News @ M-Media

Tag: Laliga 2015-2016

  • နေးမာကို ရီးယဲလ်သို့ခေါ်ယူမည်ဟု ရော်ဘတ်တိုကားလို့စ်ပြော

    နေးမာကို ရီးယဲလ်သို့ခေါ်ယူမည်ဟု ရော်ဘတ်တိုကားလို့စ်ပြော

    ဇန်န၀ါရီ ၁၂၊ ၂၀၁၆
    M-Media

    neymar

    – နေးမာမှာ အနာဂတ်တွင် ရီးယဲလ်အသင်း၏ဂျာစီကို ၀တ်ရဖွယ်ရှိနေပြီး မိမိအနေဖြင့် ၎င်းအား ရီးယဲလ်သို့ ခေါ်ယူနိုင်မည်ဟု နောက်ခံလူဟောင်း ရော်ဘတ်တိုကားလို့စ်က ပြောကြားလိုက်သည်။

    အသက် ၄၂ နှစ်အရွယ်ရှိ ဘရာဇီးနောက်ခံလူဟောင်း ကားလို့စ်က မိမိမှာ ရီးယဲလ်၏ အုပ်ချုပ်မှုပိုင်းသို့ ပြန်လာရန် ဆွေးနွေးနေသည်ဟု မကြာသေးမီက ဖွင့်ဟထားသည်။ ၎င်းရောက်ရှိပါက အနာဂတ်တွင် တစ်နိုင်ငံတည်းသားနေးမာအား ခေါ်ယူနိုင်ရန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။ ကားလို့စ်မှာ ရီးယဲလ်၌ ၁၁ နှစ်ကာလအတွင်း ပွဲပေါင်း ၅၀၀ ကျော် ကစားခဲ့သူဖြစ်သည်။

    “နေးမာကို ရီးယဲလ်ရောက်အောင် ကျွန်တော် ခေါ်ဆောင်နိုင်မှာပါ။ သူက တော်တော်ငယ်သေးပြီး နောက်နှစ်ဆိုရင် Ballon d’Or ဆုမှာ ဒီထက်မြင့်တဲ့အဆင့်နဲ့ အဆုံးသတ်မယ်လို့ ကျွန်တော် အသေအချာပြောရဲပါတယ်” ဟု ကားလို့စ် Punto Pelota သို့ ပြောကြားခဲ့သည်။

    ကားလို့စ် ရီးယဲလ်သို့ရောက်ရှိပါက နည်းပြအဖြစ်ဆောင်ရွက်နေသည့် အသင်းဖော်ဟောင်း ဇီဒိန်းနှင့် လက်တွဲရမည် ဖြစ်သည်။ နေးမာမှာ ယမန်နေ့က ပေးအပ်ခဲ့သည့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or တွင် မက်ဆီနှင့် ရော်နယ်ဒိုတို့၏နောက် တတိယနေရာတွင် ရှိခဲ့သည်။

    Ref: Goal

  • ဇီဒိန်းအဖွင့်လှမှုနဲ့အတူ ထိပ်ဆုံးနေရာ အပြောင်းအလဲမရှိခဲ့တဲ့ လာလီဂါပွဲစဉ် ၁၉

    ဇီဒိန်းအဖွင့်လှမှုနဲ့အတူ ထိပ်ဆုံးနေရာ အပြောင်းအလဲမရှိခဲ့တဲ့ လာလီဂါပွဲစဉ် ၁၉

    ဇန်န၀ါရီ ၁၂၊ ၂၀၁၆
    M-Media

    laliga
    – ဒီတစ်ပတ်လာလီဂါမှာတော့ နည်းပြသစ်နဲ့ရီးယဲလ် ဂိုးပြတ်ခဲ့ပြီး ဘာစီလိုနာကလည်း အားကျမခံ ဂိုးပြတ်နဲ့ အနိုင်ရအောင် ကစားခဲ့ပါတယ်။

    အိမ်ကွင်းဘာနေဗျူး နည်းပြဇီဒိန်းရဲ့ ပထမဆုံးပွဲမှာ ရီးယဲလ်တို့ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ဒီပို့တီဗိုကို ဘေးလ်ရဲ့ ဟက်ထရစ်ဂိုး၊ ဘန်ဇီမာရဲ့ ဂိုး ၂ ဂိုးနဲ့ ၅ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။ အက်သလက်တီကိုရဲ့ ကျော်တက်မှုကို ခံထားရတဲ့ ဘာစီလိုနာကလည်း တန်းဆင်းဇုန်နားက ဂရာနာဒါကို တစ်ဖက်သတ်ကစားကာ ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဂိုးတွေကိုတော့ မက်ဆီက ဟက်ထရစ်နဲ့ နေးမာက ၁ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီဟက်ထရစ်ဟာ မက်ဆီရဲ့ ဒီရာသီ ပထမဆုံးဟက်ထရစ် ဖြစ်ပါတယ်။

    ကစားရခက်တဲ့ အဆင့် ၅ က ဆဲလ်တာဗီဂိုကို အက်သလက်တီကိုက ဒုတိယပိုင်းသွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ယူပြီး တစ်ပွဲပို ၂ မှတ်အသာနဲ့ ဇယားထိပ်ဆုံးကို ဆက်လက်ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဂယ်ရီနဗီးလ်ရဲ့ ဗလင်စီယာကလည်း အဝေးကွင်းမှာ ဆိုစီဒက်ကို ၂ ဂိုး ဂိုးမရှိနဲ့ အရှုံးပေးခဲ့ရပြီး နဗီးလ်လက်ထက် ကစားပုံ ပိုကောင်းလာပေမယ့် နိုင်ပွဲတော့ မရသေးပါဘူး။

    Laliga 2ဒီတစ်ပတ် လာလီဂါ ပွဲစဉ် ၁၉ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ဘာစီလိုနာ ၄-၀ ဂရာနာဒါ
    ဆီးဗီးလား ၂-၀ ဘီဘာအို
    ဂီတာဖေး ၁-၀ ဘက်တစ်
    ရီးယဲလ် ၅-၀ ဒီပို့တီဗို
    လီဗန်တေး ၂-၁ ဗယ်လက်ကာနို
    ဗီလာရီးယဲလ် ၂-၀ စပို့တင်းဂီဂျွန်
    ဆိုစီဒက် ၂-၀ ဗလင်စီယာ
    လက်စ်ပါးလ်မက်စ် ၁-၁ မာလာဂါ
    အိုက်ဘာ ၂-၁ အက်စပန်ညို
    ဆဲလ်တာဗီဂို ၀-၂ အက်သလက်တီကို

     

  • တစ်ဦးချင်းဆုများကို စိတ်မ၀င်စားဟု ဘေးလ်ပြော

    တစ်ဦးချင်းဆုများကို စိတ်မ၀င်စားဟု ဘေးလ်ပြော

    ဇန်န၀ါရီ ၁၁၊ ၂၀၁၅
    M-Media

    bales

    – မိမိမှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကဲ့သို့ တစ်ဦးချင်းဆုများအတွက် စဉ်းစားခြင်းမရှိဘဲ အသင်း၏ ကောင်းရာကောင်းကြောင်းကိုသာ လိုလားသည်ဟု ရီးယဲလ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ပြောကြားလိုက်သည်။

    ရော်နယ်ဒို၊ မက်ဆီနှင့် နေးမားတို့ ၃ ဦး ယှဉ်ပြိုင်နေရသည့် Ballon d’Or ဆုကို ယနေ့တွင် ကြေငြာမည်ဖြစ်ပြီး၊ ဘေးလ်၏ အေးဂျင့်ဖြစ်သူက အနာဂတ်တွင် ထိုဆုအတွက် ဘေးလ်လည်း ပါဝင်လာမည်ဖြစ်ကာ၊ ကာယကံရှင်ကလည်း ထိုဆုအား လိုချင်နေသည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ဝေးလ်တိုက်စစ်မှူးက ထိုမှတ်ချက်အား ငြင်းဆိုခဲ့သည်။

    “တစ်ဦးချင်းဆုတွေလား – ကျွန်တော် ဒါတွေကို လုံးဝ မစဉ်းစားပါဘူး။ အဲဒါတွေက ကျွန်တော်စဉ်းစားရမယ့် ကိစ္စလည်း မဟုတ်ပါဘူး။ အခြားသူတွေအတွက် ဖြစ်ချင်ဖြစ်မှာပါ။ ကျွန်တော့်အတွက်ကတော့ အသင်းအတွက် ပြင်းပြင်းထန်ထန် လုပ်ပေးချင်တယ်။ ပြီးတော့ တတ်နိုင်သလောက် အသင်းနဲ့ ဆုဖလားတွေအများကြီး ရချင်ပါတယ်” ဟု ဘေးလ်က ထည့်သွင်းပြောကြားခဲ့သည်။

    စပါးမှ ရီးယဲလ်သို့ ယူရို သန်း ၁၀၀ ဖြင့် ပြောင်းရွှေ့လာခဲ့သည့် ဂါရက်ဘေးလ်မှာ စနေနေ့က ဒီပို့တီဗိုနှင့်ပွဲတွင် ဟက်ထရစ်သွင်းနိုင်ခြင်းနှင့်အတူ ယခုရာသီတွင် လာလီဂါ ၁၄ ပွဲကစား ၁၂ ဂိုး သွင်းယူပေးထားနိုင်သည်။

    Ref: Goal

  • ဇီဒိန်း၏ ပထမဆုံး ပွဲအကြိုစကားကို ရီးယဲလ်ဂိုးသမား ထုတ်ဖော်

    ဇီဒိန်း၏ ပထမဆုံး ပွဲအကြိုစကားကို ရီးယဲလ်ဂိုးသမား ထုတ်ဖော်

    ဇန်န၀ါရီ ၁၀၊ ၂၀၁၆
    M-Media

    ဖငိညေန

    – ဇီဒိန်းမှာ ၎င်း၏ ပထမဆုံးပွဲမတိုင်ခင် ကစားသမားများအား စိတ်လျော့ထားရန်နှင့် ပျော်ရွှင်စွာနေကြရန် ပြောကြားခဲ့ပြီး ထိုမှတ်ချက်များက အသင်းသားများအတွက် တန်ဖိုးမဖြတ်နိုင်ဟု ရီးယဲလ်ဂိုးသမား ကီလာနာဗက်စ်က ထုတ်ဖော်ပြောကြားခဲ့သည်။

    နည်းပြသစ်အဖြစ် ကိုင်တွယ်ပြီးနောက် ဘာနေဗျူးတွင် ဒီပို့တီဗိုအား ပထမဆုံး ဧည့်ခံကစားရသည့် ယမန်နေ့ လာလီဂါပွဲတွင် ဇီဒိန်းမှာ ရီးယဲလ်အား ၅ ဂိုးပြတ်ဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ဝေဖန်မှုများ ခံနေရသည့် ဂါရက်ဘေးလ်မှာလည်း ထိုပွဲတွင် ဟက်ထရစ် သွင်းယူနိုင်ခဲ့သည်။ နာဗက်စ်ကမူ ကစားသမားများမှာ နည်းပြသစ်အပေါ် ယုံကြည်မှု ရှိလာခဲ့သည်ဟု ဖွင့်ဟခဲ့သည်။

    “သူက ကျွန်တော်တို့ကို စိတ်လျော့ထားဖို့၊ အကောင်းဆုံးအားထုတ်ဖို့၊ တက်ကြွနေဖို့ ပြောခဲ့ပါတယ်။ အလုပ်တွေကောင်းကောင်းလုပ်နိုင်ဖို့အတွက် ယုံကြည်မှုရှိဖို့၊ လူတိုင်းအလုပ်တွေကို အကောင်းဆုံးနည်းလမ်းနဲ့ လုပ်နိုင်အောင် ကြိုးစားဖို့ ကျွန်တော်တို့ အမြဲတမ်းလိုအပ်ပါတယ်။ ဇီဒိန်းက မန်နေဂျာတစ်ယောက်ပြောရမယ့် စကားကို ယုံကြည်မှုအပြည့်နဲ့ ပြောခဲ့တယ်။ ကျွန်တော်လည်း အရေးကြီးတဲ့ clean sheet ရခဲ့ပါတယ်။ အသင်းအတွက် ကောင်းမွန်တဲ့ပွဲပါ” ဟု နာဗက်စ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • ရီးယဲလ်နည်းပြသစ်အတွက် လူတိုင်းက စိတ်လှုပ်ရှားနေသည်ဟု အလွန်ဆိုပြော

    ရီးယဲလ်နည်းပြသစ်အတွက် လူတိုင်းက စိတ်လှုပ်ရှားနေသည်ဟု အလွန်ဆိုပြော

    ဇန်န၀ါရီ ၉၊ ၂၀၁၆
    M-Media

    xavi

    – အရန်အသင်းနည်းပြဖြစ်သူ ဇီဒိန်းကို ရီးယဲလ်က အသင်းကြီးနည်းပြအဖြစ် ခန့်အပ်လိုက်ခြင်းမှာ လူတိုင်းကို စိတ်လှုပ်ရှားစေသည်ဟု ဘိုင်ယန်အသင်း၏ ရီးယဲလ်ကွင်းလယ်လူဟောင်း ဇာဘီ အလွန်ဆိုက ပြောကြားလိုက်သည်။

    ဘင်နီတက်ဇ်အား အသင်းဥက္ကဌ ပီရက်ဇ်က ထုတ်ပယ်ခဲ့ပြီးနောက် ရီးယဲလ်ကစားသမားဟောင်းဖြစ်သူ ဇီဒိန်းက နည်းပြသစ် ဖြစ်လာခြင်းဖြစ်ပြီး ထောက်ခံမှုများရှိသကဲ့သို့ ဝေဖန်မှုများလည်း ရှိနေသည်။ ရီးယဲလ်တွင် ၅ ရာသီကြာ ကစားခဲ့သည့် အလွန်ဆိုကမူ ဇီဒိန်အား ကံကောင်းစေရန် ဆုတောင်းပေးခဲ့သည်။

    “လူတိုင်းက ဒါနဲ့ပတ်သက်ပြီး အရမ်းစိတ်လှုပ်ရှားနေကြပါတယ်။ ကျွန်တော် သူ့ကို သိတယ်။ သူနဲ့လည်း ရင်ဆိုင်ကစားခဲ့ဖူးပါတယ်။ လက်ထောက်နည်းပြအဖြစ် သူနဲ့ဆုံခဲ့ပြီး ခရီးလမ်းအသစ်မှာ ကြီးကျယ်တဲ့အောင်မြင်မှု ရရှိပါစေလို့ ဆုတောင်းပါတယ်” ဟု အလွန်ဆိုက ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်းမှာ ဘိုင်ယန်နှင့်အတူ ချန်ပီယံလိဂ်ကို ရရှိချင်နေသည်။

    “ဘိုင်ယန်နဲ့အတူ ချန်ပီယံလိဂ်ကို ကျွန်တော်ရချင်ပါတယ်။ အသင်းရဲ့လူစာရင်းမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ရတာကို နှစ်သက်ပါတယ်”

    Ref : Goal