News @ M-Media

Tag: Israel

  • ပျောက်ဆုံးနေသည့် လူငယ်သုံးဦး ရှာဖွေရန် အစ္စရေး၏ အစုလိုက် အပြုံလိုက် ဖမ်းဆီးမှု လူ့အခွင့်အရေးအဖွဲ့က ရှုတ်ချ

    ဇွန်လ ၁၆ ၊ ၂၀၁၄
    M-Media
    201461591459770734_20
    – ပြန်ပေးဆွဲခံခဲ့ရသည့် အစ္စရေးလူငယ်သုံးဦးကို ရှာဖွေရန် ပါလက်စတိုင်းရှိ ဟီဘရွန်ဒေသနှင့် ဂါဇာတ် ကမ်းမြှောင်တို့အား ပိတ်ဆို့ကာ ပါလက်စတိုင်းများကို ဖမ်းဆီးနေမှုများကို လူ့အခွင့်အရေးအဖွဲ့များက ရှုတ်ချခဲ့ပြီး မဆိုင်သူများကို  စုပေါင်း အပြစ်ပေးခြင်း ဖြစ်တယ်လို့  ပြောကြားခဲ့သည်။

    ယမန်နေ့ညနှင့် ယနေ့နံနက်ပိုင်းတွင်ပြုလုပ်သည့် စစ်ဆင်ရေးများတွင် အစ္စရေးစစ်တပ်မှာ ဟားမတ်စ်အဖွဲ့ အကြီးတန်း တာဝန်ရှိသူများ အပါအ၀င် အနည်းဆုံး ပါလက်စတိုင်း ၈၀ အား ဖမ်းဆီးထားသည်။ အဆိုပါ လူငယ် ၃ ဦးမှာ အစ္စရေးက ထိန်းချုပ် ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် လွန်ခဲ့သည့် ၃ ရက်က ပျောက်ဆုံး ခဲ့ခြင်းဖြစ်သည်။

    “ဒီလိုလက်စားချေမှုနည်းလမ်းတွေဟာ နိုင်ငံတကာ ဥပဒေမှာ ဖော်ပြထားတဲ့ စုပေါင်းအပြစ်ပေးတဲ့ ပုံစံနဲ့ တူညီနေပါတယ်”  ဟု Ahrar လူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဖူအဒ် အလ်-ခူ ဖက်ရှ်က ဆိုသည်။

    ဖမ်းဆီးမှုများကို ဟီဘရွန်၊ ရာမာလာ၊ တူဘတ်စ်၊ ဘက်သလီဟမ်၊ ဂျီနင်နှင့် နဘလူစ် ဒေသများတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများတွင် ပါလက်စတိုင်း ပါလီမန်အဖွဲ့ဝင်များ၊ ယခင်ဝန်ကြီးဟောင်းများလည်း ပါဝင်ခဲ့သည်။ ထို့ပြင် လာမည့်ရက်များအတွင်း အခြားနေရာများတွင်လည်း ဖမ်းဆီးမှုများ ပြုလုပ်ဖွယ်ရှိသည်ဟု အလ်-ခူဖက်ရှ်က ပြောကြား ခဲ့သည်။

    ယနေ့တွင်ပြုလုပ်ခဲ့သည် အစ္စရေးကက်ဘိနတ်အစည်းအဝေးတွင်မှု အစ္စရေးလူငယ်များအား ပြန်ပေးဆွဲမှုတွင် ဟားမက်စ် အဖွဲ့က တာဝန်ရှိသည်ဟု ၀န်ကြီးချုပ် နေတန်ရာဟုက စွပ်စွဲခဲ့သည်။ ပျောက်ဆုံးနေသည့် အဆိုပါ လူငယ်များကို ရှာဖွေရန်အတွက် ပါလက်စတိုင်း သမ္မတ မဟ်မူဒ်အဘတ်စ်က ပါလက်စတိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်များကို အမိန့်ပေးထားသည်။

    Ref: Al Jazeera

  • အစ္စရေး ၏ လူအခွင့်အရေး ချိုးဖောက်မှု ပိုစတာများ ဘော်စတွန် ဘူတာရုံတွင် ချိတ်ဆွဲထား

    ဇွန်လ ၁၃ ရက်၊ ၂၀၁၄
    M-Media
    5
    – ပါလက်စတိုင်းတို့၏ အခွင့်အရေးများကို အစ္စရေးက ချိုးဖောက်ခြင်းကို မီးမောင်း ထိုးပြထားသည့် ကြော်ငြာ ပိုစတာများကို အမေရိကန်ပြည်ထောင်စု ဘော်စတွန်မြို့ရှိ မြေအောက် မီးရထား ဘူတာရုံတွင် ချိတ်ဆွဲဖော်ပြထားသည်ဟု သိရသည်။

    ထိုလှုပ်ရှားမှုများ အကျိုးအမြတ် မယူသော ဒေသတွင်းအဖွဲ့က ဆောင်ရွက်ခြင်းဖြစ်ပြီး ပါလက်စတိုင်း နေအိမ်များကို ဖျက်ဆီးထားပုံ၊ ပါလက်စတိုင်းပိုင် အနောက်ဘက် ကမ်းခြေရှိ အစ္စရေး၏ တရားမ၀င် အိမ်ရာများနှင့် ပါလက်စတိုင်း ကလေးငယ်များအား အစ္စရေးစစ်တပ်က သတ်ဖြတ်ခြင်းများကို ဆန့်ကျင်သည့် ပိုစတာများပါဝင်သည်။ ထို့ပြင် “အစ္စရေး၏ ဖယ်ကျဉ်ရေး စနစ် အဆုံးသတ်ရန် အားပေးထောက်ခံကြ” ဟု လည်း အဆိုပါ ပိုစတာများတွင် ရေးသား ထားသည်။

    အစ္စရေးက ငြိမ်းချမ်းရေး တည်ဆောက်နေသည်ဆိုသော အယူအဆအား စိန်ခေါ်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး ထိုပိုစတာများက တုန်လှုပ်ခြောက်ခြားစေလျှင် လက်တွေ့ နယ်ပယ်တွင် အစ္စရေး၏ လုပ်ရပ်များကလည်း ထိုကဲ့သို့ တုန်လှုပ်ခြောက်ခြားစေသည်ကို သိရှိစေရန်ဖြစ်ကြောင်း  “ဖယ်ကျဉ်ရေး ဆန့်ကျင်သည့် ကြော်ငြာ ပိုစတာများ ချိတ်ဆွဲရေး လှုပ်ရှားမှုအဖွဲ့” ၏ ဥက္ကဌဖြစ်သူ ချာဒီ ဆာလာမွန်က ပြောကြားခဲ့သည်။

    ဇွန်လအတွင်း ထိုပိုစတာများကို State Street Station ဘူတာရုံတွင် ကပ်ထားမည်ဖြစ်ပြီး ထိုလှုပ်ရှားမှုကို ဘော်စတွန်မြို့တစ်ဝှမ်းနှင့် အမေရိကန်ရှိ အခြားသော မြို့ကြီးများတွင် ပြုလုပ်ရန် စီစဉ်ထားသည်။

    Ref: Middle East Monitor

  • ပါလက်စတိုင်း အစိုးရသစ် ဖွဲ့စည်းမှုကို တုံ့ပြန်သည့် အစ္စရေး အခြေချအိမ်ရာ ကြေညာချက်အား အမေရိန်ကန် ရှုတ်ချ

    ဇွန် ၆ ၊ ၂၀၁၄
    M-Media
    2014659236597734_20
    – ညီညွတ်သော ပါလက်စတိုင်းအစိုးရ ဖွဲ့စည်းမှုကြောင့် ပါလက်စတိုင်းပိုင် နယ်မြေများတွင် ဂျူးအခြေအိမ်ရာများတည်ဆောက်မည်ဟု အစ္စရေး၏ ကြေညာချက်ကို အမေရိကန်က ယမန်နေ့တွင် ကန့်ကွက်ရှုတ်ချခဲ့သည်။

    “အနောက်ဘက်ကမ်းခြေမှာ အခြေချ အိမ်ရာတွေဆောက်တာကို ကျွန်တော်တို့ ဆန့်ကျင်ပါတယ်။ အဲဒီလိုပဲ ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ ကြေညာချက်ကိုလည်း ဆန့်ကျင်ပါတယ်။ ဒီအငြင်းပွားဖွယ် ကိစ္စ ရှိသည်ဖြစ်စေ မရှိသည့်ဖြစ်စေ ပါလက်စတိုင်း အစိုးရသစ်နဲ့ ကျွန်တော်တို့ ဆက်လက် ဆက်သွယ်သွားမှာပါ” ဟု အစ္စရေးဆိုင်ရာ အမေရိကန် သံအမတ် ဒန်ရှာပီရိုက အစ္စရေး စစ်တပ်ရေဒီယိုသို့ ပြောကြားခဲ့သည်။

    ပါလက်စတိုင်းပိုင် အနောက်ဘက် ကမ်းခြေနှင့် အရှေ့ဂျေရုစလင်တို့တွင် တရားမ၀င် အခြေချ အိမ်ရာများ တည်ဆောက်သွားမည်ဟု အစ္စရေးက ယမန်နေ့တွင် ကြေညာခဲ့ပြီး အိုးအိမ်ဝန်ကြီး ယူရီအေရီယဲလ်ကမူ ပါလက်စတိုင်း အကြမ်းဖက် ကတ်ဘိနက် ဖွဲ့စည်းခြင်းအတွက် ဇီယွန်ဝါဒီများ၏ တုံ့ပြန်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး အတွက် ညှိနှိုင်းရေးအကြီးအကဲ စအီးဘ် အရီကတ်ကမူ နိုင်ငံတကာက အားပေးထောက်ခံသည့် ပါလက်စတိုင်း၏ ခြေလှမ်းသစ်ကို အသုံးချကာ အစ္စရေးက နယ်ချဲ့မှုကို ဆက်လက် လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။

    Ref:Al Jazeera

  • ညီညွတ်သော ပါလက်စတိုင်း အစိုးရသစ်အား အမေရိကန်နှင့် ကမ္ဘာက ထောက်ခံ၍ အစ္စရေး မကျေနပ်

    ဇွန် ၅ ၊ ၂၀၁၄
    M-Media
    Palestinian Prime Minister Hamdallah and Palestinian President Abbas pose for a group photo with Palestinian ministers during a swearing-in ceremony of the unity government, in the West Bank city of Ramallah
    – ဟားမတ်စ်နှင့် ဖာတာနှစ်ဖွဲ့ပူးပေါင်းကာ ဖွဲ့စည်းခဲ့သည့် ညီညွတ်သော ပါလက်စတိုင်း အစိုးရသစ်နှင့် ဆက်လက် ဆက်ဆံသွားမည်ဆိုသော အမေရိကန်၏ ဆုံးဖြတ်ချက်ကို အလွန်စိတ်ပျက်မိသည်ဟု အစ္စရေးဝန်ကြီးချူပ် နေတန်ယာဟုက ပြောကြားလိုက်သည်။

    သမ္မတ မဟ်မူဒ် အဘတ်စ်ဦးဆောင်သည့် အစိုးရသစ်ကို တနင်္လာနေ့က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ၎င်းတို့မှာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာသွားမည်ဟု အဘတ်စ်က ဆိုသည်။ အမေရိကန် အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ထိုအစိုးရအား လက်ခံခဲ့သည်။ သိုသော်လည်း နေတန်ယာဟုကမူ အမေရိကန်၏ သဘောထားကို ပြစ်တင်ပြောဆိုခဲ့သည်။

    “အစ္စရေးကိုအလိုမရှိတဲ့ ဟာမတ်စ်အဖွဲ့နဲ့ သဘောတူညီချက်ကို လုံးဝ လက်မခံနိုင်ဘူးလို့ အမေရိကန်က သမ္မတ မဟ်မူဒ်အဘတ်စ်ကို ရှင်းရှင်းလင်းလင်းပြောရမယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု AP သတင်းဌာနသို့ နေတန်ယာဟု က ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့် ထိုအစိုးရသစ်အား လစ်လျူရှုထားရန်လည်း နေတန်ယာဟုက တိုက်တွန်းခဲ့သည်။

    ညီညွတ်သော ပါလက်စတိုင်း အစိုးရသစ်ကို ကုလသမဂ္ဂကလည်း ကြိုဆိုခဲ့ပြီး အနောက်ဘက် ကမ်းခြေနှင့် ဂါဇာကမ်းမြှောင်ဒေသ ပေါင်းစည်းရန် အားထုတ်မှုအား ထိထိရောက်ရောက် ကူညီသွားမည်ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။ အမေရိကန်နှင့် ဥရောပတို့ကလည်း အစ္စရေး၏ တည်ရှိမှုကို အသိအမှတ်ပြုပြီး အကြမ်းဖက်မှုများကို စွန့်လွှတ်ပါက အကူအညီများပေးသွားမည်ဟု ပြောကြားခဲ့သည်။

  • ပါလက်စတိုင်း အစိုးရသစ် ၀န်ကြီးလောင်းသုံးဦးအား ဂါဇာသို့ ၀င်ရောက်ခွင့် အစ္စရေးပိတ်ပင်

    ဇွန် ၂ ၊ ၂၀၁၄
    M-Media
    index
    – ညီညွတ်သော ပါလက်စတိုင်းအစိုးရ၏ ၀န်ကြီးလောင်းသုံးဦးအား အနောက်ဘက်ကမ်းခြေမှ ဂါဇာသို့ ၀င်ရောက်ခွင့်မပြုဟု ပါလက်စတိုင်းနယ်မြေရှိ အစ္စရေး စစ်တပ်အကြီးအကဲ ယိုအဗ် မိုဒီချိုင်က ရေဒီယိုမှတစ်ဆင့် ယနေ့တွင် ပြောကြားခဲ့သည်။

    အစ္စရေးဝန်ကြီးချုပ်ရုံးနှင့် ကာကွယ်ရေးဝန်ကြီးဌာနသို့ AFP က ဆက်သွယ်ရာတွင် ထိုသတင်းအားနှင့် ပတ်သက်၍ ဖြေကြားရန် ငြင်းဆိုခဲ့သည်။ ဖာတာနှင့် ဟားမတ်စ် နှစ်ဖွဲ့ ပေါင်းစည်းပြီးနောက် ဖွဲ့စည်းမည့် ပါလက်စတိုင်းအစိုးရသစ်ကို တနင်္လာနေ့တွင် ကြေညာမည်ဟု ပါလက်စတိုင်းသမ္မတ မဟ်မူဒ် အဘတ်စ်က စနေနေ့တွင် ပြောကြားခဲ့ပြီး ထိုအစိုးရအား သပိတ်မှောက်မည်ဟု အစ္စရေးက အကြောင်းကြားထားသည်ဟု ၎င်းက ဆိုသည်။

    ဂါဇာတွင်အခြေစိုက်သည့် ဟားမတ်စ်အဖွဲ့နှင့် မဟ်မူဒ်အဘတ်စ်ခေါင်းဆောင်သည့် ဖာတာအဖွဲ့မှာ ပြီးခဲ့သည့် ဧပြီလက ပြန်လည်ပေါင်းစည်းခဲ့သည်။ ထို့ပြင် အချိန်ကြာညောင်းစွာ နှောင့်နှေးနေခဲ့ရသည့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန်အတွက် လွတ်လပ်သော အစိုးရဖွဲ့စည်းရေးကိုလည်း သဘောတူခဲ့ကြသည်။

    AFP