News @ M-Media

Tag: Israel

  • အနောက်ဘက်ကမ်းတွင် ၁၃ နှစ်သား ပါလက်စတိုင်း ကလေးတစ်ဦးအား အစ္စရေး စစ်တပ် ပစ်သတ်

    အနောက်ဘက်ကမ်းတွင် ၁၃ နှစ်သား ပါလက်စတိုင်း ကလေးတစ်ဦးအား အစ္စရေး စစ်တပ် ပစ်သတ်

    အောက်တိုဘာ ၁၇၊ ၂၀၁၄
    M-Media
    20141017025592734_20
    – အစ္စရေးက ပိတ်ဆို့ထားသော ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် အစ္စရေးစစ်သားများမှာ ပါလက်စတိုင်း လူငယ်တစ်ဦးအား ပစ်သတ်ခဲ့သည်ဟု ဒေသတွင်း ကျန်းမာရေးဝန်ထမ်းများက ပြောကြားခဲ့သည်။

    သေဆုံးသွားသူမှာ အသက် ၁၃ နှစ်အရွယ် ဘဟာ ဘာဒါဆိုသူဖြစ်ပြီး အစ္စရေးက ကာရံထားသည့် နံရံအနီး ဘီအစ်လစ်က်ယာရွာသို့ ၀င်ရောက်စဉ် ယမန်နေ့က ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါရွာတွင် ပါလက်စတိုင်းလူငယ်များမှာ အစ္စရေး စစ်တပ်အား ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့သည့်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ထိုပစ်ပေါက်မှုတွင် ဘာဒါ ပါဝင်ခြင်း ရှိ၊ မရှိကိုမူ သိရှိရခြင်း မရှိသေးပေ။

    ရာမာလာဆေးရုံမှ ဒါရိုက်တာ အဟ်မဒ် ဘီတာဝေကမူ ဘာဒါမှာ ရင်ဘတ်တွင် သုံးချက် ပစ်ခတ်ခြင်း ခံခဲ့ရပြီး အခင်းဖြစ်ပွားပြီး ၂ နာရီကြာပြီးနောက် အဆိုပါ ဒဏ်ရာဖြင့်ပင် သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။

    ဂါဇာအား အစ္စရေးတို့က ၂ လနီးပါးကြာ ကျူးကျော်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အနောက်ဘက်ကမ်းခြေတွင် အစ္စရေးစစ်သားများနှင့် ပါလက်စတိုင်းပြည်သူများအကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    မကြာမီရက်ပိုင်းအတွင်းကလည်း အက်ဆွာဗလီဝတ်ကျောင်းတော်သို့ ပါလက်စတိုင်းများ ၀င်ရောက်မှုကို အစ္စရေးစစ်တပ်က ထိန်ချုပ်ခဲ့သည့်အတွက် အစ္စရေးစစ်တပ်နှင့် ပါလက်စတိုင်းတို့အကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

    အစ္စရေးမှာ ၁၉၆၇ ခုနှစ် စစ်ပွဲပြီးနောက်ပိုင်း ပါလက်စတိုင်းပိုင်နက်များဖြစ်သည့် အနောက်ဘက်ကမ်းခြေနှင့် ဂါဇာကမ်းမြှောင်ဒေသတို့အား ပိတ်ဆို့ထားပြီး တရားမ၀င် အခြေချ အိမ်ယာများကို တိုးချဲ့ဆောက်လုပ်လျက်ရှိနေသည်။

    ref_ AP And Reuters

  • အရှေ့ဂျေရုစလင် အခြေချ အိမ်ရာဆောက်လုပ်နေမှု အစ္စရေးကို အမေရိကန် သတိပေး

    အရှေ့ဂျေရုစလင် အခြေချ အိမ်ရာဆောက်လုပ်နေမှု အစ္စရေးကို အမေရိကန် သတိပေး

    အောက်တိုဘာ ၄ ၊ ၂၀၁၄
    M-Media
    380741_Israeli-bulldozer
    – ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်တွင် ဆောက်လုပ်ရန် အစ္စရေး အစိုးရက စီစဉ်ထားသည့် အခြေချ အိမ်ရာများအတွက် နေတန်ယာဟုအား အမေရိကန်သမ္မတ ဘာရက်အိုဘားမားက သတိပေးလိုက်သည်ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျိုရှ့် အန်းနက်စ်က ပြောကြားလိုက်သည်။

    ယမန်နေ့က နေတန်ယာဟု အိမ်ဖြူတော်သို့ လာရောက်တွေ့ဆုံစဉ် အိုဘားမားက ပါလက်စတိုင်းပိုင်နက်များ၌ အစ္စရေး၏ တရားမ၀င် အိမ်ရာများ ဆောက် လုပ်ခြင်းကို ဝေဖန်ခဲ့ပြီး ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။

    အန်းနက်စ်ကမူ အစ္စရေး၏ ထိုလုပ်ရပ်က နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ ရှုတ်ချမှုကို ခံရမည်ဖြစ်ပြီး၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးမည်ဟု ပါလက်စတိုင်းပြည်သူများအား ပေးထားခဲ့သည့် ကတိက၀တ်အတွက်လည်း မေးခွန်း ထုတ်စရာဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် ပါလက်စတိုင်းနှင့် အစ္စရေးအကြား မြင့်မားလျက်ရှိနေသည့် တင်းမာမှုများကိုလည်း ဆက်လက် မြင့်မားစေနိုင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင် ဟာနန်အရှ်ရာဝီကလည်း ပါလက်စတိုင်း ပိုင်နက်များအတွင်း အစ္စရေးက အခြေချအိမ်ရာများ တိုးချဲ့ဆောက်လုပ်မှုကို ရှုတ်ချခဲ့ပြီး အစ္စရေးမှာ ငြိမ်းချမ်းရေးဆောင်ရွက်ခြင်းထက် နယ်မြေခိုးယူခြင်းကို ပို၍ စိတ်ဝင်စားနေသည်ဟု ပြောကြားခဲ့သည်။

    ၁၉၆၇ ခုနှစ် စစ်ပွဲပြီးကတည်းက အစ္စရေးမှာ ပါလက်စတိုင်းပိုင်နက်များအတွင်း တရားမ၀င် အခြေချအိမ်ရာများကို ဆောက်လုပ်ခဲ့ပြီး ယခုအချိန်တွင် အိမ်ရာပေါင်း ၁၂၀ ခန့်ရှိနေကာ အခြေချနေထိုင်သူ သန်းဝက်ခန့်ရှိနေသည်။

    ref_ Press TV

  • ဂါဇာပြည်သူများ အပေါ် အစ္စရေးက လူမျိုးတုန်း သတ်ဖြတ်မှု စစ်ပွဲ ဆင်နွှဲနေသည်ဟု ပါလက်စတိုင်း သမ္မတဆို

    ဂါဇာပြည်သူများ အပေါ် အစ္စရေးက လူမျိုးတုန်း သတ်ဖြတ်မှု စစ်ပွဲ ဆင်နွှဲနေသည်ဟု ပါလက်စတိုင်း သမ္မတဆို

    စက်တင်ဘာ ၂၈ ၊ ၂၀၁၄
    M-Media
    2014926161343194734_2
    – အစ္စရေးအနေဖြင့် ဂါဇာပြည်သူများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုစစ်ပွဲ ဆင်နွဲနေပြီး ထိုစစ်ရာဇ၀တ်မှုအတွက် အစ္စရေးခေါင်းဆောင်များကို တရား ဥပဒေရှေ့မှောက် ရောက်လာအောင် ဆောင်ရွက် သွားမည်ဟု ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပြောကြားလိုက်သည်။

    ဇူလိုင်လ အစောပိုင်းမှ သြဂုတ်လနှောင်းပိုင်း အထိ တိုက်ခိုက်ခဲ့သည့် အစ္စရေး၏ ကျူးကျော်စစ်မှာ ၆ နှစ်အတွင်း တတိယမြောက် စစ်ပွဲဖြစ်ပြီး ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ အပါအ၀င် လူပေါင်း ၂၁၄၀ သေဆုံးခဲ့သည်။

    “ကျွန်တော်တို့ ဘယ်တော့မှ မေ့မှာ မဟုတ်သလို ခွင့်လည်းမလွှတ်ပါဘူး။ ပြီးတော့ စစ်ရာဇ၀တ်ကောင်တွေကို ပြစ်ဒဏ်ကနေပြီး လွတ်မြောက်ခွင့် ပြုမှာ မဟုတ်ပါဘူး။ အစ္စရေးဟာ ပါလက်စတိုင်းပြည်သူတွေ အပေါ် ပြစ်မှုကျူးလွန်ဖို့ လူမျိုးတုန်း သတ်ဖြတ်တဲ့ စစ်ပွဲကို ရွေးချယ်ခဲ့ပါတယ်” ဟု ယမန်နေ့က ပြောကြားခဲ့သော မိန့်ခွန်း၌ အဘတ်စ်က ထည့်သွင်းပြောဆိုသွားခဲ့သည်။

    ထိုကဲ့သို့ပြောဆိုမှုမှာ အဘတ်စ်၏ သမ္မတ သက်တမ်းတစ်လျှောက် အပြင်းထန်ဆုံး ပြောကြားမှုလည်းဖြစ်ပြီး၊ အစ္စရေးအား ဥပဒေအရ ရေးယူမှုများပြုလုပ်ရန် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးနှင့် ဆက်သွယ်သွားမည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။  အမေရိကန်နှင့် အစ္စရေးတို့ကမူ အဘတ်စ်၏ ထိုစကားအတွက် ဒေါသထွက်ခဲ့ကြသည်။

    ထို့ပြင် ၁၉၆၇ ခုနှစ် စစ်ပွဲပြီးနောက်ပိုင်း အစ္စရေးက မတရား သိမ်းပိုက်ထားသည့် ပါလက်စတိုင်း နယ်မြေများမှ ထွက်သွားရေးအတွက် နောက်ဆုံးရက် တစ်ခုသတ်မှတ်ရန် ကုလ၏ ဆုံးဖြတ်ချက်ကို ရယူသွားမည်ဟုလည်း အဘတ်စ်က ထည့်သွင်းပြောဆိုခဲ့သည်။

    Agencies
  • ပါလက်စတိုင်းအား အစ္စရေးက ပိတ်ဆို့ထားမှုများကို ဖယ်ရှားရမည်ဟု ဗြိတိန်ပါလီမန်ဆို

    ပါလက်စတိုင်းအား အစ္စရေးက ပိတ်ဆို့ထားမှုများကို ဖယ်ရှားရမည်ဟု ဗြိတိန်ပါလီမန်ဆို

    သြဂုတ် ၇ ၊ ၂၀၁၄
    M-Media

    374242_Settlements-Israel

    – ပါလက်စတိုင်းဒေသအား အစ္စရေးတို့၏ ပိတ်ဆို့ထားမှုမှာ အစ္စရေးနိုင်ငံကို ကာကွယ်ရမည်ဟူသော ခေါင်းစဉ်အောက်တွင် ထည့်သွင်း၍မရဘဲ ထိုပိတ်ဆို့မှုများအား ဖယ်ရှားပစ်ရမည်ဟု ဗြိတိန်ပါလီမန်မှ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ပါလက်စတိုင်းပိုင်နက်အတွင်း အခြေချအိမ်ရာများ ဆက်လက်ဆောက်လုပ်နေမှုကိုလည်း အလွန့်အလွန် စိုးရိမ်မိကြောင်း ကော်မတီ အဖွဲ့ဝင်များက အဆိုပါ အစီရင်ခံစာတွင် ပြောကြားခဲ့ပြီး ပါလက်စတိုင်းပိုင်နက်များအား ပိတ်ဆိုထားမှုကို ရုပ်သိမ်းပေးရန်အတွက် အစ္စရေးအား ဗြိတိန်နှင့် ဥရောပနိုင်ငံတို့က ဖိအားပေးရန်ကိစ္စကို ချက်ချင်းဆောင်ရွက်ရမည့် ကိစ္စအဖြစ် ဖော်ပြခဲ့သည်။

    “ဗြိတိန်ဟာ အခြားဥရောပနိုင်ငံတွေနဲ့ တိုင်ပင်ပြီးတော့ လက်ရှိ အခြေအနေတွေကို လက်မခံနိုင်မှုနဲ့ ပတ်သက်ပြီး အစ္စရေးအာဏာပိုင်တွေကို ဖိအားပေးဖို့ ကျွန်တော်တို့ အကြံပြုပါတယ်” ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ုထို့ပြင် အနောက်ဘက်ကမ်းခြေ အလ်-ခါလီသို့ ကော်မတီအဖွဲ့ဝင်များ သွားရောက်ရာတွင် တွေ့ကြုံခဲ့ရသည်များမှာ တုန်လှုပ်ဖွယ်ရာဖြစ်ခဲ့ပြီး အစ္စရေး၏ လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်များက အနောက်ဘက်ကမ်းခြေရှိ ပါလက်စတိုင်းတို့၏ လူမှုဘ၀၊ စီးပွားရေး ဖွံ့ဖြိုးမှု၊ လုံခြုံရေးဆိုင်ရာများ ထိခိုက်နေသာ ကန့်သတ်ချုပ်ချယ်မှုများနှင့် တန်းညှိ၍ မရဟုလည်း ဖော်ပြခဲ့သည်။

    အီဂျစ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဂါဇာဒေသ ၇၂ နာရီကြာ အပစ်ရပ်ရေး အသက်ဝင်လာပြီးနောက် ယခုကဲ့သို့ ဗြိတိန်ပါလီမန်က အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    “ဟားမက်စ်နဲ့ အစ္စရေးကြားက ပြဿနာနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု မအောင်မမြင်ဖြစ်ရခြင်းဟာ မလိုအပ်တဲ့ ပိတ်ပင်တားဆီးမှုတွေ အဆုံးသတ်ဖို့ အတွက် ယူကေနဲ့ ဥရောပတို့က အစ္စရေးကို ဖိအားပေးတဲ့နေရမှာ အတားအဆီး မဖြစ်သင့်ပါဘူး” ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားပြီး ပါလက်စတိုင်းပိုင်နက်များအတွင်း အစ္စရေးက အိမ်ယာများ ဆက်လက်တိုးချဲ့နိုင်ဖွယ်ရှိမှုနှင့် ပတ်သက်၍လည်း စိုးရိမ်မိကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

    ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေကို ၁၉၆၇ ခုနှစ်တွင် အစ္စရေးက သိမ်းပိုက်ပြီးနောက်ပိုင်း တရားမ၀င် အခြေချအိမ်ရာ ၁၂၀ ကို တည်ဆောက်ခဲ့ပြီး ထိုအိမ်ရာများတွင် အစ္စရေးနိုင်ငံသား သန်းဝက်ကျော် နေထိုင်နေကြသည်။

    Press TV

  • စပိန်ရုပ်ရှင် လောကသားများမှ EU ကို တရားဝင်စာပို့ပြီး အစ္စရေးလုပ်ရပ်အား ရှုတ်ချ

    ဇူလိုင် ၃၁ ၊ ၂၀၁၄
    M-Media

    1406638062242.

    Penelope Cruz ၊ Javier Bardem ၊ Pedro Almodovar အပါအ၀င် အခြားသော စပိန်ရုပ်ရှင်လောကသား တို့သည် အင်္ဂါနေ့က ဥရောပသမဂ္ဂသို့ အစ္စရေးတို့၏ မျိုးဖြုတ်တိုက်ခိုက်မှုအား ရှုတ်ချ ဝေဖန်ထားသော အိတ်ဖွင့်ပေးစာ တစ်စောင်ကို ပေးပို့ခဲ့သည်။

    ဂါဇာဒေသတွင်းရှိ ပါလက်စတိုင်းအရပ်သားတို့အပေါ် ကြည်း၊ ရေ၊ လေကြောင်း စစ်ဆင်၍ ဗုံးကြဲတိုက်ခိုက်နေမှုအား အီးယူမှ ပြင်းထန်စွာ ကန့်ကွက်ရေးအတွက် စပိန်နိုင်ငံသား ရုပ်ရှင် သရုပ်ဆောင်များ၊ စာရေးဆရာများ၊ ဂီတအနုပညာရှင်များ၊ ဒါရိုက်တာများနှင့် ဖျော်ဖြေရေးကြယ်ပွင့်
    ဒါဇင်များစွာတို့က တောင်းဆိုထားကြသည်။

    အစ္စရေးတို့သည် (၁၉၆၇)ခုနှစ်က မတရားသိမ်းယူခဲ့သော နယ်စပ်များကို ပြန်လည် မပေးသည့်အပြင် ပါလက်စတိုင်း ပိုင်နက်များကို ဆက်လက်ကျူးကျော်ကာ နယ်မြေချဲ့ထွင်နေခြင်းကြောင့် လက်ရှိ ထိန်းချူပ်မှု ကင်းမဲ့နေသည့် အကြမ်းဖက်မှုမှာ အစ္စရေးထံ၌သာ တာဝန်ရှိကြောင်း ထိုပေးစာတွင် ရှင်းလင်းပြတ်သားစွာ ဆိုထား၏။

    The Daily Beast