက်ရှိလာခဲ့ပါတယ်။

    အီရန်ဟာ ဒီဒုံးခွင်းစနစ်ပုံစံ ပြည်တွင်းဖြစ် BAVAR-373 ဒုံးခွင်းစနစ်ကို ဒီဇိုင်းထုတ် တည်ဆောက်နေပြီး သိပ်မကြာတော့တဲ့အနာဂတ်မှာ စမ်းသပ်နိုင်တော့မှာဖြစ်ပါတယ်။

    Ref : Press TV

    https://www.youtube.com/watch?v=wWqzxcY6-_w