News @ M-Media
Tag: Laliga 2015-2016
  • ပရိတ်သတ်၏ ဝေဖန်မှုကို ရီးယဲလ်နည်းပြ တုန့်ပြန်
    ပရိတ်သတ်၏ ဝေဖန်မှုကို ရီးယဲလ်နည်းပြ တုန့်ပြန်
    ဇန်န၀ါရီ ၁၊ ၂၀၁၆
    M-Media
    ben
    – ပရိတ်သတ်များ၏ ဝေဖန်မှုများကို ခံနေရသည့် ရီးယဲလ်နည်းပြ ဘင်နီတက်ဇ်က ၎င်းမှာ ပရိတ်သတ် တောင်းဆိုမှုကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကြိုးစားသွားမည်ဟု အခိုင်အမာ ပြောကြားလိုက်သည်။
    သို့သော်လည်း ဘင်နီတက်ဇ်ကမူ ၎င်း၏ နှစ်သစ်ကူစကားလက်ဆောင်တွင် ပရိတ်သတ်များအား ပြန်လည်တုန့်ပြ
    န်ခဲ့သည်။
    ”ရီးယဲလ်မက်ဒရစ် ပရိတ်သတ်အားလုံးဟာ သေချာမှုနဲ့ စိတ်အေးမှု ရှိရမှာဖြစ်ပြီး အဲဒီအတွက် ကျွန်တော်တို့
    အဆုံးစွန်ဆုံး နိုင်ပွဲတွေရရှိအောင် အလုပ်လုပ်သွားမှာပါ။ ပရိတ်သတ်တွေအတွက် ဆုဖလားတွေကို ကျွန်တော်တို့ အရယူပေးချင်ပြီး အဆုံးအထိ ကြိုးစားအားထုတ်သွားမှာ ဖြစ်ပါတယ်” ဟု ဘင်နီတက်ဇ်က Marca သတ
    င်းစာသို့ ပြောကြားခဲ့သည်။
    Ref: Goal
  • လာမည့်နှစ်တွင် ဘာကာ၏ ဆုဖလားရယူလိုမှု လျော့ကျမသွားဟု မက်ဆီပြော
    လာမည့်နှစ်တွင် ဘာကာ၏ ဆုဖလားရယူလိုမှု လျော့ကျမသွားဟု မက်ဆီပြော
    ဒီဇင်ဘာ ၃၁၊ ၂၀၁၅
    M-Media
    baca
    – ၂၀၁၅ ခုနှစ်တွင် ဆုဖလား ၅ လုံးအထိ ရရှိခဲ့သော်လည်း မိမိတို့အသင်း၏ ဆုဖလားဆာလောင်မှုမှာ လာမည့်နှစ်တွင်လည်း လျော့ကျသွားမည်မဟုတ်ဟု ဘာစီလိုနာအသင်း၏ တိုက်စစ်မှူး မက်ဆီက ပြောကြားလိုက်သည်။
    ယမန်နေ့က ရီးယဲလ်ဘက်တစ်အသင်းအား ၄ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ဘာစီလိုနာမှာ လာလီဂါ၏ ရာသီဝက်ချန်ပီယံ ဖြစ်ခဲ့သည်။ မက်ဆီအတွက် ထိုပွဲမှာ ဘာစီလိုနာတွင် ပွဲပေါင်း ၅၀၀ ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းကမူ လာမည့်နှစ်တွင် ယခုထက်ပို၍ ပိုမိုအောင်မြင်ချင်နေသည်။
    “ကျွန်တော်တို့လုပ်ခဲ့သလို တိုးတက်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ ဆက်ပြီး နိုင်ပွဲတွေရယူချင်တဲ့ လူစာရင်း ကျွန်တော်တို့မှာ ရှိနေပါတယ်။ ၂၀၁၅ ခုနှစ်ဟာ ကြီးကျယ်တဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး ကျွန်တော်တို့ကလည်း ဒီလိုပဲ အဆုံးသတ်ချင်ခဲ့တာပါ” ဟု မက်ဆီက ဘက်တစ်နှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    Ref: Goal
  • ရော်နယ်ဒို၊ ဆွာရက်ဇ်နှင့် နေးမာတို့မှာ မက်ဆီ၏အောက်တွင်သာ ရှိသည်ဟု ဇာဗီပြော
    ရော်နယ်ဒို၊ ဆွာရက်ဇ်နှင့် နေးမာတို့မှာ မက်ဆီ၏အောက်တွင်သာ ရှိသည်ဟု ဇာဗီပြော
    ဒီဇင်ဘာ ၂၈၊ ၂၀၁၅
    M-Media
    messi
    – ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို၊ အသင်းဖော် နေးမာနှင့် ဆွာရက်ဇ်တို့မှာ လက်ဖျားခါလောက်သည့် ကစားသမားများ ဖြစ်သော်လည်း မက်ဆီထက် တစ်ဆင့်နိမ့်သော နေရာတွင်သာ ရှိသည်ဟု ဘာစီလိုနာ၏ ကွင်းလယ်ဖန်တီးရှိ ဇာဗီက ပြောကြားလိုက်သည်။
    မက်ဆီနှင့် ရော်နယ်ဒိုတို့နှစ်ဦးတွင် မည်သူက ပိုမိုကောင်းမွန်သည်ဆိုသော အငြင်းပွားမှုများမှာ မကြာခဏ ဖြစ်ပေါ်လာတတ်ပြီး လွန်ခဲ့သည့်တစ်နှစ်ခန့်မှ စ၍ ၎င်းတို့နှစ်ဦး၏ စာရင်းတွင် ဘရာဇီးလ်တိုက်စစ်မှူး နေးမာနှင့် ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်တို့ ပါဝင်လာခဲ့သည်။ ဇာဗီကမူ အဆိုပါ ကစားသမား ၄ ဦးလုံးအား ချီးကျူးခဲ့သည်။
    “ခရစ္စတီယာနိုရော်နယ်ဒို၊ နေးမာနဲ့ ဆွာရက်ဇ်တို့ဟာ တစ်မူထူးခြားပြီး လက်ဖျားခါလောက်တဲ့ ကစားသမားတွေပါ။ ဒါပေမယ့် သူတို့ဟာ မက်ဆီရဲ့အောက်မှာပဲ ရှိပါတယ်။ တိုက်စစ်ဆင်ဖို့ လိမ်ခေါက်ဖို့ဆိုတာ အခုအချိန်မှာ မခက်ခဲတော့ပါဘူး။ ကစားသမားတွေဟာ ပိုပြီး ကြံ့ခိုင်လာတယ်။ ကစားဖို့လည်း နေရာရှိလာကြပါတယ်။ လီယို (မက်ဆီ) ကတော့ ကက်သီးကတ်သတ်လုပ်တတ်တယ်၊ နေရာလွတ်တွေ ဖန်တီးပေးတယ်။ ဂိုးတွေသွင်းပေးတယ်။ ပွဲတိုင်းကို ထူးခြားအောင် လုပ်ဆောင်ပေးပါတယ်” ဟု ဇာဗီက ပေါ်တူဂီစာစောင်တစ်ခုဖြစ်သော Record သို့ ပြောကြားခဲ့သည်။
    ပြီးခဲ့သည့် ၇ နှစ်အတွင်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီနှင့် ရော်နယ်ဒိုတို့သာ တစ်လှည့်စီ ရယူခဲ့ပြီး ယခုနှစ်တွင်လည်း ၎င်းတို့နှစ်ဦးမှ တစ်ဦးက ရရှိရန် ရေပန်းစားနေသည်။
    Ref: Goal
  • လာလီဂါအပြောင်းအရွှေ့ အရှုပ်တော်ပုံကို ဘလတ္တာထုတ်ဖော်
    လာလီဂါအပြောင်းအရွှေ့ အရှုပ်တော်ပုံကို ဘလတ္တာထုတ်ဖော်
    ဒီဇင်ဘာ ၁၆၊ ၂၀၁၅
    M-Media
    lalig
    – ဘာစီလိုနာကဲ့သို့ပင် ရီးယဲလ်နှင့် အက်သလက်တီကိုမက်ဒရစ် အသင်းများမှာလည်း အပြောင်းအရွှေ့ မသမာမှုများကြောင့် စုံစမ်းစစ်ဆေးမှုများကို ခံနေရသည်ဟု ရာထူးမှ ရပ်ဆိုင်းခံထားရသည့် ဖီဖာဥက္ကဌ ဆပ်ဘလတ္တာက ပြောကြားလိုက်သည်။
    ချန်ပီယံလိဂ်ချန်ပီယံ ဘာစီလိုနာမှာ အသက် ၁၈ နှစ်အောက် ကစားသမားများ ခေါ်ယူမှုတွင် အပြောင်းအရွှေ့ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခဲ့သည့်အတွက် ကစားသမားသစ်များ ခေါ်ယူမှုကို ၂ နှစ် ပိတ်ပင်ခြင်း ခံထားရသည်။ ဘလတ္တာကမူ ရီးယဲလ်နှင့် အက်သလက်တီကိုတို့မှာလည်း အပြစ်ရှိကြောင်း တွေ့ရပါက ထိုကဲ့သို့ အပြစ်မျိုးပေးရန် ဆော်သြခဲ့သည်။
    “ဖီဖာရဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီဟာ ရီးယဲလ်မက်ဒရစ်နဲ့ အက်သလက်တီကိုမက်ဒရစ် အသင်းတွေကိုလည်း ဘာစီလိုနာကျူးလွန်ခဲ့တဲ့ စည်းမျဉ်းဥပဒေ ချိုးဖောက်မှုနဲ့ပဲ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီစုံစမ်းစစ်ဆေးမှု ပိတ်သွားပြီဆိုတာ ကျွန်တော်သိပါတယ်။ ပြစ်ဒဏ်က ဘာလဲဆိုတာကိုတော့ ကျွန်တော်မသိပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ဟာ လွတ်လပ်တဲ့ကော်မတီဖြစ်ပြီး အခုအချိန်မှာ ကျွန်တော်က တာဝန်ရပ်ဆိုင်းခံထားရတာကြောင့် ဖီဖာထဲကို ၀င်လို့မရလို့ပါ” ဟု ဘလတ္တာက Mundo Deportivo သို့ ပြောကြားခဲ့သည်။
    “တကယ်လို့ ဖီဖာရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်လို့ ဘာစီလိုနာက အပြစ်ဒဏ်ပေးခံရရင်၊ ဒီလိုမသမာမှုကျူးလွန်တဲ့ မက်ဒရစ်ကလပ်နှစ်သင်းကလည်း ဒီလိုပြစ်ဒဏ်မျိုးပဲ ခံရသင့်ပါတယ်”
    Ref: Goal
  • ရီးယဲလ် ထိပ်ဆုံးနဲ့ ၅ မှတ်ပြတ်သွားပြီး နှစ်ကောင်တည်းပြေးတဲ့ ပြိုင်ပွဲဖြစ်လာတဲ့ လာလီဂါ ပွဲစဉ် ၁၅
    ရီးယဲလ် ထိပ်ဆုံးနဲ့ ၅ မှတ်ပြတ်သွားပြီး နှစ်ကောင်တည်းပြေးတဲ့ ပြိုင်ပွဲဖြစ်လာတဲ့ လာလီဂါ ပွဲစဉ် ၁၅
    ဒီဇင်ဘာ ၁၅၊ ၂၀၁၅
    M-Media
    laliga
    – ဒီတစ်ပတ်လာလီဂါမှာတော့ ထိပ်ဆုံးကဘာကာ သရေကျမှုကို အက်သလက်တီကိုက အခွင့်အရေးယူနိုင်ခဲ့ပြီး ရီးယဲလ်ကတော့ ရှုံးနိမ့်ခဲ့တာကြောင့် ၅ မှတ် ပြတ်သွားခဲ့ပါပြီ။
    အိမ်ကွင်းနျူးကမ့်မှာ ဘာစီလိုနာတို့ မက်ဆီ၊ ရာကီတစ်တို့ရဲ့ဂိုးတွေနဲ့ ၇၇ မိနစ်အထိ ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့် လူးကပ်စ်ပီရက်စ်ဦးဆောင်တဲ့ ဒီပို့တီဗိုတို့ရဲ့တိုက်စစ်ပိုင်းက အကောင်းဆုံး ဒုက္ခပေးနိုင်ခဲ့ပြီး ၇၇ မိနစ်မှာ ပီရက်ဇ်က ၁ ဂိုး၊ ၈၆ မိနစ်မှာ အဲလက်စ် ဘာဂန်တီနို့စ်က ၁ ဂိုး သွင်းယူပေးခဲ့ကာ ဧည့်သည်အသင်းအတွက် အဖိုးတန်အနိုင်တစ်မှတ်ကို ရယူပေးခဲ့ပါတယ်။
    အက်သလက်တီကိုက ၅ ပွဲဆက်အနိုင်ယူပြီး ဘာကာကို တောက်လျှောက် ဖိအားပေးထားနိုင်ပါတယ်။ အိမ်ကွင်းမှာ ဘီဘာအိုကို ဦးဆောင်ဂိုး ပေးလိုက်ရပေမယ့် ဆာအူလ်နဲ့ ဂိုးသွင်းစက် ဂရီဇ်မန်းတို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပေးခဲ့တာကြောင့် အဖိုးတန် ၃ မှတ် ရခဲ့တာဖြစ်ပါတယ်။ အက်သလက်တီကိုရဲ့ အောင်ပွဲမှာ ဘီဘာအိုရဲ့ အပိုင်ကန်သွင်းချက်တစ်ချို့ကို လက်စွမ်းပြ ကာကွယ်ခဲ့တဲ့ ဂိုးသမား အိုဘလက်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့ပါတယ်။
    ဗီလာရီးယဲလ်ကွင်းမှာlaliga 2 သွားကစားရတဲ့ရီးယဲလ် ဆိုလ်ဒါဒိုရဲ့ ပွဲအစ ၈ မိနစ်မှာ သွင်းခဲ့တဲ့ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ ပွဲတစ်လျှောက်လုံး တစ်ဖြည်းဖြည်း ကစားအားမြှင့်လာတဲ့ရီးယဲလ် ဂိုးတော့ ရအောင်မသွင်းနိုင်ခဲ့ပါဘူး။ ဇယားအောက်ဆုံးက ၃ သင်းမှာ လက်စ်ပါးလ်မက်စ်တစ်သင်းသာ ဒုတိယပိုင်း နောက်ဆုံးမိနစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
    ပွဲစဉ် ၁၅ အပြီးမှာ ဇယားထိပ်ဆုံးက ၆ နေရာဟာ အပြောင်းအလဲ မရှိခဲ့ပါဘူး။ ဒီတစ်ပတ် လာလီဂါပွဲစဉ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ဂီတာဖေးအ ၁-၁ ဆိုစီဒက်
    ဘာစီလိုနာ ၂-၂ ဒီပို့တီဗို
    လီဗန်တေး ၁-၂ ဂရာနာဒါ
    ဆဲလ်တာ ၁-၀ အက်စပန်ညို
    ဆီးဗီးလာ ၂-၀ စပို့တင်း
    လက်စ်ပါးလ်မက်စ် ၁-၀ ဘက်တစ်
    ဗယ်လက်ကာနို ၁-၂ မာလာဂါ
    အိုက်ဘာ ၁-၁ ဗလင်စီယာ
    အက်သလက်တီကို ၂-၁ ဘီဘာအို
    ဗီလာရီးယဲလ် ၁-၀ ရီးယဲလ်မက်ဒရစ်