News @ M-Media

Tag: Iran

  • အနောက်၏ မဟာဗျူဟာ အမှားကြောင့် အကြမ်းဖက်ဝါဒ ပေါ်လာတာ ဖြစ်ကြောင်း အီရန်သမ္မတဆို

    အနောက်၏ မဟာဗျူဟာ အမှားကြောင့် အကြမ်းဖက်ဝါဒ ပေါ်လာတာ ဖြစ်ကြောင်း အီရန်သမ္မတဆို

    စက်တင်ဘာ ၂၆ ၊ ၂၀၁၄
    M-Media
    afp-iran-leader-slams-west-blunders-but-eyes-cooperation
    – အရှေ့အလယ်ပိုင်း နိုင်ငံများတွင် အမေရိကန်နှင့် အနောက်နိုင်ငံတို့မှ ပြုလုပ်ခဲ့သော အမှားများကို ဝေဖန်ခဲ့ပြီး ထိုအမှားများက အကြမ်းဖက် ၀ါဒအား ဖြစ်ထွန်းစေခဲ့သည်ဟု အီရန်သမ္မတ ရူဟာနီက ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ပြောကြားလိုက်သည်။

    “အရှေ့အလယ်ပိုင်း၊ အလယ်အာရှနဲ့ ကော့ကေးရှပ်ဒေသတွေမှာ အနောက်နိုင်ငံတွေရဲ့ မဟာဗျူဟာအမှားတွေက ဒီဒေသတွေကို အကြမ်းဖက်သမားတွေနဲ့ အစွန်းရောက်တွေ ပျော်မွေ့ရာဒေသအဖြစ် ပြောင်းလဲပေးလိုက်ပါတယ်” ဟု ယမန်နေ့က ပြောကြားသော မိန့်ခွန်း၌ ရူဟာနီက ထည့်သွင်းပြောဆိုခဲ့သည်။

    ထိုအကြောင်းအရာအတွက် ဆီးရီးယားနိုင်ငံကို ရူဟာနီက ဥပမာပေးခဲ့ပြီး၊ ကမ္ဘာကြီးကို ခြိမ်းခြောက်နေသည့် အကြမ်းဖက်ဝါဒအား ဖြေရှင်းရေး နိုင်ငံတကာ အထောက်ပံ့နှင့်အတူ ဆောင်ရွက်ခြင်းက အကောင်းဆုံးအခြေအနေတစ်ရပ်သို့ ရောက်စေသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    တိုင်းပြည်၏ နျူကလီးယားကိစ္စနှင့် ပတ်သက်၍လည်း ရူဟာနီက မိမိတို့မှာ အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုတို့ကို အခြေခံ၍ စိတ်အားထက်သန်စွာ ညှိနှိုင်း ဆွေးနွေးသွားမည်ဟု ဆိုသည်။

    အီရန်နျူကလီးယားအစီအစဉ်အား ရပ်တန့်ရန်အတွက် အပြီးသတ် သဘောတူညီချက်မရသေးဘဲ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနှင့် ဂျာမနီတို့က နိုဝင်ဘာ ၂၄ ရက်နေ့တွင် အီရန်နှင့် ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားသည်။

    – AFP/ec/de

  • ဆယ်စုနှစ်များ အတွင်း ပထမဆုံး အဖြစ် အီရန်သမ္မတနှင့် ဗြိတိန် ၀န်ကြီးချုပ်တို့ တွေ့ဆုံ

    ဆယ်စုနှစ်များ အတွင်း ပထမဆုံး အဖြစ် အီရန်သမ္မတနှင့် ဗြိတိန် ၀န်ကြီးချုပ်တို့ တွေ့ဆုံ

    စက်တင်ဘာ ၂၅ ၊ ၂၀၁၄
    M-Media
    201492423225056734_20
    – အီရန်၏ နျူကလီးယား အစီအစဉ်အပေါ် ရေရှည်ခံမည့် သဘောတူညီချက်တစ်ခု ရရှိရန်အတွက် အီရန်သမ္မတ ရူဟာနီနှင့် ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကမရွန်းတို့ ကတိပြုခဲ့ကြသည်ဟု ဗြိတိန်အာဏာပိုင်များက ပြောကြားလိုက်သည်။

    ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်လာသည့် ခေါင်းဆောင်နှစ်ဦးမှာ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်တွင် ယမန်နေ့က တွေ့ဆုံးခဲ့ကြခြင်းဖြစ်ပြီး ၁၉၇၉ အီရန် အစ္စလာမ့်မစ်တော်လှန်ရေးပြီးနောက်ပိုင်း ပထမဆုံအကြိမ် တွေ့ဆုံခြင်းလည်းဖြစ်သည်။

    နျူကလီးယား ကိစ္စအပြင် ဆီးရီးယားနှင့် အီရတ်နိုင်ငံရှိ နယ်မြေများကို သိမ်းပိုက်ထားသည့် ISIL အဖွဲ့ အကြောင်းကိုလည်း ၎င်းတို့က ဆွေးနွေးခဲ့ကြသည်။

    “ယခင်က နှစ်နိုင်ငံအကြား သိသာတဲ့ ကွဲလွဲမှုတွေရှိခဲ့တယ်ဆိုတာ ၀န်ကြီးချုပ်နဲ့ သမ္မတ တို့ဟာ ၀န်ခံခဲ့ကြပါတယ်။ ပြီးတော့ မိမိတို့ရဲ့ နှစ်နိုင်ငံဆက်ဆံရေး တစ်ဖြည်းဖြည်း တိုးတက်လာအောင် ဆောင်ရွက်ဖို့ကိုလည်း သဘောတူခဲ့ကြပါတယ်” ဟု ဗြိတိန်ဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ၂၀၁၁ ခုနှစ်က တီဟီရန်ရှိ ဗြိတိန်သံရုံးကို အီရန်ရှိ တက်ကြွလှုပ်ရှားသူများက စီးနင်းပြီးနောက်ပိုင်း ဗြိတိန်နှင့် အီရန်တို့၏ တိုက်ရိုက် သံတမန်အဆက်အသွယ်မှာ ဆိုးရွားခဲ့သော်လည်း ၂၀၁၃ ခုနှစ်တွင် အလယ်အလတ်ဝါဒီ ရူဟာနီ သမ္မတ ဖြစ်လာပြီးနောက် ဆက်ဆံရေးမှာ ပြန်လည်ကောင်းမွန်လာခဲ့သည်။

    ထိုနောက်ပိုင်းတွင် မိမိတို့၏ သံရုံအား လာမည့်လများတွင် ပြန်လည်ဖွင့်လှစ်သွားမည်ဟု ဗြိတိန်က ပြီးခဲ့သည့် ဇွန်လတွင် ကြေညာခဲ့သည်။

    ref_ Agencies

  • အီရန်လေယာဉ် ပျက်ကျ၍ လေယာဉ်ခရီးသည် အားလုံးသေဆုံး

    သြဂုတ် ၁၀၊ ၂၀၁၄
    M-Media
    မြတ်ဇော်
    10405457_747534765288996_9109387047528335480_n
    မြို့တော် တီဟီရန် အနီးက လေဆိပ်မှာ အီရန်လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ် ပျက်ကျခဲ့တာကြောင့် ပါလာတဲ့ ခရီးသည် (၄၀) လုံး သေဆုံးသွားတယ်လို့ နိုင်ငံပိုင် တယ်လီဗေးရှင်းက သတင်းကြေညာ သွားပါတယ်။

    IRNA သတင်းဌာနက လေယျာဉ်ဟာ မဟ်ရာဗတ် (Mehrabad) လေဆိပ်ကပျံတက်ပြီး မကြာခင်မှာပဲ ပျက်ကျခဲ့တယ်လို့ပြောဆိုပါတယ်။

    တာဗန်လေကြောင်းလိုင်း (Taban Airline) ကလေယာဉ် ဟာ တောင်ပိုင်း ခိုရာစာန်ပြည်နယ် တဗာ့စ်မြို့ကို ဦးတည်ပျံသန်းဖို့ဖြစ်ပြီး ယနေ့မနက် ၉ နာရီ ၁၈ မိနစ်မှာ ပျက်ကျခဲ့တာပါ။ လေယာဉ်ပေါ်မှာ ကလေးငယ် ခုနှစ်ယောက်ပါသွားတယ်လို့သိရပါတယ်။

    အီရန်နိုင်ငံဟာ အိုဟောင်းတဲ့လေယာဉ်တွေနဲ့ ထိန်းသိမ်းမှုအားနည်းတာကြောင့် လေယာဉ်ပျက်ကျမှုတွေကြုံတွေ့နေရပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုကြောင့် လေယာဉ်နဲ့ အပိုပစ္စည်းတွေကို ဥရောပကနေ ဝယ်ယူနိုင်ခြင်းမရှိပါဘူး။

    နိုင်ငံဟာ ရုရှားနိုင်ငံထုတ် လေယာဉ်တွေပေါ်မှာသာ အဓိက အားထားနေရပြီး လေယာဉ်တွေဟာ ဆိုဗီယက်ခေတ်ဟောင်းက လေယာဉ်တွေဖြစ်လို့ ဆိုဗီယက် ယူနီယံပြိုကွဲပြီးကတည်းက လိုအပ်တဲ့ အစိတ်အပိုင်းတွေ ရဖို့ မလွယ်ကူခဲ့ပါဘူး။

    အီရန်မှာနောက်ဆုံး ဆိုးဆိုးရွားရွားဖြစ်ခဲ့တဲ့ လေယာဉ်ပျက်ကျမှု က (၂၀၁၁) ခုနှစ်မှာဖြစ်ခဲ့ပြီး အီရန် အနောက်မြောက်ဘက်မှာ နှင်းမုန်တိုင်း တိုက်နေတုန်း ဆင်းသက်ခဲ့တဲ့ ဘိုးရင်း ၇၂၇ (Boeing 727) ဟာ အစိတ်စိတ်ကျိုးပဲ့ခဲ့ပြီး ၄င်းဖြစ်ရပ်ကြောင့် လူ (၇၇) ဦးသေဆုံးခဲ့ပါတယ်။

    ၂၀၀၉ ခုနှစ် ဂျူလိုင်လတုန်းကလည်း ရုရှားနိုင်ငံထုတ် ဂျက်လေယာဉ်ဟာ လေဆိပ်ကထွက်ခွာပြီး မကြာခင်မှာပဲ ပျက်ကျခဲ့လို့ လူ ၁၆၈ ဦးသေဆုံးခဲ့ပါတယ်။

    Source : Aljazeera

  • နျူ ကိစ္စ ပြေလည်ရန် ပိတ်ဆို့မှုများ အားလုံး ဖယ်ရှားရန်လိုအပ်ဟု အီရန်သမ္မတပြော

    ဇွန်လ ၁၅ ရက်၊ ၂၀၁၄
    M-Media
    Hassan Rouhani
    – အီရန်နျူကိစ္စနှင့် ပတ်သက်၍ အလုံးစုံ သဘောတူညီချက်ရရန်အတွက် ပိတ်ဆို့မှုများအားလုံးကို ဖယ်ရှားပေးရန် လိုအပ်သည်ဟု အီရန်သမ္မတ ဟာဆန်ရူဟာနီက သမ္မတသက်တမ်း တစ်နှစ်ပြည့် မိန့်ခွန်းတွင် ပြောကြားလိုက်သည်။

    အနောက်နိုင်ငံများကမူ အီရန်၏ ယူရေနီယံကြွယ်ဝရေး လုပ်ဆောင်မှုများကို လျော့ချရန် တောင်းဆိုထားပြီး နျူလက်နက်ထုတ်လုပ်ရန်အတွက် ပစ္စည်းများကို ထုတ်ပေးနိုင်ဖွယ်ရှိသည့် Arak ဓာတ်ပေါင်းဖိုကြီးနှင့် ပတ်သက်၍လည်း စိုးရိမ်မှုများရှိနေသည်။ သို့သော်လည်း အီရန်နိုင်ငံက ထိုဓာတ်ပေါင်းဖိုမှာ နျူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးအတွက်ဟု အခိုင်အမာပြောဆိုထားပြီး ပိတ်ဆို့မှုများအားလုံးကို ရုပ်သိမ်းပေးရန် တိုက်တွန်းထားသည်။

    အီရန်နျူအရေး အချို့အကြောင်းအရာများနှင့် ပတ်သက်၍ မတူညီသောအမြင်များ ရှိနေသော်လည်း အင်အားကြီး ၆ နိုင်ငံနှင့် အီရန်နိုင်ငံတို့၏ နောက်ဆုံးအဆင့် ဆွေးနွေးမှုကို လာမည့် တနင်္လာနေ့တွင် ဗီယင်နာ၌ စတင်ပြုလုပ်သွားမည်ဖြစ်ပြီး ထိုဆွေးနွေးမှုမှတဆင့် ဇူလိုင် ၂၀ ရက်မတိုင်ခင် နောက်ဆုံး သဘောတူညီချက် ရနိုင်ဖွယ်ရှိနေသည်။

  • တူရကီနှင့် ပူးပေါင်းပြီး အကြမ်းဖက်ဝါဒတွန်းလှန်သွားမည်ဟု အီရန်သမ္မတ ပြော

    ဇွန်လ ၉ ရက်၊ ၂၀၁၄
    M-Media
    20146995859137734_20
    – အစ္စလာမ်ကမ္ဘာတွင် တူရကီနှင့် အီရန်တို့မှာ အရေးပါသောနိုင်ငံများဖြစ်ပြီး အရှေ့အလယ်ပိုင်းတွင် အကြမ်းဖက်မှုနှင့် အစွန်းရောက်ဝါဒအား တွန်းလှန်ရန် မိမိတို့ နှစ်နိုင်ငံက ဆုံးဖြတ်ထားသည်ဟု တူရကီသို့ အလည်အပတ်ရောက်ရှိနေသည့် အီရန် သမ္မတ ရူဟာနီက ပြောကြားလိုက်သည်။

    ၂ ရက်တာကြာမြင့်သည့် အဆိုပါလည်ပတ်မှုအတွင်း နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ နှစ်နိုင်ငံ ဆက်ဆံရေးကို ဆွေးနွေးခဲ့ကြသည်ဟု ရူဟာနီနှင့် တူရကီသမ္မတ အဘ်ဒူလာ ဂူလ်တို့ ပူးတွဲထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြထားသည်။ ထို့ပြင် ၎င်းတို့နှစ်နိုင်ငံ ဆက်ဆံရေးကို အေးခဲစေသည့် ဆီးရီးယား ပြဿနာကိုလည်း ဆွေးနွေးခဲ့ကြသည်။

    နှစ်နိုင်ငံကုန်သွယ်ရေးပမာဏမှာ ကန်ဒေါ်လာ ၁၅ ဘီလီယံရှိပြီး ၃၀ ဘီလီယံအထိ တိုးလာရန် ပစ်မှတ်ထားနေသည်ဟု အဘ်ဒူလာဂူလ်က ပြောကြားခဲ့သည်။ ထို့ပြင် အရှေ့အလယ်ပိုင်းဒေသအတွင်း နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးပြုခြင်းကို ထောက်ခံပြီး ဒေသတွင်း မည်သည့်နိုင်ငံမှ နျူလက်နက် ပိုင်ဆိုင်ရန် မသင့်ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

    ရူဟာနီကလည်း ထိုပြောကြားချက်ကို ထောက်ခံခဲ့ပြီး ဒေသတွင်း တည်ငြိမ်ရေးအတွက် ဆောင်ရွက်ရန် နိုင်ငံအားလုံးကို တိုက်တွန်းခဲ့သည်။ အီရန်မှာ ဆယ်စုနှစ် တစ်ခုအကြာ ကြာမြင့်နေသည့် နျူပြဿနာအား အဆုံးသတ်နိုင်ရန် အင်အားကြီး ၆ နိုင်ငံနှင့် နောက်ဆုံးအဆင့် ဆွေးနွေးမှုများကို မကြာမီ ပြုလုပ်သွားရန်ရှိနေသည်။

    Ref:  Al Jazeera and agencies