News @ M-Media

Tag: Japan

  • ဂျပန်နိုင်ငံ၏ ထင်ရှားသည့် ယဉ်ကျေးမှုဆိုင်ရာဆုကို ပါကစ္စတန် ဗိသုကာပညာရှင် ရရှိ

    ဂျပန်နိုင်ငံ၏ ထင်ရှားသည့် ယဉ်ကျေးမှုဆိုင်ရာဆုကို ပါကစ္စတန် ဗိသုကာပညာရှင် ရရှိ

    မေ ၃၁၊ ၂၀၁၆
    M-Media

    paki woman

    – အာရှဒေသ ယဉ်ကျေးမှုအနုပညာနယ်ပယ်တွင် ထူးချွန်သူများကို ပေးအပ်ချီးမြှင့်သည့် ဂျပန်နိုင်ငံ၏ Fukuoka ဆုမှ ၂၀၁၆ ခုနှစ်အတွက် အာရှယဉ်ကျေးမူဆိုင်ရာဆုကို ပါကစ္စတန်နိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးဗိသုကာပညာရှင် ယာစမင်း လာရီက ရရှိခဲ့သည်ဟု သိရသည်။

    ယာစမင်းမှာ အာရှယဉ်ကျေးမှုကို ထိန်းသိမ်းမှုနှင့် ဖန်တီးဖော်ထုတ်မှုတို့တွင် ပြောင်မြောက်သော ၎င်း၏ စွမ်းဆောင်မှုများအတွက် ယခုကဲ့သို့ ရရှိခဲ့ခြင်းဖြစ်သည်။

    အောက်စဖို့ဒ် ဗိသုကာသင်တန်းကျောင်းမှ ဘွဲ့ရခဲ့သည့် ယာစမင်း လာရီမှာ ပါကစ္စတန်တွင် သမိုင်းအမွေအနှစ်ဖောင်ဒေးရှင်း တည်ထောင်ခဲ့သည့် ၁၉၈၀ ပြည့်နှစ်မှစ၍ ခေတ်ပြိုင် အဆောက်အဦး ဒီဇိုင်းများကို ဖန်တီးခဲ့ရုံသာမက သမိုင်းဝင် ရှေးဟောင်းအဆောက်အဦးများအား ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများတွင်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။

    ၂၀၀၅ ခုနှစ် ပါကစ္စတန်ငလျင်လှုပ်ခတ်မှု နောက်ပိုင်းတွင်လည်း ယာစမင်းမှာ ထိခိုက်ဒဏ်ရာရသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ထိုအချိန်မှစ၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို တောက်လျှောက် လုပ်ဆောင်လာခဲ့သည်။

    ပါကစ္စတန်၏ ပထမဆုံး အမျိုးသမီး ဗိသုကာပညာရှင်တစ်ဦးဖြစ်သည့် သူမမှာ ၁၉၆၄ ခုနှစ်တွင် ဗိသုကာဆိုင်ရာ ရုံးခန်းတစ်ခု ဖွင့်လှစ်ခဲ့သည်။

    Fukuoka ဆုကို ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာမြို့တစ်မြို့ဖြစ်သော ဖူကူအိုကာမြို့က ၁၉၉၀ ပြည့်နှစ်တွင် စတင်ချီးမြှင့်ခြင်းဖြစ်ပြီး အနုပညာလက်ရာ၊ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ အက၊ ဗိသုကာတို့ အပါအ၀င် အာရှဒေသအတွင်းရှိ ယဉ်ကျေးမှုအနုပညာနယ်ပယ်တွင် ထူးချွန်သောသူများအား နှစ်စဉ် ရွေးချယ်ပေးအပ်ခြင်းဖြစ်သည်။

    Ref: The News

  • အမေရိကန်က နျူဗုံးကြဲခဲ့သည့် ဟီရိုရှီးမားသို့ အိုဘားမား သွားရောက်

    အမေရိကန်က နျူဗုံးကြဲခဲ့သည့် ဟီရိုရှီးမားသို့ အိုဘားမား သွားရောက်

    မေ ၂၇၊ ၂၀၁၆
    M-Media

    obama 3

    – ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားမှာ ၁၉၄၅ ခုနှစ်က အမေရိကန်တို့ အနုမြူဗုံး ကြဲကျခဲ့သည့် ဟီရိုရှီးမားမြို့သို့ ယနေ့တွင် သွားရောက်ကာ သေဆုံးသွားသူများအား ဂါရ၀ပြုခဲ့သည်ဟု သိရသည်။

    အိုဘာမား၏ ထိုသွားရောက်မှုမှာ နျူကလီးယားတိုက်ခိုက်မှုပြီးနောက် ရာထူးရှိ အမေရိကန်သမ္မတတစ်ဦး၏ ပထမဆုံး သွားရောက်မှုလည်းဖြစ်သည်။ အိုဘားမားမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်အတူ Hiroshima Peace Memorial Park သို့ သွားရောက်ခဲ့ပြီး လွမ်းသူပန်းခွေချခဲ့သည်။

    ထို့နောက် ကမ္ဘာ့ပထမဆုံး နျူကလီးယားဖြင့် တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သည့် ဂျပန်ပြည်သူ ၁၄၀၀၀၀ အား ဂါရ၀ပြုခဲ့သည်။

    “လွန်ခဲ့တဲ့ ၇၁ နှစ်က သေခြင်းတရားဟာ ကောင်းကင်ပေါ်က ကျလာခဲ့ပြီး ကမ္ဘာကြီးကလည်း ပြောင်းလဲသွားပါတယ်” ဟု အိုဘားမားက ၎င်း၏ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ၁၉၄၅ ခုနှစ် သြဂုတ် ၆ ရက်နေ့က ဟီရိုရှီးမားမြို့တွင် ဖြစ်ပွားခဲ့သည့် ထိုခံစားရမှုကို မည်ကဲ့သို့ ကာကွယ်ရမည်ဆိုသည့် ကိစ္စအတွက် ကမ္ဘာကြီးမှာ ခွဲဝေယူရမည့် တာဝန်များရှိကြောင်း၊ အမေရိကန်မှ ကြဲကျခဲ့သည့် အဆိုပါ ဗုံးက လူသားများမှာ မိမိကိုယ်ကို ဖျက်ဆီးနိုင်သည့် နည်းလမ်းများ ပိုင်ဆိုင်နေသည်ကို ပြသနေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    နျူတိုက်ခိုက်မှုမှ လွတ်မြောက်လာသည့်သူများနှင့်လည်း အိုဘားမားက တွေ့ဆုံခဲ့သည်။

    Ref: Aljazeera

  • ဂျပန်အမျိုးသမီးတစ်ဦးကို အမေရိကန် ရေတပ်စစ်သားက အဓမ္မပြုကျင့်မှု  ဂျပန်က တရားဝင် ကန့်ကွက်

    ဂျပန်အမျိုးသမီးတစ်ဦးကို အမေရိကန် ရေတပ်စစ်သားက အဓမ္မပြုကျင့်မှု ဂျပန်က တရားဝင် ကန့်ကွက်

    မတ် ၁၅၊ ၂၀၁၆
    M-Media

    japan

    – အိုကီနာဝါကျွန်းမှာ ဂျပန်ကမ္ဘာ့လှည့်ခရီးသွား တစ်ဦးကို အဓမ္မပြုကျင့်တယ်ဆိုတဲ့ သံသယနဲ့ အမေရိကန်ရေတပ်သားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ဂျပန်က ထိုအဖြစ်အပျက်အတွက် ဒေါသထွက်ကြောင်း တရားဝင် ပြောကြားခဲ့ပြီး၊ အိုကီနာဝါကျွန်းမှာ အငြင်းပွားဖွယ်ဖြစ်နေတဲ့ အမေရိကန် လေတပ်အခြေစိုက်စခန်း တည်ဆောက်ဖို့ အစီအစဉ်ကိုလည်း ရိုက်ခတ်မှုတွေ ရှိနိုင်ပါတယ်။

    အမေရိကန်ရေတပ်စခန်း Schwab မှာ လုပ်ကိုင်သူ ဂျပ်စတင် ကက်စတီလာနို့စ်က အသက် ၃၀ ကျော် အရွယ်ခန့်ရှိတဲ့ အမျိုးသမီးတစ်ဦးကို အိုကီနာဝါကျွန်းတောင်ပိုင်းမှာရှိတဲ့ နာဟာမြို့က ဟိုတယ်တစ်ခုမှာ အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ စွပ်စွဲခံထားရတာပါ။

    “အခုလိုဖြစ်ပျက်ခဲ့တဲ့အတွက် အင်မတန် ၀မ်းနည်းကြေကွဲရပါတယ်” လို့ ကက်ဘိနက်အတွင်းရေးမှူး ယိုရှီဟိုက်ဒီ ဆူဂါက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဂျပန်အစိုးရကလည်း ဒီလိုအဖြစ်အပျက်မျိုးနောက်ထပ်မဖြစ်စေဖို့ အတွက် စည်းကမ်းတင်းကြပ်ဖို့ အမေရိကန်ကို တောင်းဆိုခဲ့ပါတယ်။

    အခု အဓမ္မပြုကျင့်တယ်ဆိုတဲ့ကိစ္စကို အမေရိကန်အာဏာပိုင်တွေက စုံစမ်းနေပြီး၊ အသက် ၂၄ နှစ်အရွယ် ကက်စတီလာနို့စ်ဟာ အပြစ်ရှိကြောင်း တွေ့ရတယ်ဆိုရင်တော့ အင်မတန်ဝမ်းနည်းရပါလိမ့်မယ်လို့ ပြောဆိုထားကြောင်း ဆူဂါက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ကာယကံရှင်ကတော့ စွပ်စွဲခံရမှုနဲ့ပက်သက်လို့ ငြင်းဆိုထားပြီး ၎င်းအနေနဲ့ အမျိုးသမီးကို ကော်ရစ်ဒါမှာ အိပ်ပျော်နေတာ တွေ့လိုက်ရတဲ့အတွက် အခန်းထဲသို့ ပို့ပေးခဲ့တာလို့ ပြောထားပါတယ်။ အိုကီနာဝါအုပ်ချုပ်ရေးမျူး တာကီရှီ အိုနာဂါက အဓမ္မပြုကျင့်မှု တကယ်ပဲဖြစ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

    “ဒါဟာ အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့ ရာဇ၀တ်မှုကြီးတစ်ခု ဖြစ်ပါတယ်။ ဒါကို ဘယ်လိုမှ သည်းခံနိုင်မှာ မဟုတ်ပါဘူး” လို့ အိုနာဂါက ဆိုပြီး၊ ဒီကိစ္စဟာ ကျွန်းရဲ့ အဓိကလုပ်ငန်းဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကိုလည်း ထိခိုက်မှုရှိနိုင်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အိုကီနာဝါဟာ ဂျပန်လူဦးရေရဲ့ တစ်ရာခိုင်နှုန်းခန့် နေထိုင်ရာနေရာဖြစ်ပြီး ဂျပန်မှာ အခြေစိုက်တဲ့ အမေရိကန်တပ်သား ၄၇၀၀၀ ရဲ့ထက်ဝက်နီးပါးကို လက်ခံထားရတာဖြစ်ပါတယ်။

    Ref: RT

  • ယာကူဇာဂိုဏ်းအား နှိမ်နင်းရန် ဂျပန်က အထူးတပ်ဖွဲ့တစ်ခု ဖွဲ့စည်း

    ယာကူဇာဂိုဏ်းအား နှိမ်နင်းရန် ဂျပန်က အထူးတပ်ဖွဲ့တစ်ခု ဖွဲ့စည်း

    မတ် ၉၊ ၂၀၁၆
    M-Media

    japan 6

    – ယာကူဇာအပါအ၀င် နိုင်ငံအတွင်းက ရာဇ၀တ်ဂိုဏ်းတွေကို တိုက်ဖျက်နှိမ်နင်းဖို့အတွက် ဂျပန်ရဲတပ်ဖွဲ့က အထူးတပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

    ယာမာဂူချီ-ဂူမီလို့ခေါ်တဲ့ ဂိုဏ်းတစ်ခု ပြီးခဲ့တဲ့နှစ်အတွင်းက ခွဲထွက်ခဲ့ပြီးတဲ့နောက်ပိုင်း ဂျပန်ရဲတပ်ဖွဲ့ဟာ နိုင်ငံအတွင်းက အကြီးဆုံး ယာကူဇာ ရာဇ၀တ်ဂိုဏ်းကြီးကို တောက်လျှောက်တိုက်ခိုက်ခဲ့တာပါ။ ယာကူဇာဂိုဏ်းမှာ အဖွဲ့တွင်းတိုက်ခိုက်မှုတွေဖြစ်ပြီး အဓိကအဖွဲ့ကနေ အနည်းဆုံး ၁၀ ခုလောက် ခွဲထွက်ကုန်ကြကာ ကိုဘေး ယာမာဂူချီ-ဂူမီလို့ခေါ်တဲ့ ပြိုင်ဘက်ဂိုဏ်းတစ်ခုကို ဖွဲ့စည်းခဲ့ကြပါတယ်။

    အဆိုပါအဖွဲ့ကွဲမှုကနေ ၁၉၈၀ တုန်းကလို လူဆိုးဂိုဏ်းတွေအချင်းချင်း သွေးချောင်းစီး တိုက်ခိုက်တာမျိုးတွေ ပြန်ဖြစ်မှာကို ရဲတွေကလည်း စိုးရွံ့နေကြပါတယ်။ အဲဒီဂိုဏ်းနှစ်ခုဟာ လက်ရှိအချိန်မှာ အပြန်အလှန်တိုက်ခိုက်နေကြတဲ့ အခြေအနေမျိုးမှာ ရှိနေတယ်လို့ ဂျပန်ရဲတပ်ဖွဲ့က တနင်္လာနေ့မှာ ကြေငြာခဲ့ပြီး တိုက်ခိုက်မှုတွေတိုးမြှင့်လုပ်ဆောင်ဖို့အတွက် ဌာနချုပ်တွေကိုလည်း ဖွဲ့စည်းထားကြတယ်လို့ ဆိုပါတယ်။

    အဖွဲ့ဝင် ၂၃၀၀၀ လောက်ရှိတဲ့ ယာမာဂူချီ-ဂူမီဂိုဏ်းဟာ ကမ္ဘာ့အကြီးဆုံး ရာဇ၀တ်ဂိုဏ်းကြီးတစ်ခု ဖြစ်ပြီး၊ ရဲတွေရဲ့နှိမ်နှင်းမှုတွေနဲ့ အဖွဲ့ဝင်သစ်တွေ စုဆောင်းရ ခက်လာတာကြောင့် မကြာသေးမီနှစ်တွေမှာ ပြဿနာအမြောက်အများနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

    ဂျပန်မာဖီးယားလို့ခေါ်တဲ့ ယာကူဇာအဖွဲ့ဟာ လောင်းကစား၊ မူးယစ်ဆေးနဲ့ လိင်လုပ်ငန်းတွေကနေစပြီး ကြေးစားလူသတ်လုပ်ငန်း၊ ရာဇ၀တ်အဖွဲ့တွေကို အကာအကွယ်ပေးတဲ့လုပ်ငန်း၊ အစိုးရအရာရှိတွေနဲ့ပေါင်းပြီး ရာဇ၀တ်မှုလုပ်ငန်းတွေအထိ လုပ်ဆောင်နေကြပါတယ်။

    ဂျပန်မှာ ယာကူဇာအဖွဲ့ဝင်ခြင်းဟာ ဥပဒေချိုးဖောက်မှုဖြစ်တယ်လို့ သတ်မှတ်ထားပေမယ့် ယာကူဇာအဖွဲ့ကတော့ နိုင်ငံတစ်ဝှမ်းက မြို့တိုင်းနီးနီမှာ အဖွဲ့ချုပ်တွေ ရှိနေပါတယ်။

    Ref: Presstv

  • အိုကီနာဝါကျွန်းတွင် အမေရိကန်တပ်စွဲမှုကို ယာယီရပ်ဆိုင်ထားမည်

    အိုကီနာဝါကျွန်းတွင် အမေရိကန်တပ်စွဲမှုကို ယာယီရပ်ဆိုင်ထားမည်

    မတ် ၅၊ ၂၀၁၆
    M-Media

    japan 5

    – ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက အိုကီနာဝါကျွန်းပေါ်မှာ အမေရိကန်စစ်စခန်း ပြောင်းရွှေ့နေရာချထားမယ့်အပေါ် ဒေသခံတွေက အပြင်းအထန် ဆန္ဒပြနေတဲ့အတွက် ကျွန်းပေါ်က ဆောက်လုပ်ရေးလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားပေးမယ်လို့ ပြောကြားလိုက်ပါတယ်။

    အမေရိကန်ရဲ့ Futenma လေတပ်စခန်းကို လူဦးရေသိပ်သည်းမှုနည်းတဲ့ အိုကီနာဝါကျွန်းက ဟီနိုကိုမြို့မှာ ပြန်လည်နေရာချထားပေးဖို့ ၁၉၉၆ ခုနှစ်မှာ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေသခံတွေကတော့ အဲဒီအခြေစိုက်စခန်းကို အိုကီနာဝါကျွန်းကနေ အပြီး ဖယ်ရှားစေချင်နေတာပါ။ ဟီနိုကိုသို့ ပြောင်းရွှေ့မှုအပေါ် ဗဟိုအစိုးရနဲ့ ဒေသအစိုးရတို့ အပြန်အလှန် တရားစွဲဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး တိုကျိုအစိုးရနဲ့ အိုကီနာဝါအစိုးရကြား စကားပြောဆိုကြဖို့ ခွင့်ပြုချက်ရခဲ့တဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားဖို့ လက်ခံခဲ့တာဖြစ်တယ်လို့ အာဘေးက ယမန်နေ့မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

    ဒါပေမယ့် အဲဒီ လေတပ်အခြေစိုက်စခန်းကို ဟီနိုကိုသို့ တဖြည်းဖြည်းပြောင်းရွှေ့မယ့် အစီအစဉ်ကတော့ ပြောင်းလဲမယ့် အလားအလာ မရှိပါဘူး။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်နိုင်ငံမှာ အထိနာသွေးမြေကျခဲ့ရတဲ့ တစ်ခုတည်းသောဒေသဖြစ်တဲ့ အိုကီနာဝါဒေသခံတွေက အမေရိကန်တပ်တွေ ထားရှိမှာကို အပြင်းအထန် ဆန္ဒပြခဲ့ကြပါတယ်။

    အဆိုပါဒေသဟာ အမေရိကန်တပ်ဖွဲ့ဝင်အင်အား ၅၀၀၀၀ အခြေစိုက်ရာနေရာ ဖြစ်ပါတယ်။ အဲဒီက ဒေသခံတွေက စခန်းနဲ့ပက်သက်မှုရှိတဲ့ ရာဇ၀တ်မှုနဲ့ ဆူညံသံတွေနဲ့ ပက်သက်လို့လည်း စောဒကတက်ခဲ့ကြပါတယ်။

    အမေရိကန်တပ်သားတွေ ပါဝင်ကျူးလွန်ခဲ့ကြတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေလည်း အမြောက်အများရှိခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်တပ်တွေအနေနဲ့ ဂျပန်မှာ ၂၀၀၅ နဲ့ ၂၀၁၃ ကြား လိင်ပိုင်းဆိုင်ရာ စော်ကားမှုပေါင်း ၁၀၀၀ ကျော် ပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

    ၁၉၉၅ တုန်းက အမေရိကန်တပ်ဖွဲ့ဝင် သုံးယောက်က ဂျပန်ကျောင်းသူတစ်ဦးကို ၀ိုင်းပြီး အဓမ္မပြုကျင့်ခဲ့တဲ့အတွက် ဂျပန်နိုင်ငံတစ်ဝှမ်းမှာ ပြည်သူအများအပြားဟာ လမ်းပေါ်ထွက်ပြီး ဆန့်ကျင်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    Ref: Presstv