News @ M-Media

Tag: Iran

  • အီရန်မှာ နျူလက်နက် ထုတ်လုပ်နိုင်တော့မည်ဟု နေတန်ယာဟု၏ ပြောကြားမှု ထွင်လုံးသာဖြစ်

    အီရန်မှာ နျူလက်နက် ထုတ်လုပ်နိုင်တော့မည်ဟု နေတန်ယာဟု၏ ပြောကြားမှု ထွင်လုံးသာဖြစ်

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၅
    M-Media

    ntyh

    – ၂၀၁၂ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီရန်မှာ နျူကလီးယားဗုံးထုတ်လုပ်မှု ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဟု ပြောကြားခဲ့ခြင်းမှာ အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်၏ စုံစမ်းထောက်လှမ်းမှုနှင့် ကွဲလွဲနေပြီး ထွင်လုံးသာဖြစ်သည်ဟု သိရသည်။

    စက်တင်ဘာလတွင် ပြုလုပ်ခဲ့သည့် အထွေထွေညီလာခံတွင် နေတန်ယာဟုမှာ ရုပ်ပုံကားချပ်ဖြင့် အီရန်၏ နျူကလီးယားဗုံးထုတ်လုပ်မှုမှာ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီး မကြာမီ လုံးဝ ပြီးစီးတော့မည်ဟုအသေအချာ ဖော်ပြခဲ့ခြင်းဖြစ်သော်လည်း ထိုညီလာခံကျင်းပပြီး တစ်လကျော်အကြာ အောက်တိုဘာလတွင် မော့ဆက်မှ တောင်အာဖရိကသို့ ပေးပို့သော ထိပ်တန်းလျှို့ဝှက်ချက် ထောက်လှမ်းရေးကိစ္စရပ်များ၌ အီရန်မှာ နျူလက်နက် ထုတ်လုပ်နိုင်သည့်အဆင့်သို့ မရောက်သေးဟု ဖော်ပြခဲ့သည်။

    အဆိုပါ ထောက်လှမ်းရေး လျှို့ဝှက်ချက်ကို အလ်ဂျာဇီးရား သတင်းဌာန၏ စုံစမ်းရေးအဖွဲ့မှ ရရှိခဲ့ခြင်းဖြစ်ပြီး မော့ဆက်၏ ထောက်လှမ်းမှုများအရ အီရန်မှာ နျူလက်နက်တည်ဆောက်ရန် လိုအပ်သော ဆောင်ရွက်မှုများပင် မစတင်ရသေးဟု ဖော်ပြထားသည်။

    ထို့ပြင် အီရန်သိပ္ပံပညာရှင်များမှာ ဓာတ်ပေါင်းဖိုများ အဆင့်မြှင့်တင်ခြင်းကဲ့သို့သော လုပ်ငန်းများတွင် လုပ်ကိုင်နေကြခြင်းသာဖြစ်ပြီး ယူရေနီယမ် ကီလိုဂရမ် ၁၀၀ အား နျူလက်နက်ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် ပြည့်ဝယူရေနီယမ်အဖြစ် ၂၀ ရာခိုင်နှုန်းသာ သန့်စင်နိုင်သေးသည်ဟု အဆိုပါ လောက်လှမ်းရေး မှတ်တမ်းများတွင် ဖော်ပြထားသည်။

    အမေရိကန်အမျိုးသားထောက်လှမ်းရေး အေဂျင်စီကလည်း ၎င်းတို့၏ တွေ့ရှိချက်များကို ၂၀၁၂ ခုနှစ်အတွင်းက ထုတ်ပြန်ခဲ့ရာ အီရန်မှာ လက်ရှိရှိနေသည့် နျူကလီးယား အဆောက်အဦးများကို နျူလက်နက်ထုတ်လုပ်ရာတွင် အသုံးပြုရန် ဆုံးဖြတ်ချက်ပင် မချရသေးဟု ဖော်ပြထားသည်။

    နေတန်ယာဟုမှာ အီရန်၏ နျူအရေးနှင့်ပတ်သက်၍ အမြဲလိုလို ဝေဖန်ပြောကြားခဲ့သူဖြစ်ပြီး အခြားသောအာရပ်နိုင်ငံများမှ နျူဓာတ်အားပေးစက်ရုံများကိုလည်း နျူကလီးယားလက်နက် ထုတ်လုပ်သည်ဟုဆိုကာ အစ္စရေးက ၀င်ရောက်ကျူးကျော် ဖျက်ဆီးခဲ့ဖူးသည်။

    Ref: aljazeera

  • အီရန် ဒုတိယသမ္မတဟောင်း ချစားမှုဖြင့် ထောင်ဒဏ် ၅ နှစ် ချခံရ

    အီရန် ဒုတိယသမ္မတဟောင်း ချစားမှုဖြင့် ထောင်ဒဏ် ၅ နှစ် ချခံရ

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၅
    M-Media

    iran

    – ချစားမှုစွဲချက်အတွက် အပြစ်ရှိကြောင်းတွေ့ရှိရ၍ ဒုတိယသမ္မတဟောင်း မိုဟာမက် ရီဇာရာဟီမီကို ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်သည်ဟု အီရန် နိုင်ငံပိုင်မီဒီယာမှ ကြေညာခဲ့သည်။

    ရာဟီမီမှာ ယခင်သမ္မတဟောင်း အဟ်မဒ်ဒီနီဂျဒ်၏ လက်ထက်တွင် ထိပ်တန်းအကြံပေးတစ်ယောက်ဖြစ်ပြီး အီရန် တရားရုံးချုပ်က ပြီးခဲ့သည့်လတွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကာ ယမန်နေ့တွင် မြို့တော်တီဟီရန်မြောက်ပိုင်း အီဗင်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။

    ရာဟီမီကို ဒေသတွင်းတရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သော်လည်း တရားရုံးချုပ်ကမူ ပြစ်ဒဏ်အား ၅ နှစ်နှင့် ၃ လသို့ လျှော့ချခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ရာဟီမီမှာ ဒဏ်ငွေ ကန်ဒေါ်လာ ၃ သိန်းနှင့် နစ်နာကြေး ကန်ဒေါ်လာ ၈ သိန်းကိုလည်း ပေးဆောင်ရမည်ဖြစ်သည်။

    သမ္မတဟောင်း အဟ်မဒ်ဒီနီဂျဒ်က ၎င်းမှာ အီရန်သမိုင်းတွင် အသန့်ရှင်းဆုံး အစိုးရကို ဦးဆောင်ခဲ့သည်ဟု ပြောကြားခဲ့သော်လည်း ၎င်း၏ အတိုက်အခံများကမူ ကြီးကြီးမားမား ချစားမှုများရှိခဲ့သည်ဟု ယခင်ကတည်းက စွပ်စွဲခဲ့သည်။

    ပြီးခဲ့သည့်နှစ် မေလကလည်း အီရန်မှာ ဘီလီယံနာ စီးပွားရေးလုပ်ငန်းရှင် မာဟာဖာရစ် အမီရ် ခိုဆရာဗီအား နိုင်ငံတော်ဘဏ်မှ ကန်ဒေါ်လာ ၂.၆ ဘီလီယံ လိမ်လည်မှုဖြင့် သေဒဏ်ချမှတ်ခဲ့သည်။

    Ref: aljazeera

  • ကမ္ဘာ့ စီးပွားရေးနှင့် တစ်သီး တစ်ခြားဖြစ်နေမှုအား အဆုံးသတ်မည်ဟု အီရန် သမ္မတ ရူဟာနီဆို

    ကမ္ဘာ့ စီးပွားရေးနှင့် တစ်သီး တစ်ခြားဖြစ်နေမှုအား အဆုံးသတ်မည်ဟု အီရန် သမ္မတ ရူဟာနီဆို

    ဇန်န၀ါရီ ၅၊ ၂၀၁၅
    M-Media

    IRAN-POLITICS-ROUHANI

    – ရင်းနှီးမြှပ်နှံသူများအနေဖြင့် မိမိတို့နိုင်ငံအား ခြိမ်းခြောက်မှု တစ်ခုအဖြစ် မမြင်သင့်တော့ဘဲ ကမ္ဘာ့စီးပွားရေးနှင့် တစ်သီး တစ်ခြား ဖြစ်နေမှုမှာ မကြာခင် အဆုံးသတ်တော့မည်ဟု အီရန်သမ္မတ ရူဟာနီက ပြောကြားလိုက်သည်။

    တီဟီရန်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် စီးပွားရေးညီလာခံတွင် ရူဟာနီက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး မိမိတို့၏ စည်းမျဉ်း စည်းကမ်းများကို စွန့်လွှတ်မည် မဟုတ်သော်လည်း စီပွားရေး ပိတ်ဆို့မှုများ ဖွင့်လိုက်ပါက မိမိတို့နိုင်ငံမှာ စီးပွားရေး ကျဆင်းမှုမှနေ၍ ပြန်လည် ထူထောင်လာလိမ့်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အီရန်မှာ ၎င်း၏ နျူကလီးယား ကိစ္စအတွက် ပြည့်ဝသော သဘော တူညီချက်ရရန် ကမ္ဘာ့ အင်အားကြီးနိုင်ငံများနှင့် ဆွေးနွေးနေပြီး၊ သဘောတူညီချက်ရရှိပါက နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ တစ်ဟုန်ထိုး တိုးတက်လာဖွယ်ရှိနေသည်။

    ရူဟာနီကမူ မိမိတို့အနေဖြင့် ရေရှည်တည်တံ့မည့် ဖွံဖြိုးတိုးတက်မှုကိုသာ လိုချင်ကြောင်း၊ မိမိတို့၏ နိုင်ငံခြားရေးပေါ်လစီက နိုင်ငံ၏ စီးပွားရေးအား ကျုံ့စေသည်ဆိုလျှင် ယခုအချိန်၌ ပြောင်းလဲရန် လိုအပ်နေပြီဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    တီဟီရန်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ စီးပွားရေးညီလာခံသို့ အီရန်စီးပွားရေးဝန်ကြီး၊ ဗဟိုဘဏ် အကြီးအကဲတို့ အပါအ၀င် နိုင်ငံတကာမှ စီးပွားရေး ကျွမ်းကျင်သူများနှင့် ဧည့်သည်တော် ၁၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

    Ref : alarabiya

  • မွတ်စလင်-ဗုဒ္ဓဘာသာခေါင်းဆောင်များ ဆွေးနွေးပွဲ တစ်ခု အီရန်တွင်ကျင်းပ

    မွတ်စလင်-ဗုဒ္ဓဘာသာခေါင်းဆောင်များ ဆွေးနွေးပွဲ တစ်ခု အီရန်တွင်ကျင်းပ

    ဇန်န၀ါရီ ၁၊ ၂၀၁၅
    M-Media
    10897040_820021071373698_8500926452095223628_n
    – ကမ္ဘာတစ်ဝှမ်းဖြစ်ပွားနေသည့် အကြမ်းဖက်မှုများနှင့် အစွန်းရောက် ၀ါဒများကို  ရင်ဆိုင်ဖြေရှင်းရန် ရည်ရွယ်၍ မွတ်စလင်-ဗုဒ္ဓဘာသာ ခေါင်းဆောင်များ ဆွေးနွေးပွဲတစ်ခုကို အီရန်နိုင်ငံ၌ ပြုလုပ် ခဲ့သည်ဟု သိရသည်။

    အဆိုပါ ဆွေးနွေးပွဲကို `အကြမ်းဖက်မှုနှင့် အစွန်းရောက် ၀ါဒအား ရင်ဆိုင်ရန် အတွက် မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင်များအကြား ပူးပေါင်း ဆောင်ရွက်ရေး´ ခေါင်းစဉ်ဖြင့် မြို့တော် တီဟီရန်တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

    ၂ ရက်တာကြာမြင့်သည့် ထိုဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ  အပါအ၀င် မြန်မာ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှာ အသိပညာရှင်များ၊ ဘုန်းတော်ကြီးများ တက်ရောက်ခဲ့ကြပြီး အီရန်နိုင်ငံမှ ပညာရှင်များလည်း ပါဝင်ခဲ့သည်။

    မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံအများအပြား၌ အစ္စလာမ် ဘာသာဝင်များမှာ အစွန်းရောက် အုပ်စုများ၏ တိုက်ခိုက်မှုများကို ခံနေရခြင်းကြောင့် ထိုပြဿနာအား ပြေလည်စေရန် ရည်ရွယ်၍ ထိုဆွေးနွေးပွဲအား ကျင်းပခြင်းဖြစ်သည်။

    ကမ္ဘာပေါ်တွင် ဖိနှိပ်ချုပ်ချယ်မှု အခံရဆုံးလူမျိုးစုအဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားသည့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာလူမျိုး ၁.၃ သန်းမှာ နိုင်ငံသားဖြစ်ခွင့်ကို ဆုံးရှုံးနေရသည်။ ထို့ပြင် ပြီးခဲ့သည့် ၂ နှစ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း ရာချီအသတ်ခံခဲ့ရကာ ရိုဟင်ဂျာ ၁၄၀၀၀၀ ခန့်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    Ref : PressTV

  • အီရန်နျူအရေး ဆွေးနွေးပွဲ ၂၀၁၅ ဇူလိုင်လ အထိ အချိန်ထပ်တိုး

    အီရန်နျူအရေး ဆွေးနွေးပွဲ ၂၀၁၅ ဇူလိုင်လ အထိ အချိန်ထပ်တိုး

    နိုဝင်ဘာ ၊ ၂၆ ၊ ၂၀၁၄
    M-Media
    clone iran-nuclear-talks-likely-adjourned
    – အီရန်၏ နျူအရေးနှင့်ပတ်သက်၍ နောက်ဆုံးအဆင့် ဆွေးနွေးပွဲတွင့် ပြည့်ဝသည့် သဘောတူညီချက် မရရှိသောကြောင့် ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြပြီး နောက်ဆုံးရက်ကို ၂၀၁၅ ခုနှစ် ဇူလိုင်လအထိ သတ်မှတ်ခဲ့သည်ဟု သိရသည်။

    ဗီယင်နာတွင် ၆ ရက်တာ ပြုလုပ်ခဲ့သည့် အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့၏ ညှိနှိုင်းဆွေးနွေးမှုမှာ အောက်တိုဘာ ၂၄ ရက်နေ့က ပြီးဆုံးခဲ့ပြီး ပါဝင်သူများအားလုံးက အချိန်ထပ်တိုးရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။ အီရန်သမ္မတ ရူဟာနီကမူ ယခုအကျော့တွင် မအောင်မြင်ခဲ့သော်လည်း သဘောတူညီချက်ရအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    `ဒီဆွေးနွေးမှုလမ်းကြောင်းဟာ နောက်ဆုံး သဘောတူညီချက်ကို ရမှာပါ။ ကွဟာမှုအများစုကိုတော့ ဖယ်ရှားခဲ့ပြီးပါပြီ´ ဟု ရူဟာနီက ရုပ်သံမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း ဆွေးနွေးမှုများအတွင်း သိသာသည့် တိုးတက်မှုများ ရရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး အမေရိကန် လွှတ်တော်အမတ်များအနေဖြင့် အီရန်အပေါ် ပိတ်ဆို့မှုများ မပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

    နောက်ထပ်ဆွေးနွေးမှုများကို မတ်လ ၁ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး အဆုံးသတ်ဆွေးနွေးမှုကိုမူ နောက်ထပ်လေးလအကြာ ဇူလိုင်လတွင် ပြုလုပ်သွားမည်ဖြစ်သည်။