News @ M-Media
Tag: Israel
  • အစ္စရေး-ပါလက်စတိုင်း နောက်ဆုံးအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ  မူကြမ်း လုံခြုံရေးကောင်စီ၌ ပြင်သစ် တင်မည်
    အစ္စရေး-ပါလက်စတိုင်း နောက်ဆုံးအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မူကြမ်း လုံခြုံရေးကောင်စီ၌ ပြင်သစ် တင်မည်
    ဒီဇင်ဘာ ၃ ၊ ၂၀၁၄
    M-Media
    Palestine resolution
    – အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နောက်ဆုံးအဆင့် ဆွေးနွေးမှုများကို ပြန်လည်စတင်ရန် ရည်ရွယ်သော ဆုံးဖြတ်ချက်မူကြမ်းကို ယခုလက အလယ်ပိုင်းတွင် ကုလ လုံခြုံရေးကောင်စီ၌ တင်သွင်းသွားမည်ဟု ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်း ကိုယ်စားလှယ်အဖွဲ့က ဒီဇင်ဘာ ၁ ရက် တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
    ပြင်သစ်နိုင်ငံမှ ဦးဆောင်တင်သွင်းမည့် အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းမှ ငြိမ်းချမ်းရေး ရရှိရန် နောက်ဆုံးဆွေးနွေးပွဲနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန်အတွက် အချိန်ကာလတစ်ခု ထွက်ပေါ်လာနိုင်ပြီး ပါလက်စတိုင်း နိုင်ငံဖြစ်တည်လာရေးအတွက် ဒုတိယမြောက် နောက်ဆုံးကာလသတ်မှတ်ချက် ဖြစ်ပေါ်လာနိုင်သည်ဟုလည်း ပါလက်စတိုင်းကိုယ်စားလှယ် ရီယဒ် မန်ဆူရ်က ထည့်သွင်းပြောကြားခဲ့သည်။
    သို့သော်လည်း အဆိုပါဆုံးဖြတ်ချက်အား အတည်ပြုရန်အတွက် ယခင်က ပါလက်စတိုင်းနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို ဗီတိုများသုံး၍ ပယ်ချခဲ့ဖူးသည့် အမေရိကန်၏ ဆုံးဖြတ်ချက်က  အခရာကျနေသည်။
    အာရပ်လိဂ်၏ ထောက်ခံမှုဖြင့် ပါလစတိုင်းမှာ ဆုံးဖြတ်ချက်မူကြမ်းတစ်စောင်ကို စက်တင်ဘာလကုန်ပိုင်းတွင် လုံခြုံရေးကောင်စီ၌ တင်သွင်းခဲ့ဖူးပြီး အဆိုပါ ဆုံးဖြတ်ချက်တွင် ပါလက်စတိုင်းနယ်မြေများအား အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးထား၍ အဆုံးသတ်ရန် ဖော်ပြထားသည်။
    အဆိုပါ မူကြမ်းကို အမေရိကန်နှင့် အခြားလုံခြုံရေးကောင်စီအဖွဲ့ဝင်များက ဆန့်ကျင်ခဲ့သော်လည်း ပြင်သစ်နိုင်ငံက ယခုတင်သွင်းမည့် မူကြမ်းပေါ်လာရန် နည်းလမ်းတစ်ခုဖြစ်ခဲ့သည်။
  • ပါလက်စတိုင်း တစ်ဦး အသတ်ခံရပြီး တပတ်အကြာ တိုက်ခိုက်မှုဖြစ်ပွား အစ္စရေး ၅ ဦးသေဆုံး
    ပါလက်စတိုင်း တစ်ဦး အသတ်ခံရပြီး တပတ်အကြာ တိုက်ခိုက်မှုဖြစ်ပွား အစ္စရေး ၅ ဦးသေဆုံး
    နိုဝင်ဘာ ၂၀ ၊ ၂၀၁၄
    M-Media
    18-11-14_Four-Israelis-Killed-in-Al-Quds-Attack
    နိုဝင်ဘာ ၁၈ ရက် အင်္ဂါနေ့က (သိမ်းပိုက်ခံ ဂျေရုဆလင်) အလ်ကုဒ်စ်မြို့ရှိ ဂျူးဘုရားကျောင်း တစ်ခုအပေါ် ပါလက်စတိုင်းနှစ်ဦးမှ တိုက်ခိုက်ရာ အစ္စရေးငါးဦး သေဆုံးသည်။ ထိုတိုက်ခိုက်မှုသည် လက်ရှိနှစ်များအတွင်း ပြင်းထန်သောတိုက်ခိုက်မှုများအနက် တစ်ခုအပါအ၀င်ဖြစ်သည်။
    “ဒီအော်ပရေးရှင်းက ကျုပ်တို့လူထု၊ ကျုပ်တို့အထွဋ်အမြတ်ထားရာ နေရာအပေါ် ကျူးလွန်စော်ကားတဲ့ ဇီယွန်ဝါဒီတွေကို သူရဲကောင်းဆန်ဆန် တူညီတဲ့တုန့်ပြန်ချက် တစ်ရပ်ဖြစ်တယ်။ ကျဆုံးသွားတဲ့ ကျုပ်တို့ သူရဲကောင်းများရဲ့သွေးကြွေးကို ရတဲ့နည်းလမ်းနဲ့ ပြန်ဆပ်ဖို့ ကျုပ်တို့မှာ အပြည့်အ၀ အခွင့်အရေးရှိတယ်” ဟု ဟားမားစ်အဖွဲ့၏ပြောခွင့်ရှိသူ မုရှိရ် အလ်မတ်စ်ရီက သူ၏ဖေ့စ်ဘွတ်စာမျက်နှာပေါ် ရေးသားခဲ့ကြောင်း နျူးယော့ခ်တိုင်းမ်မှ တင်ပြသည်။
    ဂျေရုဆလင်အနောက်ပိုင်း(အလ်ကုဒ်စ်)၏ ရှေးရိုးစွဲအယူသည်းရပ်ဝန်းတစ်ခု၌ အရုဏ်တက်ပြီးများမကြာမီ ထိုတိုက်ခိုက်မှု ဖြစ်ပွားခြင်းဖြစ်သည်။
    ဂျူးဘုရားကျောင်းတွင် အနည်းဆုံး လူတစ်ဒါဇင် ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးလူနာတင ယာဉ်လုပ်ငန်းဒါရိုက်တာ Magen David Adom ၏ အဆိုအရ သိရသည်။
    အခင်းဖြစ်ရာသို့ အစ္စရေးရဲတပ်ဖွဲ့ ချက်ခြင်းရောက်ရှိလာပြီး တိုက်ခိုက်သူတို့အား သုတ်သင်ခဲ့သည်။ ထိုသူတို့သည် အလ်ကုဒ်စ်မှ ပါလက်စတိုင်းများဖြစ်ကြောင်း အတည်ပြုခဲ့ကြသည်။
    သံသယရှိ သူတို့နေထိုင်သည်ဟု ယုံကြည်ထားသော အလ်ကုဒ်စ်နှင့် ကပ်လျက် ပါလက်စတိုင်းရပ်ကွက် Jabel Mukaber သို့ အစ္စရေးလုံခြုံရေးတပ်ဖွဲ့များက အင်အားသုံးဝင်ရောက်စီးနင်းကာ ၎င်းတို့၏မိသားစုနေအိမ်များနှင့် သံလွင်ပင်တောင်ကုန်းများအတွင်းသို့ မျက်ရည်ယိုဗုံးများ ပစ်ခဲ့ကြသည်။
    ဒေသခံတစ်ဦးက တိုက်ခိုက်သူများမှာ သူမ၏မောင်နှမ၀မ်းကွဲတော်စပ်သည့် အုစိုင်းဒ် နှင့် ဃတ်စာန်း အဘူဂျမားလ် ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။
    ဃတ်စာန်း(၃၀ နှစ်)ထံ ကလေးနှစ်ဦးရှိပြီး အုစိုင်းဒ်(၂၀ နှစ်)မှာ အိမ်ထောင်မရှိသူဖြစ်ကြောင်း သူမက ဆိုသည်။
    ပြီးခဲ့သော တနင်္ဂနွေနေ့က ဘတ်စ်ကားလမ်းကြောင်းထိပ်တွင် သတ်ဖြတ် ချိတ်ဆွဲခံထားရသော ပါလက်စတိုင်း ဘတ်စ်ကားဒရိုင်ဗာ Youssef al-Ramouni ၏ ရုပ်အလောင်းကို တွေ့ရပြီးနောက် တိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်သည်။
    Ramouni အား ဂျူးတိုက်ခိုက်ရေးသမားတို့မှ သတ်ဖြတ်သည်ဆိုသော ကောလဟလသတင်းမှာ မီဒီယာများ၌ လျင်မြန်စွာပျံ့နှံ့သွားရာ မြို့တော်အတွင်း တင်းမာမှု ကြီးမားသွားခဲ့သည်။
    ကလဲ့စား
    ———-
    အလ် အတ်ကဆွာဝတ်ကျောင်း အတွင်း အစ္စရေးတို့၏ ရမ်းကား ကျူးလွန်မှုကြောင့် ပါလက်စတိုင်းတို့၏ ဒေါသ အုံကြွလာမှုကို ကရုမစိုက်ပဲ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟုက ယင်းတိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ဟားမားစ်နှင့် ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘ္ဘာ့စ်အား ပြစ်တင်ပြောကြားလိုက်သည်။
    “ဒါဟာ ဟားမားစ်နဲ့ အဘူမေဇင်တို့ရဲ့ သွေးထိုးမှုကြောင့် ဖြစ်လာတဲ့ တိုက်ရိုက်ရလဒ်ပါပဲ။ နိုင်ငံတကာအသိုင်းအ၀ိုင်းက တာဝန်မဲ့စွာ လျစ်လျူရှုထားတယ်လို့ သူတို့ သွေးထိုးခဲ့ကြတယ်။ ၀တ်ပြုဖို့ လာရောက်တဲ့ ဂျူးတွေကို ဂါရ၀တရားမဲ့ လူသတ်ကောင်တွေက သတ်ဖြတ်ခဲ့ကြတယ်။ ဒီလိုကြမ်းကြုတ်ရက်စက်တဲ့ သတ်ဖြတ်ခြင်းအပေါ် ကျွန်တော်တို့ အပြင်းထန်ဆုံးတုန့်ပြန်သွားပါမယ်” ဟု ၎င်းမှဆိုကြောင်း NY Times မှ ဖော်ပြသည်။
    အခြားတစ်ဖက်မှာမူ ပါလက်စတိုင်း သမ္မတ မဟ်မူးဒ် အဘ္ဘာ့စ်က အစ္စရေးဘုရားဝတ်ပြုကျောင်း တိုက်ခိုက်မှုအပေါ် ပြစ်တင်ရှုတ်ချခဲ့သည်။
    “မိမိတို့ရဲ့ဘုရားကျောင်းထဲ ၀တ်ပြုနေတဲ့ ဂျူးတွေကိုတိုက်ခိုက်မှုအပေါ် ရှုတ်ချပါတယ်။ ဒီလိုလုပ်ဆောင်တဲ့ ဘယ်လိုလူမျိုးလူသတ်ကောင်ကိုမဆို ရှုတ်ချပါတယ်” ဟု အဘ္ဘာ့စ်၏ သမ္မတရုံးထုတ်ပြန်စာတွင် ဖော်ပြထားကြောင်း Jerusalem Post မှ ဖော်ပြသည်။
    ယင်းထုတ်ပြန်ချက်တွင် အခြေချသူများ၏ နယ်စပ်ဖြတ်ကျော် လျှပ်တစ်ပြက်တိုက်ခိုက်မှုများနှင့် လှုံ့ဆော်နေမှုများ အဆုံးသတ်ကြရန် တိုက်တွန်းထားသည်။
    သို့သော် ဟားမားစ်တာဝန်ရှိသူများက အစ္စရေးတို့၏သိမ်းပိုက်မှုကို ဆန့်ကျင်သည့် အော်ပရေးရှင်းများ ရှေ့ဆက်ကြရန် ပါလက်စတိုင်းသားတို့အား တွန်းအားပေးခဲ့သည်။
    “မပြတ်စတမ်း ကလဲ့စားချေအော်ပရေးရှင်းတွေ ပြုလုပ်သွားဖို့ ဟားမားစ်က ဆော်သြပါတယ်။ အစ္စရေးတွေရဲ့ကျူးကျော်သိမ်းပိုက်ခြင်းက ဂျေရုဆလင်တင်းမာမှု အတွက် လုံးလုံးလျားလျား တာဝန်ရှိတယ်လို့ ၀န်ခံလာတဲ့ အထိပေါ့” ဟု ဟားမားစ်ပြောရေးဆိုခွင့်ရှိသူ Sami Abu Zuhri ၏ ပြောဆိုချက်ကို ရိုက်တာမှ တင်ပြထားသည်။
    Glick ၏ ပစ်ခတ်မှုအပြီး အစ္စရေး အာဏာပိုင်များက အလ်အတ်က်ဆွာဝတ် ကျောင်းတော်နယ်မြေအား ပိတ်လိုက်ချိန် လွန်ခဲ့သော ရက်သတ္တပတ်လုံး အလ်ကုဒ်စ်မြို့တော်၌ တင်းမာမှု မြင့်တက်တိုးပွားနေခဲ့သည်။
    ပြီးခဲ့သောသီတင်းပတ်က အရှေ့ဂျေရုဆလင်နေအိမ် အတွင်း ဂျူးဘုန်းတော်ကြီး တစ်ဦးအား စီးနင်း ၀င်ရောက် သတ်ဖြတ်ခဲ့သူဟု သံသယ၀င်ခံရသော ပါလက်စတိုင်း လူငယ်တစ်ဦးကို အစ္စရေးတပ်ဖွဲ့များမှ သတ်ဖြတ်လိုက်ပြီးနောက် လှုပ်ခတ်မှု ဂယက် ပိုမိုကြီးထွားလာတော့သည်။
    လတ်တလောရက်များအတွင်း ဗလီဝတ်ကျောင်းပရ၀ုဏ်ထဲသို့ အစ္စရေးအမတ်များ ၀င်ရောက်ကာ မွတ်စ်လင်မ်ဝတ်ပြုသူတို့အပေါ် ဒေါသအမျက် ပြသခဲ့သလို အာရဗ်နှင့်မွတ်စ်လင်မ်နိုင်ငံမျာုးကိုလည်း ပြစ်တင်မှုများ ပြုလုပ်ခဲ့သည်။
    ထို့အပြင် ၀င်ရောက် အခြေချသူ ဂျူးအုပ်စုများက ထိုနေရာသို့ အတင်း ၀င်ရောက်လာကြသဖြင့် မွတ်စ်လင်မ် ၀တ်ပြုသူနှင့်အစ္စရေး အင်အားစုအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားရသည်။
    ဗလီဝတ်ကျောင်းအား ကာကွယ်ရေးအတွက် ပါလက်စတိုင်း လူငယ်အချို့က မျက်ရည်ယိုဗုံးနှင့် လက်နက်ငယ်များ အသုံးပြု  ရဲတပ်ဖွဲ့ဝင်တို့ကို ခဲများဖြင့် ပစ်ပေါက်တုန့်ပြန်ကာ အစွန်းရောက်ဂျူးတို့နှင့် ရင်ဆိုင်ခဲ့ကြသည်။
    Ref : OnIslam
  • ဂါဇာတွင် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု အစ္စရေး တာဝန်ယူ ရမည်ဟု ဂျီနီဗာ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ပြော
    ဂါဇာတွင် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု အစ္စရေး တာဝန်ယူ ရမည်ဟု ဂျီနီဗာ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ပြော
    နိုဝင်ဘာ ၃ ၊ ၂၀၁၄
    M-Media
    &MaxW=640&imageVersion=default&AR-140809986
    – ဇူလိုင်လ အစောပိုင်းမှ စတင်ကာ သြဂုတ်လနှောင်ပိုင်းအထိ ဂါဇာဒေသအား အစ္စရေးတို့က ကျူးကျော်တိုက်ခိုက်မှုတွင် ပါလက်စတိုင်းအရပ်သားများကိုဖမ်းကာ ဓားစားခံလုပ်သည့်အတွက် အစ္စရေးအနေဖြင့် တာဝန်ယူရမည်ဟု ဂျီနီဗာအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Euro-Mid Observer အဖွဲ့က ပြောကြားလိုက်သည်။
    အောက်တိုဘာ ၁ ရက်နေ့က ထုတ်ဝေခဲ့သော အစီရင်ခံစာတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုအတွင်း အစ္စရေးတို့၏ ယုတ်မာရက်စက်မှုများကို ဖော်ပြထားသည်။
    “ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ အစ္စရေးဟာ ပါလက်စတိုင်း အရပ်သားတွေအပေါ် ညှာတာခြင်းမရှိ တိုက်ခိုက်တယ်ဆိုတာနဲ့ ပါလက်စတိုင်းတွေကိုဖမ်းကာ ဓားစာခံအဖြစ် အသုံးချခဲ့တယ်ဆိုတာကို တွေ့ရှိမှတ်တမ်းတင်ခဲ့ပါတယ်” ဟု Euro-Mid အဖွဲ့မှ ဥပဒေ အရာရှိ အစ်ဟ်ဆန် အဒဲလ်က ပြောကြားခဲ့သည်။
    အဆိုပါအဖွဲ့မှာ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကဒေသတို့နှင့် ပတ်သက်၍ လူ့အခွင့်အရေး အခြေအနေများကို အာရုံစိုက် စောင့်ကြည့်နေသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
    အစ္စရေး၏ တိုက်ခိုက်မှုများတွင် တိကျသော စစ်ဘက်ဆိုင်ရာပစ်မှတ်မရှိကြောင်း၊ တိုက်ခိုက်မှု၏ အကျိုးသက်ရောက်မှုကိုလည်း ကန့်သတ်ထားခြင်းမရှိကြောင်း၊ ထို့ပြင် တိုက်ခိုက်ရေးသမားနှင့် အရပ်သားများအား ခွဲခြားမှုမရှိခဲ့သောကြောင့် နိုင်ငံတကာ ဥပဒေအရ အစ္စရေး၏ တိုက်ခိုက်မှုများမှာ မဆင်မခြင် ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုများသာဖြစ်ကြောင်၊ အစ္စရေး စစ်တပ်မှာ ဂါဇာပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Euro-Mid Observer အဖွဲ့၏ အဆိုပါ အစီအရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။
    ထို့ပြင် ပါလက်စတိုင်းတိုက်ခိုက်ရေးသမားများက ပြည်သူများအား လူသားတံတိုင်းများအဖြစ် အသုံးပြုခဲ့သည်ဟူသော စွပ်စွဲချက်ကိုလည်း ငြင်းဆိုခဲ့သည်။
    Human Rights Watch နှင့် Amnesty International တို့ကဲ့သို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များကလည်း အစ္စရေးမှာ ဂါဇာကမ်းမြှောင်တွင် စစ်ရာဇ၀တ်မှုကို ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည်။
    ref_ Press TV
  • ၁၉၆၇ ခုနှစ်က အမေရိကန်ရဲ့ USS Liberty ကို အစ္စရေး တိုက်ခိုက်ခဲ့မှု Documentary ထွက်လာ
    ၁၉၆၇ ခုနှစ်က အမေရိကန်ရဲ့ USS Liberty ကို အစ္စရေး တိုက်ခိုက်ခဲ့မှု Documentary ထွက်လာ
    နိုဝင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    B1N03t-CEAE9HD_
    – ၁၉၆၇ ခု အာရပ်-အစ္စရေး ၆ ရက် စစ်ပွဲ အရှိန်မြင့်နေတဲ့ကာလမှာ မြေထဲပင်လယ်က အမေရိကန် စပိုင် သင်္ဘော USS Liberty ကို အစ္စရေးက ရုတ်တရက် သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။
    ပထမအကျော့မှာ အစ္စရေးစစ်တပ်က တိုက်လေယာဉ်ကနေ ဒုံးကျည်နဲ့ပစ်တာ၊ အမြှောက်နဲ့ပစ်တာ၊ မီးလောင်ဗုံးနဲ့ ထုတာ စသဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး ဒုတိယအကျော့မှာ ဒီသင်္ဘော နစ်မြုပ်သွားဖို့ အတွက် တော်ပီဒိုနဲ့ ထုခဲ့ပါတယ်။ သင်္ဘောဟာ နစ်မြုပ်ခြင်း မရှိခဲ့ပေမယ့် ဒီပြင်းထန်တဲ့ တိုက်ခိုက်မှုကြောင့် USS Liberty က စစ်သားနဲ့ အရပ်သားလေ့လာဆန်းစစ်သူ ၃၄ ယောက် သေဆုံးခဲ့ပြီး ၁၇၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
    နောက်ပိုင်းမှာ အစ္စရေးဟာ အီဂျစ်စပိုင် သင်္ဘောထင်လို့ မှားယွင်းတိုက်ခိုက်တာပါ ဆိုပြီး တောင်းပန်ခဲ့ပါတယ်။ ကိုယ့်နိုင်ငံသားတွေ ထိရင် ဆတ်ဆတ်ထိမခံတဲ့ အမေရိကန်ကတော့ ဒီအရေးမှာ နှုတ်ဆိတ်နေခဲ့ပြီး သတိပေးတာမျိုးတောင် မလုပ်ခဲ့ပါဘူး။ အဲဒီတုန်းက အမေရိကန် သမ္မတ ဂျွန်ဆင်ကတော့ ဒီကိစ္စဟာ မှားယွင်း တိုက်ခိုက်မိတာလို့ပဲ လက်ခံခဲ့ပါတယ်။
    နောက်ပိုင်းမှာ ဒီကိစ္စကို ဘယ်သူမှ သိပ်မပြောကြတော့ပါဘူး။ USS Liberty ပေါ်က တိုက်ခိုက်ခံရတဲ့ အမေရိကန် စစ်သားတွေတောင်မှ အဲဒီနေ့မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ပြောဖို့ ရှောင်ရှားတတ်ကြပါတယ်။
    ဒါပေမယ့် အလ်ဂျာဇီးရား သတင်းဌာနက ဒီကိစ္စနဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာ လေ့လာမှုတွေပြုလုပ်ခဲ့ကာ Documentary တစ်ခုကို ရိုက်ကူးခဲ့ပါတယ်။
    တိုက်ခိုက်မှုအတွင်း အစ္စရေးတိုက် လေယာဉ်မှူးတွေနဲ့ သူတို့ကို တိုက်ရိုက် ကွပ်ကဲနေတဲ့ ဗိုလ်ချုပ်တွေရဲ့ ပြောစကား အသံတိပ်ခွေ၊ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ အစ္စရေးဗိုလ်ချုပ်၊ အသက်ရှင် ကျန်ရစ်ခဲ့တဲ့ အမေရိကန် စစ်သားတွေ၊ အရာရှိတွေ၊ ၀ါရှန်တန်က ထိပ်တန်း စစ်အရာရှိဟောင်းတွေ စသဖြင့် အသေးစိတ်မေးမြန်းကာ ရိုက်ကူးထားတာပါ။
    အစ္စရေးဟာ ဘာရည်ရွယ်ချက်နဲ့ USS Liberty ကို တိုက်ခိုက်ခဲ့တာလဲ? ဆိုတာကိုတော့ အောက်ပါလင့်မှာ ကြည့်ရှုခံစားနိုင်ပါတယ်။
    http://aje.me/1vlwq4t
    Source: Al Jazeera
  • အရှေ့ဂျေရုစလင်တွင် အခြေချအိမ်ရာ တိုးချဲ့ဆောက်လုပ်ရန် အစ္စရေး၏ စီစဉ်မှု ကုလရှုတ်ချ
    အရှေ့ဂျေရုစလင်တွင် အခြေချအိမ်ရာ တိုးချဲ့ဆောက်လုပ်ရန် အစ္စရေး၏ စီစဉ်မှု ကုလရှုတ်ချ
    အောက်တိုဘာ ၃၀၊ ၂၀၁၄
    M-Media
    UN condemns Israeli settlement expansion
    – ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်တွင် တရားမ၀င်အခြေချ အိမ်ရာများ ဆောက်လုပ်ရန် အစ္စရေး၏ အစီအစဉ်ကို ကုလသမဂ္ဂမှ ရှုတ်ချလိုက်ပြီး ထိုလုပ်ရပ်က မငြိမ်သက်မှုများ တိုးပွားလာနိုင်ကာ အနာဂတ် ပါလက်စတိုင်းနိုင်ငံတော်၏ အလားအလာကိုလည်း ခြိမ်းခြောက် ခြင်းဖြစ်သည်ဟု ပြောကြားလိုက်သည်။
    ၁၉၆၇ စစ်ပွဲနောက်ပိုင်း ပါလက်စတိုင်းပိုင်နက်များတွင် ဂျူးအခြေချအိမ်ရာများ တိုးချဲ့ဆောက်လုပ်နေသည့် အစ္စရေးမှာ အရှေ့ဂျေရုစလင်တွင် အိမ်ရာ ၁၀၀၀ ဆောက်လုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂ နိုင်ငံရေးအကြီးအကဲ ဂျက်ဖရီ ဖဲလ်မန်ကမူ အစ္စရေးအနေဖြင့် နိုင်ငံတကာဥပဒေကို ဖောက်ဖျက်သော အဆိုပါအစီအစဉ်အား ဖျက်သိမ်းရန် တိုက်တွန်းခဲ့ကာ နှစ်နိုင်ငံ ယှဉ်တွဲတည်ရှိမှုဟူသော အဖြေကို ဆန့်ကျင်ခြင်းဖြစ်သည်ဟု ယမန်နေ့က ပြုလုပ်ခဲ့သော ပါလက်စတိုင်းအရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
    ထို့ပြင် အစ္စရေးအနေဖြင့် နိုင်ငံတကာ ကတိက၀တ်များကို စောင့်ထိန်းရန် တိုက်တွန်းခဲ့ပြီး အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံစလုံး အဓိပ္ပါယ်ပြည့်ဝသော ဆွေးနွေးမှုများကို ပြုလုပ်သွားရန် တိုက်တွန်းခဲ့သည်။
    အရှေ့ဂျေရုစလင်အား အနာဂတ်ပါလက်စတိုင်းနိုင်ငံတော်၏ မြို့တော်အဖြစ် သတ်မှတ်ရန် လျာထားထားပြီး ကုလသမဂ္ဂကလည်း သဘောတူထားသည့်နေရာဖြစ်သည်။ ထိုနေရာအား အစ္စရေး၏ ကျူးကျော်မှုအတွက် အမေရိကန်အပါဝင် နိုင်ငံတကာအသိုင်းအ၀ိုင်းများက လက်မခံချေ။
    Source: Al Jazeera and agencies