News @ M-Media

Tag: Israel

  • ပျောက်ဆုံးလူငယ် သုံးဦး၏ အလောင်းအား တွေ့ရှိခဲ့ပြီးနောက် ဂါဇာသို့ အစ္စရေးက လေကြောင်းမှ တိုက်ခိုက်ပြန်

    ဇူလိုင် ၂  ၊ ၂၀၁၄
    M-Media
    Israel bombs Gaza after settlers found killed
    – ဇွန်လ ၁၂ ရက်နေ့က ပျောက်ဆုံးသွားခဲ့သည့် ဂျူးလူငယ်သုံးဦး၏ အလောင်းကို ယမန်နေ့က တွေ့ရှိခဲ့ပြီးနောက် ဂါဇာကမ်းမြှောင်ဒေသအား အစ္စရေးက လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ဂါဇာဘက်မှ ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်သောအနေဖြင့် လေကြောင်း တိုက်ခိုက်မှု ၃၄ ခုကို ယနေ့နံနက် စောစောပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ အနောက်ဘက်ကမ်းခြေ ဂျီနင်ဒေသ၌ အစ္စရေးက ယနေ့တွင်ပြုလုပ်သော စစ်ဆင်ရေးတွင်လည်း ပါလက်စတိုင်းတစ်ဦး ပစ်သတ်ခံခဲ့ရသည်။

    ထိုလူငယ်သုံးဦးမှာ ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေ ဘက်သလီဟမ်နှင့် ဟီဘရွန်မြို့ကြား အစ္စရေး၏ တရားမ၀င်အိမ်ရာရှိ သင်တန်းတစ်ခုမှ အိမ်သို့အပြန် ဇွန် ၁၂ ရက်နေ့က ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ဟားမက်စ်လက်ချက်ဟု အစ္စရေးက စွပ်စွဲခဲ့သည်။

    ထို့ပြင် ၎င်းတို့အား ရှာဖွေရန်ဟုဆိုကာ ပါလက်စတိုင်းတို့၏ အိမ်ရာများကို အစ္စရေးစစ်တပ်က ၀င်ရောက်စီးနင်းခဲ့ပြီး ပါလက်စတိုင်း ၄၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ ထိုဖမ်းဆီးမှုများအတွင် ပါလက်စတိုင်း ၅ ဦး ပစ်သတ်ခံခဲ့ရသည်။

    Ref: aljazeera

  • အစ္စရေး အကျဉ်းထောင်များအတွင်း ပါလက်စတိုင်း ကလေး ၂၅၀ ဖမ်းဆီးထား

    ဇွန်လ ၂၇ ရက်၊ ၂၀၁၄

    368685_Palestinian-children
    အစ္စရေး အကျဉ်းထောင်များ၌ ပါလက်စတိုင်းကလေး ဖမ်းဆီးထောင်ချမှုမှာ ၂၅၀ အထိ ရှိလာကြောင်း ပါလက်စတိုင်း ရှေ့နေ တစ်ဦး ကပြောသည်။

    အစ္စရေး အစိုးရသည် အခြေချနေထိုင်သူ သုံးဦး ပြန်ပေးဆွဲခံရပြီးနောက် ပါလက်စတိုင်းတို့အား ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လျှက်ရှိရာ ကလေးဖမ်ဆီးခံရမှု များပြားလာကြောင်း ဟီဘာမာဆယ်ဟာက ပြောကြားသည်။

    အစ္စရေး တပ်ဖွဲ့များက ညဥ့်သန်းခေါင်ယံတွင် ပါလက်စတိုင်းကလေးများအား ပြန်ပေးဆွဲဖမ်းဆီးနေခြင်းကို ရှုတ်ချကြောင်း မာဆယ်ဟာက ပြောသည်။ အစ္စရေးပတ်များသည် ကလေးများကို ဖမ်းဆီးပြီး ရိုက်နှက်နေကြောင်း နိုင်ငံတကာကလေးများ အခွင့်အရေးကို ချိုးဖောက်နေကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

    အစ္စရေးတပ်ဖွဲ့ဝင်များက ဇွန် ၂၂ ရက်က အနောက်ဘက်ကမ်း အယ်လ်ခါလီမြို့မှ ပျောက်ဆုံးသါားသော အခြေချနေထိုင်သူ သုံးဦးပြန်ပေးဆွဲခံရေခြင်းအပေါ် ပါလက်စတိုင်း အများအပြားကို ဖမ်းဆီးလျက်ရှိသည်။

    အစ္စရေး သုံးဦး ပြန်ပေးဆွဲခံမှုအပေါ် ပါလက်စတိုင်းဟားမတ်တို့ လက်ချက်ဟု တဲလ်အဗစ်က စွပ်စွဲခဲသည်။ ဟားမတ်တို့က ယင်းစွပ်စွဲချက်ကို ငြင်းဆိုထားသည်။ ဇွန် ၁၂ ရက် နောက်ပိုင်း ဟားမတ်အဖွဲ့ဝင်များနှင့် လွှတ်တော်အမတ်များ အပါအဝင် လူပေါင်း ၄၀၀ ကို ဖမ်းဆီးထားသည်။ ယင်းကဲ့သို့ ဖမ်းဆီးစဉ် အချို့မှာ အစ္စရေးတို့၏ သတ်ဖြတ်မှုကို ခံရသည်ဟု ဆိုသည်။

    (ပရက်စ်တီဗွီ)

    ဇွန် ၂၇ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ မှ

  • ပျောက်ဆုံးအစ္စရေး လူငယ်များအား ရှာဖွေမှု အတွင်း ပါလက်စတိုင်းများ သေဆုံးမှု ကုလ ရှုတ်ချ

    ဇွန်လ ၂၅ ရက်၊ ၂၀၁၄
    M-Media
    UNSlams-Israel-over-Palestinians-Killings
    – ပျောက်ဆုံးနေသော ဂျူးလူငယ်သုံးဦးအား ပါလက်စတိုင်းပိုင်နက်များအတွင်း ကျူးကျော်ရှာဖွေရာတွင် ပါလက်စတိုင်းများကို အစ္စရေးစစ်တပ်က သတ်ဖြတ်မှုအတွက် ကမ္ဘာ့ကုလသမဂ္ဂက ပွင့်ပွင့်လင်းလင်းရှုတ်ချခဲ့သည်။

    “အနောက်ဘက်ကမ်းခြေမှာ အစ္စရေးတွေရဲ့ လုံခြုံရေးဆောင်ရွက်ချက်တွေရဲ့ ရလဒ်အဖြစ် သေဆုံးမှုတွေမြင့်တက်လာတာဟာ သတိပေးခေါင်းလောင်း ထိုးနေတာပါပဲ။ ပျောက်ဆုံးလူငယ်တွေကို ဆက်လက်ရှာဖွေနေတဲ့အတွက် ဒီလုပ်ငန်းတွေဆောင်ရွက်ရာမှာ နိုင်ငံတကာ ဥပဒေတွေနဲ့ညီဖို့၊ ကိုယ်တိုင်မကျူးလွန်တဲ့သူတွေကို အပြစ်ပေးတာတွေကို ရှောင်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု ကုလနိုင်ငံရေးဆိုင်ရာ အတွင်းရေးမှူး ဂျက်ဖရီ ဖဲလ်တ်မန်ရဲ့ ပြောကြားမှုကို ကိုးကား၍ AFP သတင်းဌာက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

    ယခုလအစောပိုင်း အစ္စရေးလူငယ်သုံးဦးပျောက်ဆုံးသွားကတည်းက အစ္စရေးစစ်တပ်မှာ အနောက်ဘက်ကမ်းခြေတွင် ရှာဖွေမှုများကို တရစပ်ပြုလုပ်ခဲ့ပြီး ပါလက်စတိုင်း ရာပေါင်းများစွာကိုလည်း ဖမ်းဆီးခဲ့ကာ ထိုဖမ်းဆီးမှုအတွင်း ပါလက်စတိုင်း လေးဦးသေဆုံးခဲ့သည်။

    ထိုပျောက်ဆုံးမှုအတွက် မည်သည့်အဖွဲ့မှ တာဝန်ယူခြင်းမရှိသော်လည်း အစ္စရေးမီဒီယာများကမူ ဟားမတ်စ်အဖွဲ့က ပြန်ပေးဆွဲခဲ့သည်ဟု ဖော်ပြခဲ့သည်။ ပါလက်စတိုင်း သမ္မတမဟ်မူဒ်အဘတ်စ်က ထိုပျောက်ဆုံးမှုအား ရှုတ်ချခဲ့ပြီး၊ ပျောက်ဆုံးလူငယ်များအား ရှာဖွေရန် ပါလက်စတိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအားအမိန့်ပေးခဲ့သည်။

  • ဂျူးအခြေချ နေထိုင်သူများ ပါလက်စတိုင်းများ၏ ကားများ ဖျက်ဆီးကာ ခြိမ်းခြောက်စာများ ရေးသားခဲ့

    ဇွန်လ ၂၄ ရက်၊ ၂၀၁၄
    M-Media
    286472_345x230
    – ဂျေရုစလင်အရှေ့ပိုင်း ဘီအစ်ဟာနီနာ ဒေသတွင် ဂျူးအခြေချနေထိုင်သူများက ကျောင်းကားတစ်စီးအပါအ၀င် ပါလက်စတိုင်းများ၏ ကား ၁၂ စီးကို တနင်္လာနေ့က ဖျက်ဆီးကာ ခြိမ်းခြောက်စာများလည်း ရေးသားခဲ့သည်ဟု သိရသည်။

    မျက်နှာဖုံးစွပ်ထားသော ဂျူးအခြေချနေထိုင်သူ သုံးဦးမှာ အလ်-အရှ်ကွာရီယာဒေသတွင် ယမန်နေ့နံနက် ၃ နာရီခန့်က ကား ၁၂ စီး၏ တာယာများကို ဖောက်ပစ်ခဲ့သည်ဟု ထိုကားပိုင်ရှင်များက Maan သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါ ဂျူးအခြေချနေထိုင်သူများမှာ ထိုကားများတွင် “အာရပ်တို့ အတွက်သေခြင်း” ဟု မှုတ်ဆေးဖြင့် ရေးသားခဲ့ပြီး ကျောင်းကားတွင်လည်း “လက်စားချေခြင်း” ဟု ရေးသားခဲ့သည်။ ထိုဖြစ်ရပ်မှာ အလ်-အရှ်ကွာရီယာ ဒေသတွင် ပထမဆုံး ဖြစ်ပျက်ခြင်းဟု ဒေသခံ မဟ်မူဒ် ရှာနက်က ဆိုသည်။

    ဂျူးအခြေချနေထိုင်သူများ၏ ရမ်းကားမှုများအား အစ္စရေးရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာတွင် ၉၀ ရာခိုင်နှုန်းမှာ စွဲချက်တင်ခံရခြင်း မရှိချေ။ ပါလက်စတိုင်းပိုင်း အနောက်ဘက်ကမ်းခြေနှင့် အရှေ့ ဂျေရုစလင်တို့တွင် နိုင်ငံတကာဥပဒေကို ဖောက်ဖျက်ကာ အစ္စရေးမှ လာရောက်ကျူးကျော်နေထိုင်သူ ၅ သိန်းကျော်ရှိသည်။

    Ref: Ma’an

  • ပျောက်ဆုံးနေသည့် လူငယ်သုံးဦးအား ရှာဖွေရာတွင် ပါလက်စတိုင်းတစ်ဦးကို အစ္စရေး စစ်တပ် ပစ်သတ်

    ဇွန်လ ၁၇ ၊ ၂၀၁၄
    M-Media
    20146168615925371_20
    – ပျောက်ဆုံးနေသည့် လူငယ် သုံးဦးအား ရှာဖွေရန်အတွက်ဟုဆိုကာ ပါလက်စတိုင်းများကို အစ္စရေးက ဆက်လက် ဖမ်းဆီးနေပြီး ပါလက်စတိုင်း လူငယ်တစ်ဦးကိုလည်း အစ္စရေးစစ်တပ်က ယနေ့တွင် ပစ်သတ်ခဲ့သည်ဟု သိရသည်။

    သေဆုံးသွားသူမှာ အသက် ၂၁ နှစ် အရွယ် အဟ်မဒ် ဆာဘာရီယံဆိုသူဖြစ်ပြီး ရာမာလာမြို့စွန်ရှိ အလ်-ဂျာလာဇန် ဒုက္ခသည်စခန်းတွင် အစ္စရေးစစ်တပ်က တစ်အိမ်တက်ဆင်း မွှေနှောက် ရှာဖွေရာမှ ရင်ဘတ်သို့ အပစ်ခံရကာ သေဆုံး ခဲ့ခြင်းဖြစ်သည်ဟု ပါလက်စတိုင်းဆေးဘက်ဆိုင်ရာ စင်တာမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    အခြားတစ်ဦးမှာလည်း ဒဏ်ရာရခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားရကာ ပါလက်စတိုင်း ပါလီမန်တာဝန်ရှိသူများ အပါအ၀င် လူငါးဦးကို အစ္စရေးစစ်တပ်က ဖမ်းဆီးခဲ့သည်။ ကြာသာပတေးနေ့ညက အစ္စရေးက ထိန်းချုပ်ထားသော အနောက်ဘက် ကမ်းခြေတွင် ပျောက်ဆုံးသွားသည့် ထိုလူငယ်သုံးဦးအား ဟားမက်စ်အဖွဲ့မှ ပြန်ပေး ဆွဲထားသည်ဟု အစ္စရေးက စွပ်စွဲထားပြီး ရှာဖွေမှုများကို ဆက်တိုက်ပြုလုပ်နေကာ ပါလီမန်ဥက္ကဌအပါအ၀င် ယခုအချိန်အထိ ပါလက်စတိုင်း ၁၈၀ ကျော်ကို ဖမ်းဆီးထားသည်။

    အစ္စရေး၏ စွပ်စွဲချက်ကို ဟားမက်စ်အဖွဲ့က ငြင်းဆိုထားပြီး ရူးနှမ်းသော ပြောဆိုမှုဟု တုံ့ပြန်ခဲ့သည်။ ပါလက်စတိုင်း သမ္မတ မဟ်မူဒ်အဘတ်စ်ကမူ ထိုပျောက်ဆုံး လူငယ်များအား ရှာဖွေရန် ပါလက်စတိုင်း လုံခြုံရေးတပ်ဖွဲ့များကို အမိန့်ပေးထားပြီး၊ အစ္စရေး၏ အကြမ်းဖက် ဖမ်းဆီးမှုများကို ရှုတ်ချခဲ့သည်။

    အစ္စရေးမှာ ဟားမက်စ်နှင့် ဖာတာအဖွဲ့ပူးပေါင်းကာ ညီညွတ်သော ပါလက်စတိုင်း အစိုးရအဖွဲ့ကို လက်မခံဘဲ၊ အမေရိကန်နှင့် ကုလအပါအ၀င် နိုင်ငံတကာမှ ကန့်ကွက်နေသော်လည်း ပါလက်စတိုင်းပိုင်နက်အတွင်း ဂျူးအခြေချအိမ်ရာများကို ဆက်လက်ဆောက် လုပ်နေသည်။

    Ref:Al Jazeera