News @ M-Media

Tag: Israel

  • အစ္စရေး ပိတ်ဆို့ထားမှုကြောင့် ယေရှုခရစ် မွေးဖွားရာ ဘက်သလီဟမ်သို့ ခရစ်ယာန် ဘုရားဖူးများ လာရန် အခက်တွေ့နေ

    ဒီဇင်ဘာ ၂၅၊ ၂၀၁၃
    M-Media

    Bethlehem for Christmas
    – ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ဒေသရှိ ဘက်သလီဟမ်အား အစ္စရေးတို့က မတရားသိမ်းပိုက်ထားပြီး ပိတ်ဆို့မှုများရှိနေသော်လည်း  ဂါဇာကမ်းမြှောင်ဒေသရှိ ခရစ်ယာန်များမှာ ခရစ္စမတ်ပွဲတော်အား ခရစ်တော်ဖွားမြင်ရာ ထိုဘက်သလီဟန်တွင် ဆင်နွှဲရန် စီစဉ်နေကြသည်ဟု သိရသည်။

    “ဘက်သလီဟမ်ဟာ ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားတဲ့ အဓိက နေရာတစ်ခုဖြစ်ပြီး (အစ္စရေးရဲ့) အိမ်ရာ ၂၇ ခုက ၀န်းရံထားပါတယ်။ ပြီးတော့ တံတိုင်းတွေ၊ ခြံစည်းရိုးတွေနဲ့ကာ ရံထားပြီး၊ စစ်ဆေးရေးဂိတ်တွေ ချထားတဲ့အတွက် ခရီးသွားတွေအတွက် အဟန့်အတားဖြစ်စေပါတယ်။ ” ဟု ပါလက်စတိုင်း ခရီးသွာလာရေးဝန်ကြီး ရိုလာမေယာက Albawaba သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထို့ပြင် မိမိတို့အနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ ခရီးသွားများကို ဆွဲဆောင်နိုင်ရန်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်ကြောင်း၊ သို့သော်လည်း အစ္စရေး၏ မတရားသိမ်းပိုက်ထားမှုကြောင့် ထိုကဲ့သို့လုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း ရိုလာမေယာက ထည့်သွင်းပြောကြားခဲ့သည်။

    ကမ္ဘာ့တစ်ဝှမ်းမှ ခရစ်ယာန်ဘုရားဖူးများမှာ နှစ်စဉ်နှစ်တိုင်း ခရစ္စမတ်ပွဲတော်ကာလအတွင်း ဘက်သလီဟမ်ရှိ ခရစ်တော်မွေးဖွာရာနေရာနှင့် ထိုနေရာဘေးတွင် တည်ဆောက်ထားသည့် သမိုင်းဝင် Nativity ဘုရားကျောင်းသို့ လာရောက်လည်ပတ်လေ့ရှိကြသည်။ သို့သော်လည်း အစ္စရေး၏ ပိတ်ဆို့ထားမှုများကြောင့် များစွာသော ခရစ်ယာန်ဘုရားဖူးတို့မှာ ဘက်သလင်ဟမ်သို့ လာရောက်ရန် အခက်ကြုံနေကြရသည်။

    Ref: OnIslam & News Agencies

    Photo-AP

  • Pink Floyd ရောခ်တီးဝိုင်း တည်ထောင်သူ ရော်ဂျာဝေါလ်တာက အစ္စရေးမှာ နာဇီလုပ်ရပ်နှင့်တူဟု ဝေဖန်

    ဒီဇင်ဘာ ၁၉ ၊ ၂၀၁၃
    M-Media

    Roger Waters at the Eastside Gallery in Berlin, Germany - 04 Sep 2013
    – ရော့ခ်ဂီတ တီးဝိုင်းတစ်ခုဖြစ်သည့် Pink Floyd အဖွဲ့အား တည်ထောင်ခဲ့သူများတွင် ပါဝင်ခဲ့သည့် အင်္ဂလိပ်အဆိုတော်ဖြစ်သူ ရော်ဂျာဝေါလ်တာက အစ္စရေးမှာ နာဇီ ဂျာမနီကဲ့သို့ဖြစ်သည်ဟု မှတ်ချက်ပေးပြောဆိုလိုက်ပြီး ထိုကဲ့သို့ပြောဆို လိုက်ခြင်းကြောင့် အဆိုတော် အသိုင်းအ၀ိုင်းနှင့် ဘာသာရေးခေါင်းဆောင်ပိုင်းမှ ဝေဖန်မှုများကို ခံနေရသည်ဟု သိရသည်။

    ပါလက်စတိုင်းများအား အစ္စရေး၏ ဆက်ဆံပုံမှာ နာဇီများ၏ ရက်စက် ယုတ်မာမှုများနှင့် နှိုင်းယှဉ်နိုင်သည်ဟု ဝေါလ်တာက ပြောဆိုလိုက်ခြင်းဖြစ်သည်။

    “(အစ္စရေးရဲ့လုပ်ရပ်တွေဟာ) ၁၉၃၀ ပြည့်နှစ်တွေက ဂျာမနီမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပုံစံတူနေတယ်ဆိုတာ ထင်ရှားပါတယ်” ဟု ပြီးခဲ့သည့် တစ်ပါတ်က ပြုလုပ်ခဲ့သည့် အွန်လိုင်း အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    အသက် ၇၀ အရွယ်ရှိ ဝေါလ်တာအား ပါလက်စတိုင်းအရေး လှုပ်ရှားဆောင်ရွက်သူအဖြစ် လူသိများသည်။ အချို့က သူအား ဂျူးဆန့်ကျင်ရေးသမားဟု သတ်မှတ်ကြပြီး ထိုကဲ့သို့ သတ်မှတ်မှုကို ဝေါလ်တာက ငြင်းဆိုကာ ပါလက်စတိုင်းများ အပေါ် ပြုမှုဆက်ဆံပုံးများနှင့် ပတ်သက်၍ အစ္စရေးအား သိပိတ်မှောက်ရန်အတွက် လူအများအား တိုက်တွန်မှုများပြုလုပ်ရန် မိမိတွင် အခွင့်အရေးရှိသူဟု ပြောကြားခဲ့သည်။

    Ref: The Guardian

  • အမေရိကန်မှ သြဇာကြီးသော ပညာရှင်အဖွဲ့မှ အစ္စရေးအား သပိတ်မှောက်

    ဒီဇင်ဘာ ၁၈ ၊ ၂၀၁၃
    M-Media

    ပါလက်စတိုင်းအပေါ် မတရားလုပ်မှုများကြောင့် အမေရိကန်မှ သြဇာကြီးသော ပညာရှင်အဖွဲ့မှ အစ္စရေးအား သပိတ်မှောက်

    rtr2elma.si
    – အစ္စရေးနိုင်ငံ၏ ကောလိပ်များနှင့် တက္ကသိုလ်များကို သပိတ်မှောက်ရန် အမေရိကန်ရှိ သြဇာကြီးမားသော ပညာရှင်များ အဖွဲ့တစ်ဖွဲ့က မဲခွဲ ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။ ထို့ကြောင့် ပါလက်စတိုင်းများ အပေါ် အစ္စရေး၏ ပြုမူ ဆက်ဆံမှုနှင့် ပတ်သက်၍ သပိတ်မှောက်သည့် အကြီးဆုံး ပညာရှင်အဖွဲ့ ဖြစ်လာမည်ဖြစ်သည်။

    ထိုကဲ့သို့ သပိတ်မှောက်မှုများ ပြုလုပ်ရန် အဖွဲ့ဝင် သောင်းချီရှိသည့် အမေရိကန်လေ့လာမှုအဖွဲ့ ASA က တနင်္ဂနွေနေ့ညက မဲခွဲဆုံးဖြတ်ခဲ့ရာ ၆၆ ရာခိုင်းနှုန်းက ထောက်ခံခဲ့ပြီး ၃၀ ရာခိုင်နှုန်းက ကန့်ကွက်မဲပေးခဲ့ကြပြီး ၃ ရာခိုင်နှုန်းက ကြားနေခဲ့သည်။

    ထိုသပိတ်မှာ အမေရိကန်ရှိ ကျောင်းများနှင့် သုတေသနလုပ်ငန်းများ လုပ်ကိုင်ကြသည့် အဖွဲ့များမှာ အစ္စရေးအဖွဲ့များနှင့် ဆက်သွယ် လုပ်ဆောင်မှုများအား ရပ်တန့်ရန် လှုံ့ဆော်ခြင်းဖြစ်သည်။ သို့သော် အစ္စရေး ပညာရှင်များ အမေရိကန် တက္ကသိုလ်များတွင် မိန့်ခွန်းပြောခြင်း အစည်းအဝေးများ တက်ရောက်ခြင်းကို အစ္စရေး အစိုးရ၏ ယန္တရားအတွင်း ပါဝင်ဆောက်ရွက်မှု မပြုလုပ်မချင်း ခွင့်ပြုထားမည်ဖြစ်သည်။

    “ထိုသဘောတူညီချက်ဟာ ပညာရှင်တွေနဲ့ ကျောင်းသားတွေရဲ့ စည်းလုံးညီညွှတ်မှုပဲဖြစ်ပါတယ်။ ပြီးတော့ ပါလက်စတိုင်းနိုင်ငံသားများ အပါအ၀င် လူသားအားလုံး ပိုမို လွတ်လပ်ဖို့ ရည်ရွယ်တာပါ” ဟု ထိုအဖွဲ့က ထုတ်ပြန်သော ကြေညာချက်တွင် ရေးသား ဖော်ပြ ထားသည်။ ထို့ပြင် နိုင်ငံတကာ ဥပဒေများနှင့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များအား ချိုးဖောက်ခြင်း၊ ပါလက်စတိုင်း ကျောင်းသားများနှင့် ပညာရှင်များအပေါ် အစ္စရေးနိုင်ငံသားများက သိမ်းပိုက်ထားမှုများအတွက် အကျိုးသက်ရောက်မှု၊ အစ္စရေးအဆင့်မြင်ပညာရေး အသင်းအဖွဲ့များ၏ ပမာဏ စသည်တို့မှာ လူ့အခွင့်အရေးချိုးဖောက်သော ပေါ်လစီများကိုချမှတ်ပေးသော အချက်များဖြစ်သည်ဟု ရေးသားထားပြီး အခြား အချက်များ ကိုလည်း ထိုကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    ပြီးခဲ့သည့် ဧပြီလကလည်း အာရှ အမေရိကန်လေ့လာမှု အဖွဲ့က ထိုကဲ့သို့ သပိတ်မှောက်မှု တစ်ခု ပြုလုပ်ခဲ့ပြီး၊ အမေရိကန်တက္ကသိုလ် ပါမောက္ခများအဖွဲ့က ထိုလုပ်ရပ်အား ကန့်ကွက်ခဲ့သည်။ ယခုလအတွင်းတွင် ထိုကဲ့သို့ သပိတ်မှောက်မှုများပြုလုပ်ရန် ပြီးခဲ့သည့်လက ၀ါရှင်တန်တွင် ကျင်းပခဲ့သည့် ASA ၏ နှစ်ပတ်လည် အစည်းအဝေး၌ စီစဉ်ခဲ့ခြင်းဖြစ်ပြီး၊ အဖွဲ့ဝင် ၂၀ ပါဝင်သည့် အမျိုးသားကောင်စီက သပိတ်မှောက်ရန် အစီအစဉ်အား တညီတညွတ်တည်း သဘောတူခဲ့ကြသည်။

    Ref: RT

  • အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းပိုင် အဆောက်အဦးများ ဖြိုချမှုနှင့် အစ္စရေးအား ကုလ ရှုတ်ချ

    ဒီဇင်ဘာ ၁၂ ၊ ၂၀၁၃
    M-Media

    Mideast Israel Palestinians
    အစ္စရေးက မတရားသိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းမိသားစု ၃၀ အား မောင်းထုတ်ကာ ၎င်းတို့၏ နေအိမ်၊ အဆောက်အဦး၊ ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်းနှင့် ပက်သက်၍ အစ္စရေးအား ကုလသမဂ္ဂမှ ရှုတ်ချပြောဆိုလိုက်သည်။
    ထိုကဲ့သို့ ဖြိုချဖျက်ဆီးခြင်းမှာ နှစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်သည်။

    “(အနောက်ဘက်ကမ်းရှိ) ဂျော်ဒန်တောင်ကြားမှာရှိတဲ့ ပါလက်စတိုင်းတွေရဲ့ အဆောက်အဦးတွေကို ဖျက်ဆီးတာနဲ့ပက်သက်ပြီး ကျွန်တော်စိုးရိမ်မိပါတယ်။ အဲဒီဖျက်ဆီးမှုက ကလေးငယ် ၂၄ ဦးပါအ၀င် လူ ၄၁ ဦးကို အိုးမဲ့အိမ်မဲ့ဖြစ်စေပြီး၊ နောက်ထပ် လူ ၂၀ ကိုလည်း အတိဒုက္ခရောက်စေခဲ့ပါတယ်။ ဒုက္ခသည်တွေရော၊ ဒုက္ခသည် မဟုတ်တဲ့ မိသားစုတွေရော ထိခိုက်တာပါ။ အချို့ မိသားစုတွေဟာ ဒီလထဲမှာပဲ ဒုတိယအကြိမ်မြောက် ပြောင်းရွှေ့ရပြန်ပါတယ်။ အစ္စရေးက ဖြို့ချလိုက်တဲ့အဆောက်အအုံတွေထဲမှာ အလှူရှင်တွေက ပေးလှူတဲ့ အဆောက်အအုံတွေလည်း ပါဝင်ပါတယ်” ဟု ယမန်နေ့က ကုလမှထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြီးအကဲ့ ဂျိမ်းစ် ရော်လေးက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်တစ်ပါတ် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကိစ္စများဆွေးနွေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ လာရောက်လည်ပတ်ချိန် မတိုင်ခင်စောစောပိုင်းကလည်း ပါလက်စတိုင်းများ၏ နေအိမ်အဆောက်အဦးများကို ဖြိုချ၊ ဖျက်ဆီးခြင်း မပြုရန် အန်ဂျီအို အဖွဲ့အစည်း ၃၆ ခုမှ အစ္စရေးအားတိုက်တွန်းခဲ့သေးသည်။

    ၁၈၉၇-ခုနှစ်က ဆွစ်ဇလန်နိုင်ငံ ဘရပ်ဆဲလ်တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ဇီယွန် ကွန်ဂရက်အစည်းဝေးကတည်းက ပါလက်စတိုင်းအား သိမ်းပိုက်ရန် ဂျူးလူမျိုးများ ကစီစဉ်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် အရှေ့ဥရောပရှိ ဂျူးလူမျိုးများမှာ ပါလက်စတိုင်းနယ်မြေသို့ တရားမ၀င်ရောက်နေထိုင်ခဲ့ကြပြီး အမေရိကန်နှင့် အနောက်နိုင်ငံအချို့၏အကူအညီဖြင့် ပါလက်စတိုင်းများကိုသတ်ဖြတ်ကာ၊ နယ်မြေများကို အပိုင်စီးပြီး ၁၉၄၈ ခုနှစ် မေလတွင် အစ္စရေးနိုင်ငံအဖြစ်ထူထောင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ အစ္စရေးမှာ ယခုအချိန်အထိ နည်းမျိုးစုံဖြင့် ပါလက်စတိုင်းပိုင်နယ်မြေများကို သိမ်းပိုက်လျက်ရှိသည်။

  • ဗဒူအင်မျိုးနွယ်များအား မောင်းထုတ်ရန် စီစဉ်နေသည့် အစ္စရေး၏ လုပ်ရပ်အား ဗြိတိန်ရှိ ထင်ရှားကျော်ကြားသူများက ရှုတ်ချ

    ဗဒူအင်မျိုးနွယ်များအား မောင်းထုတ်ရန် စီစဉ်နေသည့် အစ္စရေး၏ လုပ်ရပ်အား ဗြိတိန်ရှိ ထင်ရှားကျော်ကြားသူများက ရှုတ်ချ

    နိုဝင်ဘာ ၃၀၊ ၂၀၁၃
    M-Media

    1

    ပါလက်လက်စတိုင်းရှိ ဗဒူအင်လူမျိုး ထောင်ပေါင်းများစွာတို့အား ၎င်းတို့နေရပ်များမှ မောင်းထုတ်ရန် ပြုလုပ်နေသည့် အစ္စရေး၏ အစီအစဉ်အား ဗြိတိန်ရှိ ထင်ရှား ကျော်ကြားသူများက ရှုတ်ချခဲ့ပြီး၊ လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် ပြောဆိုလိုက်သည်။

    နာမည်ကြီး အနုပညာရှင်များ၊ စာရေးစရာများနှင့် ဂီတလောကသားများအပါအ၀င် ထင်ရှားကျော်ကြားသူ ၅၀ ကျော်က Negev သဲကန္တာရရှိ ဗဒူအင်လူမျိုး ၇၀၀၀၀၏ ရွာများကို ဖျက်ဆီးကာ ၎င်းတို့အားမောင်းထုတ်ပြီး ပါလက်စတိုင်းနယ်မြေအား သိမ်းပိုက်ရန် အစ္စရေး၏ အစီအစဉ်အား ကန့်ကွက်ကြောင်း ကြေညာချက်တွင် လက်မှတ်ထိုးခဲ့ကြသည်။

    ထိုကြေညာချက်တွင် ဗဒူအင်လူမျိုးများ၏ ရွာများအား ဖျက်ဆီးခြင်းကို ‘ပါလက်စတိုင်းနိုင်ငံသားများအား ၎င်းတို့၏ နေအိမ်များမှ အတင်းအဓ္ဓမောင်းထုတ်ခြင်း၊ စနစ်တကျ ခွဲခြားဆက်ဆံခြင်းနှင့် ၀ိုင်းပယ်ခြင်း’ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ၁၈၉၇-ခုနှစ်က ဆွစ်ဇလန်နိုင်ငံ ဘရပ်ဆဲလ်တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ဇီယွန် ကွန်ဂရက်အစည်းဝေးကတည်းက ပါလက်စတိုင်းအား သိမ်းပိုက်ရန် ဂျူးလူမျိုးများ ကစီစဉ်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် အရှေ့ဥရောပရှိ ဂျူးလူမျိုးများမှာ ပါလက်စတိုင်းနယ်မြေသို့ တရားမ၀င်ရောက်နေထိုင်ခဲ့ကြပြီး အမေရိကန်နှင့် အနောက်နိုင်ငံအချို့၏အကူအညီဖြင့် ပါလက်စတိုင်းများကိုသတ်ဖြတ်ကာ၊ နယ်မြေများကို အပိုင်စီးပြီး ၁၉၄၈ ခုနှစ် မေလတွင် အစ္စရေးနိုင်ငံအဖြစ်ထူထောင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ အစ္စရေးမှာ ယခုအချိန်အထိ နည်းမျိုးစုံဖြင့် ပါလက်စတိုင်းပိုင်နယ်မြေများကို သိမ်းပိုက်လျက်ရှိသည်။