News @ M-Media

Tag: israeli-raids-gaza

  • ဂါဇာ ကလေးငယ် ၄ သိန်းနီးပါးမှာ စိတ်ပိုင်းဆိုင်ရာ အကူအညီများ လိုအပ်နေ

    ဂါဇာ ကလေးငယ် ၄ သိန်းနီးပါးမှာ စိတ်ပိုင်းဆိုင်ရာ အကူအညီများ လိုအပ်နေ

    သြဂုတ် ၂၂ ၊ ၂၀၁၄
    M-Media
    NYHQ2014-0901
    – အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုကို ခံနေရသည့် ဂါဇာဒေသတွင် ပါလက်စတိုင်း ကလေးငယ် ၄ သိန်းနီးပါးမှာ ကနဦး စိတ်ပိုင်းဆိုင်ရာ အကူအညီများကို ချက်ခြင်း လိုအပ်နေသည်ဟု ယူနီဆက်ဖ်က ပြောကြားလိုက်သည်။

    “(အစ္စရေးမှ ကျူးကျော်တိုက်ခိုက်မှု၏) ဆိုးကျိုးတွေက ရုပ်ပိုင်းဆိုင်ရာမှာ တော်တော်လေးကို များပြားပြီး သေဆုံးဒဏ်ရာရသူတွေ၊ အခြေခံအဆောက်အအုံတွေ ပျက်ဆီးတာတွေ ရှိနေပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးကတော့ ဘယ်သူမှမသိတဲ့ ခံစားမှုပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်မှုတွေပါပဲ။ ဂါဇာမှာ ဘယ်နေရာမှ လုံခြုံမှုမရှိဘူးဆိုတဲ့ ခံစားမှုမျိုးက ကောင်းမွန်တဲ့ ဖီလင်မျိုးတော့ မဟုတ်ပါဘူး” ဟု
    ဂါဇာဒေသ ဆိုင်ရာ ယူနီဆက်ဖ် အကြီးအကဲ ပါနီလာ အိုင်းရင်းဆိုက်က ကုလသမဂ္ဂ ရုံးချုပ်တည်ရှိရာ နယူးယောက်တွင် ယမန်နေ့ကပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    အစ္စရေးတို့၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့် ၄၈ နာရီအတွင်း ဂါဇာတွင် ကလေးငယ် ၉ ဦး သေဆုံးခဲ့ပြီး ကျူးကျော်တိုက်ခိုက်မှု စတင်ခဲ့သည့် ဇူလိုင်လအစောပိုင်းမှစ၍ သေဆုံးခဲ့သည့် ကလေးငယ် အရေအတွက် ၄၉၆ ဦး ရှိလာခဲ့ပြီဖြစ်သည်။

    ယာယီအပစ်ရပ်ရေး ပျက်ပြယ်သွားခဲ့ပြီးနောက် အင်္ဂါနေ့မှ စတင်ကာ အစ္စရေးက ဂါဇာဒေသအား လေကြောင်းမှ ကျူးကျော်တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်ခဲ့ပြီး ယမန်နေ့ တိုက်ခိုက်မှုအတွင်းမှာပင် ကလေငယ်များအပါအ၀င် ပါလက်စတိုင်း ၂၀ ကျော် သေဆုံးခဲ့ည်။

    ထို့ကြောင့် ၁ လကျော်ကြာ ကြာမြင့်ခဲ့သည့် တိုက်ခိုက်မှုများအတွင်း သေဆုံးသူ ပါလက်စတိုင်း အရေအတွက်မှာ ၂၀၉၀ ရှိလာပြီဖြစ်ပြီး၊ ဒဏ်ရာရသူ သောင်းနှင့်ချီ၍ ရှိနေကာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ သန်းချီရှိနေသည်။

  • ဂါဇာ အပစ်ရပ်ရေး ပျက်ပြယ်ပြန်၊ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဂါဇာပြည်သူ အနည်းဆုံး ၃ ဦးသေဆုံး

    ဂါဇာ အပစ်ရပ်ရေး ပျက်ပြယ်ပြန်၊ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဂါဇာပြည်သူ အနည်းဆုံး ၃ ဦးသေဆုံး

    သြဂုတ် ၂၀၊ ၂၀၁၄
    M-Media
    Gaza_truce_in_tatters_as_violence_resumes_-_Middle_East_-_Al_Jazeera_English_-_2014-08-20_14.58.08
    – တစ်ပတ်တာ ကြာမြင့်ခဲ့သည့် ဂါဇာကမ်းမြှောင် အပစ်ရပ်ရေးမှာ ယမန်နေ့က ပျက်ပြယ်သွာခဲ့ပြီး အစ္စရေးက လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး ပါလက်စတိုင်း ၃ ဦး သေဆုံးသွား ခဲ့သည်ဟု သိရသည်။

    ထိုကဲ့သို့ ပျက်ပြယ်ခဲ့ခြင်းအတွက် အစ္စရေးနှင့် ဟားမက်စ်တို့က အပြန်အလှန် အပြစ်တင်နေကြပြီး အမြဲတမ်းငြိမ်းချမ်းရေး ရရှိရန် ကိုင်ရိုတွင် ဆွေးနွေးမှုများပြုလုပ်နေသည့်  ကိုယ်စားလှယ်အဖွဲ့ကို အစ္စရေးက ပြန်လည်ခေါ်ယူခဲ့သည်။

    ရှိခ် ရဒ်ဝန် ခရိုင်တွင် အစ္စရေး၏ လေကြောင်းမှ တိုက်ခိုက်မှုအတွင်း အမျိုးသမီး နှစ်ဦးနှင့် ကလေးတစ်ဦး သေဆုံးခဲ့ပြီး ရာဖာအနီး တိုက်ခိုက်မှုတွင်လည်း ကလေးနှစ်ဦး ဒဏ်ရာရခဲ့သည်။

    ဟားမက်စ်အဖွဲခွဲ့ ကွာဆမ် ဘရီဂိတ်ကလည်း ၎င်းတို့အနေဖြင့် အစ္စရေးဘက်သို့ ဒုံးကျည်များ ပစ်ခတ်ခဲ့သည်ဟု Twitter စာမျက်နှာတွင် ဖော်ပြခဲ့သည်။

    Al Jazeera and agencies

  • ဂါဇာအပစ်ရပ်ရေး ၂၄ နာရီ ထပ်မံသက်တမ်းတိုး၊ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်မည်

    ဂါဇာအပစ်ရပ်ရေး ၂၄ နာရီ ထပ်မံသက်တမ်းတိုး၊ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်မည်

    သြဂုတ် ၁၉၊၂၀၁၄
    M-Media
    4E8BE81514B5865765A86A31166DB2_h427_w622_m2_q100_cFCGHMPSH
    – ဂါဇာဒေသ အမြဲတမ်းအပစ်ရပ်ရေး ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်နိုင်ရန်အတွက် ၂၄ နာရီကြာ အပစ်ရပ်ရေး သက်တမ်းတိုးမှုကို အစ္စရေးနှင့် ဟားမက်စ်တို့က ယမန်နေ့တွင် သဘောတူညီခဲ့ကြသည်ဟု သိရသည်။

    ဒုတိယအကြိမ် ငါးရက်တာအပစ်ရပ်ရေးမှာ ယမန်နေ့တွင် နှောင်းပိုင်းတွင် ပြည့်ခဲ့ပြီး ထိုအပစ်ရပ်ရေးအတွင်း ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုများတွင် အစ္စရေးနှင့် ပါလက်စတိုင်းတို့ ကွာဟမှုများ ရှိနေသောကြောင့် ယခုကဲ့သို့ သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။

    ကိုင်ရိုတွင် ဆွေးနွေးမှုများပြုလုပ်နေသည့် ပါလက်စတိုင်း တာဝန်ရှိသူတစ်ဦးကမူ ထိုကဲ့သို့ သက်တမ်းတိုးနိုင်ခဲ့ခြင်းမှာ ဆွေးနွေးညှိနှိုင်းမှုများကို အဆုံးသတ်ရန် အတွက် နှစ်ဘက်စလုံးအား အချိန် ရရှိစေခဲ့သည်ဟု ပြောကြားခဲ့သည်။

    ဂါဇာရှိ ပါလက်စတိုင်းအကြီုးတန်းအရာရှိကမူ အခြခံကုန်ပစ္စည်းများ စီးဆင်းရန် အတွက် ဂါဇာနယ်ခြားအား ဖွင့်ပေးရန်နှင့် မြေထဲပင်လယ်ရှိ ရေပိုင်နက်အသုံးချခွင့် တိုးမြှင့်ပေးရေး အချက်နှစ်ချက် အတွက် ထပ်မံဆွေးနွေးရန်မှ လွဲ၍ အားလုံးနီးပါး သဘောတူညီချက်ရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ဟားမက်စ်က တောင်းဆိုထားသည့် ဆိပ်ကမ်း ဖွင့်ပေးရေးနှင့် လေယာဉ်ကွင်း တည်ဆောက်ခွင့်ပေးရေးတို့ကိုမူ အစ္စရေးက နောက်တစ်ဆင့်တွင်မှ ထပ်မံဆွေးနွေးမည်ဟု ပြောကြားထားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Al Jazeera and agencies

  • အစ္စရေး စစ်သားများ ဂါဇာ အနိဌာရုံ ဓါတ်ပုံများ လက်ဆောင်ရရှိ၊ ဂါဇာကျူးကျော်မှုကို အားပေးသော တီရှပ်များကိုလည်း ၀တ်ဆင်နေ

    အစ္စရေး စစ်သားများ ဂါဇာ အနိဌာရုံ ဓါတ်ပုံများ လက်ဆောင်ရရှိ၊ ဂါဇာကျူးကျော်မှုကို အားပေးသော တီရှပ်များကိုလည်း ၀တ်ဆင်နေ

    သြဂုတ် ၁၅၊ ၂၀၁၄
    M-Media
    375024_Gaza
    – ကျူးကျော်တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဂါဇာဒေသ၏ ဓာတ်ပုံများကို အစ္စရေး စစ်သားများအား အမှတ်တရပစ္စည်းအဖြစ် လက်ဆောင်ပေးအပ်နေသည်ဟု အစ္စရေး စစ်တပ်သတင်းရင်းမြစ်များက ဖော်ပြထားသည်။

    အဆိုပါ အပျက်အဆီး ဓာတ်ပုံများတွင် ဂါဇာရှိ ရှီဂျိုင်ယာခရိုင်အား မတိုက်ခိုက်ခင်နှင့် တိုက်ခိုက်ပြီးအချိန် ပုံများကို ယှဉ်တွဲပြသထားမှုလည်း ပါဝင်သည်။ ရှီဂျိုင်ယာခရိုင်ကို အစ္စရေးတို့က ဇူလိုင် ၂၀ ရက်နေ့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးများနှင့် ကလေးငယ်များအပါအ၀င် အရပ်သား အများအပြား သေဆုံးခဲ့ရသည်။

    အလောင်းများမှာ လမ်းမပေါ်များတွင် ပြန့်ကျဲလျက်ရှိနေပြီး အရေးပေါ် ၀န်ဆောင်မှုများနှင့် လူနာတင်ယာဉ်များကိုလည်း အဆိုပါဒေသအတွင်းသို့ အစ္စရေးက ၀င်ရောက်ခွင့်မပြုခဲ့ပေ။ ဂါဇာဒေသအား အစ္စရေးမှ ကျူးကျော်တိုက်ခိုက်မှုများကို ကမ္ဘာတစ်ဝှမ်းလုံးက ရှုတ်ချခဲ့ကြပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ နဗီးပီလေးကမူ အစ္စရေး၏ လုပ်ရပ်များမှာ စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်၍ရနေပြီဟု ပြောကြားခဲ့သည်။

    ထို့ပြင် ဂါဇာအား ကျူးကျော်မှုကိုထောက်ခံအားပေးသည့် ကျွေးကြော်သံများကို ရေးသားထားသော တီရှပ်ကို ၀တ်ဆင်ထားသည့် အစ္စရေး တစ်ဦး၏ ဓာတ်ပုံကိုလည်း  Dail Mail သတင်းစာက ယမန်နေ့တွင် ဖော်ပြခဲ့သည်။
    375309_Israeli-soldier
    Deployed, Destroyed, Enjoyed Gaza 2014 (စီးနင်းကြ၊ ဖျက်ဆီးကြ၊ ပျော်ရွှင်ကြ ဂါဇာ ၂၀၁၄) ဟု ရေးသားထားသည့် တီရှပ်ဖြစ်ပြီး အစ္စရေး စစ်သားဟောင်းတစ်ဦးဟု ယုံကြည်ရသူက ၀င်ဆင်ထားကာ အရှေ့ဂျေရုစလင်ရှိ ဆိုင်တစ်ခုတွင် မိတ်ဆွေများနှင့် စကားပြောနေစဉ် AP ဓာတ်ပုံသတင်းထောက်က ဓာတ်ပုံ ရိုက်ယူခဲ့ခြင်းဖြစ်သည်။

    ထိုဓာတ်ပုံမှာ  အင်တာနက်တွင် လျင်မြန်စွာပြန်နှံ့သွားခဲ့ပြီး လူမဆန်သည့် လုပ်ရပ်ဟု ဝေဖန်မှုအများအပြားလည်း ပေါ်ထွက်လာခဲ့သည်။

    ဟားမက်စ်က ဒုံးကျည်များဖြင့် ပစ်ခတ်မှုကို တုံ့ပြန်သည်ဟုဆိုကာ ဇွနလ ၈ ရက်နေ့မှ စတင်၍ အစ္စရေးတို့က ဂါဇာဒေသအား လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ၁၄ ရက်နေ့တွင် မြေပြင်တပ်များဖြင့် ၀င်ရောက်တိုက်ခိုက်ခဲ့သည်။

    အစ္စရေးတို့၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၁၉၆၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်သည်။ ထို့ပြင် တစ်သောင်းကျော် ဒဏ်ရာရရှိခဲ့ပြီး သန်းဝက်ခန့်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    Press TV

  • ဂါဇာမှာ နောက်ထပ် ၅ ရက် အပစ်ရပ်ဖို့ အစ္စရေးနှင့် ပါလက်စတိုင်းတို့ သဘောတူ

    ဂါဇာမှာ နောက်ထပ် ၅ ရက် အပစ်ရပ်ဖို့ အစ္စရေးနှင့် ပါလက်စတိုင်းတို့ သဘောတူ

    သြဂုတ် ၁၄ ၊ ၂၀၁၄
    M-Media

    2014813213251156734_20
    ဒုတိယအကြိမ် ၃ ရက်တာ အပစ်ရပ်စဲရေး မကုန်ဆုံးခင် ဂါဇာမှာ နောက်ထပ် ၅ ရက်တာ အပစ်ခတ်ရပ်စဲဖို့ အစ္စရေးနဲ့ ဟားမက်စ်တို့ သဘောတူလိုက်ကြကြောင်း သိရပါတယ်။

    အစ္စရေးနဲ့ ပါလက်စတိုင်း စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ တွေ့ဆုံဆွေးနွေးနေကြတာဖြစ်ပါတယ်။

    ပါလက်စတိုင်းပိုင်နက်အားလုံးကို ဖွင့်ပေးရန်နှင့် မတရားဖမ်းဆီးထားသည့် ပါလက်စတိုင်း အကျဉ်းသားများအား ပြန်လည် လွှတ်ပေးရန် ပါလက်စတိုင်းတို့က တောင်းဆိုထားပြီး အစ္စရေးမှ အဆိုပါအချက်များကို လိုက်လျောမည့် ပုံစံမပြဘဲ ဂါဇာဒေသတွင် လက်နက်ကိုင် ကင်းမဲ့ဇုန်ဖြစ်ရေးကိုသာ အလိုရှိနေတာဖြစ်ပါတယ်။

    ဇူလိုင် ၈ ရက်နေ့က စတင်တဲ့ခဲ့တဲ့ အစ္စရေးရဲ့ ကျူးကျော်မှုကြောင့် ဂါဇာဒေသမှ ပါလက်စတိုင်းပြည်သူ ၂၀၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှ အရပ်သားမိန်းကလေးနှင့် ကလေးငယ်များဖြစ်ကြပါတယ်။ အစ္စရေးဘက်မှ ၆၇ ဦး သေဆုံးပြီး ၆၄ ဦးက စစ်သားတွေဖြစ်ပါတယ်။