News @ M-Media

Tag: Laliga 2015-2016

  • အနာဂတ်အား ဖွင့်ထားသည်ဟု ရော်နယ်ဒိုပြော

    အနာဂတ်အား ဖွင့်ထားသည်ဟု ရော်နယ်ဒိုပြော

    ဒီဇင်ဘာ ၁၁၊ ၂၀၁၅
    M-Media

    rnd

    – အနာဂတ်တွင် ဘာစီလိုနာသို့ ပြောင်းရွှေ့နိုင်ဖွယ်ရှိသည်ဆိုသော အမေးကို ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုက မငြင်းဆန်ခဲ့ဘဲ နျူးကမ့်သို့ ပြောင်းရွှေ့ရန်မှာ အလွန်ရှုပ်ထွေးသည်ဟု ပြောကြားခဲ့သည်။

    ရော်နယ်ဒို၏ အနာဂတ်နှင့် ပတ်သက်၍ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ကောလဟာလများ ထွက်ပေါ်နေပြီး မာလ်မိုအား ၈ ဂိုးပြတ်ဖြင့်အနိုင်ရခဲ့သည့် ယခုတစ်ပတ်ချန်ပီယံလိဂ်ပွဲအပြီးတွင် မိမိမှာ ဘာနေဗျူးတွင် ပျော်ရွှင်နေသည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း AP နှင့် ယမန်နေ့အင်တာဗျူးတွင်မူ ၎င်း၏ အနာဂတ်ကို ဖွင့်ထားသည်ဟု ဆိုသည်။

    “ဘာစီလိုနာမှာကစားဖို့ လုံးဝ မဖြစ်နိုင်ဘူးဆိုတာမျိုး၊ မန်ယူကလွဲလို့ အခြား အင်္ဂလိပ်ကလပ်အသင်းတစ်ခုမှာ ကစားဖို့ မဖြစ်နိုင်ဘူးဆိုတာမျိုး အားလုံးက တွက်ထားကြပါတယ်။ ဒါက တော်တော်လေး ရှုပ်ထွေးပါတယ်။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်း သေချာတယ်လို့တော့ မဆိုနိုင်ပါဘူး။ ကျွန်တော်အရင်က ပြောခဲ့သလိုပါပဲ။ ဘောလုံးမှာ သေချာတယ်ဆိုတာ ဘာမှ မရှိပါဘူး။ အားလုံးဟာ ဖွင့်ထားပါတယ်။ လိဂ်အားလုံးမှာပါ။ ရီးယဲလ်မှာ ကျွန်တော့်ကစားသမားဘ၀ကို အဆုံးသတ်နိုင်ပါတယ်။ ကျွန်တော်ရိုးရိုးသားသားပြောတာပါ။ မနက်ဖြန် ဘာဖြစ်မလဲဆိုတာ ကျွန်တော် မသိပါဘူး” ဟု ရော်နယ်ဒိုက ပြန်လည်ဖြေကြားခဲ့သည်။

    Ref: Goal

  • ဘာကာ နိုင်ပွဲရပ်တန့်သွားခဲ့ပြီး ထိပ်ဆုံးနေရာ အကြိတ်အနယ်ရှိလာတဲ့ လာလီဂါပွဲစဉ် ၁၄

    ဘာကာ နိုင်ပွဲရပ်တန့်သွားခဲ့ပြီး ထိပ်ဆုံးနေရာ အကြိတ်အနယ်ရှိလာတဲ့ လာလီဂါပွဲစဉ် ၁၄

    ဒီဇင်ဘာ ၈၊ ၂၀၁၅
    M-Media

    laliga

    – ဒီတစ်ပတ်လာလီဂါမှာတော့ ဘာစီလိုနာက ဆွာရက်ဇ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုး ပြန်ပေးလိုက်ရတာကြောင့် နိုင်ပွဲရပ်တန့်သွားခဲ့ပါတယ်။

    နောက်ဆုံး ၅ ပွဲ ၁၆ ဂိုးအထိ သွင်းထားနိုင်တဲ့ ဘာကာတိုက်စစ်ဟာ ဗလင်စီယာရဲ့ ခံစစ်ကားပုံ ညက်ညောမှုကြောင့် ထိထိရောက်ရာက် ထိုးဖောက်နိုင်ခြင်းမရှိခဲ့ဘဲ ၅၉ မိနစ်မှာမှ ဧည့်သည်တို့ ဦးဆောင်ဂိုး ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၈၆ မိနစ်မှာ ဆန်တီ မီနာက ချေပဂိုး သွင်းပေးခဲ့တာကြောင့် အိမ်ရှင်တို့ အဖိုးတန် ၁ မှတ် ရရှိခဲ့ပါတယ်။

    ဘကာရဲ့ အမှတ်ဆုံးရှုံးမှုကို ရီးယဲလ်နဲ့ အက်သလက်တီကိုတို့က အကောင်းဆုံး အသုံးချနိုင်ခဲ့ပါတယ်။ အဝေးကွင်းမှာ နိုင်ပွဲမရသေးတဲ့ ဂီတာဖေးကို ဘာနေဗျူးမှာ ရီးယဲလ်တို့ BBC အတွဲရဲ့ ၄ ဂိုးနဲ့ နှိပ်ကွပ်ပြခဲ့ပါတယ်။ ဘန်ဇီမာက ၂ ဂိုး သွင်းခဲ့ပါတယ်။

    ဘာစီလိုနာကို တောက်လျှောက် ဖိအားလိုက်ပေးနေတဲ့ အက်သလက်တီကိုက ဂေါ့ဒင်နဲ့ ဂရီဇ်မန်းတို့ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ၃ မှတ်ရအောင် ယူနိုLaliga 2င်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ သရေပွဲ ၅ ပွဲအထိရှိခဲ့ပြီး တန်းဆင်းဇုန်မှာတော့ အပြောင်းအလဲ သိပ်မရှိပါဘူး။
    ဒီတစ်ပတ်လာလီဂါ ပွဲစဉ် ၁၄ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ရီးယဲလ် ၄-၁ ဂီတာဖေး
    ဂရန်နာဒါ ၀-၂ အက်သလက်တီကို
    ဗလင်စီယာ ၁-၁ ဘာစီလိုနာ
    ဒီပို့တီဗို ၁-၁ ဆီးဗီးလား
    ဘက်တစ် ၁-၁ ဆဲလ်တာဗီဂို
    ဆိုစီဒက် ၂-၁ အိုက်ဘာ
    ဗီလာရီးယဲလ် ၂-၁ ဗယ်လက်ကာနို
    စပို့တင်းဂီဂျွန် ၃-၁ လက်စ်ပါးလ်မက်စ်
    ဘီဘာအို ၀-၀ မာလာဂါ
    အက်စပန်ညို ၁-၁ လီဗန်တေး

  • စပါးတွင်ပြသသည့် ခြေစွမ်းမျိုး မရဟု ရီးယဲလ်တိုက်စစ်မှူး ဘေးလ် ၀န်ခံ

    စပါးတွင်ပြသသည့် ခြေစွမ်းမျိုး မရဟု ရီးယဲလ်တိုက်စစ်မှူး ဘေးလ် ၀န်ခံ

    ဒီဇင်ဘာ ၆၊ ၂၀၁၅
    M-Media

    bale

    – စပါးအသင်း၌ နောက်ဆုံးနှစ်တွင် ရရှိခဲ့သည့် စွမ်းဆောင်ရည်မျိုး ယခုအချိန်တွင် မရရှိတော့ဟု ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ၀န်ခံပြောကြားခဲ့သည်။

    ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်း ၈၅ သန်းဖြင့် ၂၀၁၃ ခုနှစ် စက်တင်ဘာတွင် ပြောင်းရွှေ့ခဲ့သည့် ဘေးလ်မှာ ရီးယဲလ်အသင်းအတွက် ၁၀၃ ပွဲ ကစားခဲ့ပြီး ၄၃ ဂိုး သွင်းယူထားပေးထားသည်။ ယခုရာသီတွင်မူ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် အသင်းအတွက် ၁၁ ပွဲသာ ကစားပေးထားနိုင်သည်။ ယမန်နေ့က ဂီတာဖေးအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ဘေးလ်မှာ အသင်းအတွက် တတိယမြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။

    “အခုအချိန်အထိ ကျွန်တော် ပျော်ရွှင်နေပါတယ်။ ကျွန်တော် ဒဏ်ရာနည်းနည်း ရခဲ့တယ်။ ဒါပေမယ့် အခုတော့ အကောင်းဆုံးနဲ့ ပြန်လာခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကောင်းမွန်တယ်လို့လည်း ကျွန်တော် ခံစားရပါတယ်။ စပါးမှာလို ကစားပုံမျိုး ဘာ့ကြောင့်မရလဲဆိုတာ ကျွန်တော် မသိပါဘူး။ (လာလီဂါဟာ) ပရီးမီးယားလိဂ်နဲ့မတူတဲ့ လိဂ်တစ်ခုပါ။ သီးခြားဘောလုံးစတိုင်တစ်ခု ရှိပြီး ဒီအကြောင်းကြောင့်ပဲ ခြားနားတာ နေပါလိမ့်မယ်” ဟု ဘေးလ်က ပြောကြားခဲ့သည်။

    ရော်နယ်ဒို၏ ဆက်ဆံရေးနှင့်ပတ်သက်၍ ဘေးလ်က “သိပ်ကောင်းပါတယ်။ ထွက်နေတဲ့သတင်းတွေက အမှန်မဟုတ်ပါဘူး။ သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားတစ်ဦး ဖြစ်ပါတယ်။ သူက အကောင်းဆုံးလားဆိုတာကတော့ ခင်ဗျားတို့ရဲ့ သဘောထားပေါ်မှာပဲ မူတည်ပါတယ်။ ဒါပေမယ့် သူက တကယ့်ကို ကြီးကျယ်တဲ့ ကစားသမားတစ်ဦးပါပဲ”

    Ref: Goal

  • မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးလ် ဗလင်စီယာနည်းပြသစ် ဖြစ်လာ

    မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးလ် ဗလင်စီယာနည်းပြသစ် ဖြစ်လာ

    ဒီဇင်ဘာ ၂၊ ၂၀၁၅
    M-Media

    gary

    – မန်ယူအသင်း၏ ၀ါရင့်နောက်ခံလူဟောင်းဖြစ်သူ ဂယ်ရီးနဗီးလ်မှာ မိမိတို့အသင်းအား ကိုင်တွယ်သွားမည်ဟု စပိန်လာလီဂါကလပ် ဗလင်စီယာအသင်းက ယနေ့တွင် အံ့အားသင့်ဖွယ် ကြေငြာလိုက်သည်။

    ရာသီကုန်အထိ ကိုင်တွယ်သွားမည်ဖြစ်ပြီး ဂယ်ရီနဗီးလ်၏ ပထမဆုံးပွဲမှာ ဒီဇင်ဘာ ၉ ရက်နေ့တွင် လိုင်ယွန်အသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲ ဖြစ်မည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းမှာ ကစားသမားဘ၀မှ အနားယူပြီးနောက် နဗီးလ်၏ နည်းပြလောကထဲသို့ ပထမဆုံး ခြေချမှုဖြစ်သည်။

    “ဗလင်စီယာမှာ ကျွန်တော့်ကို ဒီလိုအခွင့်ရေးပေးတဲ့အတွက် ကျွန်တော် တော်တော်လေး မယုံနိုင်လောက်အောင် ဖြစ်ရပါတယ်။ ဗလင်စီယာအသင်းဟာ သမိုင်းအစဉ်အလာကြီးမားတဲ့ အသင်းပါ။ ပြီးတော့ ဗလင်စီယာပရိတ်သတ်တွေရဲ့ အားပေးမှုနဲ့ ချစ်ခင်မြတ်နိုးမှုကိုလည်း ကစားသမားဘ၀မှာ ကျွန်တော် သိရှိခဲ့ရပါတယ်” ဟု နဗီးလ်၏ ပြောကြားမှုကို ဗလင်စီယာအသင်း၏ ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

    ဗလင်စီယာဥက္ကဌ လေဟွန် ချန် ကလည်း မိမိတို့အနေဖြင့် ဂယ်ရီနဗီးလ်အား ထိုကဲ့သို့ လျင်လျင်မြန်မြန် ခန့်အပ်နိုင်ခဲ့သည့်အတွက် ပျော်ရွှင်မိကြောင်း၊ နဗီးလ်မှာ အင်္ဂလန်လက်ရွေးစင်အသင်းတွင် အကြီးတန်းနည်းပြအဖြစ် ပါဝင်ခဲ့ခြင်းမှ နည်းပြအတွေ့အကြုံကို ရရှိပြီဖြစ်ကြောင်း၊ အင်္ဂလန်နှငင့် မန်ယူအသင်းတို့တွင် ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးလည်း ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

    ဗလင်စီယာမှာ စနေနေ့က ဆီးဗီးလားအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ နူနို အက်စ်ပီရီတို ဆန်တိုအား ရာထူးမှ ထုတ်ပယ်ခဲ့သည်။

    Ref: Goal

  • Ballon d’Or စာရင်းတွင် ဆွာရက်ဇ်ပါသင့်သည်ဟု မက်ဆီနှင့် နေးမာပြော

    Ballon d’Or စာရင်းတွင် ဆွာရက်ဇ်ပါသင့်သည်ဟု မက်ဆီနှင့် နေးမာပြော

    ဒီဇင်ဘာ ၁၊ ၂၀၁၅
    M-Media

    baca

    – ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမာဆု Ballon d’Or ၏ ဇကာတင်စာရင်းတွင် မိမိတို့အသင်းဖော် ဆွာရက်ဇ် ပါဝင်သင့်သည်ဟု ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနှင့် နေးမာတို့က ပြောကြားလိုက်သည်။

    ၂၀၁၄-၁၅ လာလီဂါအကောင်းဆုံးဆု ချီးမြှင့်ပွဲအခမ်းအနားတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ထိုဆုပေးပွဲတွင် မက်ဆီမှာ အကောင်းဆုံး ကစားသမားနှင့် အကောင်းဆုံး တိုက်စစ်မှူးဆု ၂ ဆုကို ဆွတ်ခူးနိုင်ခဲ့ကာ နေးမာမှာ အကောင်းဆုံး အမေရိက ကစားသမားဆုကို ရရှိခဲ့သည်။

    ရော်နယ်ဒိုမှာ ပြီးခဲ့သည့်နှစ်က Ballon d’Or ဆုကို ရရှိခဲ့ပြီး ယခုနှစ်တွင်လည်း မက်ဆီ၊ နေးမာတို့နှင့်အတူ ဇကာတင်စာရင်းတွင် ပါဝင်နေသည်။

    မက်ဆီ၊ ဆွာရက်ဇ်နှင့် နေးမာတို့၏ MSN အတွဲမှာ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တစ်နှစ်လုံးတွင် စုစုပေါင်း ၁၂၅ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဥရောပရှိ အခြားမည်သည့်အသင်းမှ ထိုစံချိန်ကို လိုက်မမီခဲ့ပေ။

    “Ballon d’Or ဇကာတင်စာရင်းမှာ ပါဝင်ခွင့်ရတာဟာ တော်တော်လေး အဓိပ္ပါယ်ရှိပါတယ်။ ဆွာရက်ဇ်ကလည်း အဲဒီအထဲမှာ ပါဝင်သင့်ပါတယ်။ ဒါပေမယ့် မက်ဆီကတော့ ရေပန်းအစားဆုံးပါ။ သူဟာ ကျွန်တော့်အတွက် နံပါတ် ၁ ပါပဲ။ MSN အတွဲရဲ့ လျှို့ဝှက်ချက်လား – သူငယ်ချင်းသံယောဇဉ်နဲ့ တည်ငြိမ်မှုပါပဲ။ လီယို (မက်ဆီ) နဲ့ လူးဝစ် (ဆွာရက်ဇ်) တို့ဟာ သူငယ်ချင်းကောင်းတွေပါ” ဟု နေးမာက ဆုပေးပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

    ဆုရရှိရန် ရေပန်းအစားဆုံး ဖြစ်နေသည့် မက်ဆီကလည်း “Ballon d’Or ယှဉ်ပြိုင်မှုမှာ ကျွန်တော်ဟာ နေးမာနဲ့ လူးဝစ်တို့နဲ့အတူ ဖြစ်ချင်ပါတယ်။ လူးဝစ်က အဲဒါနဲ့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ခရစ္စတီယာနိုလည်း ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့အချိန်တွေ ရရှိမှာပါ” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Dailymail