News @ M-Media

Tag: Israel

  • အမေရိကန်ရောက် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအား ဂျူးများက ဆန္ဒပြ

    အမေရိကန်ရောက် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအား ဂျူးများက ဆန္ဒပြ

    မတ် ၃၊ ၂၀၁၅
    M-Media

    ntyh a

    – အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု မိန့်ခွန်းပြောခဲ့သည့် အမေရိကန်-အစ္စရေး ပြည်သူ့ဆက်ဆံရေးကောင်စီ AIPAC အဆောက်အဦးရှေ့တွင် ဂျူးများအပါအ၀င် လူတစ်ချို့က ဆန္ဒပြခဲ့ကြည်ဟု သိရသည်။

    ယမန်နေ့က မိန့်ခွန်းပြောကြားမှုအပြီး တက်ရောက်သူများထွက်ခွာစဉ် ဆန္ဒပြသူများက အဆောက်အဦးရှေ့၌ ကျွေးကြော်သံများကို ကျွေးကြော်ခဲ့ကြပြီး ဆန္ဒပြသူအချို့မှာ ပါလက်စတိုင်းနွယ်ဖွားများ ဖြစ်ကြကာ အချို့မှာ ဂျူးများဖြစ်ကြသည်။

    အဆိုပါ ဆန္ဒပြမှုကို စီစဉ်သူများထဲမှ တစ်ဦးဖြစ်သူ ဂျူးဘုန်းတော်ကြီး ယစ္စရိုးလ် ဒိုဗစ် ၀စ်က နေတန်ယာဟုနှင့် ဒေးဗစ်ကြယ်အမှတ်အသားကို အသုံးပြုသော AIPAC အတွင်းရှိ အခြားသူများမှာ မည်သည့်နည်း၊ မည်သည့်ပုံစံနှင့်မျှ ဂျူးအယူဝါဒကို ကိုယ်စားမပြုဆိုသည်ကို ကမ္ဘာကြီးအား သိစေချင်သောကြောင့် ထိုကဲ့သို့ ဆန္ဒပြခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    AIPAC ၏ ညီလာခံတွင် ပြောကြားသော မိန့်ခွန်း၌ နေတန်ယာဟုက အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့ ဆောင်ရွက်နေည့် နျူအရေး သဘောတူညီချက်မှာ အစ္စရေး၏ လုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟု ပြောကြားခဲ့ပြီး အီရန်မှာ ကမ္ဘာကြီးတွင် အကြမ်းဖက်ဝါဒကို ထိပ်ဆုံးမှ အားပေးနေသော နိုင်ငံဖြစ်သည်ဟုလည်း စွပ်စွဲခဲ့သည်။

    ရီပက်ဘလစ်ကန်ပါတီ၏ ဖိတ်ကြားမှုကြောင့်အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသည့် နေတန်ယာဟုမှာ ယနေ့တွင် ရီပက်ဘလစ်ကန်များ ထိန်းချုပ်ထားရာ ကွန်ဂရက်တွင် မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး ယနေ့တွင်လည်း ၎င်းအား ဆန့်ကျင် ဆန္ဒပြမှုများ ပိုမိုဖြစ်ပွားနိုင်ဖွယ် ရှိနေသည်။

    Ref: Aljazeera

  • ရေနံသိုလှောင်ကန် ဖျက်ဆီးမှု လက်ဘနွန်အား လျော်ကြေး ဒေါ်လာ သန်း ၈၅၀   အစ္စရေး ပေးရန် ကုလ ဆုံးဖြတ်

    ရေနံသိုလှောင်ကန် ဖျက်ဆီးမှု လက်ဘနွန်အား လျော်ကြေး ဒေါ်လာ သန်း ၈၅၀ အစ္စရေး ပေးရန် ကုလ ဆုံးဖြတ်

    ဒီဇင်ဘာ ၂၀ ၊ ၂၀၁၄
    M-Media
    _79858714_79858713

    – ၂၀၀၆ ခုနှစ်တွင် ဟစ်ဇဘိုလာအား အစ္စရေးက လေကြောင်းမှ တိုက်ခိုက်မှုအတွင်း လက်ဘနွန်ပိုင် ရေနံသိုလှောင်ကန် ပျက်ဆီးမှုအတွက် လျော်ကြေး ကန်ဒေါ်လာ သန်း ၈၅၀ ကျော် ပေးဆောင်ရန် တောင်းဆိုထားသည့် ဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုခဲ့သည်ဟု သိရသည်။

    အဆိုပါ ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၁၉ ရက်နေ့နှောင်းပိုင်းက အတည်ပြုခဲ့ခြင်းဖြစ်ပြီး သိုလှောင်ကန် ပျက်ဆီးမှုမှ ယိုစိမ့်ထွက်ပေါ်လာသည့် ရေနံများမှာ လက်ဘနွန်ကမ်းရိုးတန်းနှင့် ဆီးရီးယား ကမ်းရိုးတန်းအထိ ပြန့်နှံ့ခဲ့ကာ ဆိုးရွားသည့် ရေထုညစ်ညမ်းမှုကို ဖြစ်စေခဲ့သည်ဟု ဖော်ပြထားသည်။

    ထိုအဖြစ်အပျက်အတွက် နစ်နာကြေးပေးရန် ကုလက အစ္စရေးအား ယခင်ကတည်းက တောင်းဆိုခဲ့ပြီး ယခု ပထမဆုံးအကြိမ်အဖြစ် လျော်ကြေး ပမာဏအတိအကျကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    ထိုဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း ၁၇၀ က ထောက်ခံမဲပေးခဲ့ပြီး အစ္စရေး၊ အမေရိကန်၊ ကနေဒါ၊ မိုက်ခရိုနီးရှားနှင့် မာရှယ်ကျွန်းတို့က ကန့်ကွက်ခဲ့ကြသည်။

    အစ္စရေးမှာ ပါလက်စတိုင်းအပါအ၀င် ပတ်ဝန်းကျင်ရှိ အာရပ်နိုင်ငံများအား အကြောင်းအမျိုးမျိုးပြကာ ကျူးကျော်တိုက်ခိုက်မှုများရှိပြီး အများပြည်သူနှင့် သက်ဆိုင်သောနေရာများ အများဆုံးပျက်ဆီးခဲ့ရသည်။

    AP

  • ပါလက်စတိုင်းအား အစ္စရေးကျူးကျော်မှု အဆုံးသတ်ရမည့် မူကြမ်းတစ်ခု လုံခြုံရေးကောင်စီသို့ တင်သွင်း

    ပါလက်စတိုင်းအား အစ္စရေးကျူးကျော်မှု အဆုံးသတ်ရမည့် မူကြမ်းတစ်ခု လုံခြုံရေးကောင်စီသို့ တင်သွင်း

    ဒီဇင်ဘာ ၁၈၊ ၂၀၁၄
    M-Media

    665003303001_3949462873001_2014121422135571734-20
    – ၁၉၆၇ ခုနှစ် ၆ ရက်စစ်ပွဲပြီးကတည်းက အစ္စရေးတို့ ပြုလုပ်ခဲ့သည့် ပါလက်စတိုင်းဒေသ ကျူးကျော်မှုအား အဆုံးသတ်ရန်နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်မူကြမ်း တစ်ခုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မဲခွဲရန်အတွက် ဂျော်ဒန်နိုင်ငံက တင်သွင်းခဲ့သည်ဟု သိရသည်။

    အဆိုပါ ဆုံးဖြတ်ချက်မှုကြမ်းတွင် ပါလက်စတိုင်း ပိုင်နက်မှ အစ္စရေးစစ်တပ်များ ၂၀၁၇ ခုနှစ် နှစ်ကုန်အထိ နောက်မကျစေဘဲ ထွက်သွားရန် တောင်းဆိုထားပြီး ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းကိုယ်စားလှယ် ရီယဒ် မန်ဆူရ်ကမူ အဆိုပါ ဆုံးဖြတ်ချက်မှုကြမ်းမှာ အမေရိကန်အပါအ၀င် မည်သူနှင့်မဆို ထပ်မံ၍ ဆွေးနွေးမှု များ ပြုလုပ်ရန် အတွက် တံခါးပိတ်ခြင်းမဟုတ်ဟု ပြောကြားခဲ့သည်။

    `တကယ်လို့ သူတို့သာ ဆန္ဒရှိရင် သူတို့အားလုံးနဲ့ နောက်ပြီး အမေရိကန်နဲ့ပါ ကျွန်တော်တို့ဟာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်သွားမှာပါ။ ဒါမှသာ ငြိမ်းချမ်းရေး တံခါးကိုဖွင့်ဖို့ လုံခြုံရေးကောင်စီက ပြဌာန်းတဲ့ ဥပဒေတစ်ခုခုဟာ အောင်မြင်နိုင်မှာပါ။ အဓိပ္ပါယ်ရှိတဲ့ အရာတွေအတွက် ကျွန်တော်တို့နဲ့ အလုပ်လုပ်လိုသူတွေအားလုံးနဲ့ အလုပ်လုပ်ဖို့ ကျွန်တော်တို့  ဆန္ဒရှိပါတယ်´ ဟု မန်ဆူရ်က ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းတွင် ဒီကရေစီစနစ်ထွန်းကားပြီး ကြွယ်ဝသည့် လွတ်လပ်သောနိုင်ငံ နှစ်နိုင်ငံဖြစ်လာရေးကို ရှေ့ရှုသော ငြိမ်းချမ်းရေး အစ္စရေးနှင့် ပါလက်စတိုင်းအကြား တစ်နှစ်အတွင်း ရရှိရန်အတွက်လည်း တိုက်တွန်းထားသည်။

    ပါလက်စတိုင်းမှာ လုံခြုံရေးကောင်စီတွင် စောင့်ကြည့် အဖွဲ့ဝင်တစ်ဦးဖြစ်သောကြောင့် ထိုဆုံးဖြတ်ချက်မှုကြမ်းကို တိုက်ရိုက်တင်သွင်းခွင့်မရှိဘဲ ဂျော်ဒန်က တင်သွင်းပေးခဲ့ရခြင်းဖြစ်သည်။

  • လာမည့် အစ္စရေး ရွေးကောက်ပွဲတွင် နေတန်ယာဟု အားဖြုတ်ချဖို့ ပါတီကြီး ၂ ခုပေါင်းစည်း

    လာမည့် အစ္စရေး ရွေးကောက်ပွဲတွင် နေတန်ယာဟု အားဖြုတ်ချဖို့ ပါတီကြီး ၂ ခုပေါင်းစည်း

    ဒီဇင်ဘာ ၁၃ ၊ ၂၀၁၄
    M-Media
    201445202043433734_20
    – လာမည့်မတ်လ၌ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် လက်ယာယိမ်း လက်ရှိ ဝန်ကြီးချူပ် နေတန်ယာဟုအား ဖြုတ်ချရန်အတွက် အစ္စရေးမှ ပါတီကြီးနှစ်ခုက ပေါင်းစည်း လိုက်သည်ဟု သိရသည်။

    ပေါင်းစည်းလိုက်သည့် ပါတီ ၂ ခုမှာ လေဘာပါတီနှင့် HaTnuah ပါတီတို့ ဖြစ်ကြပြီး လေဘာတီမှ ခေါင်းဆောင် အိုက်ဇက် ဟာ့ဇော့ဂ်နှင့် HaTnuah ပါတီအကြီးအကဲ အမျိုးသမီး ဇီပီ လစ်ဗနီတို့က ၎င်းတို့ ပါတီနှစ်ခု ပေါင်းစည်းကြောင်းကို ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ရုပ်သံမှတစ်ဆင့် ကြေညာခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ ဆောင်ပုဒ်မှာ `အတူတကွ နိုင်ရမည်´ဖြစ်သည်။

    `ကျွန်တော်တို့ ရွေးချယ်ခံရတဲ့အခါ ၀န်ကြီးချုပ်သက်တမ်း လေးနှစ်မှာ ကျွန်တော် ပထမ ၂ နှစ် ဆောင်ရွက်သွားမှာဖြစ်ပြီး လစ်ဗနီက ဒုတိယ ၂ နှစ်ဆောင်ရွက်သွားမှာပါ´ ဟု ဟာဇော့ဂ်က ပြောကြားခဲ့သည်။

    ထို့ပြင် လစ်ဗနီကမူ ယနေ့တွင် လက်ယာစွန်းရောက် ပါတီများ၏ အခြားဘက်မှ ဇီယွန်ဝါဒ ဌာနများ ပေါ်ပေါက်လာနေသည်ဟု ပြောကြားခဲ့သည်။ လစ်ဗနီမှာ ပါလက်စတိုင်းနှင့် ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးသည့် အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး နေတန်ယာဟုက ၎င်း၏ လက်ယာယိမ်းပါတီနှင့် ဆန့်ကျင်သည်ဟု စွပ်စွဲကာ ပြီးခဲ့သည့် သီတင်းပတ်က ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

    နေတန်ရာဟု၏ Likud ပါတီတွင် နိုင်ငံရေးသမားဘ၀ကို စတင်ခဲ့သည့် လစ်ဗနီက အဆိုပါ ပါတီမှာ လက်ယာစွန်းရောက်များ၏ သိမ်းပိုက်မှုကို ခံခဲ့ရပြီဟု ထည့်သွင်းပြောကြားခဲ့သည်။

    `(ဇီယွန်ဝါဒီ) အစွန်းရောက်တွေဟာ ကျွန်မတို့တိုင်းပြည်ကို သီးခြားနိုင်ငံဖြစ်အောင် ပြောင်းလဲနေပြီး၊ နိုင်ငံသားတွေကို တံခါးပိတ်ခံထားရအောင်၊ ဖယ်ကျဉ်ခံရအောင် လုပ်ဆောင်နေပါတယ်´

    Agencies

  • မိမိတို့ဝန်ကြီးအား အစ္စရေးစစ်တပ်က သတ်ဖြတ်ခဲ့သည်ဟု ပါလက်စတိုင်း သမ္မတပြော

    မိမိတို့ဝန်ကြီးအား အစ္စရေးစစ်တပ်က သတ်ဖြတ်ခဲ့သည်ဟု ပါလက်စတိုင်း သမ္မတပြော

    ဒီဇင်ဘာ ၁၁ ။ ၂၀၁၄
    M-Media

    filistinli-bakan-killed
    – အနောက်ဖက်ကမ်း ဆန္ဒပြမှုအတွင်း သေဆုံးသွားခဲ့သည့် မိမိတို့၏ ၀န်ကြီး ဇိုင်အဒ် အဘူအင်အား အစ္စရေးစစ်သားက သတ်ပစ်ခဲ့ခြင်းဖြစ်ပြီး ထိုလုပ်ရပ်မှာ ရာဇ၀တ်မှုမြောက်ပြီး ရိုင်းစိုင်းသော လုပ်ရပ်ဖြစ်သည်ဟု ပါလက်စတိုင်း သမ္မတ မဟ်မူးဒ် အဘတ်စ်က ပြောကြားလိုက်သည်။

    ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် အစ္စရေးက တရားမ၀င်အိမ်ရာများ ဆောက်လုပ်မှုကို ကန့်ကွက်သည့်အနေဖြင့် ဒီဇင်ဘာ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သော ဆန္ဒပြမှုအတွင်း အစ္စရေး စစ်တပ်မှ အရာရှိတစ်ဦးက ပါလက်စတိုင်း ကတ်ဘိနတ် အဖွဲ့ဝင်ဖြစ်သော အဘူအင်၏ လည်မြိုကို ညှစ်ခဲ့ပြီးနောက် အဘူအင်မှာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

    ထိုကိစ္စအတွက် တုံ့ပြန်မှုပြုလုပ်ရန် အဘတ်စ်မှာ အစိုးရအရာရှိများ၊ ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့တို့နှင့် ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး နည်းလမ်းအားလုံးကို ဖွင့်ထားသည်ဟု ပြောကြားခဲ့သည်။

    ပါလက်စတိုင်းများနှင့် နိုင်ငံရပ်ခြားမှ တက်ကြွလှုပ်ရှားသူများ ပါဝင်သော အဆိုပါ ဆန့်ကျင်ဆန္ဒပြမှုကို အစ္စရေးရဲတပ်ဖွဲ့ မျက်ရည်ယိုဗုံးများ၊ အသံဗုံးများ အသုံးပြုကာ ဖြိုခွင်းခဲ့သည်။

    ထိုအဖြစ်အပျက်ကို ရိုက်ထားသော ဗီဒီယိုတွင် အဘူအင်မှာ ရဲတပ်ဖွဲ့အား မည်သည့် တိုက်ခိုက်မှုမှ မပြုလုပ်ခဲ့ဘဲ ရဲအရာရှိတစ်ဦးက ၎င်း၏ လည်ပင်းကို ညှစ်ခဲ့ပြီးနောက် မူးမေ့လဲကျသွားခဲ့ကာ ဆေးရုံသို့ ပို့ဆောင်နေစဉ်အတွင်း သေဆုံးခဲ့ရသည်။

    ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ တစ်ဦးကမူ အစ္စရေးရဲများမှာ အဘူအင်ကို ဆိုင်ကယ်ဦးထုပ်ဖြင့် ရိုက်ခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။

    ထိုအဖြစ်အပျက်တွက် အစ္စရေးကာကွယ်ရေးဝန်ကြီး မိုရှေ ယာလွန်က တောင်းပန် ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

    Al Jazeera and agencies