News @ M-Media

Tag: Israel

  • အီရန်နှင့် အင်အားကြီး(၆)နိုင်ငံ နျူးကလီးယားဆိုင်ရာ သဘောတူညီချက်အား အစ္စရေးမကျေနပ်

    နိုဝင်ဘာ-၂၅ ၂၀၁၃
    M-Media

    TOPSHOTS-SWITZERLAND-IRAN-NUCLEAR-POLITICS-DIPLOMACY

    အီရန်နိုင်ငံ၏ နျူးကလီးယားအစီအစဉ်အား ရပ်တန့်ရန်အတွက် အနောက်နိုင်ငံများမှ ပိတ်ဆို့မှုအချို့အား ဖွင့်ပေးရန် သဘောတူညီမှုသည် သံတမန်ရေးရာတွင် အငြင်းပွားစရာဖြစ်လာခဲ့ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ထိုသဘောတူညီချက်မှာ သမိုင်းဝင်မှားယွင်းမှုဖြစ်သည်ဟု ပြောဆိုလိုက်သည်။

    ထိုသဘောတူညီချက်အား အီရန်နှင့် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့ ဂျီနီဗာတွင်ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ယမန်နေ့ကရရှိခဲ့ခြင်းဖြစ်ပြီး ဆယ်ဆုနှစ် တစ်ခုအကြာရှိနေသော အန္တရာယ်ရှိသည့် လိပ်ခဲတည်းလည်းအခြေအနေတစ်ခုအား ဖြေရှင်းရန် ပထမခြေလှမ်းတစ်ခုအဖြစ် ရှုမြင်နေကြသည်။

    ထိုကဲ့သို့ သဘောတူညီချက်ရရှိခြင်းကို ကမ္ဘာ့နိုင်ငံအများစုက ကြိုဆိုခဲ့ကြသော်လည်း အစ္စရေးဝန်ကြီးချုပ်က ‘ထိုကိစ္စမှာ သမိုင်းဝင်သဘောတူညီချက်မဟုတ်၊ သမိုင်းဝင် မှားယွင်းမှုသာဖြစ်သည်’ ဟု မှတ်ချက်ပေးပြောဆိုခဲ့သည်။

    ထိုမှတ်ချက်ထွက်ပေါ်လာပြီးနောက် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ဂျီနီဗာသဘောတူညီချက်နှင့် နျူးကလီးယားလက်နက်ပိုင်ဆိုင်မှုမှ အီရန်နိုင်ငံအား တားဆီးရန်အတွက် အမေရိကန်၏ကတိကို လက်ခံရန် နေတန်ယာဟုအား တိုက်တွန်းပြောကြားခဲ့သည်။
    Ref: aljazeera

  • တရားမ၀င်အိမ်ရာများ ဆောက်လုပ်ရန် စီစဉ်မှုအား အစ္စရေးပယ်ဖျက်

    နိုဝင်ဘာ ၁၃-၂၀၁၃
    M-Media

    ramallah-generic-view

    အမေရိကန်နှင့် ပါကလက်စတိုင်းတို့က ကန့်ကွက်ပြီးနောက် မတရားသိမ်းပိုက်ထားသော အနောက်ဘက် ကမ်းခြေတွင် ဆောက်လုပ်ရန် စီစဉ်ထားသည့် အိမ်ရာ ၂ သောင်းအား ဆောက်လုပ်ခြင်းမပြုရန် အစ္စရေး ၀န်ကြီးချုပ်နေတန်ယာဟုက ယမန်နေ့ညပိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

    အစ္စရေးသမ္မတရုံးက ထုတ်ပြန်သောကြေညာချက်တွင် နေတန်ယာဟုက ထိုဆောက်လုပ်မည့် ကိစ္စရပ်များကို ပြန်လည်စဉ်းစားရန် အိုးအိမ်ဝန်ကြီး ယူရီ အရီယဲလ်အား အမိန့်ပေးခဲ့သည်ဟုသိရသည်။

    ထို့ပြင် ထိုကဲ့သို့ဆောက်လုပ်မှုမှာ ဥပဒေကြောင်းအရ အဓိပ္ပါယ်မရှိကြောင်း၊ အီရန်၏နျူကလီးယားကိစ္စနှင့် ပက်သက်၍ ပိုမိုကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကြိုးစားနေချိန်တွင် မလိုအပ်သော မလိုမုန်းထားမှုများဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း ထိုကြေညာချက်တွင် ရေးသားထားသည်။

    အစ္စရေးနိုင်ငံမှာ ၁၉၆၇ ခုနှစ် စစ်ပွဲပြီးကတည်းက ကုလသမဂ္ဂက သတ်မှတ်ပေးထားသည့် ပါဘက်စတိုင်း ပိုင်နက်များအား မတရား သိမ်းပိုက်ထားခဲ့ပြီး ထိုအချိန်မှစ၍ ထိုဒေသများတွင် တရားမ၀င် အိမ်ရာများဆောက်လုပ်ကာ အစ္စရေးနိုင်ငံသားများအား နေထိုင်စေခဲ့ပြီး ယခုအခါ ပါလက်စတိုင်းပိုင်း နယ်မြေများအတွင်း နေထိုင်သည့် အစ္စရေးနိုင်ငံသား ထက်ဝက်ခန့်ရှိသည်ဟု သိရသည်။

    Ref:channelnewsasia

  • ပိုလိုနီယမ် အဆိပ်ကြောင့် အာရာဖတ် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆွစ် သိပ္ပံပညာရှင်များ အတည်ပြု

    နိုဝင်ဘာ-၈ ၂၀၁၃
    M-Media

    121127081303-arafat-burial-site-2004-story-top

    ပါလက်စတိုင်းခေါင်းဆောင်ဟောင်း ရာဆာ အာရာဖတ်၏ ရုပ်ကြွင်းအား စစ်ဆေးနေသည့် ဆွစ်ဇာလန် သိပ္ပံပညာရှင်များက ထိုရုပ်ကြွင်းတွင် သာမန်မဟုတ်သည့် ရေဒီယိုသတ္တိကြွ ပိုလိုနီယံသတ္တုအားတွေရှိခဲ့ရသည်ဟု ယမန်နေ့က အတည်ပြုပြောကြားခဲ့သည်။ သို့သော်လည်း အတိအကျသိရှိရန် ဆက်လက်လေ့လာနေသည်ဟု သိရသည်။

    ထိုစုံစမ်းလေ့လာမှု၏ ရလဒ်များအား အာရာဖတ်၏ ကျန်ရှိခဲ့သည့် ဇနီး ဆူဟာ အာရာဖတ်၏ ကိုယ်စားလှယ်နှင့်  Lausanne-Geneva ဥပေဒနှင့် သက်ဆိုင်သည့် ဆေးဘက်ဆိုင်ရာ စင်တာ၏ ဒါရိုက်တာဖြစ်ပြီး ပါလက်စတိုင်း တာဝန်ရှိသူတစ်ဦးဖြစ်သူ ပက်ထရစ် မန်ဂင်တို့အား အင်္ဂါနေ့က ပေးအပ်ခဲ့ပြီး၊ ၎င်းတို့က ယမန်နေ့တွင် သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ခဲ့သည်။

    ထိုသတင်းစာရှင်းလင်းပွဲတွင် အာရာဖတ်သေဆုံးမှုမှာ ပိုလိုနီယမ် သတ္တုကြောင့်ဖြစ်သည်ဟု ရလဒ်များထွက်ပေါ် ခဲ့သော်လည်း အာရာဖတ်အနေဖြင့် အဆိပ်ခပ် ခံခဲ့ရခြင်းရှိ/မရှိဆိုသည်ကို ကောက်ချက်ချ၍ မရသေးကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

    အာရာဖတ် သေဆုံးသွားပြီး ကာလအတော်ကြာမှ စုံစမ်းစစ်ဆေးရေးများ စတင်ပြုလုပ်နိုင်ခြင်းကြောင့် အကြောင်းအရင်းအား ခွဲခြမ်းစိတ်ဖြာ သိရှိနိုင်ရန် ခက်ခဲကြောင်း မန်ဂင်က ထပ်လောင်းပြောကြားခဲ့သည်။

    အာရာဖတ်မှာ ၂၀၀၄ ခုနှစ်၌ ပြင်သစ် စစ်ဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး၊ မည်သည့် အကြောင်းအရင်းကြောင့် သေဆုံးခဲ့မှန်း မသိရှိခဲ့ရပေ။ သေဆုံးပြီးနောက် အလောင်းအား ခွဲစိတ်ခြင်းလည်းမရှိခဲ့ဘဲ၊ သေဆုံးရခြင်းအကြောင်း ရှင်းလင်းသော ဆေးစစ်ချက်ကိုလည်း ထုတ်ပြန်ခဲ့ခြင်းမရှိခဲ့ပေ။
    Ref: ဆင်ဟွာ

    ————————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]

  • အစ္စရေးကို ကျင့်ဝတ်ချိုးဖောက်မှုဖြင့် ကုလသမဂ္ဂသို့ OIC မှ တင်သွင်းအရေးဆိုမည်

    စက်တင်ဘာ၊ ၂၀
    M-Media
    ekmeleddin-ihsanoglu
    ဂျေရုဆလင်ရှိ သမိုင်းဝင် အ(က်)ဆာ ဗလီဝတ်ကျောင်းတော်အား အစ္စရေးတို့၏စော်ကားချက်များနှင့်ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံသို့ တင်ပြအရေးဆိုသွားမည်ဟု Organization of Islamic Cooperation (OIC) ၏ အထွေထွေအတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu မှ ပြောကြားလိုက်သည်။

    ဂျူးလူမျိုး ကျူးကျော်အခြေချသူများမှာ ဂျေရုဆလင်ရှိ အလ် အ(က်)ဆာဝတ်ကျောင်းတော်ပရ၀ုဏ်ထဲအထိ ကျူးကျော်လာမှုကို အစ္စရေးရဲများမှ အကာအကွယ်ပေးနေခြင်းကို ပြင်းထန်စွာ ရှုတ်ချပြီး ယင်းအရေးကို အစ္စလာမ့်ကမ္ဘာက ရေရှည်နှုတ်ဆိတ်နေမည် မဟုတ်ဘဲ ညီလာခံ၌ ကျယ်ပြန့်စွာ ဆွေးနွေးသွားမည်ဟု တင်ပြချက်၌ပါရှိသည်။

    နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဟူသော ၀တ္တရားကျေပွန်ကြရန်၊ ဂျူးအကြမ်းဖက်သမားတို့၏ ကျူးလွန်စော်ကားချက်များအပေါ် အစ္စရေးတို့မှ ရပ်ဆိုင်းလိုက်စေရန်၊ ဒေသတွင်းတင်းမာမှု မတိုးပွားလာအောင် တားဆီးပေးပါရန် UNESCO ၊ ကုလလုံခြုံရေးကောင်စီ နှင့် အဖွဲ့ဝင်နိုင်ငံများသို့ OIC အတွင်းရေးမှူးချုပ်မှ တိုက်တွန်းနှိုးဆော်လိုက်သည်။

    ကမ္ဘာ့ကုလသမဂ္ဂအထွေ အထွေညီလာခံကြီးကို ဗုဒ္ဓဟူးနေ့က စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့အထိ နယူးယော့ခ်မြို့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

    Ref:http://islam.ru

  • အီဂျစ်မှ မော်စီအားဖြုတ်ချသည့် နောက်ကွယ်မှာ အစ္စရေးရှိဟု တူရကီ ဝန်ကြီးချူပ်ပြော

    သြဂုတ်-၂၁ ရက်၊ ၂၀၁၃
    M-Media

    Erdogan

    အီဂျစ်သမ္မတ မုဟမ္မဒ် မော်စီ ဖယ်ရှားခံရမှုနောက်ကွယ်မှာ အစ္စရေးရှိသည်ဟု တူရကီ ဝန်ကြီးချုပ် ရီစပ် တိုင်ယစ်ပ် အာဒိုဂန်ကပြောကြားလိုက်ပါတယ်။ မုဟမ္မဒ် မော်စီရဲ့ အုပ်ချုပ်ရေးယန္တရားဟာ တဲလ်အဗစ်(အစ္စရေး မြို့တော်)ရဲ့ အုပ်ချုပ်မှုအာဏာကို ထိခိုက်လှုပ်ခတ်မှုတွေရှိစေခဲ့ပါတယ်။

    အခုလိုမှတ်ချက်ကို အာဒိုဂန်က အင်္ဂါနေ့က နိုင်ငံရုပ်သံသတင်းကနေပြောကြားခဲ့တာပါ။

    ဒါ့အပြင် တူရကီဝန်ကြီးချုပ်ဟာ နိုင်ငံရဲ့ စစ်အစိုးရခန့်ထားတဲ့ အုပ်ချုပ်ရေးကို ထောက်ခံပြီး အီဂျစ်ကိုလမ်းလွဲအောင်လုပ်နေတဲ့ အခြားသော အစ္စလာမ်မစ် နိုင်ငံတွေကို လည်း ဝေဖန်လိုက်ပါတယ်။

    အီဂျစ်နဲ့ပတ်သက် ပြီး ဘာပြောကြသလဲ? အဲ့ဒီ ဒီမိုကရေစီက ဆန္ဒမဲပုံးမဟုတ်ဘူး။ ဒီနောက်ကွယ်မှာ ဘယ်သူတွေရှိသလဲ? အစ္စရေးရှိတယ်။ ဒီအတွက်သက်သေ အထောက် အထားတွေလည်း ကျွန်တော်တို့ လက်ထဲမှာရှိတယ် ” လို့ အာဒိုဂန်က ပြောကြားပါတယ်။ ” ဒါဟာ တကယ်ဖြစ်ခဲ့တဲ့အတိုင်း အတိအကျပဲ ”

    အာဒိုဂန်ရဲ့ပြောကြားချက်က အစ္စရေး၊ အမေရိကန်နဲ့ ကိုင်ရိုက လက်ရှိ အစိုးရသစ်ကို အမျက်ထွက်စေခဲ့ပါတယ်။ အစ္စရေး တဲလ်အဗစ် အစိုးရကို ကန့်ကွက်ပြောတာကြောင့် သူတို့က တူရကီ ဝန်ကြီးချုပ်ကို အပြစ်တင်ကြပါတယ်။

    ၁၉၇၉ မှာ အန္နဝါ ဆာဒက်ရဲ့ ဦးဆောင်မှုနဲ့ အီဂျစ်ဟာ အစ္စရေးနဲ့ ငြိမ်းချမ်းရေးယူတဲ့ ပထမဆုံးသော အာရဗ်နိုင်ငံဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်က ကမ္မကထပြုလုပ်တဲ့ အဲ့ဒီငြိမ်းချမ်းရေး စာချုပ်မှာ စီးပွားရေးဆိုင်ရာ အဓိက သဘော တူညီမှုတွေထဲက တစ်ခုအဖြစ် အစ္စရေးကို ဓာတ်ငွေ့ရောင်းပေးဖို့ အဓမ္မ တွန်းအားပေးခဲ့ပါတယ်။

    ၁၉၈၁ ခုနှစ်မှာ ဆာဒက် လုပ်ကြံခံရပြီးတဲ့နောက် ဟို့စ်နီး မူဘာရက် အာဏာရလာပါတယ်။ မူဘာရက်က ဆာဒက်ရဲ့ မူဝါဒတွေ အတိုင်းပဲ ဆယ်စုနှစ် သုံးခုကြာ အုပ်ချုပ်ခဲ့ပါတယ်။

    ဒါ့အပြင် မူဘာရက်က ၁.၇ သန်းမျှရှိတဲ့ ဂါဇာ ကမ်းမြှောင်ဒေသမှာ နေတဲ့ ပါလက်စတိုင်းတွေကို ပိတ်ဆို့ထားရာမှာ အပြည့်အဝ ထောက်ခံပေးခဲ့ပါတယ်။ ဒီအခြေအနေဟာ ပါလက်စတိုင်းပြည်သူတွေကို ပိုစုတ်ပြတ်နူံချာစေခဲ့ပြီး များစွာသော အီဂျစ်နိုင်ငံသားတွေဟာ စိတ်ဆိုးဒေါသထွက်ခဲ့ကြပါတယ်။

    ဇန်နဝါရီ ၂ဝ၁၁ ခုနှစ်မှာ မူဘာရက်အစိုးရကို ဆန့်ကျင်တဲ့ အီဂျစ်တော်လှန်ရေး စတင်ခဲ့ပြီး ၂ဝ၁၁ ခုနှစ် ဖေဖေါ်ဝါရီလမှာ မူဘာရက် အစိုးရပြုတ်ကျခဲ့ပါတယ်။

    တော်လှန်ရေးပြီးလို့ တစ်နှစ်အကြာ ၂ဝ၁၂ ခုနှစ် နှစ်လည်ပိုင်းမှာ အီဂျစ်နိုင်ငံသားတွေဟာ ပါလီမန်အသစ် သမ္မတ အသစ်အဖြစ်နဲ့ မုဟမ္မဒ် မော်စီကို ရွေးချယ်ခဲ့ကြပါတယ်။

    ၂ဝ၁၂ ခုနှစ် မတ်လမှာတော့ အီဂျစ်အောက်လွှတ်တော်က အစ္စရေးဟာ အီဂျစ်နိုင်ငံရဲ့ နံပါတ်တစ် ရန်သူဖြစ်တယ်ဆိုတယ်အဆိုကို တညီတညွတ်တည်း ထောက်ခံခဲ့ပြီး အစ္စရေး သံရုံးကို မောင်းထုတ်ဖို့နဲ့ အစ္စရေးကို ဓာတ်ငွေ ထောက်ပံနေတာတွေရပ်ဆိုင်းဖို့ တောင်းဆိုလိုက်ပါတယ်။

    မတ်လ ၁၂ ရက်နေ့မှာတော့ အီဂျစ် ပါလီမန် အဖွဲ့ဝင်တွေဟာ အောက်လွှတ်တော် (သို့) အာရေးဗီးယား အရေး ကော်မတီလူထု အစည်းအဝေးရဲ့ အစီရင်ခံစာကို ထောက်ခံ ခဲ့ကြပါတယ်။

    ” တော်လှန်ပြောင်းလဲထားတဲ့ အီဂျစ်နိုင်ငံသားတွေနဲ့ အစိုးရဟာ အီဂျစ်နဲ့ အာရဗ်နိုင်ငံတွေရဲ့ နံပါတ်တစ် ရန်သူဖြစ်တဲ့ ဇီယွန်ဝါဒီတွေနဲ့ ဘယ်တော့မှ မိတ်ဆွေဖြစ်မှာမဟုတ်ဘူး” လို့ ဒီအစီရင်ခံစာက ကြေငြာထားပါတယ်။ ထပ်ပါတဲ့ အကြောင်းအရာတွေက အီဂျစ်ရန်သူအကြောင်းအရာတွေဖြစ်ပြီး အီဂျစ်အစိုးရကို အဲ့ဒီရန်သူနဲ့ပတ်သက် ဆက်စပ်တဲ့ ဆက်ဆံမှုတွေ အားလုံးပြန် သုံးသပ်ဖို့ တောင်းဆိုထားပါတယ်။

    သမ္မတမော်စီ တော်လှန်ရေး အစိုးရဟာ ပါလက်စတိုင်းတွေအပေါ် တင်းကျပ်ထားမှုတွေ အမြောက်အများ ဖြေလျှော့ပေးခဲ့ပြီး ပါလက်စတိုင်း ကာကွယ်ရေးလှုပ်ရှားမှု ဟားမက်စ် အဖွဲ့နဲ့လည်း ဆက်ဆံရေးထူထောင်ခဲ့တဲ့အပြင် ဆာဒက် အုပ်ချုပ်စဉ်တင်းမာတဲ့ ဆက်ဆံရေးရှိခဲ့တဲ့ အစ္စလာမ်မစ် နိုင်ငံတွေနဲ့လည်း ဆက်ဆံရေး တိုးမြှင့်ခဲ့ပါတယ်။

    သမ္မတမော်စီ အုပ်ချုပ်ရေးအဖွဲ့က ငြိမ်းချမ်းရေး သဘောတူညီမှုအဖြစ်နဲ့ အစ္စရေးကို အလွန်နည်းတဲ့ ဈေးနှုန်းနဲ့ ဓာတ်ငွေ့ ထောက်ပံ့နေ ရတာတွေကို ပြန်စဉ်းစား ဖို့လည်း ကြေငြာခဲ့ပါတယ်။

    ဂျူလိုင် ၃ ရက်ညပိုင်း ရုပ်သံသတင်းကနေ အီဂျစ် ဗိုလ်ချုပ် အဗ်ဒလ် ဖာတာ အယ်လ်စီစီ က သမ္မတမော်စီကို ဖယ်ရှားခဲ့ပြီး ဖွဲစည်းပုံရေးဆွဲမှုရုံးခေါင်းဆောင်း အက်ဒလီ မာဟ်မွဒ် မန်းဆာ ကို ယာယီ အီဂျစ်သမ္မတအဖြစ်ခန့်ထားခဲ့ပါတယ်။ စစ်တပ်ဟာ ဖွဲ့စည်းပုံရေးဆွဲရေးကိုလည်း ဆိုင်းငံ့ထားခဲ့ပါတယ်။

    ဂျူလိုင် ၅ ရက်နေ့မှာ မွတ်စလင်ညီအစ်ကိုတော်များအဖွဲ့ခေါင်းဆောင် မုဟမ္မဒ် ဘာဒီက ယခုလို သမ္မတမော်စီကို ရုတ်တရက် ဖြုတ်ချပစ်တာဟာ ဥပဒေနဲ့မညီညွတ်ဘဲ သူ့ကို သမ္မတအဖြစ် ပြန်မအပ်မချင်း သန်းနဲ့ချီတဲ့ပြည်သူတွေ လမ်းပေါ်မှာရှိနေမယ်လို့ပြောဆိုလိုက်ပါတယ်။

    ဂျူလိုင် ၃ ရက်က စလို့ အီဂျစ်စစ်တပ်ဟာ မုဟမ္မဒ် မော်စီထောက်ခံတဲ့ အီဂျစ်နိုင်ငံသားတွေကို ရာနဲ့ချီလို့သတ်ဖြတ်ခဲ့ပြီးပါပြီ။

    အင်္ဂါနေ့မှာတော့ အစိုးရသစ်က  မွတ်စလင် ညီအစ်ကိုတော်များ အဖွဲ့ခေါင်းဆောင်  မုဟမ္မဒ် ဘာဒီကို ဖမ်းဆီးခဲ့ပြီး ကိုင်ရို တောင်ဘက်က တိုရာ ထောင်ကိုပို့ခဲ့ပါတယ်။ အဲ့ဒီမှာ အရင် သမ္မတဟောင်း မူဘာရက်နဲ့ သူ့အဖွဲသားတွေကို ထိမ်းသိမ်းထားတာဖြစ်ပါတယ်။ ဒီတစ်ရက်အရင်ကတော့ မူဘာရက်ရဲ့ ရှေ့နေ့တွေက သူ့ကို ဒီရက်ပိုင်းအတွင်းထောင်က လွှတ်ပေးလိမ့်မယ်လို့ဆိုပါတယ်။

    အီဂျစ်တရားသူကြီးတွေက မူဘာရက်ကို စွပ်စွဲချက်တစ်ချို့က ဖယ်ရှားပြီးတဲ့နောက် ထိန်းသိမ်းထားတာ ကြာနေပြီဖြစ်တဲ့ အကြောင်းပြောခဲ့ပါတယ်။

    GJH/AS

    Ref: PressTV