News @ M-Media

Tag: Laliga 2015-2016

  • ရော်နယ်ဒိုနေရာအတွက် ဟယ်ရီကိန်းအား ရီးယဲလ်က မျက်စပစ်နေသည်ဟု သတင်းထွက်

    ရော်နယ်ဒိုနေရာအတွက် ဟယ်ရီကိန်းအား ရီးယဲလ်က မျက်စပစ်နေသည်ဟု သတင်းထွက်

    ဇန်န၀ါရီ ၈၊ ၂၀၁၆
    M-Media

    spur

    – အသင်းမှ ထွက်ခွာဖွယ်ရှိနေသည့် ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒို၏နေရာကို အစားထိုးရန်အတွက် ရီးယဲလ်မှာ စပါးအသင်းမှ ဟယ်ရီကိန်းအား ခေါ်ယူရန် ပစ်မှတ်ထားနေသည်ဟု Daily Telegraph က ဖော်ပြခဲ့သည်။

    အသက် ၃၀ အရွယ်ရှိ ရော်နယ်ဒိုမှာ ရီးယဲလ်နှင့် ဖလားလက်မဲ့ တစ်ရာသီကို ဖြတ်သန်းခဲ့ရပြီးနောက် အသင်းမှ ထွက်ခွာတော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။ ရီးယဲလ်နှင့် စပါးတို့မှာ တိုက်စစ်မှူး ဂါရက်ဘေးလ်နှင့် နောက်ခံလူ လူကာမိုဒရစ်တို့၏ အရောင်းအ၀ယ်နှင့်ပတ်သက်၍ ရင်းနှီးသော ဆက်ဆံရေးရှိနေသည်။

    စပါးအသင်း၏ အားထားရသည့် လူငယ်ကစားသမား ဟယ်ရီကိန်းမှာ ၂၀၁၅ ခုနှစ်အစောပိုင်းက အသင်းနှင့် စာချုပ်အသစ် ချုပ်ဆိုထားပြီး ယခုနှစ်ရာသီကုန်တွင် အသင်းမှထွက်ခွာတော့မည်ဟု သတင်းများက ဖော်ပြကြသည်။

    Telegraph ကမူ ဘင်နီတက်ဇ်အား ထုတ်ပယ်ကာ ဇီဒိန်းအား နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက် အသင်းအား ပြန်လည်တည်ဆောက်နေသည့် ရီးယဲလ်အတွက် ရော်နယ်ဒို၏ နေရာတွင် အစာထိုးရန် ဟယ်ရီကိန်းအား မျက်စပစ်နေသည်ဟု ဆိုသည်။

    Ref: Goal

  • ရီးယဲလ်အတွက် အားလုံးပေးဆပ်သွားမည်ဟု နည်းပြသစ် ဇီဒိန်းပြော

    ရီးယဲလ်အတွက် အားလုံးပေးဆပ်သွားမည်ဟု နည်းပြသစ် ဇီဒိန်းပြော

    ဇန်န၀ါရီ ၅၊ ၂၀၁၅
    M-Media

    zidane

    – ရီးယဲလ်အသင်း၏ နည်းပြသစ်အဖြစ် မိမိအား ခန့်အပ်မှုအတွက် ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်အား ကျေးဇူးတင်သည်ဟု ဇီဒိန်းက ပြောကြားလိုက်ပြီး အသင်းအတွက် ပေးဆပ်သွားမည်ဟု ပြောကြားခဲ့သည်။

    အန်ဆယ်လော့တီအား ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်ဖြစ်လာသည့် ဘင်နီတက်ဇ်မှာ အသင်းအား ကျေနပ်လောက်စရာ စွမ်းဆောင်မှုမျိုး ပြသရန် မစွမ်းဆောင်နိုင်ခဲ့သောကြောင့် ယမန်နေ့တွင် ရာထူးမှ အထုတ်ခံခဲ့ရသည်။ ထို့နောက် ရီးယဲလ်ဥက္ကဌ ပီရက်ဇ်က အရန်အသင်းနည်းပြဖြစ်သည့် ဇီနဒင်း ဇီဒိန်းအား နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့သည်။

    “ဒီလိုကြီးကျယ်တဲ့အသင်းကို နည်းပြခွင့်ပေးတဲ့အတွက် အသင်းနဲ့ ဥက္ကဌတို့ကို ကျေးဇူးတင်ပါတယ်။ ဒီနေ့ဟာ ကျွန်တော့်အတွက် အရမ်းကို စိတ်လှုပ်ရှားရတဲ့ နေ့ပါပဲ။ အသင်းကစားသမားတစ်ယောက်အဖြစ် စာချုပ်ချုပ်ခံရတဲ့ အချိန်ကထက်ကို ပိုပါတယ်။ အသင်းအတွက် ကျွန်တော် အားလုံး ပေးဆပ်သွားမှာပါ” ဟု ယမန်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဇီဒိန်းက ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်း၏ ကြေငြာချက်တွင်လည်း ပထမဆုံး ရာသီမှာပင် အသင်းအတွက် ဆုဖလားများ ရယူပေးသွားမည်ဟုဆုံးဖြတ်ထားကြောင်း ဖော်ပြခဲ့သည်။

    Ref: Goal

  • ရက် ၆၀၀ နီးပါးကြာမှ ဇယားကိုပြန်ဦးဆောင်နိုင်တဲ့ အက်သလက်ကိုနဲ့ လာလီဂါပွဲစဉ် ၁၈

    ရက် ၆၀၀ နီးပါးကြာမှ ဇယားကိုပြန်ဦးဆောင်နိုင်တဲ့ အက်သလက်ကိုနဲ့ လာလီဂါပွဲစဉ် ၁၈

    ဇန်န၀ါရီ ၅၊ ၂၀၁၅
    M-Media

    w_900x700_0222115180

    – ဒီတစ်ပတ် လာလီဂါပွဲစဉ် ၁၈ မှာတော့ ဘာစီလိုနာနဲ့ ရီးယဲလ်တို့ နှစ်သင်းစလုံး သရေကျခဲ့ပြီး အက်သလက်တီကိုက ဇယားကို ဦးဆောင်လိုက်ပါတယ်။

    လူငယ်ကစားသမား သောမတ်စ်ရဲ့ တစ်လုံးတည်းသေားဂိုးနဲ့ အိမ်ကွင်းမှာ လီဗန်တေးကို အနိုင်ရခဲ့ပေမယ့် အက်သလက်တီကိုတို့ ဒီ့ထက် ဂိုးပိုရမယ့် အခွင့်အရေးတစ်ချို့ ရခဲ့ပါသေးတယ်။ ဒီပွဲအနိုင်ကြောင့် ၂၀၁၄ ခုနှစ် မေလ ၁၇ ရက်နေ့မှာ လာလီဂါဖလားကို ဆွတ်ခူးပြီးနောက်ပိုင်း ၅၉၅ ရက်ကြာမှာ ပထမဆုံးအနေနဲ့ လာလီဂါကို ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။

    အက်စပန်ညိုကွင်းမှာ ဘာကာတို့ ကစားကွက်သာခဲ့ပေမယ့် ဂိုးရဖို့တော့ အခက်တွေ့ခဲ့ရပြီး ဂိုးမရှိနဲ့ လာလီဂါ နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲသရေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အက်စပန်ညိုကတော့ ဒီရာသီမှာ ဘာစီလိုနာကို ဂိုးမပေးရတဲ့ တစ်သင်းတည်းသောအသင်း ဖြစ်လာခဲ့ပါတယ်။

    ရီးယဲလ်ကလည်းlaliga မက်စ်တဲလားမှာ ရုန်းကန်ခဲ့ရပြီး ဘန်ဇီမာနဲ့ ဘေးလ်တို့က နှစ်ကြိမ်တိုင်တိုင် ဦးဆောင်ဂိုးတွေ သွင်းပေးခဲ့ပေမယ့် ဗလင်စီယာကို ချေပဂိုးတွေ ပြန်ပေးခဲ့ရပြီး သရေတစ်မှတ်သာ ရခဲ့ပါတယ်။

    ဇယားအောက်ခြေနားကနေ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြလာတဲ့ အိုက်ဘာဟာ ဘက်တစ်ကို ၄ ဂိုးပြတ်နဲ့ နှိပ်ကွပ်ခဲ့ပါတယ်။

    ဒီတစ်ပတ်လာလီဂါပွဲ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    အက်စပန်ညို ၀-၀ ဘာစီလိုနာ
    အက်သလက်တီကို ၁-၀ လီဗန်တေး
    မာလာဂါ ၂-၀ ဆလ်တာဗီကို
    ဗယ်လက်ကာနို ၂-၂ ဆိုစီဒက်
    ဂရာနာဒါ ၂-၁ ဆီးဗီးလား
    ဘက်တစ် ၀-၄ အိုက်ဘာ
    ဘီဘာအို ၂-၂ လက်စ်ပါးလ်မက်စ်
    ဒီပို့တီဗို ၁-၂ ဗီလာရီးယဲလ်
    ဗလင်စီယာ ၂-၂ ရီးယဲလ်
    စပို့တင်းဂီဂျွန် ၁-၂ ဂီတာဖေး

  • Ballon d’Or ဆု နောက်ဆုံးစာရင်းတွင် ဘာတိုက်စစ်အတွဲ ဖြစ်သင့်သည်ဟု ဘိုင်ယန်ကွင်းလယ်လူပြော

    Ballon d’Or ဆု နောက်ဆုံးစာရင်းတွင် ဘာတိုက်စစ်အတွဲ ဖြစ်သင့်သည်ဟု ဘိုင်ယန်ကွင်းလယ်လူပြော

    ဇန်န၀ါရီ ၄၊ ၂၀၁၆
    M-Media

    thiago

    – ၂၀၁၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or အတွက် နောက်ဆုံး ဇကာတင် ၃ ယောက်စာရင်းတွင် မက်ဆီ၊ နေးမာနှင့် ဆွာရက်ဇ်တို့ ၃ ဦးစလုံး ပါဝင်သင့်သည်ဟု ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား သီယာဂို အလ်ကန်တာရာက ပြောကြားလိုက်သည်။

    မက်ဆီနှင့် နေးမာမှာ လက်ရှိ နောက်ဆုံး ၃ ဦးစာရင်းတွင် ရီးယဲလ်မှ ရော်နယ်ဒိုနှင့်အတူ ပါဝင်နေသော်လည်း ဆွာရက်ဇ်မှာမူ ပါဝင်နိုင်ခြင်းမရှိချေ။ ဆွာရက်ဇ်မှာ ၂၀၁၅ ခုနှစ်ကို လာလီဂါ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် အဆုံးသတ်ခဲ့ပြီး မက်ဆီနှင့် နေးမာနှင့် ဆွာရက်ဇ်တို့ ၃ ဦး၏ စုစုပေါင်း သွင်းဂိုးမှာလည်း စံချိန်များကို ချိုးဖျက်နိုင်ခဲ့သည်။ ဘာကာကစားသမားဟောင်းဖြစ်သည့် အလ်ကန်တာရာကမူ ၎င်းတို့ သုံးဦးစလုံးကို ချီးကျူးခဲ့သည်။

    “အခုအချိန်မှာ သူတို့ ၃ ယောက်စလုံးဟာ Ballon d’Or မှာ ပါဝင်ဖို့ ထိုက်တန်ပါတယ်။ သူတို့ဟာ ပြိုင်ဘက်ကင်းတဲ့ တိုက်စစ်မှူး ၃ ဦးဖြစ်ပြီး ဇာဗီ-မက်ဆီ-အင်နီယေစတာအတွဲ၊ မက်ဆီ-အီတူး-ဟင်နရီ အတွဲတို့လိုပါပဲ။ သူတို့ ၃ ယောက်ဟာ ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံး တိုက်စစ်အတွဲ ဖြစ်လာမယ့် လမ်းကြောင်းပေါ် ရောက်ရှိနေပါပြီ” ဟု သီယာဂိုက ပြောကြားခဲ့သည်။

    Ref: Goal

  • အက်သလက်တီကိုမှာ လာလီဂါဖလားကို စိန်ခေါ်နိုင်သည်ဟု ဘာကာနည်းပြပြော

    အက်သလက်တီကိုမှာ လာလီဂါဖလားကို စိန်ခေါ်နိုင်သည်ဟု ဘာကာနည်းပြပြော

    ဇန်န၀ါရီ ၂၊ ၂၀၁၆
    M-Media

    baca

    – အနီးကပ်ဆုံးပြိုက်ဘက်ဖြစ်သော အက်သလက်တီကိုမက်ဒရစ်မှာ ယခုနှစ်တွင်လည်း လာလီဂါဆုဖလားအား စိန်ခေါ်နိုင်ချေရှိသည်ဟု ဘာစီလိုနာနည်းပြ လူးဝစ်အန်းရစ်က ပြောကြားလိုက်သည်။

    ဒီယေဂိုဆီမြွန်နီ၏ အသက်လက်တီကိုမှာ ၂၀၁၃-၁၄ ဘောလုံးရာသီက ဘာကာနှင့် ရီးယဲတို့ကို ကျော်ဖြတ်ကာ လာလီဂါချန်ပီယံဆုအား ဆွတ်ခူးနိုင်ခဲ့သည်။ ယခုနှစ်အတွင်လည်း ဘာစီလိုနာနှင့် အမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာတွင်ရှိနေပြီး ရီးယဲလ်အား တစ်ပွဲလျော့ဖြင့် ၂ မှတ်ဖြတ်ထားနိုင်သည်။ ဘာကာနည်းပြကမူ အက်သလက်တီကိုမှာ ယခုနှစ်တွင်လည်း ဆုဖလားအား စိန်ခေါ်နိုင်သည့်အသင်း ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။

    ”အက်သလက်တီကိုဟာ ဆုဖလားအတွက် စာရင်းထဲမှာ ပါဝင်တယ်လို့ ကျွန်တော် အသေအချာ ပြောရဲပါတယ်။ သူတို့ဘယ်လောက်ကောင်းလဲဆိုတာကို ပြသခဲ့ပြီးပါပြီး၊ အမှတ်ပေးဖလားကို သူတို့ စိန်ခေါ်နိုင်တယ်ဆိုတာ ကျွန်တော် သေချာပါတယ်” ဟု လူးဝစ်အန်းရစ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အသင်းမှာ အောင်မြင်မှုကို ပိုမိုဆာလောင်နေသော်လည်း မနှစ်ကကဲ့သို့ ဖလား ၃ လုံး ရရှိရန်အတွက်မူ မျှော်လင့်မထားဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal