ဧပြီ ၁၉၊ ၂၀၁၄
M-Media
– မလေရှားသို့ မကြာခင် လာရောက် လည်ပတ်မည့် အမေရိကန်သမ္မတ အိုဘားမားအား ဆန့်ကျင့်သည့် ဆန္ဒပြပွဲ တစ်ခုကို မြို့တော် ကွာလာလမ်ပူတွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။
Hizb ut-Tahrir အဖွဲ့မှ ယမန်နေ့က ကွာလာလမ်ပူရှိ မလေးရှားသံရုံးရှေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး “အမေရိကန်သည် မိစ္ဆာဝင်ရိုးတန်းနိုင်ငံ” “ကမ္ဘာ့နံပါတ် ၁ အကြမ်းဖက်သမား အိုဘားမားအား ဆန့်ကျင်ကြ” စသည့် နဖူးစီးများကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။ ထို့ပြင် အိုဘာမားအား ဆန့်ကျင်သည့် ကျွေးကြော်သံများကိုလည်း ကျွေးကြော်ခဲ့ကြသည်။
အိုဘားမားမှာ ကမ္ဘာတစ်ဝှမ်းလုံးရှိ မွတ်စလင်များ၊ အထူးသဖြင့် အီရတ်နှင့် အာဖဂန်ရှိ မွတ်စလင်များကို သတ်ဖြတ်သည်ဟု တက်ကြွလှုပ်ရှားသူများက စွပ်စွဲခဲ့ကြသည်။ အိုဘာမားမှာ အရှေ့တောင်အာရှနိုင်ငံများသို့ ဧပြီလနှောင်းပိုင်းတွင် လာရောက်ရန် စီစဉ်ထားသည်။
တစ်ပတ်တာ ကြာမြင့်မည့် အဆိုပါခရီးစဉ်မှာ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများနှင့် စီးပွားရေး၊ သံတမန်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး အမေရိကန်၏ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ မလေးရှားနိုင်ငံသို့ ဧပြီ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ လာရောက်မည်ဖြစ်ပြီး ရာစုနှစ်ဝက်အတွင်း မလေးရှားသို့ ပထမဆုံးလာရောက်သည့် အမေရိကန်သမ္မတလည်း ဖြစ်လာမည်ဖြစ်သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း အမေရိကန်၏ ပေါ်လစီများနှင့်ပတ်သက်ပြီး မလေးရှားမှ ဝေဖန်မှုများရှိခဲ့ပြီး အထူးသဖြင့် ယခင်ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်အာဏာရှိစဉ် ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အတွင်းတွင် ဖြစ်သည်။
MSM/MHB/MAM
Leave a Reply
You must be logged in to post a comment.