ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
M-Media
– မိမိအလုပ်လုပ်ခဲ့ဖူးသည့် နည်းပြများတွင် ကားလို့စ် အန်ဆယ်လော့တီမှာ အကောင်းဆုံးနည်းပြဖြစ်သည်ဟု ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ လူကာမိုဒရစ်က ဖွင့်ဟပြောကြားလိုက်သည်။
အသက် ၃၀ အရွယ်ရှိပြီဖြစ်သည့် မိုဒရစ်မှာ ၂၀၁၂ ခုနှစ်တွင် ဘာနေဗျူးသို့ ရောက်ရှိလာခြင်းဖြစ်ပြီး အန်ဆယ်လော့တီ၊ မော်ရင်ဟို၊ ဘင်နီတက်ဇ်နှင့် ဇီဒိန်းတို့၏ လက်အောက်တွင် ကစားခဲ့ဖူးသည်။ မည်သည့်နည်းပြက ၎င်းအပေါ် လွှမ်းမိုးမှုရှိသနည်းဟု မေးမြန်းရာတွင် မိုဒရစ်မှာ အန်ဆယ်လော့တီအား ချွင်းချက်မရှိ ထောက်ပြခဲ့သည်။
“ရီးယဲလ်မှာ ကျွန်တော်ကစားခဲ့ရတဲ့ နည်းပြလေးယောက်စလုံးနဲ့ ကျွန်တော်ဟာ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိပါတယ်။ ကျွန်တော်တိုးတက်ဖို့အတွက် သူတို့အားလုံးက ကူညီခဲ့ကြတယ်။ ဒါပေမယ့် အကောင်းဆုံးကို ရွေးရရင်တော့ အန်ဆယ်လော့တီကို ရွေးမှာပါ” ဟု မိုဒရစ်က ပြောကြားခဲ့သည်။
ဇီဒိန်းလက်အောက်တွင် ရီးယဲလ်မှာ ပြန်လည်ဦးမော့လာသည်ဟု ပြောကြားမှုများ ရှိနေပြီး မိုဒရစ်ကလည်း ထိုပြောကြားမှုကို လက်ခံခဲ့သည်။
“သူဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဆိုတာ လူတိုင်း သိကြပါတယ်။ သူ့ဆီက ကျွန်တော် အများကြီး သင်ယူနိုင်ခဲ့တယ။် အခုအချိန်အထိတော့ သူဟာ တော်တော်လေးကောင်းမွန်အောင် လုပ်နိုင်နေပါတယ်။ မန်နေဂျာတစ်ယောက်အဖြစ် အောင်မြင်မယ်လို့ ကျွန်တော် အသေအချာ ပြောရဲပါတယ်”
Ref: Goal
Leave a Reply
You must be logged in to post a comment.